တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ – ၅

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တားဆီး ကာကွယ်ကြရမည်ဖြစ်ပြီး မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းထုတ်ကုန်များကို ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ရရှိအောင် ထုတ်လုပ်နိုင်သည့် အသေးစားစက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို လျှော့ချပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား ယနေ့နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၊ တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)အဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ နှင့် မြို့မိမြို့ဖများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့သည့်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များနှင့် ပတ်သက်၍ ပြောကြားရာတွင် တာချီလိတ်ဒေသသည် လမ်းပန်းဆက်သွယ်ရေး ဝေးလံသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၌ (COVID-19) ရောဂါ ဖြစ်ပေါ်လျက်ရှိသည့်အတွက် သွားလာမှုကန့်သတ်ချက်များ ပိုမိုရှိလာမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ် ၂ ပတ်ခန့်က တာချီလိတ်မြို့နယ်အတွင်း၌ ကုန်ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်နေသည်ဟု ကြားသိရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်နှင့် နယ်မြေခံတပ်ဌာနချုပ်များမှတစ်ဆင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများကို စိစစ်စေခဲ့ရာတွင် ကြက်ဥတစ်လုံး ၁၇၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၂၅၀၀ ကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများ အသီးသီး မြင့်မားလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ တာချီလိတ်ဒေသသည် နယ်စပ်ဒေသ ကုန်သွယ်မှုပြုလုပ်သည့် ဒေသဖြစ်သော်လည်း စည်းကမ်းစနစ်တကျ ဖြစ်သည့် ကုန်သွယ်မှုဖြစ်စေလိုပါကြောင်း၊ သွားလာရေး အခက်အခဲများရှိသဖြင့် သယ်ယူ ပို့ဆောင်ရေးစရိတ် များကြီးမားမှုများကို ကာကွယ်ရန်အတွက် လိုအပ်သည့် စားသောက် ကုန်၊ သုံးကုန် ပစ္စည်းများကို ပြင်ပမှ ဝယ်ယူခြင်းအစား ဒေသတွင်း၌ပင် ထုတ်လုပ် နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်း တပ်မတော်မှ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မိမိဘာသာရပ်တည်နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ (COVID-19) ရောဂါသည် Second Wave ဖြစ်ပေါ်နေသည့်အခြေအနေဟု ယူဆရသည့်အတွက် ကူးလူးဆက်သွယ်မှုများ တွင် ကန့်သတ်ချက်များရှိလာနိုင်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင် ထားကြရမည်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိတာချီလိတ်မြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမဲ ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆၉၄၁၉၆ ပြား၊ အိုက်စ် ၁၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကတ်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်၊ အခြားမူးယစ်စေတတ်သော ဆက်စပ်ပစ္စည်းများ ၆၅၈၈ ဒသမ ၆ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါးများ ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၂ ဒသမ ၆ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း၊ မိမိဒေသအတွင်း