တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံရေးပါတီ ၃၄ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက လာရောက်မိတ်ဆက် တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် – ၁၄

ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခြင်းသည် အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်တင်မြှောက် ကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ နိုင်ငံနှင့်ဒေသကို လက်တွေ့ အကျိုးပြုမည့်သူ၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေ စည်းမျဉ်းစည်းကမ်း များကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်၊ လမ်းမှန်ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူနှင့် ပြည်ပအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ စသည့် အချက် ၆ ချက်နှင့် ပြည့်စုံသူတို့ကို မှန်မှန်ကန်ကန်ရွေးချယ်ကြစေလိုကြောင်း၊ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများသည် နိုင်ငံရေးကိုဆောင်ရွက်ကြသဖြင့် သဘော သဘာဝကွဲပြားမှုရှိသည်ဖြစ်သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေးအတွက် တူညီသည့် သဘောထားအမြင်များဖြင့် ဆောင်ရွက်နေကြခြင်းပင်ဖြစ်ကြောင်းနှင့် နိုင်ငံရေး နှင့်ပတ်သက်ပါက တိုင်းပြည်ကို ကောင်းစေလိုသည့်စိတ်ဖြင့် တတ်နိုင်သရွေ့စိတ်ရှည် သည်းခံပြီး ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်တာဝန်ရှိသူများက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လာရောက်တွေ့ဆုံ မိတ်ဆက်ကြရာတွင် ထည့်သွင်းပြောကြားသည်။

ထိုသို့ လာရောက်တွေ့ဆုံမိတ်ဆက်ကြသည့် ပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်း၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်၊ အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း(ခ)ဆီဖာလာလူ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ နာယက ဦးစောထွန်းကြည်၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဖိုးရယ်၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာ၊ ” ၀ “အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးရန်ကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ယာယီ ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွန်းခိုင်၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးအေးကြိုင်၊ ခေတ်သစ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးထွန်းနိုင်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးခိုင်၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းဦး၊ လူထုပါတီ ဥက္ကဋ္ဌ ဦးပါစီပြည်ဟိန်း (ခ)ဦးမျိုးမင်းထွန်း၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့အလုပ် သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စန်းမူ၊ ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီ ဥက္ကဋ္ဌ ဦးမင်းသူ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စိန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့်တို့ဖြစ်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။


ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားရာ၌ ယခုကဲ့သို့ လာရောက်တွေ့ဆုံမိတ်ဆက်ကြသည့်အတွက်ဝမ်းမြောက်စွာ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် နိုင်ငံရေးပါတီအချို့မှ လာရောက် တွေ့ဆုံမိတ်ဆက်လိုပြီး တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးလိုပါကြောင်းဖြင့် စာများပေးပို့လာခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေး မှုများပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါဖြစ်ပွားမှုများ ကြောင့် တွေ့ဆုံရန်အလှမ်းဝေးခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်ကာလ၌ ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ရန် ပြင်ဆင်နေကြပြီဖြစ်ပြီး Covid-19 ရောဂါဖြစ်ပွားမှုသည်လည်း မိမိတို့နိုင်ငံ၌ စိုးရိမ်ရသည့်အခြေအနေမှ လျော့ပါးလာပြီ ဖြစ်သည့်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း ခဲ့ပြီး နိုင်ငံ၏ တိုးတက်မှု၊ ဖြစ်ပေါ်ပြောင်းလဲလာမှုများ၊ အားသာချက်၊ အားနည်းချက် များကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီးဖြစ်ပြီး ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်ပါတီသည်လည်း အစိုးရတစ်ရပ်ကိုဖွဲ့စည်း၍ တိုင်းပြည်တာဝန်ကို ယူရမည်ဖြစ်ကြောင်း၊ ပါတီများအနေဖြင့် အစိုးရသက်တမ်း ၂ ခုကို တွေ့ကြုံဖြတ်သန်းပြီး ဖြစ်ကြောင်း၊ ၎င်းအတွေ့အကြုံများကို သုံးသပ်ပြီး ဘာလုပ်နိုင်မလဲ၊ ဘာလုပ်ကြမလဲ၊ ဘယ်လိုလုပ်နိုင်မလဲ စဉ်းစားကြစေလိုကြောင်း၊ နိုင်ငံရေးပါတီများစွာရှိသည့်အတွက် အမြင်ချင်းကွဲပြားခြားနားမှုများ ရှိနိုင်ပါကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် တိုင်းပြည်အတွက် ကောင်းမွန်အောင် ဆောင်ရွက်လိုသည့်အဖွဲ့အစည်းတိုင်းကို ကြိုဆိုပြီး တိုင်းပြည်ကောင်းရာကောင်းကျိုးများကိုလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသည့် ပါတီအသီးသီး၏ ပါတီမူဝါဒများနှင့် နိုင်ငံရေးအမြင်များကို ဆွေးနွေးပြောကြားကြစေလိုကြောင်းဖြင့် ဦးစွာ ပြောကြားသည်။


ထို့နောက် လာရောက်မိတ်ဆက် တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး နိုင်ငံရေးပါတီများ ကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခွန်မောင်သောင်းနှင့် တက်ရောက်လာ ကြသည့် ပါတီအသီးသီးမှ ဥက္ကဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန် ရှိသူတို့က ပါတီမူဝါဒဆိုင်ရာများ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်အမြင်များ၊ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပ နိုင်ရေးနှင့် တပ်မတော်မှ ဆောင်ရွက်ပေးစေလိုသော အခြေအနေများ၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အဓိကတာဝန်ရှိစွာဖြင့် ပါဝင်ကူညီ ဆောင်ရွက်နေမှုများကို နားလည်သဘောပေါက်သည့် အခြေအနေများကို ဆွေးနွေး ပြောကြားကြသည်။

ဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ပါတီ အသီးသီး၏ အမြင်များကို ပွင့်ပွင့်လင်းလင်းဖြင့် ဆွေးနွေးခဲ့ကြသည့်အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ ဆွေးနွေးခဲ့ကြသည့် အချက်များကို ကြည့်ပါက မိမိတို့၏ တိုင်းပြည်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လိုကြသည့် စိတ်ဆန္ဒများကို တွေ့ရှိရပါကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးကိုဆောင်ရွက်နေပြီး နိုင်ငံရေးပါတီများသည် လည်း နိုင်ငံရေးကို ဆောင်ရွက်ကြသဖြင့် သဘောသဘာဝကွဲပြားမှု ရှိနိုင်သည်များ ရှိသော်လည်း နိုင်ငံအရေး၊တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရေးအတွက် တူညီသည့် သဘောထားအမြင်များဖြင့် ဆောင်ရွက်နေကြခြင်းပင်ဖြစ်ကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင် ကြရမည်ဖြစ်ပါကြောင်း။

ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရလျင် ဒီမိုကရေစီဟူသည် အများ၏ ဆန္ဒနှင့် အညီ ရွေးချယ်ခြင်းဖြစ်ပြီး ဖက်ဒရယ်စနစ်သည် မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများစွာရှိပြီး မိမိတို့နိုင်ငံ၏ ပကတိ အခြေအနေ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစရိုက်လက္ခဏာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ရွေးချယ်ကျင့်သုံးကြသည့်အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုစနစ်မျိုးကိုသာ ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အတိတ်ကို ပြန်လည်၍ ငြင်းခုံနေ၍ မရဘဲ အတိတ်ကဖြစ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာရယူပြီး လက်ရှိပစ္စုပ္ပန်ကို ကောင်းအောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုသည်ထက် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီးပွားရေးကို မြှင့်တင်ရန်လိုအပ်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အူမတောင့်မှ သီလစောင့်မည် ဆိုသည့် မြန်မာစကားပုံကို မမေ့စေလိုကြောင်း၊ ထို့ပြင် စည်းကမ်းပြည့်ဝသည့် အုပ်ချုပ်မှုစနစ်ကို သွားနိုင်ရန် အတွက်လည်း အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ပါကြောင်း၊ ပညာရေးကို မြှင့်တင်နိုင်မှသာလျင် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်၍ စက်မှုစီးပွားရေးကို ချက်ချင်းဆောင်ရွက်၍ မရပဲ၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဦးစွာဆောင်ရွက်၍ အဆင့်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြို့ပြကျေးလက်ကွာဟမှု၊ ပြည်နယ်နှင့် တိုင်း ကွာဟမှုများကို အနည်းဆုံးဖြစ်အောင် နိုင်ငံရေးပါတီများက ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ ဆင်းရဲမွဲတေမှုလျှော့ချရာတွင် အမှန်တကယ်ဖြစ်စေလိုကြောင်း၊ ပကတိ အခြေအနေနှင့် ချိန်ထိုးသုံးသပ်လုပ်ကိုင်သွားစေလိုကြောင်း။

