တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

နေပြည်တော်၊ ဩဂုတ်  ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ် ၂၆ ရက်နှင့်ယနေ့တို့တွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၃) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ် ရွေးချယ်သည်။

အဆိုပါစစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်းကာလ တစ်လျှောက်စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက်ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများအပေါ် မူတည်၍ သင့်လျော်သည့်(ကြည်း၊ ရေ၊ လေ)စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများ နှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ကြပြီး စစ်လက်ရုံးရွေးချယ်မှုအား ဆက်လက်ပြုလုပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၆၃) စစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တက္ေရာက္စိစစ္ေ႐ြးခ်ယ္

ေနျပည္ေတာ္၊ ဩဂုတ္  ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဩဂုတ္ ၂၆ ရက္ႏွင့္ယေန႔တို႔တြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသိုလ္၌ ျပဳလုပ္သည့္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၆၃) စစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တက္ေရာက္စိစစ္ ေ႐ြးခ်ယ္သည္။

အဆိုပါစစ္လက္႐ုံးေ႐ြးခ်ယ္ပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦးႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဗိုလ္ေလာင္းမ်ားအား တစ္ဦးခ်င္းေတြ႕ဆုံကာ သင္တန္းကာလ တစ္ေလွ်ာက္စည္းကမ္းလိုက္နာမႈ၊ ဘာသာရပ္အလိုက္ထူးခြၽန္ထက္ျမက္မႈ၊ ဝါသနာႏွင့္ ႀကိဳးစားအားထုတ္မႈမ်ားအေပၚ မူတည္၍ သင့္ေလ်ာ္သည့္(ၾကည္း၊ ေရ၊ ေလ)စစ္လက္႐ုံး အသီးသီးအတြက္ စိစစ္ေ႐ြးခ်ယ္ေပးခဲ့ၾကသည္။

ထို႔ေနာက္ ေန႔လယ္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ား သည္ အေနာ္ရထာတပ္ရင္း ဗိုလ္ေလာင္းစားရိပ္သာ၌ သင္တန္းသားဗိုလ္ေလာင္းမ်ား ႏွင့္အတူ ေန႔လယ္စာကိုအတူတကြသုံးေဆာင္ၾကၿပီး စစ္လက္႐ုံးေ႐ြးခ်ယ္မႈအား ဆက္လက္ျပဳလုပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။