တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် H.E. Mr. Yang Jiechi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr. Yang Jiechi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်အတူ အဆင့်မြင့်အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေ ဟောင်းနိုင်ငံများဖြစ်ကာ ညီအရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ဆက်ဆံရေးတိုးတက်ကောင်းမွန် အောင်ဆောင်ရွက်လျက်ရှိသည်မှာ နှစ်ပေါင်း(၇၀)ပြည့်မြောက်ပြီဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည့်အခြေအနေများ၊ ယခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E.Mr. Xi Jinping ၏ ခရီးစဉ်တွင် နှစ်ဖက်သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တရုတ်နိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွား သည့်ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေးအထောက် အကူပြုဆေး နှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက် ဆိုင်ရာကျွမ်းကျင်ပညာရှင်များစေလွှတ်၍ မြန်မာ့တပ်မတော်သို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းကာ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့သည့်အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် တပ်မတော်နှစ်ရပ်အကြားသတင်းအချက်အလက်များ ဖလှယ်ကာ အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး တပ်ဖွဲ့ဝင်များအကြားနှင့် နယ်စပ်ဒေသစီမံခန့်ခွဲအုပ်ချုပ်နေသည့်အဖွဲ့များအကြား အချင်းချင်းအပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ အခြေခံမူဖြစ်သည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည့်ပြည့်၀၀ ပါဝင်လျှောက်လှမ်းရန်လိုအပ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စက်တင်ဘာလ ၃၀ ရက်အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည့်အခြေအနေများ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် အေးအတူပူအမျှ ဖြစ်သည့် အသိုက်အဝန်းထူထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများအား ခင်မင်ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် H.E.Mr. Yang Jiechi တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ ႏိုင္ငံေရးဗ်ဴ႐ို အဖြဲ႕ဝင္ H.E. Mr. Yang Jiechi ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ H.E.Mr. Yang Jiechi ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ႏွင့္အတူ အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai တို႔ တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြ ေဟာင္းႏိုင္ငံမ်ားျဖစ္ကာ ညီအရင္းအစ္ကိုစိတ္ဓာတ္ျဖင့္ ဆက္ဆံေရးတိုးတက္ေကာင္းမြန္ ေအာင္ေဆာင္႐ြက္လ်က္ရွိသည္မွာ ႏွစ္ေပါင္း(၇၀)ျပည့္ေျမာက္ၿပီျဖစ္ၿပီး က႑ေပါင္းစုံတြင္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္သြားမည့္အေျခအေနမ်ား၊ ယခုႏွစ္ ဇန္နဝါရီလ အတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သမၼတ H.E.Mr. Xi Jinping ၏ ခရီးစဥ္တြင္ ႏွစ္ဖက္သေဘာတူညီခ်က္မ်ားအား ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ား၊ တ႐ုတ္ႏိုင္ငံတြင္ COVID-19 ေရာဂါစတင္ျဖစ္ပြား သည့္ကာလအတြင္း ျမန္မာ့တပ္မေတာ္မွ တ႐ုတ္ႏိုင္ငံသို႔ ေရာဂါကာကြယ္ေရးအေထာက္ အကူျပဳေဆး ႏွင့္ေဆးပစၥည္းမ်ား လ်င္ျမန္စြာ ေပးပို႔လႉဒါန္းခဲ့သည့္ အေျခအေနမ်ားႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီႏွင့္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွလည္း ေဆးဘက္ ဆိုင္ရာကြၽမ္းက်င္ပညာရွင္မ်ားေစလႊတ္၍ ျမန္မာ့တပ္မေတာ္သို႔ ေရာဂါကာကြယ္ေရး အေထာက္အကူျပဳ ေဆးႏွင့္ ေဆးပစၥည္းမ်ား လႉဒါန္းကာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး ဆိုင္ရာမ်ားႏွင့္ပတ္သက္၍ အျမင္ခ်င္းဖလွယ္ေဆြးေႏြးႏိုင္ခဲ့သည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးတို႔တြင္ တပ္မေတာ္ႏွစ္ရပ္အၾကားသတင္းအခ်က္အလက္မ်ား ဖလွယ္ကာ အတူတကြ ပူးေပါင္းလက္တြဲေဆာင္႐ြက္သြားရန္ႏွင့္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားအၾကားႏွင့္ နယ္စပ္ေဒသစီမံခန႔္ခြဲအုပ္ခ်ဳပ္ေနသည့္အဖြဲ႕မ်ားအၾကား အခ်င္းခ်င္းအျပန္အလွန္ ဆက္သြယ္ေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္သြားရန္ လိုအပ္သည့္အေျခအေနမ်ား၊ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ထာဝရ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၏ အေျခခံမူျဖစ္သည့္ တစ္ႏိုင္ငံ လုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA တြင္ ပါဝင္လက္မွတ္ေရးထိုးရန္ လိုအပ္ၿပီး ဆက္လက္ေဆာင္႐ြက္ရမည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားတြင္ ျပည့္ျပည့္၀၀ ပါဝင္ေလွ်ာက္လွမ္းရန္လိုအပ္သည့္ အေျခအေနမ်ား၊ တပ္မေတာ္အေနျဖင့္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ပိုမိုထိေရာက္လ်င္ျမန္စြာေဆာင္႐ြက္ႏိုင္ေရး၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးႏွင့္ ထာဝရၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္ေနရာမ်ားတြင္ စက္တင္ဘာလ ၃၀ ရက္အထိ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈမ်ားကို ရပ္ဆိုင္းေပးထားသည့္ အေျခအေနမ်ား၊ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရးႏွင့္ လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ရန္ လိုအပ္သည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးတက္ခိုင္မာေစေရးအတြက္ ေအးအတူပူအမွ် ျဖစ္သည့္ အသိုက္အဝန္းထူေထာင္ရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီဗဟို ေကာ္မတီႏိုင္ငံေရးဗ်ဴ႐ိုအဖြဲ႕ဝင္ H.E.Mr. Yang Jiechi တို႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။