အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူသော မိုးကောင်းစေတီတည်ရှိရာ တောင်နီအေးဘုန်းတော်ကြီးကျောင်းမှ မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်းနှင့် ဖောင်တော်ဦး စေတီတော်တက် ဘုရားလမ်း အဆင့်မြှင့်တင်ခြင်း၊ ဂန္ဓကုဋီတိုက်အမိုးပြုပြင် ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက အလှူငွေများပေးအပ် လှူဒါန်း၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၂၅

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ေ(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိ ကြီးများလိုက်ပါ၍တောင်သာမြို့၊ မင်းကန်ရွာ၊ တောင်နီအေးကုန်းမြေသို့ ရောက်ရှိကြရာ မင်းကန်ရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးနှင့် ဒေသခံပြည်သူများက ရိုးရာအိုးစည်ဝိုင်းအကများ ဖြင့် လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တောင်နီအေးဘုန်းတော်ကြီးကျောင်း၊ ဘုရားပွဲကုန်း၊ ပွဲကြည့်စင်တွင် အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သော မိုးကောင်းစေတီတည်ရှိရာ တောင်နီအေးဘုန်းတော်ကြီးကျောင်းမှ မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်းတို့ အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေများ ပေးအပ်လှူဒါန်း ပွဲကို ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်နီအေးဘုန်းတော်ကြီး ကျောင်းမှ တောင်သာ-မလှိုင်ကားလမ်းသို့ ဆက်သွယ်ထားသည့် မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်းအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ပေးအပ်လှူ ဒါန်းသည့် အလှူငွေ ၃၂၄ သိန်းအားပေးအပ်လှူဒါန်းရာ ကျေးရွာရပ်မိရပ်ဖ ဦးဝင်းဦးနှင့် ဦးစံတင်အေးတို့က လက်ခံရယူသည်။

ယင်းနောက် ယခုကဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းသည့်အတွက် ဒေသခံများ ကိုယ်စား မင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးကကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင် သာမြို့၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုကြရာ ဒေသခံပြည်သူများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်၊ We Are Myanmar ၊ We Love Army ဟုရေးသားထားသော ဆိုင်းဘုတ်များကိုင်ဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်သာ တောင်ပေါ်သို့ ရောက်ရှိကြရာ တောင်တက်လမ်းမူလအလှူရှင်များဖြစ်သည့် မအေးဝင်းရွှေ( ရွှေမြိုင်သိပ္ပံမိသားစု)က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး တောင်ပေါ်တွင် သီတင်းသုံးလျက်ရှိသည့် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တသီလာစာရအား ဖူးမြော် ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး သာသနာရေး ဆိုင်ရာများကို တင်ပြလျှောက်ထားသည်။ ယင်းနောက် အလောင်းစည်သူ မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းတန်ခိုးကြီး ဖောင်တော်ဦးစေတီအား ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်ပူဇော်ပြီး လက်ယာရစ် လှည့်လည်ကြည်ညိုကာ တောင်ပေါ်မှတစ်ဆင့် တောင်သာမြို့ရှုခင်းများကို ကြည့်ရှုပြီး တောင်သာဒေသစိမ်းလန်း စိုပြေရေး လိုအပ်သည် များဆောင်ရွက်ပေးရန်မှာကြားသည်။ ထို့နောက် သဘာဝဘေးဒဏ်များကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ယခင်မူလဘုရားအစိတ်အပိုင်း အကြွင်းအကျန်များ နှင့် တောင်နီအေး ဘုန်းတော်ကြီးကျောင်းမှ တောင်သာ-မလှိုင်ကားလမ်းသို့ ဆက်သွယ်ထားသည့် မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုရာ တောင်သာဒေသခံ ဦးသန့်ဆွေနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်သာမြို့၊ ကျောင်းသစ်ကျောင်းတိုက်သို့ ရောက်ရှိကြပြီး တောင်သာမြို့၊ ကျောင်းသစ်ကျောင်းတိုက်၊ ဗဟိုသံဃာ့ဝန်ဆောင် မြို့နယ်သံဃနာယက ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒဘာသာဘိဝံသ အမှူးပြုသောမြို့နယ်သံဃနာယက ဆရာ တော်ကြီး ၂၃ ပါးကို ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများအား တင်ပြ လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်လုံးအောင်ချမ်းသာ ဓမ္မဗိမာန်တော်ကြီးသို့သွားရောက်၍ တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေး နေမှုများကို ကြည့်ရှုအားပေးပြီး မျက်စိဝေဒနာရှင်များအား ဆေးမျက်မှန်များတပ်ဆင် လှူဒါန်းပေးသည်။

ထို့နောက် ဖောင်တောင်ဦးဘုရား တောင်တက်လမ်း အဆင့်မြှင့်တင်နိုင်ရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သာတောင်ပေါ် တက်လမ်း ဖောက်လုပ်အဆင့်မြှင့်တင်ခြင်း၊ ဂန္ဓကုဋီတိုက် အမိုးပြုပြင်ခြင်းနှင့် ကွန်ကရစ် လမ်းခင်းခြင်းတို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဘိလပ်မြေများနှင့် အလှူငွေကျပ် ၅၀၄ သိန်းအားပေးအပ်လှူဒါန်းရာ အကျိုးဆောင် အဖွဲ့မှ ဦးလှမျိုးနိုင်နှင့် ဦးသိန်းဆွေတို့က လည်းကောင်း၊ တောင်သာမြို့ကျန်းမာရေး ဌာနသို့ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ချိုချိုဝင်း ကလည်းကောင်း၊ တောင်သာမြို့ ပညာရေးဌာနသို့ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်စိမ်းစိမ်းမြင့် ကလည်းကောင်း၊ တောင်သာမြို့ ဘိုးဘွားရိပ်သာသို့ စားသောက်ဖွယ်ရာများပေးအပ် လှူဒါန်းရာ ဘိုးဘွားရိပ်သာ ဥက္ကဌ ဦးဘလှိုင်ကလည်းကောင်း အသီးသီးလက်ခံရယူကြ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် စေတနာရှင်အလှူရှင်များက တစ်ဦးချင်းအလှူငွေများကို ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဒေသခံများကိုယ်စား တောင်သာမြို့ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တောင်သာ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်း က ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

အလှူငွေများပေးအပ်လှူဒါန်းခြင်းအခမ်းအနားများ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့လှူဒါန်းရခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုပြောကြားရာတွင် တောင်သာဒေသအတွင်းရှိ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဦးစွာ ပြောကြားပြီး တောင်သာဒေသသို့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတက်ရောက်စဉ် က လေ့ကျင့်ခန်းဆောင်ရွက်စဉ် ရောက်ရှိခဲ့ဖူးပါကြောင်း၊ တောင်သာမြို့ဒေသခံ ဦးသန့်ဆွေ၏ တင်ပြချက်များအရ တောင်သာမြို့၏ လိုအပ်ချက်များအား သိရှိရပြီး တောင်သာတောင်ပေါ်တက်လမ်း ဖောက်လုပ်အဆင့်မြှင့်တင်ခြင်း၊ ဂန္ဓကုဋီတိုက် အမိုးပြုပြင်ခြင်းနှင့် ကွန်ကရစ် လမ်းခင်းခြင်းတို့အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက စုပေါင်းပါဝင်လှူဒါန်းရခြင်းဖြစ်ပါကြောင်း။

တောင်သာဒေသသည် လူဦးရေ ၂ သိန်းကျော်ခန့်ရှိကာ စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်ပြီး ပဲ၊ နှမ်းကို ပိုမိုစိုက်ပျိုးကြသည်ဟု သိရှိရပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရေရရှိရေးသည် အဓိကအရေးကြီးပြီး မိုးကောင်းရန် လိုမည်ဖြစ် ကြောင်း၊ ယခုနှစ်မိုးဦကာလတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့သော နေရာများ ၌ မိုးရွာသွန်းမှုမရှိသဖြင့် စိုက်ပျိုးရေးတောင်သူများ များစွာထိခိုက်နစ်နာခဲ့သည်ကို တွေ့ ရှိရပါကြောင်း၊ တောင်သာဒေသသည်လည်း မိုးရေချိန် ၂၀ လက်မခန့်သာ ရှိသဖြင့် မိုးနည်းသည့် ဒေသဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိုးရေရရှိမှုနည်းပါးခြင်းသည် ပထဝီ မြေအနေအထားအရသော်လည်းကောင်း၊ သစ်ပင်သစ်တောများ ပေါက်ရောက်မှုနည်းပါး ခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပေါ်တတ်သဖြင့် သစ်ပင်စိုက်ပျိုးမှုကို အားပေးကြ စေလိုကြောင်း၊ သစ်ပင်သစ်တော နည်းပါးခြင်းသည် ထုတ်ယူသုံးစွဲမှုများကြောင့်ဖြစ်ပြီး လိုအပ်ချက်အရ အသုံးပြုရသည်ဖြစ်သော်လည်း ပြန်လည်စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ လူသားတို့တွင် ကုန်ခမ်းသွားသည့် အားအင်များပြန်လည်ရရှိရေးအတွက် အာဟာရများ ကို ပြန်လည်စားသုံးရသကဲ့သို့ သဘာဝတရားကြီးကိုလည်း အသုံးပြုပြီးပါက ပြန်လည် ဖြည့်ဆည်းပေးကြရမည်ဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းအကျိုးကို ချက်ခြင်းခံစား ရမည်မဟုတ်သော်လည်း မိမိတို့၏ မျိုးဆက်သစ် နောင်လာနောက်သားများ အကျိုး ခံစားကြရမည်ဖြစ်ပါကြောင်း၊ တောင်သာဒေသသို့ လာရောက်စဉ် ထန်းပင်များဖြစ်ထွန်း သည်ကို တွေ့ရှိရပါကြောင်း၊ ထန်းပင်သည် တန်ဖိုးရှိသောအပင်ဖြစ်ပြီး ထန်းပင် အမြစ် များသည် မြေအောက် ပေ ၂၀၀ အနက်မှ မြေအောက်ရေကို စုပ်ယူပေးနိုင်သဖြင့် ထန်းပင်များ မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် တိုးချဲ့စိုက်ပျိုးသွားကြရန် အကြံ ပြု တိုက်တွန်းလိုပါကြောင်း။

စိုက်ပျိုးရေးဆောင်ရွက်ခြင်းဖြင့် ဝင်ငွေရရှိသည်ဆိုသော်လည်း မိရိုးဖလာ သမား ရိုးကျ စိုက်ပျိုးနည်းများဖြင့် ကျေနပ်နေ၍မရဘဲ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး အတွက် ခေတ်မီစိုက်ပျိုးရေး နည်းပညာများ အသုံးပြုပြီးစိုက်နည်းစနစ်မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ခေတ်မီစိုက်ပျိုးနည်းစနစ်များတက်မြောက်စေ ရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို တက်မြောက်ကြရမည်ဖြစ်ကြောင်း၊ စနစ်တကျ သင်ယူထားသည့် အတတ်ပညာနှင့် မိရိုးဖလာဆောင်ရွက်သည့် ပညာရပ်များသည် တူညီ မှုရှိနိုင်မည် မဟုတ်သည့် အတွက် ပညာရေးကို အလေးထားကြစေလိုပါကြောင်း၊ မိမိတို့ နိုင်ငံ၏ ပညာရေးအား အကြမ်းဖျဉ်းပြောပြရမည်ဆိုပါက ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန် ခဲ့သည့် လူဦးရေနှင့် သန်းခေါင်စာရင်းအရ ပညာသင်ကြားရမည့် အရွယ် အသက် ၅ နှစ်မှ ၂၁ နှစ်အထိ အုပ်စု ၅ စုခွဲ၍ မေးမြန်းစာရင်းကောက်ယူခဲ့ရာ လူဦးရေ ၅ ဒသမ ၆ သန်းခန့်သည် ကျောင်းလုံးဝနေခဲ့ဖူးခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်း ပညာတက်မြောက်မှုမရှိပါက အတတ်ပညာသင်ကြားရန် အခက်အခဲရှိမည်ဖြစ်သဖြင့် ပညာရေးကို အားပေးကြရန်တိုက်တွန်းလိုပါကြောင်း။

ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်ရမည်ဖြစ်ပြီး ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ တပ်မတော်မှ နိုင်ငံတစ်ဝန်းလုံး၌ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သောဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် တပ်မတော်သားဆရာဝန်များကို ၎င်းတို့ ဆန္ဒများနှင့်အညီ စေလွှတ်တာဝန်ထမ်းဆောင်စေလျက်ရှိပြီး ၄ နှစ်တာကာလအတွင်း ကျန်းမာရေးအခက်အခဲရှိသူ ဒေသခံပြည်သူ ၃ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက် မှုများဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိကာလတွင် Covid-19 ရောဂါဖြစ်ပေါ် လျက်ရှိပြီး ရခိုင်ပြည်နယ်စစ်တွေမြို့နယ်တွင် ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် Covid-19 ရောဂါ မဖြစ်ပေါ်မီကပင် အလေးအနက်ထား၍ ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ပြီး တိုင်း စစ်ဌာနချုပ် နယ်မြေ အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းနှင့် တပ်မတော်အတွက် လွန်စွာ အရေးကြီးသည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကိုပင် ရွှေ့ဆိုင်းခဲ့ပါကြောင်း၊ ယခု ရောဂါဖြစ်ပေါ်နေသည့်ကာလအတွင်း၌လည်း (Covid-19 )ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု၍ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော် သားများနှင့် အရပ်သား(အစားခန့်)ဝန်ထမ်းများ၏ လုပ်ခလစာမှ တစ်ရက်လုပ်အားခ နှစ်လစာလှူဒါန်းငွေရရှိမှုများဖြင့် ဆေးကုသရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်း များကို လှူဒါန်းပေးလျက်ရှိကြောင်း၊ ထို့ပြင် တိုင်းရင်းသားနယ်မြေများ၊ စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ အားကစား အဖွဲ့အစည်းများအတွက်လည်း ကူညီလှူဒါန်းမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးရုံတက် လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာစောင့်များအတွက်လည်း အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိပြီး တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက် မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခုကို တည်ဆောက်ရာတွင် မည်သူမဆို မိမိတိုင်းပြည် တိုးတက်မှုကို လိုလားကြမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေး ရရှိပြီးသည်မှာ ၇၃ နှစ်ရှိပြီဖြစ်သော်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် တိုးတက်မှုတွင် အဟန့်အတား ဖြစ်ပေါ်လျက် ရှိကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက် လှမ်းလျက်ရှိပြီး ဒီမိုကရေစီစနစ်သည် အများဆန္ဒနှင့်အညီ လုပ်ဆောင်ခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံကို လူကောင်းများဖြင့် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်တော့မည် ဖြစ်၍ မိမိတိုင်းပြည်ကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်ကောင်း များကို မိမိသဘောဆန္ဒနှင့်အညီရွေးချယ်မဲပေးကြရမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေများအရ သြ ဠသအန မဲမပေးဟု စကားသံများကြားနေရသဖြင့် မိမိဒေသနှင့် မိမိတိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်နိုင်မည့်သူများ မဆုံးရှုံးရစေရေး ကိုယ်တိုင်ဆင်ခြင်သုံးသပ်၍ မဲပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ တိုင်းပြည်ကောင်းကျိုးကို ဆောင်ရွက်နိုင်မည့်သူကို ကြည့်ရန်နှင့် ပါတီမူဝါဒများကောင်းရန်လိုသကဲ့သို့ မိမိရွေးချယ်လိုက်သော ကိုယ်စားလှယ် လောင်းများသည် ကိုယ်စားလှယ်ကောင်းများဖြစ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ လူဦးရေ၏ ၈၇ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး အခြားကိုးကွယ်ကြ သည့် ဘာသာများလည်း ရှိပါကြောင်း၊ ဘာသာရေးနှင့် ပတ်သက်၍ အစွန်းရောက်ရန် ပြောဆိုခြင်း မဟုတ်ဘဲ အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် အမျိုးသား ရေးစရိုက်လက္ခဏာကို မှန်မှန်ကန်ကန်နှင့် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သူလည်း ဖြစ်ရန်လိုအပ်ပါကြောင်း။

ထို့ပြင် မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားပြည် သူများအားလုံး စည်းလုံးညီညွတ်မှုရှိရန် အရေးကြီးပါကြောင်း၊ တောင်သာဒေသတစ်ခု တည်း ရပ်တည်၍မရဘဲ ကျေးရွာများ ပေါင်းစုစည်းရာမှ တောင်သာမြို့၊ မြို့များပေါင်း စပ်ရာမှ တိုင်းဒေသကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များပေါင်းစုစည်းရာမှ ပြည်ထောင် စုနိုင်ငံဖြစ်ပေါ်လာမည်ဖြစ်သဖြင့် ညီညွတ်မှုကို ပြိုကွဲစေ၍မရဘဲ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြစ်အောင် ဆောင်ရွက်လိုစိတ်ရှိသူ၊ ထိန်းသိမ်းလိုစိတ်ရှိသူလည်း ဖြစ်ရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်ကို တိုးတက်လိုသည့်စိတ်၊ ဖွံ့ဖြိုးလိုသည့်စိတ် စေတနာ အရင်းခံဖြင့် ယခုကဲ့သို့ အချိန်ယူ၍ ရှင်းပြနေရခြင်းဖြစ်ပြီး မိမိဒေသနှင့် တိုင်းပြည်ကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်ကောင်းများကို ဆင်ခြင်တုံတရား ဖြင့် ရွေးချယ်ကြရန် တိုက်တွန်းလိုပါကြောင်း။

တပ်မတော်အနေဖြင့် တောင်သာဒေသဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဖွဲ့အစည်းများက မည်သို့ပင် ဆောင်ရွက်ပေးစေကာမူ ဒေသတွင်းနေထိုင်ကြသည့် ဒေသခံများ၏ ကြိုးစားအားထုတ်မှု သည်သာလျင် အဓိကတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း၊ တောင်သာဒေသ ယခုထက်ပိုမို တိုးတက်ဖွံ့ဖြိုးပါစေကြောင်း၊ မိမိဒေသကို ချစ်သည့်စိတ်ဖြင့် ဒေသတိုးတက် ရေးလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းထမ်းရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် လှူဒါန်းမှုများနှင့် ပတ်သက်၍ မင်းကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးနှင့် တောင်သာမြို့ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဆွေတို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားကြရာတွင် တပ်မတော်အနေဖြင့် တောင်သာ မြို့နယ်အတွင်း ကျန်းမာရေးနှင့် ပတ်သက်၍ နယ်လှည့်ဆေးကုသရေးအဖွဲ့များစေလွှတ် ကုသပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိုးကောင်းစေတီတည်ရှိရာ တောင်နီအေး ဘုန်းတော်ကြီး ကျောင်းမှ မင်းကန်ရွာလယ်လမ်း ကတ္တရာခင်းခြင်းနှင့် မြင်းခြံ-တောင်သာ ကားလမ်းအနီး၊ ၁၇၈၈ ပေအမြင့်ရှိ တောင်သာတောင်ပေါ်တွင် အလောင်းစည်သူ မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဖောင်တော်ဦးဘုရားသို့ တက်ရောက်ဖူးမြော် နိုင်သော တောင်တက်လမ်း အဆင့်မြှင့်တင်ခြင်း၊ ဂန္ဓကုဋီတိုက်အမိုးပြုပြင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးစီး ဦးဆောင်မှုဖြင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေများ ပေးအပ် လှူဒါန်းပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဖောင်တောင်ဦးဘုရား တောင်တက်လမ်းသည် မတ်စောက်ကျဉ်းမြောင်းပြီး လမ်းချော်သည့်အတွက် ကားဖြင့် တက်၍ မရသည့်အပြင် ဆိုင်ကယ်ဖြင့်လည်း အန္တရာယ်များပါကြောင်း၊ လမ်းလျှောက် တက်ရသည့်အတွက် အချိန်ပေးရပြီး၊ လူပင်ပန်းသောကြောင့် ရံဖန်ရံခါမှသာလျင် တက်ရောက်ဖူးမြော်ရပါကြောင်း၊ ယခု တောင်သာမြို့ဒေသခံ ဦးသန့်ဆွေ၏ တင်ပြပေး ပေးချက်အရ တပ်မတော်မှ ယခုကဲ့သို့ လာရောက်လှူဒါန်းဆောင်ရွက်ပေးခဲ့သည့်အတွက် ဘုရားဖူးကုသိုလ်ယူရာတွင် ပိုမိုသွားလာရလွယ်ကူစေသည့်အပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများလည်း လာရောက်မည်ဖြစ်သဖြင့် ဒေသအကျိုးကို ဖြစ်ပေါ်စေမည်ဖြစ်ပါ ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များအနေဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ကျန်းကျန်းမာမာဖြင့် ဆထက်ထမ်းပိုးဆောင် ရွက်နိုင်ပါစေကြောင်း၊ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်ပါစေ ကြောင်းဖြင့် ပြန်လည်ပြောကြားသည်။

အလှူငွေပေးအပ်လှူဒါန်းပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြပြီး တောင်သာဒေသ၏ ထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်း ပြသထားမှုအား လိုက်လံကြည့်ရှုရာ ဒေသခံများက ရှင်းလင်းပြသကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေ့လည်ပိုင်းတွင် တောင်သာမြို့မှ ပြန်လည်ထွက်ခွာကြရာ ဒေသခံပြည်သူများက ရိုးရာအိုးစည်ဝိုင်းအကများဖြင့် ခင်မင်ရင်းနှီးစွာ လိုက်ပါပို့ဆောင်၍ လက်များဝှေ့ယမ်း နှုတ်ဆက်ကြသည်။

အဆိုပါ အလောင်းစည်သူမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဖောင်တော်ဦး ဘုရားသည် တောင်သာမြို့၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ကျောက်ရင်းကျေးရွာ အနီး အမြင့် ၁၇၈၈ ပေရှိ ကျောက်ရင်းတောင်ပေါ်တွင်တည်ရှိပြီး ရှေးယခင်က “ကျောက်ရစ်တောင်”ဟု လည်းကောင်း၊ ထိုစဉ်က တောင်ပေါ်ဘုရားပွဲများ ပြုလုပ်ရာတွင် အမျိုးသမီးများ မတက်ရောက်နိုင်သဖြင့် “မောင်းမ ငို” တောင်ဟုလည်းကောင်း၊ တောင် ခြေမှ တောင်ထိပ်အထိ အတက် မတ်စောက်သောကြောင့် ခွေးများပင်မော့၍ တက်ရ သောကြောင့် “ခွေးတမော့တောင်”ဟု လည်းကောင်း ပြောစမှတ်ပြုအမည်တွင်ခဲ့ကြောင်း၊ သက္ကရာဇ် ၄၈၁ ခုနှစ်တွင် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာ၌ တောင် တော်သာကို ကျောက်ရစ်တောင်ဟု အမည်သမုတ်ခဲ့ပြီး သစ်ကနက်ဖောင်တော်ဆိုက်ရာ အရပ်တွင် ဘုရားတည်ထားရာ၌ ကျောက်ခဲတစ်လုံးချင်းအား အရစ်လိုက်ပုံဖော်ကာ ကျောက်တုံးတစ်ခုချင်းဆက်၍ တည်ခဲ့ပြီး ဖောင်တော်ဦးဘုရားဟု ဘွဲ့တော်သမုတ်ခဲ့ ကြောင်း၊ ထိုစဉ်က တည်ထားခဲ့သောဖောင်တော်ဦးစေတီတော်သည် သဘာဝဘေးဒဏ် များကြောင့် ပြိုကျပျက်စီးခဲ့ရာ တောင်ထိပ်ပေါ်တွင် ဘုရားအစိတ်အပိုင်းအကြွင်းအကျန် များ ယနေ့ထိရှိနေသေးကြောင်း၊ နှောင်းလူများဖူးမြော်ခွင့်ရရှိစေရန် အနော်ရထာမင်း ကြီး သထုံမှ ပင့်ဆောင်လာသည့် ရွှေဆင်းတုတော်များ၊ ဓာတ်တော်များနှင့် မူရင်းဖောင် တော်ဦး ဘုရားငုတ်တိုင်အားငုံ၍ ယနေ့မြင်တွေ့ရသော ဖောင်တော်ဦးဘုရားကို ပြန် လည် တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ ခေတ်အဆက် ဒေသခံပြည်သူများ၊ ရပ် မိရပ်ဖများ၊ စေတနာရှင်အလှူရှင်များက မွမ်းမံထိန်းသိမ်းခဲ့ကြပြီး ယခုတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဖောင်တော်ဦးဘုရားရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးအတွက် ယခု ကဲ့သို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ဆီမီးခုံဆိပ်ကမ်းသို့ ရောက်ရှိကြပြီး နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများပင့်ဆောင်ပူဇော်ရန် စီစဉ်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့် ရှုစစ်ဆေးသည်။

ဦးစွာ ဆီမီးခုံဆိပ်ကမ်းယာယီရှင်းလင်းဆောင်တွင် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့်အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် ဗိုလ်ချုပ် မျိုးသန့် တို့က ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော် အစိတ်အပိုင်းများအား ပြည်ကြီးမွန်ရတနာရွှေဖောင်တော်ဖြင့် စကျင်ကျေးရွာဆိပ်ကမ်းမှ မြောင်မြစ်နှင့် ဧရာဝတီမြစ် အတိုင်း ဆီမီးခုံဆိပ်ကမ်းသို့ ပင့်ဆောင်ပူဇော်ခဲ့သည့် အခြေ အနေများ၊ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပင်မအစိတ်အပိုင်းများအား ဆက်လက် ပင့်ဆောင်နိုင်ရန်ဆောင်ရွက်နေသည့် အခြေအနေများ၊ ဆီမီးခုံဆိပ်ကမ်းမှ တစ်ဆင့် နေပြည် တော်သို့ ဆက်လက်ပင့်ဆောင်ပူဇော်မည့် အခြေအနေများနှင့် အလေးချိန်လျှော့ချမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုပ်ပွားတော် မြတ်ကြီး အစိတ်အပိုင်းများအား ပင့်ဆောင်ရာတွင် လုပ်ဆောင်ရမည့် ဓလေ့ထုံးတမ်းစဉ်လာ များနှင့်အညီဆောင်ရွက်ကြရန်လိုကြောင်း၊ နေပြည်တော်သို့ ပို့ဆောင်မည့် လမ်းကြောင်း များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ရှောင်ကွင်းလမ်းများ၏ ခံနိုင်ဝန်ကိုလည်း စနစ်တကျတွက်ချက်ရန်လိုကြောင်း၊ ပိုလျှံသည့် ကျောက်အပိုင်းအစများအား ရင်ပြင်တော်အခင်းအတွက် အသုံးပြုနိုင်ရန် စိစစ်ဆောင်ရွက်လိုကြောင်းဖြင့် ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆီမီးခုံ ဆိပ်ကမ်းသို့ ရောက်ရှိပင့်ဆောင်ပြီးဖြစ်သည့် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော် အစိတ်အပိုင်းများအား လိုက်လံကြည့်ရှုခဲ့သည်။

