စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံ ခေါင်ဖျား၍ လမ်းပန်းဆက်သွယ်မှုခက်ခဲသောဒေသများတွင် ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်ချက်ရှိသော ဆေးရုံများ၌ တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ သြဂုတ် – ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများမှ ဒေသခံပြည်သူများ ၏ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများ တွင်တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ဂုဏ်ပြု အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့် တပ်မတော်သားဆရာဝန်များ တက်ရောက်ကြသည်။

နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအခြေအနေ

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြား ရာတွင် ယနေ့ပြုလုပ်သည့်အခမ်းအနားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျားဒေသများတွင် မိမိတို့ သဘော ဆန္ဒအလျောက်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား ဆရာဝန် များအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံသူနိုင်ငံသားများ ကျန်းမာကြံ့ခိုင်မှုသည် အဓိကနေရာ၌ပါဝင်ကြောင်း၊ “အာရောဂျံ၊ ပရမံ၊ လာဘံ “ဟူသည့် စကားနှင့်အညီ ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ်ပြီး ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ပြီး လူတိုင်းသည် သက်ရှည်ကျန်းမာခြင်းကိုလိုလားကြပါကြောင်း၊ သို့သော်လည်း မွေးကင်းစ အရွယ်မှစ၍ သေဆုံးခြင်း၊ လူငယ်ပိုင်း၊ လူလတ်ပိုင်းတို့တွင် မကျန်းမာခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် သေဆုံးရခြင်းများကို ကြုံတွေ့ကြရပြီး သက်တမ်းစေ့ နေထိုင်ရခြင်း မရှိသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်သာရှိပြီး ဂျပန်နိုင်ငံသည် ၈၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မျှော်မှန်းသက်တမ်းတိုတောင်းသည်ကိုတွေ့ရှိရမည်ဖြစ်ပြီး ကျန်းမာရေးအရ အားနည်းချက်များရှိနေသည်ကို ရိုးရှင်းစွာတွေ့ရှိရမည်ဖြစ်ကြောင်း။

တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များ စတင်စေလွှတ်ကုသ

၂၀၁၂ ခုနှစ်တွင် ကယားပြည်နယ်သို့ ခရီးစဉ်များသွားရောက်ရာ၌ ကျန်းမာရေး အရလိုအပ်ချက်များရှိနေသည်ကို တွေ့ရှိခဲ့ရသဖြင့် တပ်မတော်ဆေးအဖွဲ့များစတင် စေလွှတ် ကုသစေခဲ့ပါကြောင်း၊ ကျန်းမာရေးကုသမှုများဆောင်ရွက်ပေးစဉ် အရေးပေါ် ကျန်းမာရေး အခြေအနေဖြစ်သည့် အူခေါက်လူနာတစ်ဦးကို ကုသမှုဆောင်ရွက်ပေးခဲ့ရပြီး အခြေအနေ ဆိုးဝါးသည်ကိုတွေ့ရှိရသဖြင့် လွိုင်ကော်ဆေးရုံတွင်ကုသ၍မရဘဲ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ကာ အချိန်မီအသက်ကယ် ပေးနိုင်ခဲ့ ကြောင်း၊ ထို့ပြင် အခြားမျက်စိခွဲစိတ်လူနာ၊ အထွေထွေရောဂါလူနာများကို လည်း ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဒေသခံပြည်သူများကလည်း ဝမ်းပန်းတသာ ဖြင့် လာရောက် ကုသခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြားပြည်နယ်နှင့် တိုင်းအသီးသီးရှိ ဝေးလံခေါင်ဖျားသည့် ဒေသများတွင်လည်း ဆရာဝန်လိုအပ်ချက်များရှိ နေသည်ကို သတိပြုသိရှိခဲ့ရကြောင်း။

ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု

၂၀၁၅ ခုနှစ်၊ နာဂရိုးရာပွဲသွားရောက်ခဲ့စဉ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသခံများ၏ တောင်းဆိုမှုကြောင့် အဆိုပါဒေသသို့သွားရောက်လိုသည့် တပ်မတော်သားဆရာဝန်များကိုယ်တိုင် ဆန္ဒပြုသည့်စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ဆန္ဒပြုသူများပြားသဖြင့် ပြန်လည်စိစစ်၍ ရွေးချယ်စေလွှတ်ခဲ့ပြီး နှစ်နှစ်တစ်ကြိမ် တာဝန်လဲလှယ်ထမ်းဆောင်စေခဲ့ကြောင်း၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ကာကွယ်စောင့်ရှောက်ခြင်းအပြင် ကျန်းမာရေးကောင်းမှ အသက်ရှည်မည်ဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းသည် ကြီးမားသောတာဝန်ဖြစ်ပြီး အလွန် ကုသိုလ်အကျိုး ဖြစ်ပေါ်စေသည့်အလုပ်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးများသည် သဒ္ဒါစိတ်အရင်းခံရှိကြပြီး လူမှုရေးအသင်းအဖွဲ့များစွာရှိသည်ကို လည်းတွေ့ရှိရမည်ဖြစ် ကြောင်း၊ ယခုကာလတွင် (COVID-19)ရောဂါပြန်လည်ဖြစ်ပေါ်လျက်ရှိပြီး Second Wave ဖြစ်ပေါ်သည်ဟုမဆိုနိုင်သော်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကူးစက်မှုနှုန်း အထူးမြင့်မားနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်သို့ မိမိသဘောဆန္ဒအလျောက် ယာယီတာဝန် ထမ်းဆောင်ကြမည့် ပါရဂူဆရာဝန်ကြီးများအပါအဝင် ကျန်းမာရေး ဝန်ထမ်း ၂၄ ဦး စစ်တွေမြို့သို့ရောက်ရှိသည့် သတင်းများကို လူမှုကွန်ရက် စာမျက်နှာများ၌ တွေ့ရှိရသဖြင့် ၎င်းင်းတို့အတွက်လွန်စွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ယင်းသို့ မိမိကိုယ်ကျိုးစွန့်၍ တိုင်းပြည်အတွက်ဆောင်ရွက်ကြသည့်သူများသည် လွန်စွာတန်ဖိုးရှိပါကြောင်း၊ ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် ဝေးလံခေါင်ဖျားဒေသများ တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များ၏ ပင်ပန်းဆင်းရဲ စွာတာဝန် ထမ်းဆောင်ခဲ့မှုများကိုလည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းပြည်နှင့် ပြည်သူ အတွက် မိမိသဘောဆန္ဒအလျောက် Volunteer လုပ်ဆောင်တတ်သည့် စိတ်ဓာတ် ကိုလေးစားပါကြောင်းနှင့် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

 

