တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်၊Ding Wang မုန့်စက်ရုံနှင့် Gold Aya Motor ကားစက်ရုံများသို့ သွားရောက်လေ့လာ

နေပြည်တော်၊ သြဂုတ် ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် အဖွဲ့ဝင်များလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ်၊ Ding Wang မုန့်စက်ရုံနှင့် Gold Aya Motor မော်တော်ကားစက်ရုံများသို့ သွားရောက် လေ့လာကြည့်ရှုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေး-မြို့သာ စက်မှုဥယျာဉ် စီမံကိန်းနေရာသို့ ရောက်ရှိကြရာ စီမံကိန်း ဥက္ကဌ ဦးအောင်ဝင်းခိုင် နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး မြို့သာစီမံကိန်းရှင်းလင်းဆောင်တွင် ဥက္ကဌက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးဆောင်ရွက်ပေးနေမှုများနှင့် ဗုဒ္ဓဘာသာအဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဆောင်ရွက် ပေးနိုင်မည့် ကောင်းမွန်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ဝန်ထမ်းများကို ကောင်းမွန်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ်မွေးထုတ်ပေးနိုင်ရေး သင်တန်းများ ပို့ချပေးသွားရမည်ဖြစ်ကြောင်း၊ ဒေသတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းအရင်းအမြစ်များကို ကုန်ချောအဆင့်ထိ ထုတ်လုပ် ခြင်းဖြင့် လုပ်ငန်းများပိုမိုလျင်မြန်တိုးတက်မှုရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်ရေး၊ ကျန်းမာရေးနှင့် အခြား လူမှုရေး အခက်အခဲများကို ထည့်သွင်းစဉ်းစား၍ တွက်ချက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးအကြံပြု ပြောကြား သည်။

ထို့နောက် Ding Wang မုန့်စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံမှူးနှင့် အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများအား လိုက်လံရှင်း လင်းပြသရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက ကုန်ကြမ်းမှ ကုန်ချော အထိ အဆင့်ဆင့်ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုကာ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် စီမံကိန်းအတွင်းရှိ Gold Aya Motor ကားစက်ရုံသို့ရောက်ရှိကြ ပြီး မော်တော်ကားထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာရာ စက်ရုံမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက မော်တော်ယာဉ်များ အတွင်းပိုင်း၊ အပြင်ပိုင်းနှင့် အင်ဂျင်ပိုင်း ဆိုင်ရာ တပ်ဆင်နေမှုများအား ကြည့်ရှုလေ့လာခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလး-ၿမိဳ႕သာ စက္မႈဥယ်ာဥ္၊Ding Wang မုန႔္စက္႐ုံႏွင့္ Gold Aya Motor ကားစက္႐ုံမ်ားသို႔ သြားေရာက္ေလ့လာ

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔မြန္းလြဲပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦး ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလး-ၿမိဳ႕သာ စက္မႈဥယ်ာဥ္၊ Ding Wang မုန႔္စက္႐ုံႏွင့္ Gold Aya Motor ေမာ္ေတာ္ကားစက္႐ုံမ်ားသို႔ သြားေရာက္ ေလ့လာၾကည့္ရႈသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ မႏၲေလး-ၿမိဳ႕သာ စက္မႈဥယ်ာဥ္ စီမံကိန္းေနရာသို႔ ေရာက္ရွိၾကရာ စီမံကိန္း ဥကၠဌ ဦးေအာင္ဝင္းခိုင္ ႏွင့္အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး ၿမိဳ႕သာစီမံကိန္းရွင္းလင္းေဆာင္တြင္ ဥကၠဌက စီမံကိန္းလုပ္ငန္းေဆာင္႐ြက္ေနမႈမ်ား၊ ေဒသခံမ်ား၏ အလုပ္အကိုင္အခြင့္အလမ္း ေဆာင္႐ြက္ေနမႈမ်ား၊ က်န္းမာေရးေဆာင္႐ြက္ေပးေနမႈမ်ားႏွင့္ ဗုဒၶဘာသာအဓြန႔္ရွည္ တည္တံ့ခိုင္ၿမဲေရးအတြက္ ေဆာင္႐ြက္ေနမႈမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာကို ေဆာင္႐ြက္ ေပးႏိုင္မည့္ ေကာင္းမြန္သည့္ စီမံကိန္းတစ္ခုျဖစ္ပါေၾကာင္း၊ ဝန္ထမ္းမ်ားကို ေကာင္းမြန္သည့္ လူ႔စြမ္းအား အရင္းအျမစ္မ်ားအျဖစ္ေမြးထုတ္ေပးႏိုင္ေရး သင္တန္းမ်ား ပို႔ခ်ေပးသြားရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းရွိ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို အေျခခံသည့္ လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ ကုန္ၾကမ္းအရင္းအျမစ္မ်ားကို ကုန္ေခ်ာအဆင့္ထိ ထုတ္လုပ္ ျခင္းျဖင့္ လုပ္ငန္းမ်ားပိုမိုလ်င္ျမန္တိုးတက္မႈရွိလာႏိုင္မည္ျဖစ္ေၾကာင္း၊ ဝန္ထမ္းမ်ား၏ ေနထိုင္ေရး၊ က်န္းမာေရးႏွင့္ အျခား လူမႈေရး အခက္အခဲမ်ားကို ထည့္သြင္းစဥ္းစား၍ တြက္ခ်က္ေဆာင္႐ြက္ၾကရမည္ ျဖစ္ေၾကာင္းျဖင့္ ျပန္လည္ေဆြးေႏြးအႀကံျပဳ ေျပာၾကား သည္။

ထို႔ေနာက္ Ding Wang မုန႔္စက္႐ုံသို႔ ေရာက္ရွိၾကရာ စက္႐ုံမႉးႏွင့္ အဖြဲ႕ဝင္ မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး လုပ္ငန္းလည္ပတ္ေနမႈအေျခအေနမ်ားအား လိုက္လံရွင္း လင္းျပသရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက ကုန္ၾကမ္းမွ ကုန္ေခ်ာ အထိ အဆင့္ဆင့္ထုတ္လုပ္ေနမႈမ်ားအား လိုက္လံၾကည့္ရႈကာ သိရွိလိုသည္မ်ားအား ေမးျမန္းေဆြးေႏြးခဲ့သည္။

ယင္းေနာက္ စီမံကိန္းအတြင္းရွိ Gold Aya Motor ကားစက္႐ုံသို႔ေရာက္ရွိၾက ၿပီး ေမာ္ေတာ္ကားထုတ္လုပ္ေနမႈအေျခအေနမ်ားအား လိုက္လံၾကည့္ရႈေလ့လာရာ စက္႐ုံမွ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကၿပီး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက ေမာ္ေတာ္ယာဥ္မ်ား အတြင္းပိုင္း၊ အျပင္ပိုင္းႏွင့္ အင္ဂ်င္ပိုင္း ဆိုင္ရာ တပ္ဆင္ေနမႈမ်ားအား ၾကည့္ရႈေလ့လာခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။