တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များအတွက် တပ်မတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပပြုလုပ်မည့် အခြေအနေများနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် ရွေးကောက်ပွဲသည်အရေးကြီးပြီး လွတ်လပ်၍တရားမျှတမှုရှိရန်လိုအပ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကိုအခြေခံပြီး ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇူလိုင္ ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Ichiro MARUYAMA အားယေန႔ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ သည္။

ထိုသို႔ေတြ႕ဆုံရာ၌ COVID-19 ေရာဂါႏွင့္ ပတ္သက္၍ ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးႏွင့္ အျခားလိုအပ္ခ်က္မ်ားအတြက္ တပ္မေတာ္မွ ေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ား၊ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံ စီးပြားေရး၊ လူမႈေရးႏွင့္ အျခားက႑ေပါင္းစုံတြင္ ဆက္ဆံမႈတိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-(၂၁)ရာစု ပင္လုံ စတုတၳအစည္းအေဝးက်င္းပျပဳလုပ္မည့္ အေျခအေနမ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိရန္အတြက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ ဒီမိုကေရစီစနစ္က်င့္သုံးသည့္ ႏိုင္ငံတိုင္းတြင္ ေ႐ြးေကာက္ပြဲသည္အေရးႀကီးၿပီး လြတ္လပ္၍တရားမွ်တမႈရွိရန္လိုအပ္သည့္ အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိေရးအတြက္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA) ကိုအေျခခံၿပီး ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး ျဖစ္ေပၚေျပာင္းလဲမႈအေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။