ယခုကဲ့သို့ ဝေးလံခေါင်ဖျားဒေသများတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် အတွက် လည်း တပ်မတော်သား ဆရာဝန်များကို ခံစားခွင့်များပေးထားပြီး မဟာသင်တန်းဝင်ခွင့် အရည်အချင်းစစ်သင်တန်းကို ကင်းလွတ်ခွင့်ပေးထားပါကြောင်း၊ သို့သော်လည်း မဟာ သင်တန်းသည် အရေးကြီးသဖြင့် သင်တန်းကာလတစ်လျှောက် အရည်အချင်းစစ်စာမေး ပွဲနှင့် ပုံမှန်စာမေးပွဲများကို အောင်မြင်အောင် မိမိကိုယ်တိုင်ကြိုးစားသင်ယူသွားရမည်ဖြစ် ကြောင်း၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း မအားလပ်သည့်အချိန်အတွင်းမှ စာပေများ လေ့လာခဲ့ပါက သင်တန်းတက်ရောက်ရာတွင် ပိုမိုအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

၄ နှစ်အတွင်းလူဦးရေသုံးသိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

တပ်မတော်သားဆရာဝန်များ သွားရောက်တာဝန်ထမ်းဆောင်စဉ်ကာလ အတွင်း ကုသပေးနိုင်မှုများအနေဖြင့်၂၀၁၆ ခုနှစ်၊ မတ်လမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအထိ ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၈၄၆၄ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၁၃၆၂၃ ဦး၊ ကလေးရောဂါ ၃၁၂၄၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၁၈၀၉ ဦး၊ အရိုးရောဂါ ၁၀၈၈၅ ဦး၊ နား/နှာခေါင်း/လည် ချောင်းရောဂါ ၃၅၈၃၈ ဦး၊ မျက်စိရောဂါ ၂၂၄၇ ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါ ၃၆၄၅ ဦး၊ အထွေထွေရောဂါ ၈၅၆၆၀ ဦး၊ စုစုပေါင်း ၃၇၃၄၁၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းဒေသများသည် နယ်မြေတည်ငြိမ် အေးချမ်းသည့်ဒေသများဖြစ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိရန် လိုအပ်နေသည့် နယ်မြေအသီးသီးရှိဒေသများတွင်ယခုထက်ပိုမို၍ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ရှိနေမည် ဖြစ်ကြောင်း။

ကျန်းမာရေးနှင့် ပညာရေး

ကျန်းမာရေးကောင်းမွန်မှသာလျင် ပညာသင်ကြားနိုင်မည်ဖြစ်ပြီး ပညာကောင်း မွန်စွာသင်ကြားနိုင်ရေးအတွက် ငြိမ်းချမ်းမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံ၊ စတုတ္ထအစည်းအဝေးတွင် ထောက်ပြပြောဆိုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၁၃ နှစ်တာကာလအတွင်း ကျောင်းနေသူဦးရေ ၁၆ ဒသမ ၁၄၃ သန်းခန့်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၅ တန်းကျောင်းသားဦးရေမှာ ၈ ဒသမ ၀၅ သန်းကျော်သာရှိကြောင်း၊ ကျောင်းနေသူ ၁၆ သန်းကျော်အနက် ၈ သန်းကျော်သာ ၅ တန်းသို့ ရောက်ရှိခဲ့၍ ၅၀ ရာခိုင်နှုန်းခန့်သာ ၅ တန်းပညာသင်ကြားနိုင်သည်ဟု ဆိုနိုင်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ထုတ် ပြန်ခဲ့သည့် လူဦးရေနှင့် သန်းခေါင်စာရင်းအရ ပညာသင်ကြားရမည့် အရွယ် အသက် ၅ နှစ်မှ ၂၁ နှစ်အထိ အုပ်စု ၅ စုခွဲ၍ မေးမြန်းစာရင်းကောက်ယူခဲ့ရာ လူဦးရေ ၅ ဒသမ ၆ သန်းခန့်သည် ကျောင်းလုံးဝနေခဲ့ဖူးခြင်းမရှိသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ၅ တန်းသို့ ရောက်မလာသည့် ၈ သန်းကျော်နှင့် ပညာမသင်ကြား ရသည့် ၅ သန်းကျော် စုစုပေါင်း ၁၃ သန်းကျော်သည် ၅ တန်းအောက် ပညာ အရည်အချင်းသာရှိသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံ၏ ပညာတတ်မြောက်မှု အခြေအနေ သည် စိုးရိမ်စရာအခြေအနေဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပျမ်းမျှအားဖြင့် အသက် ၅ နှစ်မှစ၍ ပညာစတင်သင်ကြားခဲ့ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်တန်းတို့တွင် တူညီသည့် အရွယ်၊ ပညာသင်ကြားမှု၊ ပတ်ဝန်းကျင် တို့သည် ကွာခြားမှုများကြီးမားစွာရှိမည် မဟုတ်သော်လည်း တက္ကသိုလ်ပညာသင်ကြားမှုများမှ တစ်ဆင့် အတွေးအခေါ်များကွာခြားသွားမည်ဖြစ်ကြောင်း၊ အတန်းပညာနှင့် အတတ်ပညာတတ်မြောက်မှုတွင် အတွေးအခေါ်သည် အဓိကအရေးကြီးပြီး ပညာရေးနှင့် ပတ်သက်၍ အားပေးကြရမည်ဖြစ်ကြောင်း။

ဒေသခံတို့၏ ပညာရေးကိုပါဆောင်ရွက်ခဲ့

ဝေးလံခေါင်ဖျားဒေသများတွင်တာဝန်ထမ်းဆောင်ခဲ့ကြရာ၌ ကျောင်းနေအရွယ် ကလေးငယ်များကို စာပေပညာများကူညီသင်ကြားပေးခဲ့ကြသည်ဟုသိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် အခြေခံလိုအပ်များကိုလည်း တင်ပြ၍ လိုအပ်သည်များကို ကူညီပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များအနေဖြင့် ကျန်းမာရေးကောင်းမွန်မှုရှိရမည်၊ ပညာရေးကောင်းမွန်ရမည်၊ ပို့ဆောင်ဆက်သွယ်မှုကောင်းမွန်ရမည်၊ လျှပ်စစ်စွမ်းအားရှိရမည်ဖြစ်ကြောင်း၊ စက်မှု လုပ်ငန်းများ မည်သို့ပင်ဆောင်ရွက်နေစေကာမူ အဓိကအရေးကြီးသည့် လျှပ်စစ်စွမ်းအား ရရှိရေးကို စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအားကို သဘာဝအရင်းအမြစ်များမှ တစ်ဆင့် ထုတ်ယူနိုင်သည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူနိုင်ခြင်းမရှိကြောင်း၊ တာဝန်ထမ်းဆောင်ရသည့် နယ်မြေဒေသအသီးသီးမှ ဒေသခံများကို မိမိဒေသ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားထုတ်လုပ်မှုများကို နားလည်သဘောပေါက် အောင် ရှင်းပြကြရမည်ဖြစ်ကြောင်း။