 (Zawgyi Version)

အေလာင္းစည္သူမင္းႀကီး တည္ထားကိုးကြယ္ေတာ္မူေသာ မိုးေကာင္းေစတီတည္ရွိရာ ေတာင္နီေအးဘုန္းေတာ္ႀကီးေက်ာင္းမွ မင္းကန္႐ြာလယ္လမ္း ကတၱရာခင္းျခင္းႏွင့္ ေဖာင္ေတာ္ဦး ေစတီေတာ္တက္ ဘုရားလမ္း အဆင့္ျမႇင့္တင္ျခင္း၊ ဂႏၶကုဋီတိုက္အမိုးျပဳျပင္ ျခင္း၊ ကြန္ကရစ္လမ္းခင္းျခင္းတို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားက အလႉေငြမ်ားေပးအပ္ လႉဒါန္း၊ ေဒသခံျပည္သူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၅

မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕၊ မင္းကန္႐ြာရွိ အေလာင္းစည္သူမင္းႀကီး တည္ထားကိုးကြယ္ခဲ့ေသာ မိုးေကာင္းေစတီတည္ရွိရာ ေတာင္နီေအးဘုန္းေတာ္ႀကီး ေက်ာင္းမွ မင္းကန္႐ြာလယ္လမ္း ကတၱရာခင္းျခင္းႏွင့္ ျမင္းၿခံ-ေတာင္သာ ကားလမ္းအနီး၊ ၁၇၈၈ ေပအျမင့္ရွိ ေတာင္သာေတာင္ေပၚတြင္ အေလာင္းစည္သူမင္းႀကီး တည္ထားကိုး ကြယ္ခဲ့သည့္ ေဖာင္ေတာ္ဦးဘုရားသို႔ တက္ေရာက္ဖူးေျမာ္ႏိုင္ေသာ ေတာင္တက္လမ္း အဆင့္ျမႇင့္တင္ျခင္း၊ ဂႏၶကုဋီတိုက္အမိုးျပဳျပင္ျခင္း၊ ကြန္ကရစ္လမ္းခင္းျခင္းတို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အလႉေငြမ်ား ေပးအပ္ လႉဒါန္း ပြဲမ်ားကို ယေန႔နံနက္ပိုင္းတြင္ ျပည္လုံးေအာင္ခ်မ္းသာ ဓမၼဗိမာန္ေတာ္ႀကီးႏွင့္ ေတာင္နီေအး ဘုန္းေတာ္ႀကီးေက်ာင္းတို႔၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တက္ေရာက္၍ အလႉေငြမ်ားေပးအပ္လႉဒါန္းၿပီး ေဒသခံျပည္သူမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆုံသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္ေ(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္ အရာရွိ ႀကီးမ်ားလိုက္ပါ၍ေတာင္သာၿမိဳ႕၊ မင္းကန္႐ြာ၊ ေတာင္နီေအးကုန္းေျမသို႔ ေရာက္ရွိၾကရာ မင္းကန္႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းဦးႏွင့္ ေဒသခံျပည္သူမ်ားက ႐ိုးရာအိုးစည္ဝိုင္းအကမ်ား ျဖင့္ လႈိက္လွဲစြာ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ ေတာင္နီေအးဘုန္းေတာ္ႀကီးေက်ာင္း၊ ဘုရားပြဲကုန္း၊ ပြဲၾကည့္စင္တြင္ အေလာင္းစည္သူမင္းႀကီး တည္ထားကိုးကြယ္ခဲ့ေသာ မိုးေကာင္းေစတီတည္ရွိရာ ေတာင္နီေအးဘုန္းေတာ္ႀကီးေက်ာင္းမွ မင္းကန္႐ြာလယ္လမ္း ကတၱရာခင္းျခင္းတို႔ အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္း ပြဲကို က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေတာင္နီေအးဘုန္းေတာ္ႀကီး ေက်ာင္းမွ ေတာင္သာ-မလႈိင္ကားလမ္းသို႔ ဆက္သြယ္ထားသည့္ မင္းကန္႐ြာလယ္လမ္း ကတၱရာခင္းျခင္းအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေပးအပ္လႉ ဒါန္းသည့္ အလႉေငြ ၃၂၄ သိန္းအားေပးအပ္လႉဒါန္းရာ ေက်း႐ြာရပ္မိရပ္ဖ ဦးဝင္းဦးႏွင့္ ဦးစံတင္ေအးတို႔က လက္ခံရယူသည္။

ယင္းေနာက္ ယခုကဲ့သို႔ အလႉေငြမ်ားေပးအပ္လႉဒါန္းသည့္အတြက္ ေဒသခံမ်ား ကိုယ္စား မင္းကန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းဦးကေက်းဇူးတင္စကား ျပန္လည္ ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေတာင္ သာၿမိဳ႕၏ ဖြံ႕ၿဖိဳးတိုးတက္မႈအေျခအေနမ်ားအား ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ ၾကည့္ရႈၾကရာ ေဒသခံျပည္သူမ်ားက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား လႈိက္လွဲစြာႀကိဳဆိုပါသည္၊ We Are Myanmar ၊ We Love Army ဟုေရးသားထားေသာ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္၍ လႈိက္လွဲေႏြးေထြးစြာ ႀကိဳဆိုႏႈတ္ဆက္ ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေတာင္သာ ေတာင္ေပၚသို႔ ေရာက္ရွိၾကရာ ေတာင္တက္လမ္းမူလအလႉရွင္မ်ားျဖစ္သည့္ မေအးဝင္းေ႐ႊ( ေ႐ႊၿမိဳင္သိပၸံမိသားစု)က ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကၿပီး ေတာင္ေပၚတြင္ သီတင္းသုံးလ်က္ရွိသည့္ ေက်ာင္းထိုင္ ဆရာေတာ္ ဘဒၵႏၲသီလာစာရအား ဖူးေျမာ္ ၾကည္ညိဳကာ ဝါဆိုသကၤန္းႏွင့္ လႉဖြယ္ပစၥည္းမ်ားဆက္ကပ္လႉဒါန္းၿပီး သာသနာေရး ဆိုင္ရာမ်ားကို တင္ျပေလွ်ာက္ထားသည္။ ယင္းေနာက္ အေလာင္းစည္သူ မင္းႀကီး တည္ထားကိုးကြယ္ခဲ့သည့္ ေရွးေဟာင္းတန္ခိုးႀကီး ေဖာင္ေတာ္ဦးေစတီအား ပန္း၊ ေရခ်မ္း၊ ဆီမီး ဆက္ကပ္ပူေဇာ္ၿပီး လက္ယာရစ္ လွည့္လည္ၾကည္ညိဳကာ ေတာင္ေပၚမွတစ္ဆင့္ ေတာင္သာၿမိဳ႕ရႈခင္းမ်ားကို ၾကည့္ရႈၿပီး ေတာင္သာေဒသစိမ္းလန္း စိုေျပေရး လိုအပ္သည္ မ်ားေဆာင္႐ြက္ေပးရန္မွာၾကားသည္။ ထို႔ေနာက္ သဘာဝေဘးဒဏ္မ်ားေၾကာင့္ ၿပိဳက် ပ်က္စီးခဲ့သည့္ ယခင္မူလဘုရားအစိတ္အပိုင္း အႂကြင္းအက်န္မ်ား ႏွင့္ ေတာင္နီေအး ဘုန္းေတာ္ႀကီးေက်ာင္းမွ ေတာင္သာ-မလႈိင္ကားလမ္းသို႔ ဆက္သြယ္ထားသည့္ မင္းကန္႐ြာလယ္လမ္း ကတၱရာခင္းျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈ မွတ္တမ္းဓာတ္ပုံမ်ားကို ၾကည့္ရႈရာ ေတာင္သာေဒသခံ ဦးသန႔္ေဆြႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေတာင္သာၿမိဳ႕၊ ေက်ာင္းသစ္ေက်ာင္းတိုက္သို႔ ေရာက္ရွိၾကၿပီး ေတာင္သာၿမိဳ႕၊ ေက်ာင္းသစ္ေက်ာင္းတိုက္၊ ဗဟိုသံဃာ့ဝန္ေဆာင္ ၿမိဳ႕နယ္သံဃနာယက ဥကၠဌ အဂၢမဟာပ႑ိတ ဘဒၵႏၲ နႏၵဘာသာဘိဝံသ အမႉးျပဳေသာၿမိဳ႕နယ္သံဃနာယက ဆရာ ေတာ္ႀကီး ၂၃ ပါးကို ဖူးေျမာ္ၾကည္ညိဳ၍ သာသနာေရးဆိုင္ရာမ်ားအား တင္ျပ ေလွ်ာက္ထားၿပီး လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းသည္။