မူးယစ်ဆေးကင်းစင်အောင် ကာကွယ် ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြသည့်အတွက် အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများပြားပါက သုံးစွဲသူများ များပြားလာ မည်ဖြစ်သလို မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများမှတစ်ဆင့် ငွေကြေးများစွာ ရမည်ဖြစ်သော်လည်း မသန့်ရှင်းသည့် ငွေများပင်ဖြစ်ကြောင်း၊ သမ္မာအာဇီဝဖြင့် လုပ်ဆောင်သောစီးပွားရေးဖြစ်စေရန် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးလုပ်ငန်း များကို တစ်စိုက်မတ်မတ် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ကာကွယ်တားဆီးရန်နှင့် ဒေသတွင်း နေထိုင်သူများ၏ ငွေကုန်ကြေးကျ များပြားနေမှုများကို လျှော့ချနိုင်ရန် ဒေသတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ကုန်ကြမ်းအဆင့်မှ ကုန်ချောအဆင့်ထိ ထုတ်လုပ်နိုင်သည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ အသားစားကြက်၊ အသားတိုးနွား၊ အသားတိုးဝက် မွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း ကောင်းစွာ ဖြစ်ထွန်းသဖြင့် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ ဒေသတွင်း ဖြစ်ထွန်းသည့် ရာဘာ၊ လက်ဖက်နှင့် ကော်ဖီတို့ကို စိုက်ပျိုး၍ ဝင်ငွေရရှိစေရေး ဆောင်ရွက်ခြင်း၊ ပြင်ပမှ ဝယ်ယူသုံးစွဲနေမှုများကို လျှော့ချပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် နယ်မြေခံ တပ်ဌာနချုပ်များကလည်း တိုးချဲ့ဆောင်ရွက်ပြီး ဒေသတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ် ကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်ပစ္စည်းများသည် အမြဲတမ်းသုံးစွဲ၍ ကုန်ဆုံးသွား မည်ဖြစ်ပြီး လိုအပ်ချက် အမြဲရှိနေမည်ဖြစ်သောကြောင့် ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင် ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တာဝန်ထမ်းဆောင်စဉ်က စပါးရောင်းချခြင်းကို အားမပေးဘဲ စပါးကို ကြိတ်ခွဲ၍ရောင်းချစေပါကြောင်း၊ စပါးကြိတ်ခွဲရောင်းချခြင်းဖြင့် ဒေသတွင်း၌ ဆန်စက်များလည်ပတ်ရသဖြင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ပြီး စပါးမှထွက်သည့် ဖွဲနှင့် ဆန်ကွဲ ကိုလည်း အသုံးပြုနိုင်မည်ဖြစ်ကာ ဆန်ချောထွက်ရှိလာသည့်အတွက် ဈေးကောင်းပိုမို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တာချီလိတ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်၊ တပ်နယ်နှင့် တာဝန်ရှိသူများ အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

(COVID-19) ရောဂါနှင့် ပတ်သက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာကြရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နေပြီဟုသိရှိရသော်လည်း သေချာမှုမရှိသေးသဖြင့် ကာကွယ်ခြင်းသည်သာလျင် အကောင်းဆုံးဖြစ်ပါကြောင်း၊ ရောဂါပိုးသည် ဆင့်ကဲပြောင်း လဲဖြစ်ပေါ်လျက်ရှိပြီး ယခင်ကတွေ့ရှိခဲ့သည့် ရောဂါပိုးနှင့် ဗီဇတူညီမှုရှိမည်မဟုတ်သဖြင့် နေထိုင်သွားလာစားသောက်မှုများအားလုံး ဆင်ခြင်ကြရမည်ဖြစ်ကြောင်း၊ မြို့သာယာ လှပရေးနှင့် ပတ်သက်၍ ခရိုင်မြို့ဖြစ်သည့်အတွက် အင်္ဂါရပ်များနှင့် လျော်ညီအောင်၊ ဒေသခံများ စည်းကမ်းရှိအောင် ထိန်းသိမ်းပေးရမည်ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် မလုံလောက်ဘဲ မြို့နေသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် များစွာလိုအပ်မည် ဖြစ်ပါကြောင်း။

မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး မိမိ ဒေသနှင့်တိုင်းပြည်ကို အကျိုးပြုမည့် ကိုယ်စားလှယ်ကောင်းများကို ရွေးချယ်ဆန္ဒမဲပေး ကြရန်လိုကြောင်း၊ ပါတီများ၏ မူဝါဒများကိုကြည့်၍ တာချီလိတ်ဒေသမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်မှတစ်ဆင့် နိုင်ငံတော်အတွက် ကောင်းမွန်အောင်ဆောင်ရွက် နိုင်မည့်သူများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း၊ မိမိရွေးချယ်ပေးလိုက်သည့်သူသည် တိုင်းပြည်အတွက် အကျိုးရှိရန်လိုအပ်ပြီး မိမိရွေးချယ်သူသည် တိုင်းပြည်အတွက် ကောင်းကျိုးမဖြစ်ပါက ဆုံးရှုံးမှုတစ်ရပ်သာဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူ အစိုးရ နှစ်ဆက် ဆယ်နှစ်တာ တွေ့ကြုံခဲ့သည့် အတွေ့အကြုံများဖြင့် ဆင်ခြင်သုံးသပ်၍ ၂၀၂၀ ပြည့်နှစ်အလွန်တွင် တိုင်းပြည်ကိုပိုမို၍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် မည့်သူများ ရွေးချယ်နိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးကြရန် အကြံပြု ပြောကြား လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ ersonal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တာချီလိတ် မြို့မိမြို့ဖများ ဖြစ်သည့် ဦးတင်လှိုင်၊ ဦးကြည်မြင့်နှင့် ဦးထွန်းနေဦးတို့က အသီးသီး လက်ခံရယူသည်။ ယင်းနောက် တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ရာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်က လက်ခံရယူသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများသည် တြိဂံဒေသတိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၏ ဇနီးနှင့် တာချီလိတ်တပ်နယ် တပ်ရင်းတပ်ဖွဲ့ မှူးများ၏ ဇနီးများအား တာချီလိတ်တပ်နယ်၊ အောင်ပြည်ဟိန်းရိပ်သာ၌ တွေ့ဆုံ၍ တပ်မတော်သား မိသားစုဝင်များအနေဖြင့် အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်ပြီး တပ်မတော်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိနှင့် သက်ဆိုင်သော မိမိ၊ မိမိတာဝန်ယူနိုင်သော တပ်လုပ်ငန်းများကို ]]မောင်တစ်ထမ်း မယ်တစ်ရွက်}} ပါဝင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်များဖြစ်သဖြင့် ခင်ပွန်းသည်နှင့် တပ်မတော်အတွက် အထောက်အပံ့၊ အကူ အညီပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း။

လက်ရှိအချိန်၌ ကမ္ဘာတွင်ဖြစ်ပွားနေသော (COVID-19) ရောဂါကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များကို လိုက်နာဆောင် ရွက်ခြင်းဖြင့် ရောဂါအန္တရာယ် ကင်းရှင်းအောင် နေထိုင်ကြရန်လိုကြောင်း၊ မိသားစု သားသမီးငယ်များအားလည်း ရောဂါကူးစက်မှုမရှိစေရေး မိမိမှ စ၍ စည်းကမ်းတကျ လုံခြုံအောင်နေထိုင်ပြီး ရောဂါကူးစက်ပြန့်ပွားမှု တည်ငြိမ်သည်အထိ ကျန်းမာရေးအသိ ဖြင့် နေထိုင်သွားကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးမှ မှာ ကြားခဲ့သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာချီလိတ်တပ်နယ်မှူး၏ ဇနီးက လက်ခံရယူသည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် သို့ သွားရောက်၍ နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မသီရိ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား၍ လှူဖွယ်ပစ္စည်းများ၊ ဘက်စုံ အလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြရာ ဆရာတော်ဘုရား ကြီးက ငါးပါးသီလပေးဝေခဲ့ပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ် သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး ဦးစီးနာယကပြုလုပ်၍ ရဟန်းရှင်လူ၊ ပြည်သူအများကောင်းမှုဖြင့် သုံးလောက ထွဋ်ထားမြတ်စွာဘုရားရှင်ဟောကြားတော် မူခဲ့သော ပိဋကတ်(၃)ပုံတော်အား ဂုံရှမ်းတိုင်းရင်းသားဘာသာသို့ ပြန်ဆိုပြီး ကျောက်စာချပ်ပေါ်တွင် ရေးထွင်းကာ တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ပရိဝုဏ်၌ စိုက်ထူပူဇော်နေမှုအခြေအနေများအား ဆရာတော်ဘုရားကြီးဦးဆောင်မှုဖြင့် သွားရောက် ကြည်ညိုပြီး ကိုယ်တိုင်ပါဝင်စိုက်ထူ ကုသိုလ်ယူခဲ့သည်။

အဆိုပါ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ထန်းကိန် ကျေးရွာ၌ ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်တို့မှ မွေးဖွားခဲ့ပြီး ငယ်အမည် စိုင်းရှဲန်လာဖြစ်ကြောင်း၊ ၁၂၉၉ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံ၌ “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေအဖြစ်သို့ ခံယူခဲ့ ကြောင်း၊ ရဟန်းအဖြစ်သို့ ရောက်ရှိချိန်တွင် အရှင် ဓမ္မသီရိ အဖြစ်အမည်တွင်ခဲ့ပါ ကြောင်း၊ လက်ရှိအချိန်တွင် သက်တော် ၉၂ နှစ်၊ ဝါတော် ၇၂ ဝါရှိပြီဖြစ်ပြီး ဆရာတော် သည် ပုန်းတွန်ကျောင်း၊ နဂါးနှစ်ကောင်ကျောင်းစသည့် ကျောင်းများအပါအဝင် ကျောင်း တိုက်ပေါင်း ၁၂ တိုက်ကိုတည်ထောင်တော်မူခဲ့ပြီး ဗုဒ္ဓသာသနာထွန်းကားရေးဆိုင်ရာများ ကို အားသွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် ပိဋကတ် (၃)ပုံတော်အား ဂုံရှမ်း တိုင်းရင်းသားဘာသာသို့ ပြန်ဆိုပြီး ကျောက်စာချပ်ပေါ်တွင် ရေးထွင်းပူဇော်ခြင်းကို ဦးစီးနာယကပြုဆောင်ရွက်လျက်ရှိပြီး ကျောက်စာတိုင်ပေါင်း ၂၄၆၈ ချပ်ကိုစိုက်ထူရမည် ဖြစ်ကာ ၂၃၂၅ ချပ်စိုက်ထူပြီးဖြစ်ပြီး စိုက်ထူရန် ၁၄၃ ချပ်ကျန်ရှိကြောင်း သိရှိရသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါးကို ထိေရာက္စြာတားဆီးႏွိမ္နင္းႏိုင္ခဲ့သည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္၊ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္လႉဒါန္း

ေနျပည္ေတာ္၊ စက္တင္ဘာ – ၅
မူးယစ္ေဆးဝါးႏွင့္ ပတ္သက္ၿပီး အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ တားဆီး ကာကြယ္ၾကရမည္ျဖစ္ၿပီး မိမိေဒသအတြင္း မူးယစ္ေဆးကင္းစင္ေအာင္ ကာကြယ္ ထိန္းသိမ္းၾကရမည္ျဖစ္ေၾကာင္း၊ ေဒသတြင္းထုတ္ကုန္မ်ားကို ကုန္ၾကမ္းအဆင့္မွ ကုန္ေခ်ာအဆင့္ရရွိေအာင္ ထုတ္လုပ္ႏိုင္သည့္ အေသးစားစက္မႈလုပ္ငန္းမ်ားႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ေပးျခင္းျဖင့္ ေဒသတြင္း ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားကို ေလွ်ာ့ခ်ေပးႏိုင္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ တာခ်ီလိတ္ၿမိဳ႕ရွိ နယ္ေျမခံ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္(ဌာေန)အဖြဲ႕မ်ား၊ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕၊ တပ္နယ္ခန္းမ၌ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံ၍ မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္း ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ားႏွင့္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္လႉဒါန္းရာတြင္ ထည့္သြင္းေျပာၾကားသည္။