(COVID-19) ကာလကူညီစောင့်ရှောက်မှုများ

တပ်မတော်အနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြု၍ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် အရပ်သား(အစားခန့်)ဝန်ထမ်းများ၏ လုပ်ခလစာမှ တစ်ရက်လုပ်အားခ နှစ်လစာ လှူဒါန်းငွေရရှိမှုများဖြင့် ဆေးကုသရေးအထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများကို လှူဒါန်းပေးလျက်ရှိကြောင်း၊ ထို့ပြင် တိုင်းရင်းသားနယ်မြေများသို့ ကျပ်သန်း ၆၀၀ ကျော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အနုပညာအဖွဲ့အစည်းများသို့ ငွေကျပ် ၆၁ သန်းကျော်၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့များသို့ ငွေကျပ် ၇ ဒသမ ၄ ဘီလီယံကျော်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ငွေကျပ် ၁၇၇ သန်းကျော်၊ နယ်မြေဒေသအသီးသီးမှ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်၊ ဆေးရုံတက်လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဖြည့်စွက်အာဟာရကျွေးမွေးနိုင်မှုအနေဖြင့် ငွေကျပ် ၁၇၇ သန်းကျော်ဖြစ်ပြီး လှူဒါန်းမှုစုစုပေါင်းအနေဖြင့် ၁၂ ဘီလီယံကျော်လှူဒါန်း ပေးနိုင်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ငွေကြေးသတ်မှတ်နိုင်မည်ဖြစ်သော်လည်း ကျန်းမာရေး အရ တန်ဖိုးမဖြတ်နိုင်သည့်ကူညီမှုပင်ဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံတွင် မကြာမီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည် ဖြစ်၍ မိမိတိုင်းပြည်ကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်ကောင်း များကို မိမိသဘောဆန္ဒနှင့်အညီရွေးချယ်မဲပေးနိုင်ပါကြောင်း၊ တိုင်းပြည်၏ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို စိတ်ကြိုက် ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ မိမိရွေးချယ်ပေးလိုက်သည့်သူသည် တိုင်းပြည်အတွက် အကျိုးရှိရန်လိုအပ်ပြီး မိမိရွေးချယ်သူသည် တိုင်းပြည်အတွက် ကောင်းကျိုး မဖြစ်ပါက ဆုံးရှုံးမှုတစ်ရပ်သာဖြစ်ကြောင်း၊ ဆယ်နှစ်တာတွေ့ကြုံခဲ့သည့် အတွေ့အကြုံများဖြင့် ဆင်ခြင်သုံးသပ်၍ ၂၀၂၀ ပြည့်နှစ်အလွန်တွင် တိုင်းပြည်ကိုပိုမို၍ တိုးတက်ကောင်းမွန် အောင်ဆောင်ရွက်မည့်သူများရရှိရေးမှာ မိမိတို့ဆန္ဒမဲပေးသူများ၏ တာဝန်သာဖြစ် ကြောင်း၊ မိမိနှင့် ထိတွေ့ဆက်ဆံနေရသော ပြည်သူလူထုကိုလည်း ပြောပြရန်လို ကြောင်း၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ကိုယ်စားလှယ်ကောင်းများ ရွေးချယ် ရာတွင် ပြည့်စုံရန်လိုအပ်သည့် အချက် ၆ ချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ပါကြောင်း၊ ၎င်းအချက်များအပြင် အခြားကောင်းမွန်သောအရည်အချင်းများဖြင့် ပြည့်စုံပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း၊ ဂုဏ်ပြုခံဆေးမှူးများအားလုံးအနေဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။

ဂုဏ်ပြုလက်ဆောင်ပေးအပ်

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝေးလံခေါင်ဖျားဒေသ များတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ ဆရာဝန်များကိုယ်စား ဆေးမှူးတစ်ဦးက လက်ခံ ရယူသည်။

အဖိုးမဖြတ်နိုင်သည့်အတွေ့အကြုံ

ထို့နောက် ဝေးလံခေါင်ဖျားဒေသများတွင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန်များကိုယ်စား ဆေးမှူး ဗိုလ်ကြီး ရန်နိုင်လင်းက ဆေးဝါး ကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရမှုများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝမရရှိသော ဝေးလံခေါင်ဖျားသည့် ချင်း၊ နာဂဒေသများတွင် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ရာ၌ မိမိတို့၏ အသေးစိတ် လိုအပ်ချက်များဖြစ်သည့် တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ အဝတ်အထည်အသုံးအဆောင် ပစ္စည်းများအပြင် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ အုပ်ချုပ်ထောက်ပံ့မှုပစ္စည်းများ၊ (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည့်အတွက် မိမိတို့၏ တာဝန်များကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ရောဂါကုသရေး လုပ်ငန်းများအပြင် ရောဂါကာကွယ်ရေး လုပ်ငန်းများ၊ ပညာရေး၊ စားဝတ်နေရေး လုပ်ငန်းများ၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုပါ တတ်နိုင်သရွေ့ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးတစ်ခုတည်းသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို သိရှိနားလည်ခွင့်ရခြင်းသည် အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံ များပင်ဖြစ်ပါကြောင်း။

ဒေသခံပြည်သူလူထုက နွေးထွေးစွာတုံ့ပြန်

မိမိတို့အဖွဲ့တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးသူ ၆ ဦး၊ ဒီပလိုမာဘွဲ့ရရှိပြီးသူ ၃ ဦးနှင့် ဆေးပညာဘွဲ့ရရှိပြီးသူ ၃၅ ဦး၊ စုစုပေါင်း ၄၄ ဦးပါဝင်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂ ရက်အထိ ၂ နှစ် ၄ လကျော် တာဝန်ထမ်းဆောင် ခဲ့ကြပါကြောင်း၊ ဝေးလံခေါင်ဖျား၍ ဆရာဝန်လိုအပ်ချက်ရှိသည့် မြို့နယ် ၃ မြို့နယ်နှင့် တိုက်နယ် ၁၉ ခု၊ စုစုပေါင်း ၂၂ နေရာတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပြင် ပြည်သူအကျိုးပြုလုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဒေသခံပြည်သူလူထုက ကျေနပ်အားရပြီး နွေးထွေးသည့် တုံ့ပြန်မှုများကိုရရှိခဲ့ပါကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးကို မြှင့်တင် ပေးနိုင်ခဲ့သကဲ့သို့ မိမိတို့၏ ဆေးပညာရပ်ဆိုင်ရာ အရည်အသွေးတိုးတက်မြင့်မားရေး အတွက်လည်း ပိုမိုလေ့လာဆောင်ရွက်ခွင့်ရရှိခဲ့ပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် လည်းကောင်း၊ တာဝန်ထမ်းဆောင်ရာမှ ပြည်လည်ရောက်ရှိချိန်တွင်လည်းကောင်း အစစအရာရာ အဆင်ပြေအောင်ဖြည့်ဆည်းဆောင်ရွက်ပေးမှုများအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြု လက်ဘက်ရည် ဖြင့်တည်ခင်းဧည့်ခံသည်။ ဂုဏ်ပြုလက်ဘက်ရည်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့က တေးသံသာများဖြင့်သီဆိုတီးမှုတ်ဖျော်ဖြေကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝေးလံခေါင်းပါး ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သားဆရာဝန် များအား တစ်ဦးချင်းရင်းရင်းနှီနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရှိ ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသများမှ ဒေသခံပြည်သူများ ၏ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံ များ တွင် တပ်မတော်သားဆရာဝန်များ တာဝန်ထမ်းဆောင်ခဲ့မှုအနေဖြင့် ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ၂၀၁၈ ခုနှစ်တွင် တပ်မတော်သားဆရာဝန် ၄၄ ဦးဖြင့်လည်းကောင်း အသီးသီး တာဝန်လဲလှယ်ထမ်းဆောင်ခဲ့ကြပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း တပ်မတော်သား ဆရာဝန် ၄၄ ဦးသည် တတိယအကြိမ်အဖြစ် သွားရောက်တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည်။

