တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ တပ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုအခြေအနေအား စစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၇

တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းသို့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်ရန်နှင့် နယ်မြေခံတပ်ဌာနချုပ်များ၏ လုပ်ငန်းဆောင်ရွက်မှုများအား စစ်ဆေးရန်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းကြီး ၄ ရပ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ နယ်မြေ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ တပ်မိသားစုသက်သာချောင်ချိရေး ဆိုင်ရာဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ရေးအတွက် တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေလုံခြုံရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို တပ်နယ်အလိုက်တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း RCSS/SSA အဖွဲ့ကို လွယ်တိုင်းလျှံဒေသ နှင့် မိုင်းပန်တောင်ခြမ်းဒေသတို့တွင်သာ ခွင့်ပြုပေးထားကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာကြရန်နှင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာကြံ့ခိုင်အောင် နေထိုင်စားသောက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး တပ်မိသားစုဝင်များအပြင် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးပြီး ဒေသခံများ၏ သက်သာချောင်ချိရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ မိသားစုဝင်များနှင့် ဒေသခံများ၏ ပညာအရည်အချင်း မြင့်မားမှုရှိအောင် ပညာရေးအားပေးမှုရှိစေရန် တိုက်တွန်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုတွင် အနိမ့်ဆုံး အခြေအနေသို့ရောက်ရှိနေသဖြင့် သက်ဆိုင်ရာ တပ်အသီးသီးမှ တာဝန်ရှိသူများက ပညာရေးနှင့် ပတ်သက်၍ ဒေသခံများ အမြင်ကျယ်ကျယ်ဖြင့် အလေးထား အားပေးမှုရှိအောင် တိုက်တွန်းအသိပေးကူညီကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အမြဲကာကွယ်စောင့်ရှောက်လျက်ရှိပြီး ပြည်သူကအားကိုးရပြီး နိုင်ငံတော်ကအားထားရသည့် တပ်မတော်ဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ သည် စက်တင်ဘာ ၆ ရက် နေ့လယ်ပိုင်းတွင် ရွှေတြိဂံဧည့်ခန်းမဆောင်၌ ပြုလုပ်သည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ၉/၂၀၂၀ အစည်းအဝေးသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တပ်နယ်အသီးသီးမှ အရာရှိကြီးများ၏ ဇနီးများနှင့် အတူတက်ရောက်၍ ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးပြောကြားရာတွင် အစည်းအဝေးသို့ အနီးကပ်တက်ရောက်လေ့လာပြီး အနီးကပ်သုံးသပ်ချက်များပြုလုပ်ပေးနိုင်သည့်အတွက် ဝမ်းသာမိပါကြောင်း၊ တပ်မတော် မိသားစုများအနေဖြင့် မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေး၊ ပညာရေး အဆင့်အတန်းမြှော်မှန်းချက်မြှင့်တင်ရေးတို့အတွက် တပ်မတော်၏ ပံ့ပိုးကူညီလုပ်ဆောင်မှုများကို သိရှိနေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သားသမီးများအားလုံးကို အဆင့်မြင့်ပညာရေးများအတွက် လမ်းညွှန်ပျိုးထောင်ကြရမည် ဖြစ်ကြောင်း၊ တပ်မတော် မှလည်း စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိကြောင်း၊ ပညာတတ်သူ၏ အတွေးအခေါ် မြော်မြင်မှုသည် ပိုမိုကောင်းမွန်တန်ဖိုးရှိမည်ဖြစ်ပြီး တိုင်းပြည်အနာဂတ်အတွက် မြင့်မားသော တွေးခေါ်မြော်မြင်မှုများဖြင့် တိုင်းပြည်အတွက် လိုအပ်သည့် သားသမီးကောင်းများ၊ ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပြုစု ပျိုးထောင်ပေးကြရန် လိုအပ်ကြောင်း။

တပ်မတော်သားများ၏ ပါရမီဖြည့်ဖက်များအနေဖြင့် ဝတ်စားဆင်ယင်ရာတွင်လည်း မိမိအဆင့်နှင့်လျော်ညီစွာ ယဉ်ကျေးမှုပုံစံနှင့်အညီ သပ်ရပ်စွာ ဝတ်စားဆင်ယင်ခြင်းဖြင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ ခင်ပွန်းသည် ဖြစ်သူ စစ်ဆင်ရေးနှင့်အခြားတာဝန်များ ထမ်းဆောင်နေရသည့်အတွက် မိမိကိုယ်ကိုယ် အားကိုးပြီး သားသမီးများကို ဦးဆောင်ဆောင်ရွက်နေကြရမှုများကို စာနာနားလည်ပါ ကြောင်း၊ မိမိကိုယ်တိုင်လည်း ၎င်းအတွေ့အကြုံကို ဖြတ်သန်းခဲ့ရပါကြောင်း၊ ကိုယ့်အား ကိုယ်ကိုး မယိမ်းမယိုင် ကြံ့ကြံ့ခိုင်သောစိတ်ဓာတ်များ မွေးမြူရမည်ဖြစ်ကြောင်း၊ နယ်မြေဒေသအသီးသီးမှ တပ်မတော်အတွင်း လာရောက်ဆုံဆည်း၍ ဘ၀အရေး၊ တပ်မတော်အရေး၊ နိုင်ငံ့အရေးများကို ဆောင်ရွက်နေကြရာ မှန်ကန်သော အသိစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့် တစ်ဦး စာနာနားလည်မှုဖြင့် ချစ်ခင်စွာ လက်တွဲနေထိုင်ကြရန်လိုအပ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးက လက်ခံရယူခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႀတိဂံေဒသတိုင္းစစ္ ဌာနခ်ဳပ္၊ တပ္တည္ေဆာက္ေရးလုပ္ငန္း ေဆာင္႐ြက္ႏိုင္မႈအေျခအေနအား စစ္ေဆး