အဆိုပါ အခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္၊ တာခ်ီလိတ္ခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ႏိုင္ႏွင့္ ဌာနဆိုင္ရာမ်ား၊ နယ္ေျမခံတပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္ (ဌာေန)အဖြဲ႕မ်ား၊ နယ္ျခားေစာင့္တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားတက္ေရာက္ၾကသည္။
ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္းေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ျခင္း၊ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္လႉဒါန္းျခင္းႏွင့္ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ မ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ တာခ်ီလိတ္ေဒသသည္ လမ္းပန္းဆက္သြယ္ေရး ေဝးလံသည့္ ေဒသတစ္ခုျဖစ္ေၾကာင္း၊ လက္ရွိတြင္ မိမိတို႔ႏိုင္ငံ၌ (COVID-19) ေရာဂါ ျဖစ္ေပၚလ်က္ရွိသည့္အတြက္ သြားလာမႈကန႔္သတ္ခ်က္မ်ား ပိုမိုရွိလာမည္ျဖစ္ေၾကာင္း၊ လြန္ခဲ့သည့္ ရက္သတၱပတ္ ၂ ပတ္ခန႔္က တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ ကုန္ေဈးႏႈန္းမ်ား ႏွစ္ဆခန႔္ ျမင့္တက္ေနသည္ဟု ၾကားသိရပါေၾကာင္း၊ ထို႔ေၾကာင့္ သက္ဆိုင္ရာ တိုင္းစစ္ဌာန ခ်ဳပ္ႏွင့္ နယ္ေျမခံတပ္ဌာနခ်ဳပ္မ်ားမွတစ္ဆင့္ ေျမျပင္တြင္ ျဖစ္ေပၚေနသည့္ ေဈးႏႈန္းမ်ားကို စိစစ္ေစခဲ့ရာတြင္ ၾကက္ဥတစ္လုံး ၁၇၀ က်ပ္၊ အမဲသား တစ္ပိႆာ ၁၇၀၀၀ က်ပ္၊ ဝက္သား တစ္ပိႆာ ၁၂၅၀၀ က်ပ္ စသည္ျဖင့္ ကုန္ေဈးႏႈန္းမ်ား အသီးသီး ျမင့္မားလ်က္ရွိေနသည္ကို ေတြ႕ရွိရပါေၾကာင္း၊ တာခ်ီလိတ္ေဒသသည္ နယ္စပ္ေဒသ ကုန္သြယ္မႈျပဳလုပ္သည့္ ေဒသျဖစ္ေသာ္လည္း စည္းကမ္းစနစ္တက် ျဖစ္သည့္ ကုန္သြယ္မႈျဖစ္ေစလိုပါေၾကာင္း၊ သြားလာေရး အခက္အခဲမ်ားရွိသျဖင့္ သယ္ယူ ပို႔ေဆာင္ေရးစရိတ္ မ်ားႀကီးမားမႈမ်ားကို ကာကြယ္ရန္အတြက္ လိုအပ္သည့္ စားေသာက္ ကုန္၊ သုံးကုန္ ပစၥည္းမ်ားကို ျပင္ပမွ ဝယ္ယူျခင္းအစား ေဒသတြင္း၌ပင္ ထုတ္လုပ္ ႏိုင္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ လိုအပ္သည္မ်ားကိုလည္း တပ္မေတာ္မွ တတ္ႏိုင္သေ႐ြ႕ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး မိမိဘာသာရပ္တည္ႏိုင္ေရး အတြက္ ႀကိဳးစားေဆာင္႐ြက္ၾကရန္ လိုေၾကာင္း၊ (COVID-19) ေရာဂါသည္ Second Wave ျဖစ္ေပၚေနသည့္အေျခအေနဟု ယူဆရသည့္အတြက္ ကူးလူးဆက္သြယ္မႈမ်ား တြင္ ကန႔္သတ္ခ်က္မ်ားရွိလာႏိုင္မည္ျဖစ္သျဖင့္ ႀကိဳတင္ျပင္ဆင္သင့္သည္မ်ားကို ျပင္ဆင္ ထားၾကရမည္ျဖစ္ေၾကာင္း။
မူးယစ္ေဆးဝါးႏွင့္ ပတ္သက္၍ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွ ဩဂုတ္လ ၃၁ ရက္အထိတာခ်ီလိတ္ၿမိဳ႕နယ္အတြင္း တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားမွ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈအေနျဖင့္ ဘိန္းျဖဴ ၂၇ ဒသမ ၆၃ ကီလိုဂရမ္၊ ဘိန္းမဲ ၁ ဒသမ ၅ ကီလိုဂရမ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၃၅၆၉၄၁၉၆ ျပား၊ အိုက္စ္ ၁၀၆၄ ဒသမ ၇ ကီလိုဂရမ္၊ ကတ္တမင္း ၁၂ ဒသမ ၃၅ ကီလိုဂရမ္၊ အျခားမူးယစ္ေစတတ္ေသာ ဆက္စပ္ပစၥည္းမ်ား ၆၅၈၈ ဒသမ ၆ ကီလိုဂရမ္၊ စုစုေပါင္း မူးယစ္ေဆးဝါးမ်ား ခန႔္မွန္း တန္ဖိုး ေငြက်ပ္ ၁၉၂ ဒသမ ၆ ဘီလီယံေက်ာ္ကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္အတြက္ ဝမ္းသာမိပါေၾကာင္း၊ မိမိေဒသအတြင္း မူးယစ္ေဆးကင္းစင္ေအာင္ ကာကြယ္ ထိန္းသိမ္း ၾကရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ မူးယစ္ေဆးဝါးတားဆီးကာကြယ္ေရးလုပ္ငန္းမ်ားကို