ယင္းေနာက္ ျပည္လုံးေအာင္ခ်မ္းသာ ဓမၼဗိမာန္ေတာ္ႀကီးသို႔သြားေရာက္၍ တိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားက က်န္းမာေရးစစ္ေဆးေဆာင္႐ြက္ေပး ေနမႈမ်ားကို ၾကည့္ရႈအားေပးၿပီး မ်က္စိေဝဒနာရွင္မ်ားအား ေဆးမ်က္မွန္မ်ားတပ္ဆင္ လႉဒါန္းေပးသည္။

ထို႔ေနာက္ ေဖာင္ေတာင္ဦးဘုရား ေတာင္တက္လမ္း အဆင့္ျမႇင့္တင္ႏိုင္ေရး အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ားက အလႉေငြမ်ား ေပးအပ္လႉဒါန္းပြဲကို ဆက္လက္က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က လႉဒါန္းရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားၿပီး ေတာင္သာေတာင္ေပၚ တက္လမ္း ေဖာက္လုပ္အဆင့္ျမႇင့္တင္ျခင္း၊ ဂႏၶကုဋီတိုက္ အမိုးျပဳျပင္ျခင္းႏွင့္ ကြန္ကရစ္ လမ္းခင္းျခင္းတို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဘိလပ္ေျမမ်ားႏွင့္ အလႉေငြက်ပ္ ၅၀၄ သိန္းအားေပးအပ္လႉဒါန္းရာ အက်ိဳးေဆာင္ အဖြဲ႕မွ ဦးလွမ်ိဳးႏိုင္ႏွင့္ ဦးသိန္းေဆြတို႔က လည္းေကာင္း၊ ေတာင္သာၿမိဳ႕က်န္းမာေရး ဌာနသို႔ Covid-19 ေရာဂါကာကြယ္ေရးပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ လႉဒါန္းရာ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာ ခ်ိဳခ်ိဳဝင္း ကလည္းေကာင္း၊ ေတာင္သာၿမိဳ႕ ပညာေရးဌာနသို႔ Covid-19 ေရာဂါကာကြယ္ေရး အေထာက္အကူျပဳပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္လႉဒါန္းရာ ၿမိဳ႕နယ္ပညာေရးမႉး ေဒၚစိမ္းစိမ္းျမင့္ ကလည္းေကာင္း၊ ေတာင္သာၿမိဳ႕ ဘိုးဘြားရိပ္သာသို႔ စားေသာက္ဖြယ္ရာမ်ားေပးအပ္ လႉဒါန္းရာ ဘိုးဘြားရိပ္သာ ဥကၠဌ ဦးဘလႈိင္ကလည္းေကာင္း အသီးသီးလက္ခံရယူၾက ၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ ေစတနာရွင္အလႉရွင္မ်ားက တစ္ဦးခ်င္းအလႉေငြမ်ားကို ေပးအပ္ လႉဒါန္းရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား အသီးသီး ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ ေဒသခံမ်ားကိုယ္စား ေတာင္သာၿမိဳ႕ အမွတ္(၃) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဆြက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားၿပီး ေတာင္သာ ၿမိဳ႕နယ္၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာန၊ ၿမိဳ႕နယ္ဦးစီးမႉး ဦးထိန္လင္း က ေဒသဆိုင္ရာ အခ်က္အလက္မ်ားအား ရွင္းလင္းတင္ျပသည္။

အလႉေငြမ်ားေပးအပ္လႉဒါန္းျခင္းအခမ္းအနားမ်ား၌ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ယခုကဲ့သို႔လႉဒါန္းရျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားႏွင့္ ပတ္သက္၍ ေဆြးေႏြးအႀကံျပဳေျပာၾကားရာတြင္ ေတာင္သာေဒသအတြင္းရွိ မိဘျပည္သူမ်ားအားလုံး ကိုယ္စိတ္ႏွလုံး က်န္းမာခ်မ္းသာၾကပါေစရန္ ဆုမြန္ေကာင္းေတာင္းပါေၾကာင္းျဖင့္ ဦးစြာ ေျပာၾကားၿပီး ေတာင္သာေဒသသို႔ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းတက္ေရာက္စဥ္ က ေလ့က်င့္ခန္းေဆာင္႐ြက္စဥ္ ေရာက္ရွိခဲ့ဖူးပါေၾကာင္း၊ ေတာင္သာၿမိဳ႕ေဒသခံ ဦးသန႔္ေဆြ၏ တင္ျပခ်က္မ်ားအရ ေတာင္သာၿမိဳ႕၏ လိုအပ္ခ်က္မ်ားအား သိရွိရၿပီး ေတာင္သာေတာင္ေပၚတက္လမ္း ေဖာက္လုပ္အဆင့္ျမႇင့္တင္ျခင္း၊ ဂႏၶကုဋီတိုက္ အမိုးျပဳျပင္ျခင္းႏွင့္ ကြန္ကရစ္ လမ္းခင္းျခင္းတို႔အတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက စုေပါင္းပါဝင္လႉဒါန္းရျခင္းျဖစ္ပါေၾကာင္း။

ေတာင္သာေဒသသည္ လူဦးေရ ၂ သိန္းေက်ာ္ခန႔္ရွိကာ စိုက္ပ်ိဳးေရးကို အဓိကထား ေဆာင္႐ြက္ၿပီး ပဲ၊ ႏွမ္းကို ပိုမိုစိုက္ပ်ိဳးၾကသည္ဟု သိရွိရပါေၾကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္း ေဆာင္႐ြက္ရာတြင္ ေရရရွိေရးသည္ အဓိကအေရးႀကီးၿပီး မိုးေကာင္းရန္ လိုမည္ျဖစ္ ေၾကာင္း၊ ယခုႏွစ္မိုးဦကာလတြင္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ အခ်ိဳ႕ေသာ ေနရာမ်ား ၌ မိုး႐ြာသြန္းမႈမရွိသျဖင့္ စိုက္ပ်ိဳးေရးေတာင္သူမ်ား မ်ားစြာထိခိုက္နစ္နာခဲ့သည္ကို ေတြ႕ ရွိရပါေၾကာင္း၊ ေတာင္သာေဒသသည္လည္း မိုးေရခ်ိန္ ၂၀ လက္မခန႔္သာ ရွိသျဖင့္ မိုးနည္းသည့္ ေဒသျဖစ္သည္ကို ေတြ႕ရွိရပါေၾကာင္း၊ မိုးေရရရွိမႈနည္းပါးျခင္းသည္ ပထဝီ ေျမအေနအထားအရေသာ္လည္းေကာင္း၊ သစ္ပင္သစ္ေတာမ်ား ေပါက္ေရာက္မႈနည္းပါး ျခင္းေၾကာင့္ေသာ္လည္းေကာင္း ျဖစ္ေပၚတတ္သျဖင့္ သစ္ပင္စိုက္ပ်ိဳးမႈကို အားေပးၾက ေစလိုေၾကာင္း၊ သစ္ပင္သစ္ေတာ နည္းပါးျခင္းသည္ ထုတ္ယူသုံးစြဲမႈမ်ားေၾကာင့္ျဖစ္ၿပီး လိုအပ္ခ်က္အရ အသုံးျပဳရသည္ျဖစ္ေသာ္လည္း ျပန္လည္စိုက္ပ်ိဳးၾကရမည္ျဖစ္ေၾကာင္း၊ လူသားတို႔တြင္ ကုန္ခမ္းသြားသည့္ အားအင္မ်ားျပန္လည္ရရွိေရးအတြက္ အာဟာရမ်ား ကို ျပန္လည္စားသုံးရသကဲ့သို႔ သဘာဝတရားႀကီးကိုလည္း အသုံးျပဳၿပီးပါက ျပန္လည္ ျဖည့္ဆည္းေပးၾကရမည္ျဖစ္ပါေၾကာင္း၊ သစ္ပင္စိုက္ပ်ိဳးျခင္းအက်ိဳးကို ခ်က္ျခင္းခံစား ရမည္မဟုတ္ေသာ္လည္း မိမိတို႔၏ မ်ိဳးဆက္သစ္ ေနာင္လာေနာက္သားမ်ား အက်ိဳး ခံစားၾကရမည္ျဖစ္ပါေၾကာင္း၊ ေတာင္သာေဒသသို႔ လာေရာက္စဥ္ ထန္းပင္မ်ားျဖစ္ထြန္း သည္ကို ေတြ႕ရွိရပါေၾကာင္း၊ ထန္းပင္သည္ တန္ဖိုးရွိေသာအပင္ျဖစ္ၿပီး ထန္းပင္ အျမစ္ မ်ားသည္ ေျမေအာက္ ေပ ၂၀၀ အနက္မွ ေျမေအာက္ေရကို စုပ္ယူေပးႏိုင္သျဖင့္ ထန္းပင္မ်ား မပ်က္စီးေအာင္ ဝိုင္းဝန္းထိန္းသိမ္းၾကရန္ႏွင့္ တိုးခ်ဲ႕စိုက္ပ်ိဳးသြားၾကရန္ အႀကံ ျပဳ တိုက္တြန္းလိုပါေၾကာင္း။