ေနျပည္ေတာ္၊ စက္တင္ဘာ – ၇

ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္းသို႔ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္ရန္ႏွင့္ နယ္ေျမခံတပ္ဌာနခ်ဳပ္မ်ား၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားအားစစ္ေဆးရန္ေရာက္ရွိေနသည့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အဖြဲ႕ဝင္မ်ားအား ႀတိဂံေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္ အစည္းအေဝးခန္းမ၌ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း တပ္တည္ေဆာက္ေရးဆိုင္ရာ လုပ္ငန္းႀကီး ၄ ရပ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ နယ္ေျမ ေဒသလုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးဆိုင္ရာမ်ား၊ တပ္မိသားစုသက္သာေခ်ာင္ခ်ိေရး ဆိုင္ရာေဆာင္႐ြက္ေပးေနမႈအေျခအေနမ်ားႏွင့္ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ေရးအတြက္ တပ္မိသားစုဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားသို႔ ေဆာင္႐ြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားကို ရွင္းလင္းတင္ျပသည္။

ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမ တည္ၿငိမ္ေအးခ်မ္းေရး၊ နယ္ေျမလုံၿခဳံေရးႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးကို တပ္နယ္အလိုက္တာဝန္ရွိသူမ်ားက အေလးထားေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း RCSS/SSA အဖြဲ႕ကို လြယ္တိုင္းလွ်ံေဒသ ႏွင့္ မိုင္းပန္ေတာင္ျခမ္းေဒသတို႔တြင္သာ ခြင့္ျပဳေပးထားေၾကာင္း၊ COVID-19 ေရာဂါ ကာကြယ္ေရးအတြက္ သတ္မွတ္ထားသည့္ စည္းကမ္းမ်ားအတိုင္း လိုက္နာၾကရန္ႏွင့္ ကိုယ္ခံအားေကာင္းၿပီး က်န္းမာႀကံ့ခိုင္ေအာင္ ေနထိုင္စားေသာက္ရမည္ ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ေဆာင္႐ြက္ၿပီး တပ္မိသားစုဝင္မ်ားအျပင္ ေဒသခံမ်ားႏွင့္ ဌာနဆိုင္ရာဝန္ထမ္းမ်ားသို႔ သက္သာေသာ ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးၿပီး ေဒသခံမ်ား၏ သက္သာေခ်ာင္ခ်ိေရးကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳႏိုင္ရမည္ျဖစ္ေၾကာင္း၊ မိသားစုဝင္မ်ားႏွင့္ ေဒသခံမ်ား၏ ပညာအရည္အခ်င္း ျမင့္မားမႈရွိေအာင္ ပညာေရးအားေပးမႈရွိေစရန္ တိုက္တြန္းေဆာင္႐ြက္ၾကရမည္ျဖစ္ ေၾကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သည္ တကၠသိုလ္ဝင္တန္းေအာင္ျမင္မႈတြင္ အနိမ့္ဆုံး အေျခအေနသို႔ေရာက္ရွိေနသျဖင့္ သက္ဆိုင္ရာ တပ္အသီးသီးမွ တာဝန္ရွိသူမ်ားက ပညာေရးႏွင့္ ပတ္သက္၍ ေဒသခံမ်ား အျမင္က်ယ္က်ယ္ျဖင့္ အေလးထား အားေပးမႈရွိေအာင္ တိုက္တြန္းအသိေပးကူညီၾကရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္လုံၿခဳံေရး၊ ကာကြယ္ေရးႏွင့္ ျပည္သူတို႔၏ အသက္အိုးအိမ္စည္းစိမ္ကို အၿမဲကာကြယ္ေစာင့္ေရွာက္လ်က္ရွိၿပီး ျပည္သူကအားကိုးရၿပီး ႏိုင္ငံေတာ္ကအားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီးေဒၚၾကဴၾကဴလွ သည္ စက္တင္ဘာ ၆ ရက္ ေန႔လယ္ပိုင္းတြင္ ေ႐ႊႀတိဂံဧည့္ခန္းမေဆာင္၌ ျပဳလုပ္သည့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ မိသားစုစည္း႐ုံးေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီ ၉/၂၀၂၀ အစည္းအေဝးသို႔ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၏ဇနီး၊ တပ္နယ္အသီးသီးမွ အရာရွိႀကီးမ်ား၏ ဇနီးမ်ားႏွင့္ အတူတက္ေရာက္၍ ေဆြးေႏြးေျပာ ၾကားသည္။