တက္တက္ႂကြႂကြေဆာင္႐ြက္ခဲ့ၾကသည့္အတြက္ အဖြဲ႕အစည္းအားလုံးကို ေက်းဇူးတင္ ရွိပါေၾကာင္း၊ မူးယစ္ေဆးဝါးထုတ္လုပ္ေရာင္းခ်မႈမ်ားျပားပါက သုံးစြဲသူမ်ား မ်ားျပားလာ မည္ျဖစ္သလို မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖာက္ကားမႈမ်ားမွတစ္ဆင့္ ေငြေၾကးမ်ားစြာ ရမည္ျဖစ္ေသာ္လည္း မသန႔္ရွင္းသည့္ ေငြမ်ားပင္ျဖစ္ေၾကာင္း၊ သမၼာအာဇီ၀ျဖင့္ လုပ္ေဆာင္ေသာစီးပြားေရးျဖစ္ေစရန္ မူးယစ္ေဆးဝါးကာကြယ္တားဆီးေရးလုပ္ငန္း မ်ားကို တစ္စိုက္မတ္မတ္ ေဆာင္႐ြက္ၾက ရမည္ျဖစ္ေၾကာင္း။
ေဒသတြင္း ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ားကို ကာကြယ္တားဆီးရန္ႏွင့္ ေဒသတြင္း ေနထိုင္သူမ်ား၏ ေငြကုန္ေၾကးက် မ်ားျပားေနမႈမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္ ေဒသတြင္း စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ား၊ ကုန္ၾကမ္းအဆင့္မွ ကုန္ေခ်ာအဆင့္ထိ ထုတ္လုပ္ႏိုင္သည့္ စက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း၊ ဥစားၾကက္၊ အသားစားၾကက္၊ အသားတိုးႏြား၊ အသားတိုးဝက္ ေမြးျမဴေရးလုပ္ငန္းမ်ားသည္ ေဒသတြင္း ေကာင္းစြာ ျဖစ္ထြန္းသျဖင့္ တိုးခ်ဲ႕ေဆာင္႐ြက္သင့္ေၾကာင္း၊ ေဒသတြင္း ျဖစ္ထြန္းသည့္ ရာဘာ၊ လက္ဖက္ႏွင့္ ေကာ္ဖီတို႔ကို စိုက္ပ်ိဳး၍ ဝင္ေငြရရွိေစေရး ေဆာင္႐ြက္ျခင္း၊ ျပင္ပမွ ဝယ္ယူသုံးစြဲေနမႈမ်ားကို ေလွ်ာ့ခ်ၿပီး ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏိုင္ရမည္ ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳး ေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ နယ္ေျမခံ တပ္ဌာနခ်ဳပ္မ်ားကလည္း တိုးခ်ဲ႕ေဆာင္႐ြက္ၿပီး ေဒသတြင္း ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ်ေပးႏိုင္ရမည္ျဖစ္ ေၾကာင္း၊ စားေသာက္ကုန္ႏွင့္ သုံးကုန္ပစၥည္းမ်ားသည္ အၿမဲတမ္းသုံးစြဲ၍ ကုန္ဆုံးသြား မည္ျဖစ္ၿပီး လိုအပ္ခ်က္ အၿမဲရွိေနမည္ျဖစ္ေသာေၾကာင့္ ကိုယ္တိုင္ထုတ္လုပ္ သုံးစြဲႏိုင္ ရမည္ျဖစ္ေၾကာင္း၊ မိမိအေနျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ တာဝန္ထမ္းေဆာင္စဥ္က စပါးေရာင္းခ်ျခင္းကို အားမေပးဘဲ စပါးကို ႀကိတ္ခြဲ၍ေရာင္းခ်ေစပါေၾကာင္း၊ စပါးႀကိတ္ခြဲေရာင္းခ်ျခင္းျဖင့္ ေဒသတြင္း၌ ဆန္စက္မ်ားလည္ပတ္ရသျဖင့္ ေဒသခံမ်ား၏ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိေစမည္ျဖစ္ၿပီး စပါးမွထြက္သည့္ ဖြဲႏွင့္ ဆန္ကြဲ ကိုလည္း အသုံးျပဳႏိုင္မည္ျဖစ္ကာ ဆန္ေခ်ာထြက္ရွိလာသည့္အတြက္ ေဈးေကာင္းပိုမို ရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ တာခ်ီလိတ္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ခ႐ိုင္၊ တပ္နယ္ႏွင့္ တာဝန္ရွိသူမ်ား အားလုံး ဝိုင္းဝန္း ႀကိဳးပမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း။
(COVID-19) ေရာဂါႏွင့္ ပတ္သက္၍လည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနမွ ထုတ္ျပန္ထားသည့္ လမ္းၫႊန္ခ်က္၊ သတ္မွတ္ခ်က္မ်ားအတိုင္း လိုက္နာၾကရမည္ ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးထုတ္လုပ္ေနၿပီဟုသိရွိရေသာ္လည္း ေသခ်ာမႈမရွိေသးသျဖင့္ ကာကြယ္ျခင္းသည္သာလ်င္ အေကာင္းဆုံးျဖစ္ပါေၾကာင္း၊ ေရာဂါပိုးသည္ ဆင့္ကဲေျပာင္း လဲျဖစ္ေပၚလ်က္ရွိၿပီး ယခင္ကေတြ႕ရွိခဲ့သည့္ ေရာဂါပိုးႏွင့္ ဗီဇတူညီမႈရွိမည္မဟုတ္သျဖင့္ ေနထိုင္သြားလာစားေသာက္မႈမ်ားအားလုံး ဆင္ျခင္ၾကရမည္ျဖစ္ေၾကာင္း၊ ၿမိဳ႕သာယာ လွပေရးႏွင့္ ပတ္သက္၍ ခ႐ိုင္ၿမိဳ႕ျဖစ္သည့္အတြက္ အဂၤါရပ္မ်ားႏွင့္ ေလ်ာ္ညီေအာင္၊ ေဒသခံမ်ား စည္းကမ္းရွိေအာင္ ထိန္းသိမ္းေပးရမည္ျဖစ္ၿပီး အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္း မ်ားႏွင့္ မလုံေလာက္ဘဲ ၿမိဳ႕ေနသူမ်ားအားလုံး ပူးေပါင္းေဆာင္႐ြက္ရန္ မ်ားစြာလိုအပ္မည္ ျဖစ္ပါေၾကာင္း။