စိုက္ပ်ိဳးေရးေဆာင္႐ြက္ျခင္းျဖင့္ ဝင္ေငြရရွိသည္ဆိုေသာ္လည္း မိ႐ိုးဖလာ သမား ႐ိုးက် စိုက္ပ်ိဳးနည္းမ်ားျဖင့္ ေက်နပ္ေန၍မရဘဲ အထြက္ႏႈန္းတိုးတက္ေကာင္းမြန္ေရး အတြက္ ေခတ္မီစိုက္ပ်ိဳးေရး နည္းပညာမ်ား အသုံးျပဳၿပီးစိုက္နည္းစနစ္မွန္ကန္စြာျဖင့္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ေခတ္မီစိုက္ပ်ိဳးနည္းစနစ္မ်ားတက္ေျမာက္ေစ ရန္အတြက္ စိုက္ပ်ိဳးေရးနည္းပညာမ်ားကို တက္ေျမာက္ၾကရမည္ျဖစ္ေၾကာင္း၊ စနစ္တက် သင္ယူထားသည့္ အတတ္ပညာႏွင့္ မိ႐ိုးဖလာေဆာင္႐ြက္သည့္ ပညာရပ္မ်ားသည္ တူညီ မႈရွိႏိုင္မည္ မဟုတ္သည့္ အတြက္ ပညာေရးကို အေလးထားၾကေစလိုပါေၾကာင္း၊ မိမိတို႔ ႏိုင္ငံ၏ ပညာေရးအား အၾကမ္းဖ်ဥ္းေျပာျပရမည္ဆိုပါက ၂၀၁၄ ခုႏွစ္တြင္ ထုတ္ျပန္ ခဲ့သည့္ လူဦးေရႏွင့္ သန္းေခါင္စာရင္းအရ ပညာသင္ၾကားရမည့္ အ႐ြယ္ အသက္ ၅ ႏွစ္မွ ၂၁ ႏွစ္အထိ အုပ္စု ၅ စုခြဲ၍ ေမးျမန္းစာရင္းေကာက္ယူခဲ့ရာ လူဦးေရ ၅ ဒသမ ၆ သန္းခန႔္သည္ ေက်ာင္းလုံးဝေနခဲ့ဖူးျခင္းမရွိသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ အတန္း ပညာတက္ေျမာက္မႈမရွိပါက အတတ္ပညာသင္ၾကားရန္ အခက္အခဲရွိမည္ျဖစ္သျဖင့္ ပညာေရးကို အားေပးၾကရန္တိုက္တြန္းလိုပါေၾကာင္း။

ပညာသင္ၾကားႏိုင္ရန္အတြက္ က်န္းမာေရးေကာင္းမြန္ရမည္ျဖစ္ၿပီး က်န္းမာမွ အလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာသင္ၾကားႏိုင္မည္ျဖစ္ေၾကာင္း၊ က်န္းမာေရးႏွင့္ ပတ္သက္၍ တပ္မေတာ္မွ ႏိုင္ငံတစ္ဝန္းလုံး၌ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို ေဆာင္ ႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ နာဂ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားရွိ ေဝးလံေခါင္ဖ်ား၍ လမ္းပန္းဆက္သြယ္ေရး ခက္ခဲ ေသာေဒသမ်ားမွ ေဒသခံျပည္သူမ်ား၏ က်န္းမာေရးက႑ျမႇင့္တင္ေပးရန္အတြက္ ဆရာဝန္လိုအပ္လ်က္ရွိေသာ ေဆး႐ုံမ်ားတြင္ တပ္မေတာ္သားဆရာဝန္မ်ားကို ၎တို႔ ဆႏၵမ်ားႏွင့္အညီ ေစလႊတ္တာဝန္ထမ္းေဆာင္ေစလ်က္ရွိၿပီး ၄ ႏွစ္တာကာလအတြင္း က်န္းမာေရးအခက္အခဲရွိသူ ေဒသခံျပည္သူ ၃ သိန္းေက်ာ္ကို က်န္းမာေရးေစာင့္ေရွာက္ မႈမ်ားေဆာင္႐ြက္ေပးႏိုင္ခဲ့ပါေၾကာင္း၊ လက္ရွိကာလတြင္ Covid-19 ေရာဂါျဖစ္ေပၚ လ်က္ရွိၿပီး ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕နယ္တြင္ ကူးစက္မႈႏႈန္းျမင့္တက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ျမန္မာႏိုင္ငံတြင္ Covid-19 ေရာဂါ မျဖစ္ေပၚမီကပင္ အေလးအနက္ထား၍ ေဆြးေႏြးတိုင္ပင္မႈမ်ားျပဳလုပ္ၿပီး တိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမ အသီးသီး၌ ႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့ေၾကာင္းႏွင့္ တပ္မေတာ္အတြက္ လြန္စြာ အေရးႀကီးသည့္ (၇၅)ႏွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔စစ္ေရးျပ အခမ္းအနားကိုပင္ ေ႐ႊ႕ဆိုင္းခဲ့ပါေၾကာင္း၊ ယခု ေရာဂါျဖစ္ေပၚေနသည့္ကာလအတြင္း၌လည္း (Covid-19 )ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳ၍ အင္တိုက္အားတိုက္ပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ တပ္မေတာ္ သားမ်ားႏွင့္ အရပ္သား(အစားခန႔္)ဝန္ထမ္းမ်ား၏ လုပ္ခလစာမွ တစ္ရက္လုပ္အားခ ႏွစ္လစာလႉဒါန္းေငြရရွိမႈမ်ားျဖင့္ ေဆးကုသေရးအေထာက္အကူျပဳေဆးႏွင့္ ေဆးပစၥည္း မ်ားကို လႉဒါန္းေပးလ်က္ရွိေၾကာင္း၊ ထို႔ျပင္ တိုင္းရင္းသားနယ္ေျမမ်ား၊ စစ္မႈထမ္းေဟာင္း၊ ရဲမႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ အႏုပညာရွင္မ်ား၊ အားကစား အဖြဲ႕အစည္းမ်ားအတြက္လည္း ကူညီလႉဒါန္းမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေဆး႐ုံတက္ လူနာမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ လူနာေစာင့္မ်ားအတြက္လည္း အာဟာရျဖည့္ စားေသာက္ဖြယ္ရာမ်ားကို လႉဒါန္းေပးလ်က္ရွိၿပီး တစ္ဖက္တစ္လမ္းမွ ကူညီေစာင့္ေရွာက္ မႈမ်ားေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း။