(Zawgyi Version)

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ ေဝးလံ ေခါင္ဖ်ား၍ လမ္းပန္းဆက္သြယ္မႈခက္ခဲေသာေဒသမ်ားတြင္ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးက႑ျမႇင့္တင္ေပးရန္အတြက္ ဆရာဝန္လိုအပ္ခ်က္ရွိေသာ ေဆး႐ုံမ်ား၌ တာဝန္ ထမ္းေဆာင္ခဲ့သည့္ တပ္မေတာ္သားဆရာဝန္မ်ားအား ဂုဏ္ျပဳပြဲ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား ရွိ ေဝးလံေခါင္ဖ်ား၍ လမ္းပန္းဆက္သြယ္ေရးခက္ခဲေသာေဒသမ်ားမွ ေဒသခံျပည္သူမ်ား ၏က်န္းမာေရးက႑ျမႇင့္တင္ေပးရန္အတြက္ ဆရာဝန္လိုအပ္လ်က္ရွိေသာ ေဆး႐ုံမ်ား တြင္တာဝန္ထမ္းေဆာင္ခဲ့သည့္ တပ္မေတာ္သားဆရာဝန္မ်ားအား ဂုဏ္ျပဳပြဲအခမ္းအနား ကို ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္ဂုဏ္ျပဳ အမွာစကားေျပာၾကားသည္။

အခမ္းအနားသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္  ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ေဝးလံေခါင္ဖ်ားေဒသမ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾက သည့္ တပ္မေတာ္သားဆရာဝန္မ်ား တက္ေရာက္ၾကသည္။

ႏိုင္ငံ၏ က်န္းမာေရးက႑အေျခအေန

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကားေျပာၾကား ရာတြင္ ယေန႔ျပဳလုပ္သည့္အခမ္းအနားသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ ေဝးလံေခါင္ဖ်ားေဒသမ်ားတြင္ မိမိတို႔ သေဘာ ဆႏၵအေလ်ာက္သြားေရာက္တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သား ဆရာဝန္ မ်ားအား ဂုဏ္ျပဳသည့္အခမ္းအနားျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ ႏိုင္ငံသူႏိုင္ငံသားမ်ား က်န္းမာႀကံ့ခိုင္မႈသည္ အဓိကေနရာ၌ပါဝင္ေၾကာင္း၊ “အာေရာဂ်ံ၊ ပရမံ၊ လာဘံ “ဟူသည့္ စကားႏွင့္အညီ က်န္းမာျခင္းသည္ လာဘ္ႀကီး တစ္ပါးျဖစ္ၿပီး က်န္းမာမွ ပညာသင္ၾကားႏိုင္မည္၊ က်န္းမာမွ အလုပ္လုပ္ႏိုင္မည္ျဖစ္ၿပီး လူတိုင္းသည္ သက္ရွည္က်န္းမာျခင္းကိုလိုလားၾကပါေၾကာင္း၊ သို႔ေသာ္လည္း ေမြးကင္းစ အ႐ြယ္မွစ၍ ေသဆုံးျခင္း၊ လူငယ္ပိုင္း၊ လူလတ္ပိုင္းတို႔တြင္ မက်န္းမာျခင္းႏွင့္ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးရျခင္းမ်ားကို ႀကဳံေတြ႕ၾကရၿပီး သက္တမ္းေစ့ ေနထိုင္ရျခင္း မရွိသည္ကိုလည္း ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ ေမွ်ာ္မွန္းသက္တမ္းသည္ ၆၆ ႏွစ္သာရွိၿပီး ဂ်ပန္ႏိုင္ငံသည္ ၈၀ ေက်ာ္ခန႔္ရွိသည္ကို ေတြ႕ရွိရေၾကာင္း၊ ျမန္မာႏိုင္ငံ အေနျဖင့္ ေမွ်ာ္မွန္းသက္တမ္းတိုေတာင္းသည္ကိုေတြ႕ရွိရမည္ျဖစ္ၿပီး က်န္းမာေရးအရ အားနည္းခ်က္မ်ားရွိေနသည္ကို ႐ိုးရွင္းစြာေတြ႕ရွိရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ား စတင္ေစလႊတ္ကုသ

၂၀၁၂ ခုႏွစ္တြင္ ကယားျပည္နယ္သို႔ ခရီးစဥ္မ်ားသြားေရာက္ရာ၌ က်န္းမာေရး အရလိုအပ္ခ်က္မ်ားရွိေနသည္ကို ေတြ႕ရွိခဲ့ရသျဖင့္ တပ္မေတာ္ေဆးအဖြဲ႕မ်ားစတင္ ေစလႊတ္ ကုသေစခဲ့ပါေၾကာင္း၊ က်န္းမာေရးကုသမႈမ်ားေဆာင္႐ြက္ေပးစဥ္ အေရးေပၚ က်န္းမာေရး အေျခအေနျဖစ္သည့္ အူေခါက္လူနာတစ္ဦးကို ကုသမႈေဆာင္႐ြက္ေပးခဲ့ရၿပီး အေျခအေန ဆိုးဝါးသည္ကိုေတြ႕ရွိရသျဖင့္ လြိဳင္ေကာ္ေဆး႐ုံတြင္ကုသ၍မရဘဲ ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသေစခဲ့ကာ အခ်ိန္မီအသက္ကယ္ ေပးႏိုင္ခဲ့ ေၾကာင္း၊ ထို႔ျပင္ အျခားမ်က္စိခြဲစိတ္လူနာ၊ အေထြေထြေရာဂါလူနာမ်ားကို လည္း ကုသမႈမ်ားေဆာင္႐ြက္ေပးႏိုင္ခဲ့ၿပီး ေဒသခံျပည္သူမ်ားကလည္း ဝမ္းပန္းတသာ ျဖင့္ လာေရာက္ ကုသခဲ့သည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ အျခားျပည္နယ္ႏွင့္ တိုင္းအသီးသီးရွိ ေဝးလံေခါင္ဖ်ားသည့္ ေဒသမ်ားတြင္လည္း ဆရာဝန္လိုအပ္ခ်က္မ်ားရွိ ေနသည္ကို သတိျပဳသိရွိခဲ့ရေၾကာင္း။

ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း က်န္းမာေရးေစာင့္ေရွာက္မႈ

၂၀၁၅ ခုႏွစ္၊ နာဂ႐ိုးရာပြဲသြားေရာက္ခဲ့စဥ္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ေဒသခံမ်ား၏ ေတာင္းဆိုမႈေၾကာင့္ အဆိုပါေဒသသို႔သြားေရာက္လိုသည့္ တပ္မေတာ္သားဆရာဝန္မ်ားကိုယ္တိုင္ ဆႏၵျပဳသည့္စနစ္ကို က်င့္သုံးခဲ့ေၾကာင္း၊ ဆႏၵျပဳသူမ်ားျပားသျဖင့္ ျပန္လည္စိစစ္၍ ေ႐ြးခ်ယ္ေစလႊတ္ခဲ့ၿပီး ႏွစ္ႏွစ္တစ္ႀကိမ္ တာဝန္လဲလွယ္ထမ္းေဆာင္ေစခဲ့ေၾကာင္း၊ ျပည္သူလူထု၏ အသက္၊ အိုးအိမ္၊ စည္းစိမ္ ကာကြယ္ေစာင့္ေရွာက္ျခင္းအျပင္ က်န္းမာေရးေကာင္းမွ အသက္ရွည္မည္ျဖစ္သျဖင့္ က်န္းမာေရးေစာင့္ေရွာက္ေပးျခင္းသည္ ႀကီးမားေသာတာဝန္ျဖစ္ၿပီး အလြန္ ကုသိုလ္အက်ိဳး ျဖစ္ေပၚေစသည့္အလုပ္ျဖစ္ပါေၾကာင္း၊ မိမိတို႔ ျမန္မာလူမ်ိဳးမ်ားသည္ သဒၵါစိတ္အရင္းခံရွိၾကၿပီး လူမႈေရးအသင္းအဖြဲ႕မ်ားစြာရွိသည္ကို လည္းေတြ႕ရွိရမည္ျဖစ္ ေၾကာင္း၊ ယခုကာလတြင္  (COVID-19)ေရာဂါျပန္လည္ျဖစ္ေပၚလ်က္ရွိၿပီး Second Wave ျဖစ္ေပၚသည္ဟုမဆိုႏိုင္ေသာ္လည္း ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ကူးစက္မႈႏႈန္း အထူးျမင့္မားေနသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ဌာနအစီအစဥ္ျဖင့္ ရခိုင္ျပည္နယ္သို႔ မိမိသေဘာဆႏၵအေလ်ာက္ ယာယီတာဝန္ ထမ္းေဆာင္ၾကမည့္ ပါရဂူဆရာဝန္ႀကီးမ်ားအပါအဝင္ က်န္းမာေရး ဝန္ထမ္း ၂၄ ဦး စစ္ေတြၿမိဳ႕သို႔ေရာက္ရွိသည့္ သတင္းမ်ားကို လူမႈကြန္ရက္ စာမ်က္ႏွာမ်ား၌ ေတြ႕ရွိရသျဖင့္ ၎င္းတို႔အတြက္လြန္စြာဝမ္းေျမာက္ဂုဏ္ယူမိပါေၾကာင္း၊ ယင္းသို႔ မိမိကိုယ္က်ိဳးစြန႔္၍  တိုင္းျပည္အတြက္ေဆာင္႐ြက္ၾကသည့္သူမ်ားသည္ လြန္စြာတန္ဖိုးရွိပါေၾကာင္း၊ ယခုအခမ္းအနားသို႔ တက္ေရာက္လာၾကသည့္ ေဝးလံေခါင္ဖ်ားေဒသမ်ား တြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သားဆရာဝန္မ်ား၏ ပင္ပန္းဆင္းရဲ စြာတာဝန္ ထမ္းေဆာင္ခဲ့မႈမ်ားကိုလည္း အသိအမွတ္ျပဳပါေၾကာင္း၊ တိုင္းျပည္ႏွင့္ ျပည္သူ အတြက္ မိမိသေဘာဆႏၵအေလ်ာက္ Volunteer   လုပ္ေဆာင္တတ္သည့္ စိတ္ဓာတ္ ကိုေလးစားပါေၾကာင္းႏွင့္ ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္း။

ယခုကဲ့သို႔ ေဝးလံေခါင္ဖ်ားေဒသမ်ားတြင္တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ အတြက္ လည္း တပ္မေတာ္သား ဆရာဝန္မ်ားကို ခံစားခြင့္မ်ားေပးထားၿပီး မဟာသင္တန္းဝင္ခြင့္ အရည္အခ်င္းစစ္သင္တန္းကို ကင္းလြတ္ခြင့္ေပးထားပါေၾကာင္း၊ သို႔ေသာ္လည္း မဟာ သင္တန္းသည္ အေရးႀကီးသျဖင့္ သင္တန္းကာလတစ္ေလွ်ာက္ အရည္အခ်င္းစစ္စာေမး ပြဲႏွင့္ ပုံမွန္စာေမးပြဲမ်ားကို ေအာင္ျမင္ေအာင္ မိမိကိုယ္တိုင္ႀကိဳးစားသင္ယူသြားရမည္ျဖစ္ ေၾကာင္း၊ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း မအားလပ္သည့္အခ်ိန္အတြင္းမွ စာေပမ်ား ေလ့လာခဲ့ပါက သင္တန္းတက္ေရာက္ရာတြင္ ပိုမိုအေထာက္အကူျဖစ္ေစမည္ျဖစ္ ေၾကာင္း။

၄ ႏွစ္အတြင္းလူဦးေရသုံးသိန္းခြဲေက်ာ္ က်န္းမာေရးေစာင့္ေရွာက္မႈျပဳလုပ္

တပ္မေတာ္သားဆရာဝန္မ်ား သြားေရာက္တာဝန္ထမ္းေဆာင္စဥ္ကာလ အတြင္း ကုသေပးႏိုင္မႈမ်ားအေနျဖင့္၂၀၁၆ ခုႏွစ္၊ မတ္လမွ ၂၀၂၀ ျပည့္ႏွစ္၊ ၾသဂုတ္လအထိ ေဆးကုသမႈဆိုင္ရာ ေရာဂါ ၁၆၈၄၆၄ ဦး၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ ၁၃၆၂၃ ဦး၊ ကေလးေရာဂါ ၃၁၂၄၅ ဦး၊ သားဖြားမီးယပ္ေရာဂါ ၂၁၈၀၉ ဦး၊ အ႐ိုးေရာဂါ ၁၀၈၈၅ ဦး၊ နား/ႏွာေခါင္း/လည္ ေခ်ာင္းေရာဂါ ၃၅၈၃၈ ဦး၊ မ်က္စိေရာဂါ ၂၂၄၇ ဦး၊ အစာအိမ္ႏွင့္အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ၃၆၄၅ ဦး၊ အေထြေထြေရာဂါ ၈၅၆၆၀ ဦး၊ စုစုေပါင္း ၃၇၃၄၁၆ ဦးတို႔ကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးႏိုင္ခဲ့သည္ကို ေတြ႕ရွိရပါေၾကာင္း၊ ယင္းေဒသမ်ားသည္ နယ္ေျမတည္ၿငိမ္ ေအးခ်မ္းသည့္ေဒသမ်ားျဖစ္ၿပီး နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈရရွိရန္ လိုအပ္ေနသည့္  နယ္ေျမအသီးသီးရွိေဒသမ်ားတြင္ယခုထက္ပိုမို၍ က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္မ်ား ရွိေနမည္ ျဖစ္ေၾကာင္း။

က်န္းမာေရးႏွင့္ ပညာေရး

က်န္းမာေရးေကာင္းမြန္မွသာလ်င္ ပညာသင္ၾကားႏိုင္မည္ျဖစ္ၿပီး ပညာေကာင္း မြန္စြာသင္ၾကားႏိုင္ေရးအတြက္ ၿငိမ္းခ်မ္းမႈရွိရန္လိုအပ္မည္ျဖစ္ေၾကာင္းကိုလည္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁) ရာစု ပင္လုံ၊ စတုတၳအစည္းအေဝးတြင္ ေထာက္ျပေျပာဆိုခဲ့ပါေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ ၁၉၉၇ ခုႏွစ္မွ ၂၀၀၀ ျပည့္ႏွစ္အထိ ၁၃ ႏွစ္တာကာလအတြင္း ေက်ာင္းေနသူဦးေရ ၁၆ ဒသမ ၁၄၃ သန္းခန႔္ရွိေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ ၅ တန္းေက်ာင္းသားဦးေရမွာ ၈ ဒသမ ၀၅ သန္းေက်ာ္သာရွိေၾကာင္း၊ ေက်ာင္းေနသူ  ၁၆ သန္းေက်ာ္အနက္ ၈ သန္းေက်ာ္သာ ၅ တန္းသို႔ ေရာက္ရွိခဲ့၍ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ၅ တန္းပညာသင္ၾကားႏိုင္သည္ဟု ဆိုႏိုင္ေၾကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ ထုတ္ ျပန္ခဲ့သည့္ လူဦးေရႏွင့္ သန္းေခါင္စာရင္းအရ ပညာသင္ၾကားရမည့္ အ႐ြယ္ အသက္ ၅ ႏွစ္မွ ၂၁ ႏွစ္အထိ အုပ္စု ၅ စုခြဲ၍ ေမးျမန္းစာရင္းေကာက္ယူခဲ့ရာ လူဦးေရ ၅ ဒသမ ၆ သန္းခန႔္သည္ ေက်ာင္းလုံးဝေနခဲ့ဖူးျခင္းမရွိသည္ကို ေတြ႕ရွိရ မည္ျဖစ္ေၾကာင္း၊ ၅ တန္းသို႔ ေရာက္မလာသည့္ ၈ သန္းေက်ာ္ႏွင့္ ပညာမသင္ၾကား ရသည့္ ၅ သန္းေက်ာ္ စုစုေပါင္း ၁၃ သန္းေက်ာ္သည္ ၅ တန္းေအာက္ ပညာ အရည္အခ်င္းသာရွိသည္ကိုေတြ႕ရွိရေၾကာင္း၊  ႏိုင္ငံ၏ ပညာတတ္ေျမာက္မႈ အေျခအေန သည္ စိုးရိမ္စရာအေျခအေနျဖစ္ေနသည္ကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ပ်မ္းမွ်အားျဖင့္ အသက္ ၅ ႏွစ္မွစ၍ ပညာစတင္သင္ၾကားခဲ့ၿပီး မူလတန္း၊ အလယ္တန္း၊ အထက္တန္း၊ တကၠသိုလ္ဝင္တန္းတို႔တြင္ တူညီသည့္ အ႐ြယ္၊ ပညာသင္ၾကားမႈ၊ ပတ္ဝန္းက်င္ တို႔သည္ ကြာျခားမႈမ်ားႀကီးမားစြာရွိမည္ မဟုတ္ေသာ္လည္း တကၠသိုလ္ပညာသင္ၾကားမႈမ်ားမွ တစ္ဆင့္ အေတြးအေခၚမ်ားကြာျခားသြားမည္ျဖစ္ေၾကာင္း၊ အတန္းပညာႏွင့္ အတတ္ပညာတတ္ေျမာက္မႈတြင္ အေတြးအေခၚသည္ အဓိကအေရးႀကီးၿပီး ပညာေရးႏွင့္ ပတ္သက္၍ အားေပးၾကရမည္ျဖစ္ေၾကာင္း။

ေဒသခံတို႔၏ ပညာေရးကိုပါေဆာင္႐ြက္ခဲ့ 

ေဝးလံေခါင္ဖ်ားေဒသမ်ားတြင္တာဝန္ထမ္းေဆာင္ခဲ့ၾကရာ၌ ေက်ာင္းေနအ႐ြယ္ ကေလးငယ္မ်ားကို စာေပပညာမ်ားကူညီသင္ၾကားေပးခဲ့ၾကသည္ဟုသိရွိရသည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္းႏွင့္ အေျခခံလိုအပ္မ်ားကိုလည္း တင္ျပ၍ လိုအပ္သည္မ်ားကို ကူညီေပးၾကရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္တိုးတက္ေရးအတြက္ အေျခခံလိုအပ္ ခ်က္မ်ားအေနျဖင့္ က်န္းမာေရးေကာင္းမြန္မႈရွိရမည္၊ ပညာေရးေကာင္းမြန္ရမည္၊ ပို႔ေဆာင္ဆက္သြယ္မႈေကာင္းမြန္ရမည္၊ လွ်ပ္စစ္စြမ္းအားရွိရမည္ျဖစ္ေၾကာင္း၊ စက္မႈ လုပ္ငန္းမ်ား မည္သို႔ပင္ေဆာင္႐ြက္ေနေစကာမူ အဓိကအေရးႀကီးသည့္ လွ်ပ္စစ္စြမ္းအား ရရွိေရးကို စဥ္းစားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ လိုအပ္သည့္ လွ်ပ္စစ္စြမ္းအားကို သဘာဝအရင္းအျမစ္မ်ားမွ တစ္ဆင့္ ထုတ္ယူႏိုင္သည္ျဖစ္ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ထုတ္ယူႏိုင္ျခင္းမရွိေၾကာင္း၊ တာဝန္ထမ္းေဆာင္ရသည့္ နယ္ေျမေဒသအသီးသီးမွ ေဒသခံမ်ားကို မိမိေဒသ၊ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လွ်ပ္စစ္စြမ္းအားထုတ္လုပ္မႈမ်ားကို နားလည္သေဘာေပါက္ ေအာင္ ရွင္းျပၾကရမည္ျဖစ္ေၾကာင္း။