မၾကာမီတြင္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲႀကီးကို က်င္းပျပဳလုပ္မည္ျဖစ္ၿပီး မိမိ ေဒသႏွင့္တိုင္းျပည္ကို အက်ိဳးျပဳမည့္ ကိုယ္စားလွယ္ေကာင္းမ်ားကို ေ႐ြးခ်ယ္ဆႏၵမဲေပး ၾကရန္လိုေၾကာင္း၊ ပါတီမ်ား၏ မူဝါဒမ်ားကိုၾကည့္၍ တာခ်ီလိတ္ေဒသမွ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ ရွမ္းျပည္နယ္မွတစ္ဆင့္ ႏိုင္ငံေတာ္အတြက္ ေကာင္းမြန္ေအာင္ေဆာင္႐ြက္ ႏိုင္မည့္သူမ်ားကို ေ႐ြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိေ႐ြးခ်ယ္ေပးလိုက္သည့္သူသည္ တိုင္းျပည္အတြက္ အက်ိဳးရွိရန္လိုအပ္ၿပီး မိမိေ႐ြးခ်ယ္သူသည္ တိုင္းျပည္အတြက္ ေကာင္းက်ိဳးမျဖစ္ပါက ဆုံးရႈံးမႈတစ္ရပ္သာျဖစ္လာႏိုင္မည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္သူ အစိုးရ ႏွစ္ဆက္ ဆယ္ႏွစ္တာ ေတြ႕ႀကဳံခဲ့သည့္ အေတြ႕အႀကဳံမ်ားျဖင့္ ဆင္ျခင္သုံးသပ္၍ ၂၀၂၀ ျပည့္ႏွစ္အလြန္တြင္ တိုင္းျပည္ကိုပိုမို၍ တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ မည့္သူမ်ား ေ႐ြးခ်ယ္ႏိုင္ေရးအတြက္ မဲေပးပိုင္ခြင့္ရွိသူအားလုံး ဆႏၵမဲေပးၾကရန္ အႀကံျပဳ ေျပာၾကား လိုပါေၾကာင္းျဖင့္ ေျပာၾကားသည္။
ထို႔ေနာက္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ ကုသေရး အေထာက္အကူျပဳ ပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၂၀၀၀၀ ခု၊ ersonal Protective Equipment (PPE) ဝတ္စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္လႉဒါန္းရာ တာခ်ီလိတ္ ၿမိဳ႕မိၿမိဳ႕ဖမ်ား ျဖစ္သည့္ ဦးတင္လႈိင္၊ ဦးၾကည္ျမင့္ႏွင့္ ဦးထြန္းေနဦးတို႔က အသီးသီး လက္ခံရယူသည္။ ယင္းေနာက္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ လုပ္ငန္း ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ခဲ့သည့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕အား ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခ်ီးျမႇင့္ရာ တာခ်ီလိတ္ခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီး ရဲႏိုင္ေအာင္က လက္ခံရယူသည္။
အလားတူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၏ ဇနီးမ်ားသည္ ႀတိဂံေဒသတိုင္း စစ္ဌာခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္၏ ဇနီးႏွင့္ တာခ်ီလိတ္တပ္နယ္ တပ္ရင္းတပ္ဖြဲ႕ မႉးမ်ား၏ ဇနီးမ်ားအား တာခ်ီလိတ္တပ္နယ္၊ ေအာင္ျပည္ဟိန္းရိပ္သာ၌ ေတြ႕ဆုံ၍ တပ္မေတာ္သား မိသားစုဝင္မ်ားအေနျဖင့္ အခ်င္းခ်င္းစည္းလုံးညီၫြတ္စြာ ေနထိုင္ၿပီး တပ္မေတာ္မွ ထုတ္ျပန္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာ၍ မိမိႏွင့္ သက္ဆိုင္ေသာ မိမိ၊ မိမိတာဝန္ယူႏိုင္ေသာ တပ္လုပ္ငန္းမ်ားကို ]]ေမာင္တစ္ထမ္း မယ္တစ္႐ြက္}} ပါဝင္ေဆာင္႐ြက္ေပးသြားၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား၏ ပါရမီျဖည့္ဖက္မ်ားျဖစ္သျဖင့္ ခင္ပြန္းသည္ႏွင့္ တပ္မေတာ္အတြက္ အေထာက္အပံ့၊ အကူ အညီေပးႏိုင္သူမ်ားျဖစ္ေအာင္ ႀကိဳးစားၾကေစလိုေၾကာင္း။