ႏိုင္ငံတစ္ခု၊ တိုင္းျပည္တစ္ခုကို တည္ေဆာက္ရာတြင္ မည္သူမဆို မိမိတိုင္းျပည္ တိုးတက္မႈကို လိုလားၾကမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ လြတ္လပ္ေရး ရရွိၿပီးသည္မွာ ၇၃ ႏွစ္ရွိၿပီျဖစ္ေသာ္လည္း ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တိုးတက္မႈတြင္ အဟန႔္အတား ျဖစ္ေပၚလ်က္ ရွိေၾကာင္း၊ လက္ရွိတြင္ မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ေလွ်ာက္ လွမ္းလ်က္ရွိၿပီး ဒီမိုကေရစီစနစ္သည္ အမ်ားဆႏၵႏွင့္အညီ လုပ္ေဆာင္ျခင္းပင္ ျဖစ္ေၾကာင္း၊ ႏိုင္ငံကို လူေကာင္းမ်ားျဖင့္ တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ လာမည့္ ႏိုဝင္ဘာလ ၈ ရက္တြင္ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပျပဳလုပ္ေတာ့မည္ ျဖစ္၍ မိမိတိုင္းျပည္ကို ေကာင္းေအာင္ေဆာင္႐ြက္ေပးႏိုင္မည့္ ကိုယ္စားလွယ္ေကာင္း မ်ားကို မိမိသေဘာဆႏၵႏွင့္အညီေ႐ြးခ်ယ္မဲေပးၾကရမည္ျဖစ္ေၾကာင္း၊ လက္ရွိအေျခအေနမ်ားအရ ၾသ ဠသအန မဲမေပးဟု စကားသံမ်ားၾကားေနရသျဖင့္ မိမိေဒသႏွင့္ မိမိတိုင္းျပည္အတြက္ ေကာင္းေအာင္ေဆာင္႐ြက္ႏိုင္မည့္သူမ်ား မဆုံးရႈံးရေစေရး ကိုယ္တိုင္ဆင္ျခင္သုံးသပ္၍ မဲေပးၾကရန္ တိုက္တြန္းလိုပါေၾကာင္း၊ တိုင္းျပည္ေကာင္းက်ိဳးကို ေဆာင္႐ြက္ႏိုင္မည့္သူကို ၾကည့္ရန္ႏွင့္ ပါတီမူဝါဒမ်ားေကာင္းရန္လိုသကဲ့သို႔ မိမိေ႐ြးခ်ယ္လိုက္ေသာ ကိုယ္စားလွယ္ ေလာင္းမ်ားသည္ ကိုယ္စားလွယ္ေကာင္းမ်ားျဖစ္ရန္လိုအပ္မည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံ့ လူဦးေရ၏ ၈၇ ရာခိုင္ႏႈန္းသည္ ဗုဒၶဘာသာကိုးကြယ္သူမ်ားျဖစ္ၿပီး အျခားကိုးကြယ္ၾက သည့္ ဘာသာမ်ားလည္း ရွိပါေၾကာင္း၊ ဘာသာေရးႏွင့္ ပတ္သက္၍ အစြန္းေရာက္ရန္ ေျပာဆိုျခင္း မဟုတ္ဘဲ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ယဥ္ေက်းမႈဓေလ့ထုံးစံႏွင့္ အမ်ိဳးသား ေရးစ႐ိုက္လကၡဏာကို မွန္မွန္ကန္ကန္ႏွင့္ တန္ဖိုးထား ထိန္းသိမ္းေစာင့္ေရွာက္သူလည္း ျဖစ္ရန္လိုအပ္ပါေၾကာင္း။

ထို႔ျပင္ မိမိတို႔ႏိုင္ငံသည္ ျပည္ေထာင္စုႏိုင္ငံျဖစ္သည့္အတြက္ တိုင္းရင္းသားျပည္ သူမ်ားအားလုံး စည္းလုံးညီၫြတ္မႈရွိရန္ အေရးႀကီးပါေၾကာင္း၊ ေတာင္သာေဒသတစ္ခု တည္း ရပ္တည္၍မရဘဲ ေက်း႐ြာမ်ား ေပါင္းစုစည္းရာမွ ေတာင္သာၿမိဳ႕၊ ၿမိဳ႕မ်ားေပါင္း စပ္ရာမွ တိုင္းေဒသႀကီး၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားေပါင္းစုစည္းရာမွ ျပည္ေထာင္ စုႏိုင္ငံျဖစ္ေပၚလာမည္ျဖစ္သျဖင့္ ညီၫြတ္မႈကို ၿပိဳကြဲေစ၍မရဘဲ စည္းစည္းလုံးလုံး ညီညီ ၫြတ္ၫြတ္ျဖစ္ေအာင္ ေဆာင္႐ြက္လိုစိတ္ရွိသူ၊ ထိန္းသိမ္းလိုစိတ္ရွိသူလည္း ျဖစ္ရန္ လိုအပ္ပါေၾကာင္း၊ တိုင္းျပည္ကို တိုးတက္လိုသည့္စိတ္၊ ဖြံ႕ၿဖိဳးလိုသည့္စိတ္ ေစတနာ အရင္းခံျဖင့္ ယခုကဲ့သို႔ အခ်ိန္ယူ၍ ရွင္းျပေနရျခင္းျဖစ္ၿပီး မိမိေဒသႏွင့္ တိုင္းျပည္ကို ေကာင္းေအာင္ေဆာင္႐ြက္ေပးႏိုင္မည့္ ကိုယ္စားလွယ္ေကာင္းမ်ားကို ဆင္ျခင္တုံတရား ျဖင့္ ေ႐ြးခ်ယ္ၾကရန္ တိုက္တြန္းလိုပါေၾကာင္း။

တပ္မေတာ္အေနျဖင့္ ေတာင္သာေဒသဖြံ႕ၿဖိဳးေရးႏွင့္ က်န္းမာေရးက႑မ်ားတြင္ ဆက္လက္ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး အဖြဲ႕အစည္းမ်ားက မည္သို႔ပင္ ေဆာင္႐ြက္ေပးေစကာမူ ေဒသတြင္းေနထိုင္ၾကသည့္ ေဒသခံမ်ား၏ ႀကိဳးစားအားထုတ္မႈ သည္သာလ်င္ အဓိကတိုးတက္မႈကို ျဖစ္ေပၚေစမည္ျဖစ္ပါေၾကာင္း၊ ေတာင္သာေဒသ ယခုထက္ပိုမို တိုးတက္ဖြံ႕ၿဖိဳးပါေစေၾကာင္း၊ မိမိေဒသကို ခ်စ္သည့္စိတ္ျဖင့္ ေဒသတိုးတက္ ေရးလုပ္ငန္းမ်ားကို ဝိုင္းဝန္းႀကိဳးပမ္းထမ္း႐ြက္ၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ လႉဒါန္းမႈမ်ားႏွင့္ ပတ္သက္၍ မင္းကန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းဦးႏွင့္ ေတာင္သာၿမိဳ႕ အမွတ္(၃) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးသိန္းေဆြတို႔က ေက်းဇူးတင္စကားမ်ား ျပန္လည္ေျပာၾကားၾကရာတြင္ တပ္မေတာ္အေနျဖင့္ ေတာင္သာ ၿမိဳ႕နယ္အတြင္း က်န္းမာေရးႏွင့္ ပတ္သက္၍ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားေစလႊတ္ ကုသေပးလ်က္ရွိပါေၾကာင္း၊ ယခုကဲ့သို႔ မိုးေကာင္းေစတီတည္ရွိရာ ေတာင္နီေအး ဘုန္းေတာ္ႀကီး ေက်ာင္းမွ မင္းကန္႐ြာလယ္လမ္း ကတၱရာခင္းျခင္းႏွင့္ ျမင္းၿခံ-ေတာင္သာ ကားလမ္းအနီး၊ ၁၇၈၈ ေပအျမင့္ရွိ ေတာင္သာေတာင္ေပၚတြင္ အေလာင္းစည္သူ မင္းႀကီး တည္ထားကိုးကြယ္ခဲ့သည့္ ေဖာင္ေတာ္ဦးဘုရားသို႔ တက္ေရာက္ဖူးေျမာ္ ႏိုင္ေသာ ေတာင္တက္လမ္း အဆင့္ျမႇင့္တင္ျခင္း၊ ဂႏၶကုဋီတိုက္အမိုးျပဳျပင္ျခင္း၊ ကြန္ကရစ္လမ္းခင္းျခင္းတို႔အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဦးစီး ဦးေဆာင္မႈျဖင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အလႉေငြမ်ား ေပးအပ္ လႉဒါန္းေပးသည့္အတြက္ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ေဖာင္ေတာင္ဦးဘုရား ေတာင္တက္လမ္းသည္ မတ္ေစာက္က်ဥ္းေျမာင္းၿပီး လမ္းေခ်ာ္သည့္အတြက္ ကားျဖင့္ တက္၍ မရသည့္အျပင္ ဆိုင္ကယ္ျဖင့္လည္း အႏၲရာယ္မ်ားပါေၾကာင္း၊ လမ္းေလွ်ာက္ တက္ရသည့္အတြက္ အခ်ိန္ေပးရၿပီး၊ လူပင္ပန္းေသာေၾကာင့္ ရံဖန္ရံခါမွသာလ်င္ တက္ေရာက္ဖူးေျမာ္ရပါေၾကာင္း၊ ယခု ေတာင္သာၿမိဳ႕ေဒသခံ ဦးသန႔္ေဆြ၏ တင္ျပေပး ေပးခ်က္အရ တပ္မေတာ္မွ ယခုကဲ့သို႔ လာေရာက္လႉဒါန္းေဆာင္႐ြက္ေပးခဲ့သည့္အတြက္ ဘုရားဖူးကုသိုလ္ယူရာတြင္ ပိုမိုသြားလာရလြယ္ကူေစသည့္အျပင္ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ားလည္း လာေရာက္မည္ျဖစ္သျဖင့္ ေဒသအက်ိဳးကို ျဖစ္ေပၚေစမည္ျဖစ္ပါ ေၾကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစု မ်ားအေနျဖင့္ ႏိုင္ငံႏွင့္ ျပည္သူ႔အက်ိဳးကို က်န္းက်န္းမာမာျဖင့္ ဆထက္ထမ္းပိုးေဆာင္ ႐ြက္ႏိုင္ပါေစေၾကာင္း၊ အမ်ိဳးဘာသာ၊ သာသနာကို ကာကြယ္ေစာင့္ေရွာက္ေပးႏိုင္ပါေစ ေၾကာင္းျဖင့္ ျပန္လည္ေျပာၾကားသည္။ 

