တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NDAA (မိုင်းလား) အဖွဲ့မှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံ၍ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ  ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NDAA (မိုင်းလား) အဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်တို့ တက်ရောက်ကြပြီး NDAA (မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တြိဂံဒေသတိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း (COVID-19) ရောဂါနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် လိုအပ်သည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခင်ခရီးစဉ်တွင်လည်း မိုင်းလားနယ်မြေအတွက် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် တပ်မတော်ဆေးကုသရေး အဖွဲ့များ မိုင်းလားဒေသသို့ စေလွှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ (COVID-19) ရောဂါ သည် မှန်းဆ၍ မရဘဲ မမြင်ရ၊ မကြားရသည့်အတွက် တစ်ဦးချင်းအသိစိတ်ဖြင့် ဆင်ခြင်နေထိုင်ကြစေလိုကြောင်း၊ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ပြီဟုဆိုသော်လည်း ရောဂါ ဗီဇဖြစ်ပေါ်ပြောင်းလဲလာမှု အခြေအနေများအရ ရောဂါကာကွယ်နိုင်မှုကို အတိအကျ အာမခံ၍ ရမည်မဟုတ်ကြောင်း။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးပြီး စီးပွား ရေးကောင်းမွန်စေလိုပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဒေသတွင်း၌ပင် ထုတ်ယူသုံးစွဲနိုင်မည့် အရင်းအမြစ်များရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို မိုင်းလားဒေသအတွင်း၌လည်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိဒေသတွင် ရှိနေသည့် အရင်းအမြစ်များကို အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကို အားပေးကြရမည် ဖြစ်ပြီး မိုင်းလားဒေသမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ကျိုင်းတုံရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားစေလိုကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တစ်ဖွဲ့တည်းရပ်တည်ဆောင်ရွက်၍ မရဘဲ အားလုံးပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ MNDAA ကိုးကန့်အဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းအပေါ် ခိုင်ခိုင်မာမာရပ်တည်လျက် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အရေးကိစ္စနှင့် ပတ်သက်၍တိုင်းရင်းသား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးတွင် ကိုယ်စားပြုပါဝင်မှု ပိုမိုရရှိလာစေရေး အကြံပြုလျက်ရှိပြီး တိုင်းရင်းသားအရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရ၊ ပြည်သူ၊ တပ်မတော်နှင့် နိုင်ငံရေး ပါတီများအားလုံး လက်တွဲဆောင်ရွက်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသအတွင်း အသိပညာရှင်၊ အတတ်ပညာ ရှင်များမွေးထုတ်၍ ဒေသကို ပြန်လည်အကျိုးပြုစေရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်စေလိုသည့် ဆန္ဒဖြင့် အကြံပြုပြောဆိုနေခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ အချိန်မရွေးလိုအပ်သည်များကို တိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို တပ်မတော်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် NDAA (မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များက ပြန်လည် ပြောကြားရာတွင် မိုင်းလားဒေသသို့ (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြု ပစ္စည်းများပေးအပ်ပြီး ဆေးကုသရေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးကာ မိုင်းလားဒေသအား ကြည့်ရှုစောင့်ရှောက်ပေးသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် (COVID-19) ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ မိုင်းလားဒေသအတွင်း ဒေသတွင်းရောဂါကူးစက်ခံရသူ တစ်ဦးတစ်ယောက်မျှမရှိပါကြောင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ဆရာဝန်များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက အမြဲမပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ တပ်မတော်နှင့် အတူလက်တွဲ၍ မိမိတို့ ဒေသ၌ နှစ်ပေါင်း ၃၀ ကျော်ကြာ ပဋိပက္ခများ မရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ လက်တွေ့တွင်လည်း တပ်မတော်နှင့် နီးနီးကပ်ကပ် ဆက်သွယ်ဆက်ဆံ ဆောင်ရွက်၍ ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နေရခြင်းဖြစ်ရာ နောင်တွင်လည်း တပ်မတော်က ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် NDAA (မိုင်းလား) အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ် လျှောက်လှမ်းရန် အမြဲတစေဆန္ဒရှိပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NDAA (မိုင်းလား) အဖွဲ့ အတွက် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် မိုင်းလားဆေးရုံအတွက် ခွဲစိတ်ခန်းသုံး ဆေးနှင့် ဆေးပစ္စည်း ၃ မျိုးတို့ကိုပေးအပ်လှူဒါန်းရာ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဒေသထွက်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက NDAA(မိုင်းလား) အဖွဲ့မှ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ NDAA (မိုင္းလား) အဖြဲ႕မွတာဝန္ရွိသူမ်ားအားလက္ခံေတြ႕ဆုံ၍ COVID-19 ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္

ေနျပည္ေတာ္၊ စက္တင္ဘာ – ၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ NDAA (မိုင္းလား) အဖြဲ႕မွ တာဝန္ရွိသူမ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ ေ႐ႊႀတိဂံဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ႀတိဂံေဒသတိုင္းစစ္ ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္တို႔ တက္ေရာက္ၾကၿပီး NDAA (မိုင္းလား) အဖြဲ႕မွ ဦးစိုင္းလင္းႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႀတိဂံေဒသတိုင္းစစ္ ဌာနခ်ဳပ္နယ္ေျမအတြင္း (COVID-19) ေရာဂါႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ား ေပါင္းစပ္ညႇိႏႈိင္းေပးရန္ႏွင့္ လိုအပ္သည့္ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္ရန္လာေရာက္ျခင္းျဖစ္ေၾကာင္း၊ ယခင္ခရီးစဥ္တြင္လည္း မိုင္းလားနယ္ေျမအတြက္ ေရာဂါကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားႏွင့္ တပ္မေတာ္ေဆးကုသေရး အဖြဲ႕မ်ား မိုင္းလားေဒသသို႔ ေစလႊတ္ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ (COVID-19) ေရာဂါ သည္ မွန္းဆ၍ မရဘဲ မျမင္ရ၊ မၾကားရသည့္အတြက္ တစ္ဦးခ်င္းအသိစိတ္ျဖင့္ ဆင္ျခင္ေနထိုင္ၾကေစလိုေၾကာင္း၊ ကာကြယ္ေဆးမ်ား ထုတ္လုပ္ႏိုင္ၿပီဟုဆိုေသာ္လည္း ေရာဂါ ဗီဇျဖစ္ေပၚေျပာင္းလဲလာမႈ အေျခအေနမ်ားအရ ေရာဂါကာကြယ္ႏိုင္မႈကို အတိအက် အာမခံ၍ ရမည္မဟုတ္ေၾကာင္း။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ေဒသအတြင္း ပညာေရး၊ က်န္းမာေရး ဖြံ႕ၿဖိဳးၿပီး စီးပြား ေရးေကာင္းမြန္ေစလိုၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မရွိမျဖစ္လိုအပ္ခ်က္ျဖစ္သည့္ လွ်ပ္စစ္စြမ္းအင္လိုအပ္ခ်က္ကို ေဒသတြင္း၌ပင္ ထုတ္ယူသုံးစြဲႏိုင္မည့္ အရင္းအျမစ္မ်ားရွိေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားကို မိုင္းလားေဒသအတြင္း၌လည္း ေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ မိမိေဒသတြင္ ရွိေနသည့္ အရင္းအျမစ္မ်ားကို အသုံးခ်၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္အတြက္ ပညာေရးကို အားေပးၾကရမည္ ျဖစ္ၿပီး မိုင္းလားေဒသမွ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို က်ိဳင္းတုံရွိ တကၠသိုလ္မ်ားတြင္ လာေရာက္ပညာသင္ၾကားေစလိုေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ျပည္ေထာင္စုႏိုင္ငံျဖစ္သည့္အတြက္ တစ္ဖြဲ႕တည္းရပ္တည္ေဆာင္႐ြက္၍ မရဘဲ အားလုံးပူးေပါင္းေဆာင္႐ြက္မႈျဖင့္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ MNDAA ကိုးကန႔္အဖြဲ႕ အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ လက္နက္ကိုင္ လမ္းစဥ္ကို စြန႔္လႊတ္၍ ႏိုင္ငံေရးအရေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ တပ္မေတာ္အေနျဖင့္ NCA လမ္းေၾကာင္းအေပၚ ခိုင္ခိုင္မာမာရပ္တည္လ်က္ ထာ၀ရၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း၊ တိုင္းရင္းသားမ်ား၏ အေရးကိစၥႏွင့္ ပတ္သက္၍တိုင္းရင္းသား ကိုယ္စားလွယ္မ်ား လႊတ္ေတာ္အသီးသီးတြင္ ကိုယ္စားျပဳပါဝင္မႈ ပိုမိုရရွိလာေစေရး အႀကံျပဳလ်က္ရွိၿပီး တိုင္းရင္းသားအေရးကို အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အစိုးရ၊ ျပည္သူ၊ တပ္မေတာ္ႏွင့္ ႏိုင္ငံေရး ပါတီမ်ားအားလုံး လက္တြဲေဆာင္႐ြက္ၿပီး တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဝိုင္းဝန္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ မိုင္းလားေဒသအတြင္း အသိပညာရွင္၊ အတတ္ပညာ ရွင္မ်ားေမြးထုတ္၍ ေဒသကို ျပန္လည္အက်ိဳးျပဳေစရမည္ျဖစ္ေၾကာင္း၊ မိုင္းလားေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျဖစ္ေစလိုသည့္ ဆႏၵျဖင့္ အႀကံျပဳေျပာဆိုေနျခင္းျဖစ္ေၾကာင္း၊ က်န္းမာေရးႏွင့္ ပတ္သက္၍ အခ်ိန္မေ႐ြးလိုအပ္သည္မ်ားကို တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ဆက္သြယ္ေဆာင္႐ြက္ရန္ႏွင့္ လိုအပ္သည္မ်ားကို တပ္မေတာ္မွ ကူညီေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ NDAA (မိုင္းလား) အဖြဲ႕မွ ဦးစိုင္းလင္းႏွင့္ အဖြဲ႕ဝင္မ်ားက ျပန္လည္ ေျပာၾကားရာတြင္ မိုင္းလားေဒသသို႔ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးလုပ္ငန္း အေထာက္အကူျပဳ ပစၥည္းမ်ားေပးအပ္ၿပီး ေဆးကုသေရးအဖြဲ႕မ်ား ေစလႊတ္ေဆာင္႐ြက္ေပးကာ မိုင္းလားေဒသအား ၾကည့္ရႈေစာင့္ေရွာက္ေပးသည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားကို အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း၊ ယခုကဲ့သို႔ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာမ်ားႏွင့္ (COVID-19) ေရာဂါႏွင့္ ပတ္သက္၍ ေဆြးေႏြးေျပာၾကားေပးသည့္အတြက္လည္း ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိတို႔ မိုင္းလားေဒသအတြင္း ေဒသတြင္းေရာဂါကူးစက္ခံရသူ တစ္ဦးတစ္ေယာက္မွ်မရွိပါေၾကာင္း၊ ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားကို ၿမိဳ႕နယ္ဆရာဝန္မ်ား၊ တပ္မေတာ္ေဆးတပ္ဖြဲ႕ဝင္မ်ားက အၿမဲမျပတ္ကူညီေဆာင္႐ြက္ေပးလ်က္ရွိပါ ေၾကာင္း၊ တပ္မေတာ္ႏွင့္ အတူလက္တြဲ၍ မိမိတို႔ ေဒသ၌ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ပဋိပကၡမ်ား မရွိေအာင္ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ လက္ေတြ႕တြင္လည္း တပ္မေတာ္ႏွင့္ နီးနီးကပ္ကပ္ ဆက္သြယ္ဆက္ဆံ ေဆာင္႐ြက္၍ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ လုံၿခဳံေရးကိစၥရပ္မ်ားကို ေဆာင္႐ြက္ေနရျခင္းျဖစ္ရာ ေနာင္တြင္လည္း တပ္မေတာ္က ဆက္လက္ကူညီ ေဆာင္႐ြက္ေပးႏိုင္ရန္ႏွင့္ NDAA (မိုင္းလား) အဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းစဥ္ ေလွ်ာက္လွမ္းရန္ အၿမဲတေစဆႏၵရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က NDAA (မိုင္းလား) အဖြဲ႕ အတြက္ (COVID-19) ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး လုပ္ငန္းအေထာက္အကူျပဳ ပစၥည္းမ်ား ျဖစ္သည့္ Surgical Mask ၂၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၃၀၀ စုံ၊ N 95 Mask ၁၀၀၀ ခု၊ Face Shield ၂၅၀ ခု၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံထုတ္ စားေသာက္ဖြယ္ရာမ်ား၊ လူသုံးကုန္ပစၥည္းမ်ားႏွင့္ မိုင္းလားေဆး႐ုံအတြက္ ခြဲစိတ္ခန္းသုံး ေဆးႏွင့္ ေဆးပစၥည္း ၃ မ်ိဳးတို႔ကိုေပးအပ္လႉဒါန္းရာ ဦးစိုင္းလင္းႏွင့္ အဖြဲ႕ဝင္မ်ားက လက္ခံရယူၿပီး ေဒသထြက္လက္ေဆာင္မ်ားကို ျပန္လည္ေပးအပ္သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက NDAA(မိုင္းလား) အဖြဲ႕မွ ဦးစိုင္းလင္းႏွင့္ အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။