အမျိုးဘာသာသာသနာ၊ အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာ၊ အမျိုးသား အကျိုးစီးပွားတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်

နေပြည်တော်၊ အောက်တိုဘာ -၂၇

သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝတရားကိုထိန်းသိမ်းပေးခြင်းဖြစ်၍ ကောင်းမွန်သည့် အလုပ်ဖြစ်သောကြောင့် လူတစ်ဦး တစ်ယောက်ချင်းသာမက လူတိုင်းလူတိုင်း လုပ်ဆောင်ကြရန်တာဝန်ရှိကြောင်း၊ သဘာဝတရားက ပေးအပ်လိမ့်မည်ဟု အားကိုး နေ၍မရဘဲ မိမိတို့လုပ်သင့်လုပ်ထိုက်သည်များကို နှစ်စဉ်မှန်မှန်ကန်ကန်လုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း ဆည်အနီး၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ ၏ ရေဆင်းဆည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ၂၀၁၇ ခုနှစ်၊ တတိယ အကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု များအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များပြုလုပ်ပြီး ရေဆင်းဆည်ပတ်ဝန်းကျင်တွင် နှစ်စဉ် စိုက်ပျိုးခဲ့ကြောင်း၊ ထို့အတူ တပ်မတော်တစ်ရပ်လုံးရှိ တပ်ရင်း/တပ်ဖွဲ့များတွင်လည်း စိုက်ပျိုးကြသကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း စိုက်ပျိုးခဲ့ကြကြောင်း၊ တပ်မတော်တပ်ရပ်လုံးအနေဖြင့် သစ်ပင်စုစုပေါင်း ၉ ဒသမ ၅ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုနှစ် နိုင်ငံအတွင်းရှိ ဆည်များ၊ ကန်များ ရေဝင်မှုအခြေအနေကောင်း မွန်ကြောင်း၊ ယင်းမှာ သဘာ၀ တရားကြောင့်ဖြစ်၍ သဘာဝတရားကောင်းမွန်အောင် ထိန်းသိမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ရေဆင်းဆည်တွင်လည်း ယခုနှစ်တွင် ရေပြည့်မှတ်ကို ကျော်လွန်ပြီး ရေလျှံကြောင်း၊ ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမအကြိမ် ရေလျှံခြင်းဖြစ်ကြောင်း၊ သဘာဝတရားကို အကျိုးရှိအောင် အသုံးပြုပြီး မဖြုန်းတီးကြရန် လည်းလိုကြောင်း၊ ချင့်ချိန်သုံးစွဲကြရမည်ဖြစ်ကြောင်း၊ ရေပေါများသည်ဆိုပြီး အဟောသည့်ကံ လုပ်၍မရသကဲ့သို့ သစ်ပင်သစ်တောများ မပြုန်းတီးစေရန် စည်းကမ်းမဲ့စွာ ခုတ်လှဲခြင်းများ မပြုလုပ်ရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်ပြီး သဘာဝတရားကို ဝိုင်းဝန်းထိန်းသိမ်းရန် လူတိုင်းတွင် တာဝန်ရှိသကဲ့သို့ နိုင်ငံ၏အမျိုးဘာသာ သာသနာ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ၊ အမျိုးသားအကျိုးစီးပွားတို့ကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြောင်း၊ ယနေ့ Globalization ကာလကြီးတွင် ခြံစည်းရိုး အကာအရံ အတား အဆီးမရှိဘဲ ကမ္ဘာအနှံ့ လျှင်မြန်စွာပြန့်နှံ့နိုင်သောကြောင့် ဖွံ့ဖြိုးတိုးတက်မှုများကို အားလုံးကခံစားနိုင်ကြကြောင်း၊ မကောင်း သောစရိုက် လက္ခဏာများမပြန့်ပွားရန် ကောင်းသောတိုးတက်ရာတိုးတက်ကြောင်းကိုသာ ကြိုးစား လုပ်ဆောင်ရန်၊ တိုင်းပြည်၏ကောင်းသော အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက် ပျက်အောင် လူတိုင်းက ထိန်းသိမ်းကြရန်လိုကြောင်း၊ နိုင်ငံတွင်နေ ထိုင်ကြသူတိုင်း က နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံကောင်းအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံကို ကာကွယ်ရန်မှာလည်း နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ပြောကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ကျွန်းပင်များအား အသီးသီး စိုက်ပျိုး ပေးကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စိုက်ပျိုးပင်များ စုပေါင်းစိုက် ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ ၂၀၁၇ ခုနှစ်၊ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၇၅၀၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ယခုနှစ်အတွင်းရေဆင်းဆည်အနီး စုစုပေါင်း ၂၂၇၀၀ ပင်အား စိုက်ပျိုးနိုင်ခဲ့သည်။