(COVID-19) ကာလကူညီေစာင့္ေရွာက္မႈမ်ား

တပ္မေတာ္အေနျဖင့္ လက္ရွိျဖစ္ေပၚလ်က္ရွိသည့္ (COVID-19)ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူ ျပဳ၍ အင္တိုက္အားတိုက္ပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္သားမ်ားႏွင့္ အရပ္သား(အစားခန႔္)ဝန္ထမ္းမ်ား၏ လုပ္ခလစာမွ တစ္ရက္လုပ္အားခ ႏွစ္လစာ လႉဒါန္းေငြရရွိမႈမ်ားျဖင့္ ေဆးကုသေရးအေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ားကို လႉဒါန္းေပးလ်က္ရွိေၾကာင္း၊ ထို႔ျပင္ တိုင္းရင္းသားနယ္ေျမမ်ားသို႔ က်ပ္သန္း ၆၀၀ ေက်ာ္၊  အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ အႏုပညာအဖြဲ႕အစည္းမ်ားသို႔ ေငြက်ပ္ ၆၁ သန္းေက်ာ္၊  စစ္မႈထမ္းေဟာင္း၊ ရဲမႈထမ္းေဟာင္းအဖြဲ႕မ်ားသို႔ ေငြက်ပ္ ၇ ဒသမ ၄ ဘီလီယံေက်ာ္၊ ဘုန္းႀကီးေက်ာင္း၊ သီလရွင္ေက်ာင္းမ်ားသို႔ ေငြက်ပ္ ၁၇၇ သန္းေက်ာ္၊ နယ္ေျမေဒသအသီးသီးမွ ျပည္သူ႔ေဆး႐ုံႏွင့္ ေက်းလက္က်န္းမာေရးဌာနမ်ားသို႔ ေငြက်ပ္ ၃ ဒသမ ၇ ဘီလီယံေက်ာ္၊ ေဆး႐ုံတက္လူနာမ်ား၊ လူနာေစာင့္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားအတြက္ ျဖည့္စြက္အာဟာရေကြၽးေမြးႏိုင္မႈအေနျဖင့္ ေငြက်ပ္ ၁၇၇ သန္းေက်ာ္ျဖစ္ၿပီး လႉဒါန္းမႈစုစုေပါင္းအေနျဖင့္ ၁၂ ဘီလီယံေက်ာ္လႉဒါန္း ေပးႏိုင္ခဲ့ေၾကာင္း၊ တန္ဖိုးအားျဖင့္ ေငြေၾကးသတ္မွတ္ႏိုင္မည္ျဖစ္ေသာ္လည္း က်န္းမာေရး အရ တန္ဖိုးမျဖတ္ႏိုင္သည့္ကူညီမႈပင္ျဖစ္ပါေၾကာင္း။

မိမိတို႔ ႏိုင္ငံတြင္ မၾကာမီ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပျပဳလုပ္ေတာ့မည္ ျဖစ္၍ မိမိတိုင္းျပည္ကို ေကာင္းေအာင္ေဆာင္႐ြက္ေပးႏိုင္မည့္ ကိုယ္စားလွယ္ေကာင္း မ်ားကို မိမိသေဘာဆႏၵႏွင့္အညီေ႐ြးခ်ယ္မဲေပးႏိုင္ပါေၾကာင္း၊  တိုင္းျပည္၏ေကာင္းရာ   ေကာင္းက်ိဳးကို ေဆာင္႐ြက္ေပးႏိုင္မည့္ ကိုယ္စားလွယ္ေကာင္းမ်ားကို စိတ္ႀကိဳက္ ေ႐ြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိေ႐ြးခ်ယ္ေပးလိုက္သည့္သူသည္ တိုင္းျပည္အတြက္ အက်ိဳးရွိရန္လိုအပ္ၿပီး မိမိေ႐ြးခ်ယ္သူသည္ တိုင္းျပည္အတြက္ ေကာင္းက်ိဳး မျဖစ္ပါက ဆုံးရႈံးမႈတစ္ရပ္သာျဖစ္ေၾကာင္း၊ ဆယ္ႏွစ္တာေတြ႕ႀကဳံခဲ့သည့္ အေတြ႕အႀကဳံမ်ားျဖင့္ ဆင္ျခင္သုံးသပ္၍ ၂၀၂၀ ျပည့္ႏွစ္အလြန္တြင္ တိုင္းျပည္ကိုပိုမို၍ တိုးတက္ေကာင္းမြန္ ေအာင္ေဆာင္႐ြက္မည့္သူမ်ားရရွိေရးမွာ မိမိတို႔ဆႏၵမဲေပးသူမ်ား၏ တာဝန္သာျဖစ္ ေၾကာင္း၊ မိမိႏွင့္ ထိေတြ႕ဆက္ဆံေနရေသာ ျပည္သူလူထုကိုလည္း ေျပာျပရန္လို ေၾကာင္း၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံရာတြင္ ကိုယ္စားလွယ္ေကာင္းမ်ား ေ႐ြးခ်ယ္ ရာတြင္ ျပည့္စုံရန္လိုအပ္သည့္  အခ်က္ ၆ ခ်က္ႏွင့္ ပတ္သက္၍ ေျပာၾကားခဲ့ပါေၾကာင္း၊  ၎အခ်က္မ်ားအျပင္ အျခားေကာင္းမြန္ေသာအရည္အခ်င္းမ်ားျဖင့္ ျပည့္စုံပါက   ပိုမိုေကာင္းမြန္မည္ျဖစ္ေၾကာင္း၊ ဂုဏ္ျပဳခံေဆးမႉးမ်ားအားလုံးအေနျဖင့္ တိုင္းျပည္အက်ိဳး၊ ႏိုင္ငံအက်ိဳးကို ဆထက္ထမ္းပိုး ေဆာင္႐ြက္ႏိုင္ၾကပါေစေၾကာင္းျဖင့္ ဂုဏ္ျပဳေျပာၾကားသည္။

ဂုဏ္ျပဳလက္ေဆာင္ေပးအပ္ 

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဝးလံေခါင္ဖ်ားေဒသ မ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သားဆရာဝန္မ်ားအား အမွတ္တရ ဂုဏ္ျပဳလက္ေဆာင္မ်ားေပးအပ္ရာ ဆရာဝန္မ်ားကိုယ္စား ေဆးမႉးတစ္ဦးက လက္ခံ ရယူသည္။