လက္ရွိအခ်ိန္၌ ကမာၻတြင္ျဖစ္ပြားေနေသာ (COVID-19) ေရာဂါကိုလည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခ်က္မ်ားကို လိုက္နာေဆာင္ ႐ြက္ျခင္းျဖင့္ ေရာဂါအႏၲရာယ္ ကင္းရွင္းေအာင္ ေနထိုင္ၾကရန္လိုေၾကာင္း၊ မိသားစု သားသမီးငယ္မ်ားအားလည္း ေရာဂါကူးစက္မႈမရွိေစေရး မိမိမွ စ၍ စည္းကမ္းတက် လုံၿခဳံေအာင္ေနထိုင္ၿပီး ေရာဂါကူးစက္ျပန႔္ပြားမႈ တည္ၿငိမ္သည္အထိ က်န္းမာေရးအသိ ျဖင့္ ေနထိုင္သြားၾကရန္လိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးမွ မွာ ၾကားခဲ့သည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ တာခ်ီလိတ္တပ္နယ္မႉး၏ ဇနီးက လက္ခံရယူသည္။
ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ားသည္ တာခ်ီလိတ္ၿမိဳ႕၊ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ သို႔ သြားေရာက္၍ ႏိုင္ငံေတာ္ ဩဝါဒါစရိယ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတ ဘဒၵႏၲ ဓမၼသီရိ နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီးအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳၿပီး က်န္းမာေရးအေျခအေနမ်ား ေမးျမန္းေလွ်ာက္ထား၍ လႉဖြယ္ပစၥည္းမ်ား၊ ဘက္စုံ အလႉေငြမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကရာ ဆရာေတာ္ဘုရား ႀကီးက ငါးပါးသီလေပးေဝခဲ့ၿပီး ဓမၼလက္ေဆာင္မ်ား ျပန္လည္ေပးအပ္ သည္။
ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ နဂါးႏွစ္ေကာင္ ဆရာေတာ္ဘုရားႀကီး ဦးစီးနာယကျပဳလုပ္၍ ရဟန္းရွင္လူ၊ ျပည္သူအမ်ားေကာင္းမႈျဖင့္ သုံးေလာက ထြဋ္ထားျမတ္စြာဘုရားရွင္ေဟာၾကားေတာ္ မူခဲ့ေသာ ပိဋကတ္(၃)ပုံေတာ္အား ဂုံရွမ္းတိုင္းရင္းသားဘာသာသို႔ ျပန္ဆိုၿပီး ေက်ာက္စာခ်ပ္ေပၚတြင္ ေရးထြင္းကာ တာခ်ီလိတ္ၿမိဳ႕၊ ေ႐ႊတိဂုံေစတီေတာ္ပရိဝုဏ္၌ စိုက္ထူပူေဇာ္ေနမႈအေျခအေနမ်ားအား ဆရာေတာ္ဘုရားႀကီးဦးေဆာင္မႈျဖင့္ သြားေရာက္ ၾကည္ညိဳၿပီး ကိုယ္တိုင္ပါဝင္စိုက္ထူ ကုသိုလ္ယူခဲ့သည္။
အဆိုပါ နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီးကို ျမန္မာသကၠရာဇ္ ၁၂၉၀ ျပည့္ႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္ ၉ ရက္ေန႔တြင္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္၊ ထန္းကိန္ ေက်း႐ြာ၌ ခမည္းေတာ္ ဦးေဟာင္၊ မယ္ေတာ္ ေဒၚနန္းပင္တို႔မွ ေမြးဖြားခဲ့ၿပီး ငယ္အမည္ စိုင္းရွဲန္လာျဖစ္ေၾကာင္း၊ ၁၂၉၉ ခုႏွစ္၊ တေပါင္းလျပည့္ေန႔တြင္ က်ိဳင္းတုံၿမိဳ႕၊ က်ိဳင္းယင္း ေက်ာင္းတိုက္ဆရာေတာ္ထံ၌ “ရွင္ရွဲန္လာ” အမည္ျဖင့္ သာမေဏအျဖစ္သို႔ ခံယူခဲ့ ေၾကာင္း၊ ရဟန္းအျဖစ္သို႔ ေရာက္ရွိခ်ိန္တြင္ အရွင္ ဓမၼသီရိ အျဖစ္အမည္တြင္ခဲ့ပါ ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ သက္ေတာ္ ၉၂ ႏွစ္၊ ဝါေတာ္ ၇၂ ဝါရွိၿပီျဖစ္ၿပီး ဆရာေတာ္ သည္ ပုန္းတြန္ေက်ာင္း၊ နဂါးႏွစ္ေကာင္ေက်ာင္းစသည့္ ေက်ာင္းမ်ားအပါအဝင္ ေက်ာင္း တိုက္ေပါင္း ၁၂ တိုက္ကိုတည္ေထာင္ေတာ္မူခဲ့ၿပီး ဗုဒၶသာသနာထြန္းကားေရးဆိုင္ရာမ်ား ကို အားသြန္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ လက္ရွိတြင္ ပိဋကတ္ (၃)ပုံေတာ္အား ဂုံရွမ္း တိုင္းရင္းသားဘာသာသို႔ ျပန္ဆိုၿပီး ေက်ာက္စာခ်ပ္ေပၚတြင္ ေရးထြင္းပူေဇာ္ျခင္းကို ဦးစီးနာယကျပဳေဆာင္႐ြက္လ်က္ရွိၿပီး ေက်ာက္စာတိုင္ေပါင္း ၂၄၆၈ ခ်ပ္ကိုစိုက္ထူရမည္ ျဖစ္ကာ ၂၃၂၅ ခ်ပ္စိုက္ထူၿပီးျဖစ္ၿပီး စိုက္ထူရန္ ၁၄၃ ခ်ပ္က်န္ရွိေၾကာင္း သိရွိရသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။