နိုင်ငံရေးနှင့် ပတ်သက်၍ တိုင်းပြည်ကို ကောင်းစေလိုသည့် စိတ်ဆန္ဒများဖြင့်သာ ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံရေး၌”ပြောသည့်အတိုင်း လုပ်ရန်နှင့် လုပ်သည့်အတိုင်းပြောရန်” လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခြင်း သည် အလွန်အရေးကြီးပြီး ကိုယ်စားလှယ်လောင်းများသာမက ကိုယ်စားလှယ်ကောင်း များကို ရွေးချယ်တင်မြှောက်ကြရမည်ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး လုပ်ဆောင်သင့်၊ လုပ်ဆောင် ထိုက်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးကြရန်လိုကြောင်း၊ မဲမပေးပါက ရွေးချယ်ခံရသင့်သည့် ကိုယ်စားလှယ်လောင်းများမဲမရသည်သာဖြစ်မည်ဖြစ်ပြီး မဲပေးသင့်သူကို ဆန္ဒမဲပေးကြ စေရေး စည်းရုံးကြစေလိုကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက် အမျိုးသားနိုင်ငံရေး လုပ်ဆောင်လျက်ရှိသည့် မည့်သည့် အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် လာရောက်မိတ်ဆက်တွေ့ဆုံကြသည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အား ႏိုင္ငံေရးပါတီ ၃၄ ပါတီမွ ပါတီဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ားက လာေရာက္မိတ္ဆက္ ေတြ႕ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁၄

ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္ေရးတြင္ ျပည္သူ႔ ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးေကာက္တင္ေျမႇာက္ျခင္းသည္ အလြန္အေရးႀကီးၿပီး ကိုယ္စားလွယ္ေလာင္းမ်ားသာမက ကိုယ္စားလွယ္ေကာင္းမ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္သူ႔ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္ရာ၌ ႏိုင္ငံႏွင့္ေဒသကို လက္ေတြ႕ အက်ိဳးျပဳမည့္သူ၊ တရားဥပေဒစိုးမိုးေရးအျမင္ရွိၿပီး ဥပေဒ စည္းမ်ဥ္းစည္းကမ္း မ်ားကို လိုက္နာေဆာင္႐ြက္သူ၊ ႏိုင္ငံ၏ အမ်ိဳးသား အက်ိဳးစီးပြားျဖစ္သည့္ ဒို႔တာဝန္ အေရးသုံးပါးကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္သူ၊ တပ္မေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑ကို နားလည္သေဘာေပါက္သူ၊ အမ်ိဳး၊ ဘာသာ၊ သာသနာကို နည္းမွန္၊ လမ္းမွန္ျဖင့္ စနစ္တက်ထိန္းသိမ္းႏိုင္သူႏွင့္ ျပည္ပအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံျခားသားမ်ား၏ လႊမ္းမိုးျခင္းမခံရသူ စသည့္ အခ်က္ ၆ ခ်က္ႏွင့္ ျပည့္စုံသူတို႔ကို မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ၾကေစလိုေၾကာင္း၊ တပ္မေတာ္သည္ အမ်ိဳးသားႏိုင္ငံေရးကို ေဆာင္႐ြက္ေနၿပီး ႏိုင္ငံေရးပါတီမ်ားသည္ ႏိုင္ငံေရးကိုေဆာင္႐ြက္ၾကသျဖင့္ သေဘာ သဘာဝကြဲျပားမႈရွိသည္ျဖစ္ေသာ္လည္း တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ ေကာင္းမြန္ေစေရးအတြက္ တူညီသည့္ သေဘာထားအျမင္မ်ားျဖင့္ ေဆာင္႐ြက္ေနၾကျခင္းပင္ျဖစ္ေၾကာင္းႏွင့္ ႏိုင္ငံေရး ႏွင့္ပတ္သက္ပါက တိုင္းျပည္ကို ေကာင္းေစလိုသည့္စိတ္ျဖင့္ တတ္ႏိုင္သေ႐ြ႕စိတ္ရွည္ သည္းခံၿပီး ေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔မြန္းလြဲပိုင္းတြင္ ႏိုင္ငံေရးပါတီမ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္တာဝန္ရွိသူမ်ားက ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ ေဆာင္၌ လာေရာက္ေတြ႕ဆုံ မိတ္ဆက္ၾကရာတြင္ ထည့္သြင္းေျပာၾကားသည္။

