ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အစိတ်အပိုင်း (၁)အား ပြည်ကြီးမွန်ဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ ပင့်ဆောင် ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ၊ ဩဂုတ် – ၂၈

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အစိတ်အပိုင်း(၁)အား ပြည်ကြီးမွန်ရတနာ ရွှေဖောင်တော်ဖြင့် လှေတော်ဝင်းခင်း၍ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး၌ ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက် ချီးမြှင့်တော် မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော် မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ခြင်းအတွက် ဝမ်းမြောက်ရွှင်လန်း ဥဒါန်းစကား မြွက်ကြားလျှောက်ထားသည်။

ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်ရန် သီတဂူဆရာတော်ဘုရားကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်သည်တော်များနှင့် ဒေဝါဝင်း၊ ရာဇာဝင်းများက ပြည်ကြီးမွန် ဖောင်တော်ထက်သို့ ပင့်ဆောင်ကြကာ ဆင်းတုတော်အစိတ်အပိုင်း(၁)ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ပြီး မင်္ဂလာလှေတော်ဝင်းအဖွဲ့မှ လှေလှော်သံ တက်ယိမ်းဖြင့် ပူဇော်ကြသည်။

 

ဆက်လက်၍ ပြည်ကြီးမွန်ဖောင်တော်ကြီး စတင်ထွက်ခွာရန်အတွက် မင်္ဂလာအချိန်တွင် လှေလှော်သားများက လှေလှော်သံသီချင်းဖြင့် ပင့်ဆောင်ပူဇော်၍ မင်္ဂလာစည်တော်ကြီး အဖွဲ့က ရေကင်းသံတီးမှုတ်ပူဇော်ကြပြီး နတ်ဒေဝါများကို အမျှပေးဝေခြင်း ဆောင်ရွက် သည်။

 

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုး ခဲ့ကြသည်။

(Zawgyi Version)

ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ အစိတ္အပိုင္း (၁)အား ျပည္ႀကီးမြန္ေဖာင္ေတာ္ျဖင့္ ေလွေတာ္ဝင္းခင္း၍ ပင့္ေဆာင္ ပူေဇာ္ျခင္း မဟာမဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္ ၊ ဩဂုတ္ – ၂၈

ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္မည့္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အစိတ္အပိုင္း(၁)အား ျပည္ႀကီးမြန္ရတနာ ေ႐ႊေဖာင္ေတာ္ျဖင့္ ေလွေတာ္ဝင္းခင္း၍ပင့္ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာ အခမ္းအနား ကို ယေန႔ မြန္းလြဲပိုင္းတြင္ မႏၲေလးတိုင္းေဒသႀကီး၊ မတၱရာၿမိဳ႕နယ္ စက်င္ေက်း႐ြာအနီး၌ က်င္းပျပဳလုပ္ရာ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ားႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ မဟာဓမၼကထိက ဗဟုဇနဟိတဓရ၊ တြဲဖက္ေ႐ႊက်င္သာသနာပိုင္၊ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ အမႉးျပဳေသာ သံဃာေတာ္မ်ား ႂကြေရာက္ ခ်ီးျမႇင့္ေတာ္ မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္ဇနီးမ်ား၊ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ကိုကိုဦးႏွင့္ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား တက္ေရာက္ ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္ လာၾကသူမ်ားက သီတဂူဆရာေတာ္ဘုရားႀကီးထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကကာ ဆရာေတာ္ ဘုရားႀကီး အမႉးျပဳေသာ သံဃာေတာ္အရွင္သူျမတ္မ်ား ႐ြတ္ပြား သရဇၩာယ္ေတာ္ မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကၿပီး နေမာတႆ သုံးႀကိမ္ ႐ြတ္ဆို၍ အခမ္းအနား ဖြင့္လွစ္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဘူမိဖႆမုျဒာထိုင္ေတာ္မူ ေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပင့္ေဆာင္ပူေဇာ္ျခင္းအတြက္ ဝမ္းေျမာက္႐ႊင္လန္း ဥဒါန္းစကား ႁမြက္ၾကားေလွ်ာက္ထားသည္။

ဆက္လက္၍ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ပင့္ေဆာင္ပူေဇာ္ရန္ သီတဂူဆရာေတာ္ဘုရားႀကီးအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အမႉးျပဳေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ေဒဝါဝင္း၊ ရာဇာဝင္းမ်ားက ျပည္ႀကီးမြန္ ေဖာင္ေတာ္ထက္သို႔ ပင့္ေဆာင္ၾကကာ ဆင္းတုေတာ္အစိတ္အပိုင္း(၁)ကို အေမႊးနံ႔သာရည္မ်ားျဖင့္ ပက္ျဖန္းပူေဇာ္ၿပီး မဂၤလာေလွေတာ္ဝင္းအဖြဲ႕မွ ေလွေလွာ္သံ တက္ယိမ္းျဖင့္ ပူေဇာ္ၾကသည္။

ဆက္လက္၍ ျပည္ႀကီးမြန္ေဖာင္ေတာ္ႀကီး စတင္ထြက္ခြာရန္အတြက္ မဂၤလာအခ်ိန္တြင္ ေလွေလွာ္သားမ်ားက ေလွေလွာ္သံသီခ်င္းျဖင့္ ပင့္ေဆာင္ပူေဇာ္၍ မဂၤလာစည္ေတာ္ႀကီး အဖြဲ႕က ေရကင္းသံတီးမႈတ္ပူေဇာ္ၾကၿပီး နတ္ေဒဝါမ်ားကို အမွ်ေပးေဝျခင္း ေဆာင္႐ြက္ သည္။

ယင္းေနာက္ ဗုဒၶသာသနံစိရံတိ႒တု သုံးႀကိမ္ ႐ြတ္ဆိုဆုေတာင္း၍ အခမ္းအနား ေအာင္ျမင္ၿပီးေျမာက္ျခင္း အထိမ္းအမွတ္အျဖစ္ ရတနာေ႐ႊမိုးေငြမိုး ႐ြာသြန္းၿဖိဳး ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။