ေဆြးေႏြးေျပာၾကားရာတြင္ အစည္းအေဝးသို႔ အနီးကပ္တက္ေရာက္ေလ့လာၿပီး အနီးကပ္သုံးသပ္ခ်က္မ်ားျပဳလုပ္ေပးႏိုင္သည့္အတြက္ ဝမ္းသာမိပါေၾကာင္း၊ တပ္မေတာ္ မိသားစုမ်ားအေနျဖင့္ မိမိတို႔၏ သားသမီးမ်ား၏ ပညာရည္ျမင့္မားေရး၊ ပညာေရး အဆင့္အတန္းေျမႇာ္မွန္းခ်က္ျမႇင့္တင္ေရးတို႔အတြက္ တပ္မေတာ္၏ ပံ့ပိုးကူညီလုပ္ေဆာင္မႈမ်ားကို သိရွိေနၾကမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔၏ သားသမီးမ်ားအားလုံးကို အဆင့္ျမင့္ပညာေရးမ်ားအတြက္ လမ္းၫႊန္ပ်ိဳးေထာင္ၾကရမည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္ မွလည္း စဥ္ဆက္မျပတ္ပံ့ပိုးေပးလ်က္ရွိေၾကာင္း၊ ပညာတတ္သူ၏ အေတြးအေခၚ ေျမာ္ျမင္မႈသည္ ပိုမိုေကာင္းမြန္တန္ဖိုးရွိမည္ျဖစ္ၿပီး တိုင္းျပည္အနာဂတ္အတြက္ ျမင့္မားေသာ ေတြးေခၚေျမာ္ျမင္မႈမ်ားျဖင့္ တိုင္းျပည္အတြက္ လိုအပ္သည့္ သားသမီးေကာင္းမ်ား၊ ဝန္ထမ္းေကာင္းမ်ား၊ ေခါင္းေဆာင္ေကာင္းမ်ား ေပၚထြက္လာေအာင္ ေမြးထုတ္ျပဳစု ပ်ိဳးေထာင္ေပးၾကရန္ လိုအပ္ေၾကာင္း။

တပ္မေတာ္သားမ်ား၏ ပါရမီျဖည့္ဖက္မ်ားအေနျဖင့္ ဝတ္စားဆင္ယင္ရာတြင္လည္း မိမိအဆင့္ႏွင့္ေလ်ာ္ညီစြာ ယဥ္ေက်းမႈပုံစံႏွင့္အညီ သပ္ရပ္စြာ ဝတ္စားဆင္ယင္ျခင္းျဖင့္ တပ္မေတာ္၏ ဂုဏ္ကိုျမႇင့္တင္ထိန္းသိမ္းၾကရမည္ျဖစ္ေၾကာင္း၊ ခင္ပြန္းသည္ ျဖစ္သူ စစ္ဆင္ေရးႏွင့္အျခားတာဝန္မ်ား ထမ္းေဆာင္ေနရသည့္အတြက္ မိမိကိုယ္ကိုယ္ အားကိုးၿပီး သားသမီးမ်ားကို ဦးေဆာင္ေဆာင္႐ြက္ေနၾကရမႈမ်ားကို စာနာနားလည္ပါ ေၾကာင္း၊ မိမိကိုယ္တိုင္လည္း ၎အေတြ႕အႀကဳံကို ျဖတ္သန္းခဲ့ရပါေၾကာင္း၊ ကိုယ့္အား ကိုယ္ကိုး မယိမ္းမယိုင္ ႀကံ့ႀကံ့ခိုင္ေသာစိတ္ဓာတ္မ်ား ေမြးျမဴရမည္ျဖစ္ေၾကာင္း၊ နယ္ေျမေဒသအသီးသီးမွ တပ္မေတာ္အတြင္း လာေရာက္ဆုံဆည္း၍ ဘ၀အေရး၊ တပ္မေတာ္အေရး၊ ႏိုင္ငံ့အေရးမ်ားကို ေဆာင္႐ြက္ေနၾကရာ မွန္ကန္ေသာ အသိစိတ္ဓာတ္ျဖင့္ စည္းလုံးညီၫြတ္စြာ ေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဦးႏွင့္ တစ္ဦး စာနာနားလည္မႈျဖင့္ ခ်စ္ခင္စြာ လက္တြဲေနထိုင္ၾကရန္လိုအပ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး၏ ဇနီးက လက္ခံရယူခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။