အဖိုးမျဖတ္ႏိုင္သည့္အေတြ႕အႀကဳံ 

ထို႔ေနာက္ ေဝးလံေခါင္ဖ်ားေဒသမ်ားတြင္တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သားဆရာဝန္မ်ားကိုယ္စား ေဆးမႉး ဗိုလ္ႀကီး ရန္ႏိုင္လင္းက ေဆးဝါး ကုသေပးျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာတြင္ ေတြ႕ႀကဳံခဲ့ရမႈမ်ားအား ရွင္းလင္းတင္ျပၿပီး ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားရာတြင္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား အျပည့္အဝမရရွိေသာ ေဝးလံေခါင္ဖ်ားသည့္ ခ်င္း၊ နာဂေဒသမ်ားတြင္ သြားေရာက္၍ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေဆာင္႐ြက္ေပးခဲ့ရာ၌ မိမိတို႔၏ အေသးစိတ္ လိုအပ္ခ်က္မ်ားျဖစ္သည့္ တစ္ကိုယ္ေရ သုံးပစၥည္းမ်ား၊ အဝတ္အထည္အသုံးအေဆာင္ ပစၥည္းမ်ားအျပင္ လိုအပ္သည့္ ေဆးႏွင့္ ေဆးပစၥည္းမ်ား၊ အုပ္ခ်ဳပ္ေထာက္ပံ့မႈပစၥည္းမ်ား၊ (COVID-19)ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားကို ေထာက္ပံ့ေပးခဲ့သည့္အတြက္ မိမိတို႔၏ တာဝန္မ်ားကို ေအာင္ျမင္စြာေဆာင္႐ြက္ ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္ခ်က္ႏွင့္အညီ နယ္ေျမခံ တပ္ရင္း၊ တပ္ဖြဲ႕မ်ားက ပူးေပါင္းေဆာင္႐ြက္ေပးခဲ့ၿပီး ေရာဂါကုသေရး လုပ္ငန္းမ်ားအျပင္ ေရာဂါကာကြယ္ေရး လုပ္ငန္းမ်ား၊ ပညာေရး၊ စားဝတ္ေနေရး လုပ္ငန္းမ်ား၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးလုပ္ငန္းမ်ားကိုပါ တတ္ႏိုင္သေ႐ြ႕ေဆာင္႐ြက္ ေပးႏိုင္ခဲ့ပါေၾကာင္း၊ က်န္းမာေရးတစ္ခုတည္းသာမက ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္ခ်က္မ်ားကို သိရွိနားလည္ခြင့္ရျခင္းသည္ အဖိုးမျဖတ္ႏိုင္သည့္ အေတြ႕အႀကဳံ မ်ားပင္ျဖစ္ပါေၾကာင္း။

ေဒသခံျပည္သူလူထုက ေႏြးေထြးစြာတုံ႔ျပန္

မိမိတို႔အဖြဲ႕တြင္ ေဆးပညာမဟာသိပၸံဘြဲ႕ရရွိၿပီးသူ ၆ ဦး၊ ဒီပလိုမာဘြဲ႕ရရွိၿပီးသူ ၃ ဦးႏွင့္ ေဆးပညာဘြဲ႕ရရွိၿပီးသူ ၃၅ ဦး၊ စုစုေပါင္း ၄၄ ဦးပါဝင္ၿပီး ၂၀၁၈ ခုႏွစ္ ဧၿပီလ ၉ ရက္မွ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လ ၁၂ ရက္အထိ ၂ ႏွစ္ ၄ လေက်ာ္ တာဝန္ထမ္းေဆာင္ ခဲ့ၾကပါေၾကာင္း၊ ေဝးလံေခါင္ဖ်ား၍ ဆရာဝန္လိုအပ္ခ်က္ရွိသည့္ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္ႏွင့္ တိုက္နယ္ ၁၉ ခု၊ စုစုေပါင္း ၂၂ ေနရာတို႔တြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအျပင္ ျပည္သူအက်ိဳးျပဳလုပ္ငန္းမ်ားကိုလည္း ဝိုင္းဝန္းေဆာင္႐ြက္ေပးႏိုင္ခဲ့ပါေၾကာင္း၊ ေဒသခံျပည္သူလူထုက ေက်နပ္အားရၿပီး ေႏြးေထြးသည့္ တုံ႔ျပန္မႈမ်ားကိုရရွိခဲ့ပါေၾကာင္း၊ ျပည္သူလူထု၏ က်န္းမာေရးကို ျမႇင့္တင္ ေပးႏိုင္ခဲ့သကဲ့သို႔ မိမိတို႔၏ ေဆးပညာရပ္ဆိုင္ရာ အရည္အေသြးတိုးတက္ျမင့္မားေရး အတြက္လည္း ပိုမိုေလ့လာေဆာင္႐ြက္ခြင့္ရရွိခဲ့ပါေၾကာင္း၊ တာဝန္ထမ္းေဆာင္ရာတြင္ လည္းေကာင္း၊ တာဝန္ထမ္းေဆာင္ရာမွ ျပည္လည္ေရာက္ရွိခ်ိန္တြင္လည္းေကာင္း အစစအရာရာ အဆင္ေျပေအာင္ျဖည့္ဆည္းေဆာင္႐ြက္ေပးမႈမ်ားအတြက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားအားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားအား ဂုဏ္ျပဳ လက္ဘက္ရည္ ျဖင့္တည္ခင္းဧည့္ခံသည္။ ဂုဏ္ျပဳလက္ဘက္ရည္သုံးေဆာင္ေနစဥ္အတြင္း ျပည္သူ႔ ဆက္ဆံေရးႏွင့္စိတ္ဓာတ္စစ္ဆင္ေရးၫႊန္ၾကားေရးမႉး႐ုံးကြပ္ကဲမႈေအာက္ ျမဝတီ ေတးဂီတအဖြဲ႕က ေတးသံသာမ်ားျဖင့္သီဆိုတီးမႈတ္ေဖ်ာ္ေျဖၾကသည္။

အခမ္းအနား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေဝးလံေခါင္းပါး ေဒသမ်ားတြင္ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ တပ္မေတာ္သားဆရာဝန္ မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီႏွီးလိုက္လံႏႈတ္ဆက္ခဲ့သည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား ရွိ ေဝးလံေခါင္းပါး၍ လမ္းပန္းဆက္သြယ္ေရးခက္ခဲေသာေဒသမ်ားမွ ေဒသခံျပည္သူမ်ား ၏က်န္းမာေရးက႑ျမႇင့္တင္ေပးရန္အတြက္ ဆရာဝန္လိုအပ္လ်က္ရွိေသာ ေဆး႐ုံ မ်ား တြင္ တပ္မေတာ္သားဆရာဝန္မ်ား တာဝန္ထမ္းေဆာင္ခဲ့မႈအေနျဖင့္ ပထမအႀကိမ္အျဖစ္ ၂၀၁၆ ခုႏွစ္တြင္ တပ္မေတာ္သားဆရာဝန္ ၄၄ ဦးျဖင့္လည္းေကာင္း၊ ဒုတိယအႀကိမ္ အျဖစ္ ၂၀၁၈ ခုႏွစ္တြင္ တပ္မေတာ္သားဆရာဝန္ ၄၄ ဦးျဖင့္လည္းေကာင္း အသီးသီး တာဝန္လဲလွယ္ထမ္းေဆာင္ခဲ့ၾကၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္တြင္လည္း တပ္မေတာ္သား ဆရာဝန္ ၄၄ ဦးသည္ တတိယအႀကိမ္အျဖစ္ သြားေရာက္တြဲဖက္တာဝန္ ထမ္းေဆာင္လ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။