အလႉေငြေပးအပ္လႉဒါန္းပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ ေဒသခံျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကၿပီး ေတာင္သာေဒသ၏ ထြက္ကုန္၊ ထုတ္ကုန္ပစၥည္းမ်ား ခင္းက်င္း ျပသထားမႈအား လိုက္လံၾကည့္ရႈရာ ေဒသခံမ်ားက ရွင္းလင္းျပသၾကၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလိုသည္မ်ား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေန႔လည္ပိုင္းတြင္ ေတာင္သာၿမိဳ႕မွ ျပန္လည္ထြက္ခြာၾကရာ ေဒသခံျပည္သူမ်ားက ႐ိုးရာအိုးစည္ဝိုင္းအကမ်ားျဖင့္ ခင္မင္ရင္းႏွီးစြာ လိုက္ပါပို႔ေဆာင္၍ လက္မ်ားေဝွ႔ယမ္း ႏႈတ္ဆက္ၾကသည္။

အဆိုပါ အေလာင္းစည္သူမင္းႀကီး တည္ထားကိုးကြယ္ခဲ့သည့္ ေဖာင္ေတာ္ဦး ဘုရားသည္ ေတာင္သာၿမိဳ႕၏ အေနာက္ဘက္ ၁ မိုင္ခန႔္အကြာရွိ ေက်ာက္ရင္းေက်း႐ြာ အနီး အျမင့္ ၁၇၈၈ ေပရွိ ေက်ာက္ရင္းေတာင္ေပၚတြင္တည္ရွိၿပီး ေရွးယခင္က “ေက်ာက္ရစ္ေတာင္”ဟု လည္းေကာင္း၊ ထိုစဥ္က ေတာင္ေပၚဘုရားပြဲမ်ား ျပဳလုပ္ရာတြင္ အမ်ိဳးသမီးမ်ား မတက္ေရာက္ႏိုင္သျဖင့္ “ေမာင္းမ ငို” ေတာင္ဟုလည္းေကာင္း၊ ေတာင္ ေျခမွ ေတာင္ထိပ္အထိ အတက္ မတ္ေစာက္ေသာေၾကာင့္ ေခြးမ်ားပင္ေမာ့၍ တက္ရ ေသာေၾကာင့္ “ေခြးတေမာ့ေတာင္”ဟု လည္းေကာင္း ေျပာစမွတ္ျပဳအမည္တြင္ခဲ့ေၾကာင္း၊ သကၠရာဇ္ ၄၈၁ ခုႏွစ္တြင္ အေလာင္းစည္သူမင္းႀကီး တိုင္းခန္းလွည့္လည္ရာ၌ ေတာင္ ေတာ္သာကို ေက်ာက္ရစ္ေတာင္ဟု အမည္သမုတ္ခဲ့ၿပီး သစ္ကနက္ေဖာင္ေတာ္ဆိုက္ရာ အရပ္တြင္ ဘုရားတည္ထားရာ၌ ေက်ာက္ခဲတစ္လုံးခ်င္းအား အရစ္လိုက္ပုံေဖာ္ကာ ေက်ာက္တုံးတစ္ခုခ်င္းဆက္၍ တည္ခဲ့ၿပီး ေဖာင္ေတာ္ဦးဘုရားဟု ဘြဲ႕ေတာ္သမုတ္ခဲ့ ေၾကာင္း၊ ထိုစဥ္က တည္ထားခဲ့ေသာေဖာင္ေတာ္ဦးေစတီေတာ္သည္ သဘာဝေဘးဒဏ္ မ်ားေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ရာ ေတာင္ထိပ္ေပၚတြင္ ဘုရားအစိတ္အပိုင္းအႂကြင္းအက်န္ မ်ား ယေန႔ထိရွိေနေသးေၾကာင္း၊ ေႏွာင္းလူမ်ားဖူးေျမာ္ခြင့္ရရွိေစရန္ အေနာ္ရထာမင္း ႀကီး သထုံမွ ပင့္ေဆာင္လာသည့္ ေ႐ႊဆင္းတုေတာ္မ်ား၊ ဓာတ္ေတာ္မ်ားႏွင့္ မူရင္းေဖာင္ ေတာ္ဦး ဘုရားငုတ္တိုင္အားငုံ၍ ယေန႔ျမင္ေတြ႕ရေသာ ေဖာင္ေတာ္ဦးဘုရားကို ျပန္ လည္ တည္ထားကိုးကြယ္ထားျခင္းျဖစ္ေၾကာင္း၊ ေခတ္အဆက္ ေဒသခံျပည္သူမ်ား၊ ရပ္ မိရပ္ဖမ်ား၊ ေစတနာရွင္အလႉရွင္မ်ားက မြမ္းမံထိန္းသိမ္းခဲ့ၾကၿပီး ယခုတြင္လည္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ေဖာင္ေတာ္ဦးဘုရားေရရွည္တည္တံ့ ခိုင္ၿမဲေရးႏွင့္ ဘုရားဖူးလာျပည္သူမ်ား စိတ္ေအးခ်မ္းသာစြာ ဖူးေျမာ္ႏိုင္ေရးအတြက္ ယခု ကဲ့သို႔ အလႉေငြမ်ား ေပးအပ္လႉဒါန္းျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံခ႐ိုင္၊ ဆီမီးခုံဆိပ္ကမ္းသို႔ ေရာက္ရွိၾကၿပီး ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္မည့္ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ အစိတ္အပိုင္းမ်ားပင့္ေဆာင္ပူေဇာ္ရန္ စီစဥ္ေဆာင္႐ြက္ေနမႈမ်ားအား သြားေရာက္ၾကည့္ ရႈစစ္ေဆးသည္။ 

ဦးစြာ ဆီမီးခုံဆိပ္ကမ္းယာယီရွင္းလင္းေဆာင္တြင္ တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားအား ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္းႏွင့္ ဗိုလ္ခ်ဳပ္ မ်ိဳးသန႔္ တို႔က ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပလႅင္ေတာ္ အစိတ္အပိုင္းမ်ားအား ျပည္ႀကီးမြန္ရတနာေ႐ႊေဖာင္ေတာ္ျဖင့္ စက်င္ေက်း႐ြာဆိပ္ကမ္းမွ ေျမာင္ျမစ္ႏွင့္ ဧရာဝတီျမစ္ အတိုင္း ဆီမီးခုံဆိပ္ကမ္းသို႔ ပင့္ေဆာင္ပူေဇာ္ခဲ့သည့္ အေျခ အေနမ်ား၊ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ပင္မအစိတ္အပိုင္းမ်ားအား ဆက္လက္ ပင့္ေဆာင္ႏိုင္ရန္ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ ဆီမီးခုံဆိပ္ကမ္းမွ တစ္ဆင့္ ေနျပည္ ေတာ္သို႔ ဆက္လက္ပင့္ေဆာင္ပူေဇာ္မည့္ အေျခအေနမ်ားႏွင့္ အေလးခ်ိန္ေလွ်ာ့ခ်မည့္ အစီအစဥ္မ်ားအား ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႐ုပ္ပြားေတာ္ ျမတ္ႀကီး အစိတ္အပိုင္းမ်ားအား ပင့္ေဆာင္ရာတြင္ လုပ္ေဆာင္ရမည့္ ဓေလ့ထုံးတမ္းစဥ္လာ မ်ားႏွင့္အညီေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ေနျပည္ေတာ္သို႔ ပို႔ေဆာင္မည့္ လမ္းေၾကာင္း မ်ားအား သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္း၍ ပူးေပါင္းေဆာင္႐ြက္ရန္လိုအပ္သကဲ့သို႔ ေရွာင္ကြင္းလမ္းမ်ား၏ ခံႏိုင္ဝန္ကိုလည္း စနစ္တက်တြက္ခ်က္ရန္လိုေၾကာင္း၊ ပိုလွ်ံသည့္ ေက်ာက္အပိုင္းအစမ်ားအား ရင္ျပင္ေတာ္အခင္းအတြက္ အသုံးျပဳႏိုင္ရန္ စိစစ္ေဆာင္႐ြက္လိုေၾကာင္းျဖင့္ ျပန္လည္ေဆြးေႏြးမွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဆီမီးခုံ ဆိပ္ကမ္းသို႔ ေရာက္ရွိပင့္ေဆာင္ၿပီးျဖစ္သည့္ ေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပလႅင္ေတာ္ အစိတ္အပိုင္းမ်ားအား လိုက္လံၾကည့္ရႈခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။