တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ – ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် General MM Naravane, PVSM, AVSM, SM, VSM, ADC အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်တို့ တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh Kumar ၊ အိန္ဒိယစစ်သံမှူး Colonel Ketan Arun Mohite နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာရေးဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နှစ်ပေါင်းများစွာကတည်းကပင် တပ်မတော်နှစ်ရပ်အကြား ကောင်းမွန်သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ကာကွယ်ရေး၊ လေ့ကျင့်ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်၊ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒများနှင့်အညီဆောင်ရွက်လျက်ရှိပြီး အာဆီယံမူဝါဒအတိုင်း ဆောင်ရွက်လျက် ရှိသည့်အခြေအနေများ၊ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် တိုင်းပြည်နှင့်ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှုကို မည်သည့်တပ်မတော်ကမှ မလိုလားသည်ဖြစ်၍ ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အပြန်အလှန်ယုံကြည်မှုဖြင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နယ်စပ်ဒေသလမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယကြည်းတပ်ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Verion)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အိႏၵိယၾကည္းတပ္ဦးစီးခ်ဳပ္ General MM Naravane အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယ ၾကည္းတပ္ဦးစီးခ်ဳပ္ General MM Naravane, PVSM, AVSM, SM, VSM, ADC အား ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ဖုန္းျမတ္တို႔တက္ေရာက္ၾကၿပီး အိႏၵိယၾကည္းတပ္ဦးစီးခ်ဳပ္ General MM Naravane ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E.Mr. Saurabh Kumar ၊ အိႏၵိယစစ္သံမႉး Colonel Ketan Arun Mohite ႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္အိႏၵိယႏိုင္ငံတို႔သည္ မိတ္ေဆြရင္း၊ မိတ္ေဆြ ေကာင္းႏိုင္ငံမ်ားျဖစ္ၿပီး ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးျမင့္ခိုင္မာေရးေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ႏွစ္ေပါင္းမ်ားစြာကတည္းကပင္ တပ္မေတာ္ႏွစ္ရပ္အၾကား ေကာင္းမြန္ သည့္ ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားရွိခဲ့ၿပီး နယ္စပ္ေဒသတည္ၿငိမ္ ေအးခ်မ္းေရး၊ ကာကြယ္ေရး၊ ေလ့က်င့္ေရးႏွင့္ အျခားက႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ အေနျဖင့္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးမူႀကီး ၅ ရပ္၊ လြတ္လပ္၍တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒမ်ားႏွင့္အညီေဆာင္႐ြက္လ်က္ရွိၿပီး အာဆီယံမူဝါဒအတိုင္း ေဆာင္႐ြက္လ်က္ ရွိသည့္အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္ကို ေခတ္မီတပ္မေတာ္အျဖစ္ တည္ေဆာက္လ်က္ရွိသည့္အေျခအေနမ်ား၊ ႏိုင္ငံတိုင္းရွိ တပ္မေတာ္တိုင္းသည္ တိုင္းျပည္ႏွင့္ျပည္သူ၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ရန္အတြက္ျဖစ္ၿပီး လက္နက္ကိုင္ပဋိပကၡျဖစ္ပြားေနမႈကို မည္သည့္တပ္မေတာ္ကမွ မလိုလားသည္ျဖစ္၍ ပဋိပကၡမ်ားကို ၿငိမ္းခ်မ္းေသာ နည္းျဖင့္သာ ေျဖရွင္းေဆာင္႐ြက္ရန္ လိုအပ္သည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံႏွင့္ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အျပန္အလွန္ယုံၾကည္မႈျဖင့္ ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ နယ္စပ္ေဒသလမ္းပန္း ဆက္သြယ္မႈေကာင္းမြန္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ေနမႈအေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယၾကည္းတပ္ ဦးစီးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။