ထိုသို႔ လာေရာက္ေတြ႕ဆုံမိတ္ဆက္ၾကသည့္ ပါတီအဖြဲ႕အစည္းမ်ားမွ ပုဂၢိဳလ္မ်ားမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးႏွင့္ အတြင္းေရးမႉး ဦးပိုက္ေထြး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမႉး ဦးေနဝင္း၊ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းၫြန႔္၊ အမ်ိဳးသားတိုးတက္ေရးပါတီဥကၠ႒ ေဒါက္တာ ေနဇင္လတ္၊ ေခတ္သစ္ျပည္သူ႔ပါတီဥကၠ႒ ဦးထြန္းေအာင္ေက်ာ္၊ အမ်ိဳးသားဒီမိုကေရစီ အင္အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ ေဒၚသက္သက္ခိုင္၊ အမ်ိဳးသားႏိုင္ငံေရးမဟာမိတ္မ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးသိမ္းၾကည္၊ အင္းအမ်ိဳးသားဖြံ႕ၿဖိဳး တိုးတက္ေရးပါတီ ဥကၠ႒ ဦးဝင္းျမင့္၊ ဒီမိုကရက္တစ္ပါတီ(ျမန္မာ) ဒုတိယဥကၠ႒ ဦးတင့္ေဆြ၊ လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)ဥကၠ႒ ဦးေ႐ႊမင္း(ခ)ဆီဖာလာလူ၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ နာယက ဦးေစာထြန္းၾကည္၊ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးဖိုးရယ္၊ ဝံသာႏုဒီမိုကရက္တစ္ပါတီ ဥကၠ႒ ေဒၚနန္းေ႐ႊၾကာ၊ ” ၀ “အမ်ိဳးသားပါတီ ဒုတိယဥကၠ႒ ဦးရန္ေက်ာ္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ ဒုတိယဥကၠ႒ ဦးခြန္ေမာင္ေသာင္း၊ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးပါတီ ယာယီ ဥကၠ႒ ဦးမ်ိဳးၫြန႔္၊ ၿမိဳတိုင္းရင္းသားဖြံ႕ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးေက်ာ္ထြန္းခိုင္၊ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ ဥကၠ႒ ဦးေအးႀကိဳင္၊ ေခတ္သစ္ျပည္ေထာင္စုပါတီ ဥကၠ႒ ဦးေအာင္သန္း၊ ဗမာျပည္သူ႔ပါတီ ဥကၠ႒ ဦးေအာင္သန္းတင့္၊ မတူကြဲျပားျခင္းႏွင့္ ၿငိမ္းခ်မ္းေရးပါတီ ဥကၠ႒ ေဒၚစႏၵာဦး၊ ကိုးကန႔္ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီ ဥကၠ႒ ဦးထြန္းႏိုင္၊ ျမန္မာႏိုင္ငံေတာင္သူလယ္သမား၊ အလုပ္သမားျပည္သူ႔ပါတီ ဥကၠ႒ ဦးေအာင္မ်ိဳးခိုင္၊ ၈၈ မ်ိဳးဆက္ဒီမိုကေရစီပါတီ ဒုတိယဥကၠ႒ ဦးေသာင္းဦး၊ လူထုပါတီ ဥကၠ႒ ဦးပါစီျပည္ဟိန္း (ခ)ဦးမ်ိဳးမင္းထြန္း၊ ျမန္မာျပည္သူ႔ ဒီမိုကရက္တစ္ပါတီ ဥကၠ႒ ဦးေဌးေက်ာ္၊ ျပည္သူ႔အလုပ္ သမားပါတီ ဥကၠ႒ ဦးေက်ာ္ဇင္၊ ျပည္သူ႔အက်ိဳးျပဳေက်ာင္းသားမ်ားပါတီ ဒုတိယဥကၠ႒ ေဒၚခင္စန္းမူ၊ ျပည္သူ႔အင္အားပါတီ ဥကၠ႒ ဦးေဌးေအာင္၊ ျပည္ေထာင္စုလယ္သမား၊ အလုပ္သမားအင္အားစုပါတီ ဥကၠ႒ ဦးမင္းသူ၊ အမ်ိဳးသားတိုးတက္ျမင့္မားေရးပါတီ ဥကၠ႒ ဦးေက်ာ္စိန္၊ ျမန္မာႏိုင္ငံ ေတာင္သူလယ္သမားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးေက်ာ္စြာစိုး၊ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေက်ာ္ျမင့္(ခ) မိုက္ကယ္ေက်ာ္ျမင့္တို႔ျဖစ္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏႈတ္ခြန္းဆက္စကားေျပာၾကားရာ၌ ယခုကဲ့သို႔ လာေရာက္ေတြ႕ဆုံမိတ္ဆက္ၾကသည့္အတြက္ဝမ္းေျမာက္စြာ ေႏြးေထြးလႈိက္လွဲစြာ ႀကိဳဆိုပါေၾကာင္း၊ ယခုႏွစ္ ေဖေဖာ္ဝါရီလပိုင္းတြင္ ႏိုင္ငံေရးပါတီအခ်ိဳ႕မွ လာေရာက္ ေတြ႕ဆုံမိတ္ဆက္လိုၿပီး တိုင္းျပည္တြင္ ျဖစ္ေပၚေနသည့္ အေျခအေနအရပ္ရပ္ကို ေတြ႕ဆုံေဆြးေႏြးလိုပါေၾကာင္းျဖင့္ စာမ်ားေပးပို႔လာခဲ့ပါေၾကာင္း၊ ေတြ႕ဆုံေဆြးေႏြး မႈမ်ားျပဳလုပ္ရန္စီစဥ္ခဲ့ေသာ္လည္း ကမာၻ႔ကပ္ေရာဂါ Covid-19 ေရာဂါျဖစ္ပြားမႈမ်ား ေၾကာင့္ ေတြ႕ဆုံရန္အလွမ္းေဝးခဲ့ရျခင္းျဖစ္ပါေၾကာင္း၊ ယခုအခ်ိန္ကာလ၌ ပါတီစုံဒီမို ကေရစီေ႐ြးေကာက္ပြဲႀကီး က်င္းပျပဳလုပ္ရန္ ျပင္ဆင္ေနၾကၿပီျဖစ္ၿပီး Covid-19 ေရာဂါျဖစ္ပြားမႈသည္လည္း မိမိတို႔ႏိုင္ငံ၌ စိုးရိမ္ရသည့္အေျခအေနမွ ေလ်ာ့ပါးလာၿပီ ျဖစ္သည့္အတြက္ ယခုကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိမိတို႔ ႏိုင္ငံအေနျဖင့္ ၂၀၁၁ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္း ခဲ့ၿပီး ႏိုင္ငံ၏ တိုးတက္မႈ၊ ျဖစ္ေပၚေျပာင္းလဲလာမႈမ်ား၊ အားသာခ်က္၊ အားနည္းခ်က္ မ်ားကို မ်က္ဝါးထင္ထင္ေတြ႕ျမင္ခဲ့ရၿပီးျဖစ္ၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိသည့္ပါတီသည္လည္း အစိုးရတစ္ရပ္ကိုဖြဲ႕စည္း၍ တိုင္းျပည္တာဝန္ကို ယူရမည္ျဖစ္ေၾကာင္း၊ ပါတီမ်ားအေနျဖင့္ အစိုးရသက္တမ္း ၂ ခုကို ေတြ႕ႀကဳံျဖတ္သန္းၿပီး ျဖစ္ေၾကာင္း၊ ၎အေတြ႕အႀကဳံမ်ားကို သုံးသပ္ၿပီး ဘာလုပ္ႏိုင္မလဲ၊ ဘာလုပ္ၾကမလဲ၊ ဘယ္လိုလုပ္ႏိုင္မလဲ စဥ္းစားၾကေစလိုေၾကာင္း၊ ႏိုင္ငံေရးပါတီမ်ားစြာရွိသည့္အတြက္ အျမင္ခ်င္းကြဲျပားျခားနားမႈမ်ား ရွိႏိုင္ပါေၾကာင္း၊ မိမိတို႔တပ္မေတာ္အေနျဖင့္ တိုင္းျပည္အတြက္ ေကာင္းမြန္ေအာင္ ေဆာင္႐ြက္လိုသည့္အဖြဲ႕အစည္းတိုင္းကို ႀကိဳဆိုၿပီး တိုင္းျပည္ေကာင္းရာေကာင္းက်ိဳးမ်ားကိုလက္တြဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ တက္ေရာက္လာၾကသည့္ ပါတီအသီးသီး၏ ပါတီမူဝါဒမ်ားႏွင့္ ႏိုင္ငံေရးအျမင္မ်ားကို ေဆြးေႏြးေျပာၾကားၾကေစလိုေၾကာင္းျဖင့္ ဦးစြာ ေျပာၾကားသည္။

ထို႔ေနာက္ လာေရာက္မိတ္ဆက္ ေတြ႕ဆုံၾကသည့္ ႏိုင္ငံေရးပါတီမ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ားႏွင့္ တာဝန္ရွိသူမ်ားက တစ္ဦးခ်င္းမိတ္ဆက္ၾကၿပီး ႏိုင္ငံေရးပါတီမ်ား ကိုယ္စား အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ ဥကၠ႒ ဦးခင္ေမာင္ေဆြ၊ အမ်ိဳးသား ဒီမိုကေရစီပါတီသစ္ ဥကၠ႒ ဦးသိန္းၫြန႔္၊ အမ်ိဳးသားတိုးတက္ေရးပါတီ ဥကၠ႒ ေဒါက္တာ ေနဇင္လတ္၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ ေဒၚသက္သက္ခိုင္၊ ပအိုဝ္း အမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO)ပါတီ ဒုတိယဥကၠ႒ ဦးခြန္ေမာင္ေသာင္းႏွင့္ တက္ေရာက္လာ ၾကသည့္ ပါတီအသီးသီးမွ ဥကၠဌမ်ား၊ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ တာဝန္ ရွိသူတို႔က ပါတီမူဝါဒဆိုင္ရာမ်ား၊ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ၈ ရက္တြင္ က်င္းပ ျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲဆိုင္ရာမ်ား၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေပၚအျမင္မ်ား၊ တရားမွ်တ၍ လြတ္လပ္ေသာ ေ႐ြးေကာက္ပြဲ က်င္းပ ႏိုင္ေရးႏွင့္ တပ္မေတာ္မွ ေဆာင္႐ြက္ေပးေစလိုေသာ အေျခအေနမ်ား၊ တပ္မေတာ္၏ အမ်ိဳးသားႏိုင္ငံေရးဦးေဆာင္မႈအခန္းက႑တြင္ အဓိကတာဝန္ရွိစြာျဖင့္ ပါဝင္ကူညီ ေဆာင္႐ြက္ေနမႈမ်ားကို နားလည္သေဘာေပါက္သည့္ အေျခအေနမ်ားကို ေဆြးေႏြး ေျပာၾကားၾကသည္။

ေဆြးေႏြးမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ ပါတီ အသီးသီး၏ အျမင္မ်ားကို ပြင့္ပြင့္လင္းလင္းျဖင့္ ေဆြးေႏြးခဲ့ၾကသည့္အတြက္ ေက်းဇူးတင္ ရွိပါေၾကာင္း၊ ေဆြးေႏြးခဲ့ၾကသည့္ အခ်က္မ်ားကို ၾကည့္ပါက မိမိတို႔၏ တိုင္းျပည္ကို တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္လိုၾကသည့္ စိတ္ဆႏၵမ်ားကို ေတြ႕ရွိရပါေၾကာင္း၊ တပ္မေတာ္အေနျဖင့္ အမ်ိဳးသားႏိုင္ငံေရးကိုေဆာင္႐ြက္ေနၿပီး ႏိုင္ငံေရးပါတီမ်ားသည္ လည္း ႏိုင္ငံေရးကို ေဆာင္႐ြက္ၾကသျဖင့္ သေဘာသဘာဝကြဲျပားမႈ ရွိႏိုင္သည္မ်ား ရွိေသာ္လည္း ႏိုင္ငံအေရး၊တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ ေကာင္းမြန္ေစေရးအတြက္ တူညီသည့္ သေဘာထားအျမင္မ်ားျဖင့္ ေဆာင္႐ြက္ေနၾကျခင္းပင္ျဖစ္ေၾကာင္း၊ ေအးခ်မ္းသာယာၿပီး ေခတ္မီဖြံ႕ၿဖိဳး တိုးတက္သည့္ ဒီမိုကေရစီႏိုင္ငံေတာ္ကို ဝိုင္းဝန္းႀကိဳးပမ္းေဖာ္ေဆာင္ ၾကရမည္ျဖစ္ပါေၾကာင္း။

ေယဘုယ်အားျဖင့္ အဓိပၸါယ္ဖြင့္ဆိုရလ်င္ ဒီမိုကေရစီဟူသည္ အမ်ား၏ ဆႏၵႏွင့္ အညီ ေ႐ြးခ်ယ္ျခင္းျဖစ္ၿပီး ဖက္ဒရယ္စနစ္သည္ မွ်ေဝခံစားျခင္းပင္ျဖစ္ေၾကာင္း၊ ကမာၻေပၚတြင္ ဒီမိုကေရစီက်င့္သုံးသည့္ ႏိုင္ငံမ်ားစြာရွိၿပီး မိမိတို႔ႏိုင္ငံ၏ ပကတိ အေျခအေန၊ လူမႈေရး၊ စီးပြားေရး၊ ယဥ္ေက်းမႈစ႐ိုက္လကၡဏာမ်ားႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ကိုသာ ေ႐ြးခ်ယ္က်င့္သုံးၾကသည့္အတြက္ မိမိတို႔ႏိုင္ငံအေနျဖင့္လည္း မိမိတို႔ႏိုင္ငံႏွင့္ ကိုက္ညီသည့္ အုပ္ခ်ဳပ္မႈစနစ္မ်ိဳးကိုသာ က်င့္သုံးၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ အတိတ္ကို ျပန္လည္၍ ျငင္းခုံေန၍ မရဘဲ အတိတ္ကျဖစ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ရပ္မ်ားကို သင္ခန္းစာရယူၿပီး လက္ရွိပစၥဳပၸန္ကို ေကာင္းေအာင္ ဝိုင္းဝန္း ႀကိဳးစားေဆာင္႐ြက္ၾကရမည္ ျဖစ္ပါေၾကာင္း။

ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးဆိုသည္ထက္ တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္း ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဦးစားေပးေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ စီးပြားေရးကို ျမႇင့္တင္ရန္လိုအပ္မည္ျဖစ္ၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားေပၚထြက္လာေအာင္ ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေဖာ္ထုတ္ၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ အူမေတာင့္မွ သီလေစာင့္မည္ ဆိုသည့္ ျမန္မာစကားပုံကို မေမ့ေစလိုေၾကာင္း၊ ထို႔ျပင္ စည္းကမ္းျပည့္ဝသည့္ အုပ္ခ်ဳပ္မႈစနစ္ကို သြားႏိုင္ရန္ အတြက္လည္း အသိပညာရွင္၊ အတတ္ပညာရွင္မ်ား လိုအပ္မည္ျဖစ္ပါေၾကာင္း၊ ပညာေရးကို ျမႇင့္တင္ႏိုင္မွသာလ်င္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ဒီမိုကေရစီ ႏိုင္ငံေတာ္ကို ေဖာ္ေဆာင္ႏိုင္မည္ ျဖစ္ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံ လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္၍ စက္မႈစီးပြားေရးကို ခ်က္ခ်င္းေဆာင္႐ြက္၍ မရပဲ၊ စိုက္ပ်ိဳး ေမြးျမဴေရးကို အေျခခံသည့္ စက္မႈလုပ္ငန္းမ်ားကို ဦးစြာေဆာင္႐ြက္၍ အဆင့္ဆင့္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕ျပေက်းလက္ကြာဟမႈ၊ ျပည္နယ္ႏွင့္ တိုင္း ကြာဟမႈမ်ားကို အနည္းဆုံးျဖစ္ေအာင္ ႏိုင္ငံေရးပါတီမ်ားက ႀကိဳးပမ္းေဆာင္႐ြက္ၾကေစ လိုေၾကာင္း၊ ဆင္းရဲမြဲေတမႈေလွ်ာ့ခ်ရာတြင္ အမွန္တကယ္ျဖစ္ေစလိုေၾကာင္း၊ ပကတိ အေျခအေနႏွင့္ ခ်ိန္ထိုးသုံးသပ္လုပ္ကိုင္သြားေစလိုေၾကာင္း။

ႏိုင္ငံေရးႏွင့္ ပတ္သက္၍ တိုင္းျပည္ကို ေကာင္းေစလိုသည့္ စိတ္ဆႏၵမ်ားျဖင့္သာ ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ ႏိုင္ငံေရး၌”ေျပာသည့္အတိုင္း လုပ္ရန္ႏွင့္ လုပ္သည့္အတိုင္းေျပာရန္” လိုအပ္ေၾကာင္း၊ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ဒီမိုကေရစီႏိုင္ငံ တည္ေဆာက္ေရးတြင္ ျပည္သူ႔ကိုယ္စားလွယ္ေလာင္းမ်ား ေ႐ြးေကာက္တင္ေျမႇာက္ျခင္း သည္ အလြန္အေရးႀကီးၿပီး ကိုယ္စားလွယ္ေလာင္းမ်ားသာမက ကိုယ္စားလွယ္ေကာင္း မ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ၾကရမည္ျဖစ္ေၾကာင္း၊ လာမည့္ေ႐ြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ေစေရး လုပ္ေဆာင္သင့္၊ လုပ္ေဆာင္ ထိုက္သည္မ်ားကို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲ၌ ဆႏၵမဲေပးခြင့္ရွိသူအားလုံး မဲေပးၾကရန္လိုေၾကာင္း၊ မဲမေပးပါက ေ႐ြးခ်ယ္ခံရသင့္သည့္ ကိုယ္စားလွယ္ေလာင္းမ်ားမဲမရသည္သာျဖစ္မည္ျဖစ္ၿပီး မဲေပးသင့္သူကို ဆႏၵမဲေပးၾက ေစေရး စည္း႐ုံးၾကေစလိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တိုင္းျပည္တိုးတက္ဖြံ႕ၿဖိဳးေရး အတြက္ အမ်ိဳးသားႏိုင္ငံေရး လုပ္ေဆာင္လ်က္ရွိသည့္ မည့္သည့္ အဖြဲ႕အစည္းမ်ားႏွင့္မဆို ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ေတြ႕ဆုံေဆြးေႏြးမႈအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္ မ်ားသည္ လာေရာက္မိတ္ဆက္ေတြ႕ဆုံၾကသည့္ ႏိုင္ငံေရးပါတီမ်ားမွ ဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ တာဝန္ရွိသူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။