(Zawgyi Version)

အမ်ိဳးဘာသာသာသနာ၊ အမ်ိဳးသားယဥ္ေက်းမႈစ႐ိုက္ လကၡဏာ၊ အမ်ိဳးသား အက်ိဳးစီးပြားတို႔ကို မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ရန္ ႏိုင္ငံသားတိုင္းတြင္တာဝန္

ေနျပည္ေတာ္၊ ေအာက္တိုဘာ -၂၇

သစ္ပင္စိုက္ပ်ိဳးျခင္းသည္ သဘာ၀တရားကိုထိန္းသိမ္းေပးျခင္းျဖစ္၍ ေကာင္းမြန္သည့္ အလုပ္ျဖစ္ေသာေၾကာင့္ လူတစ္ဦး တစ္ေယာက္ခ်င္းသာမက လူတိုင္းလူတိုင္း လုပ္ေဆာင္ၾကရန္တာ၀န္ရွိေၾကာင္း၊ သဘာ၀တရားက ေပးအပ္လိမ့္မည္ဟု အားကိုး ေန၍မရဘဲ မိမိတို႔လုပ္သင့္လုပ္ထုိက္သည္မ်ားကို ႏွစ္စဥ္မွန္မွန္ကန္ကန္လုပ္ေဆာင္ သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေရဆင္း ဆည္အနီး၌ က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား ၏ ေရဆင္းဆည္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးအတြက္ ၂၀၁၇ ခုႏွစ္၊ တတိယ အႀကိမ္မိုးရာသီသစ္ပင္စိုက္ပ်ိဳးပဲြအခမ္းအနားတြင္ အမွာစကားေျပာၾကားရာ၌ ထည့္သြင္း ေျပာၾကားသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ေရ၊ေလ) မိသားစု မ်ားအေနျဖင့္ ၂၀၁၁ ခုႏွစ္မွစ၍ မုိးရာသီသစ္ပင္စိုက္ပ်ိဳးပြဲေတာ္မ်ားျပဳလုပ္ၿပီး ေရဆင္းဆည္ပတ္၀န္းက်င္တြင္ ႏွစ္စဥ္ စိုက္ပ်ိဳးခဲ့ေၾကာင္း၊ ထုိ႔အတူ တပ္မေတာ္တစ္ရပ္လံုးရွိ တပ္ရင္း/တပ္ဖြဲ႕မ်ားတြင္လည္း စိုက္ပ်ိဳးၾကသကဲ့သို႔ သက္ဆိုင္ရာ ၀န္ႀကီးဌာနမ်ားကလည္း စိုက္ပ်ိဳးခဲ့ၾကေၾကာင္း၊ တပ္မေတာ္တပ္ရပ္လံုးအေနျဖင့္ သစ္ပင္စုစုေပါင္း ၉ ဒသမ ၅ သန္းခန္႔ စိုက္ပ်ိဳးႏိုင္ခဲ့ေၾကာင္း၊ ယခုႏွစ္ ႏိုင္ငံအတြင္းရွိ ဆည္မ်ား၊ ကန္မ်ား ေရ၀င္မႈအေျခအေနေကာင္း မြန္ေၾကာင္း၊ ယင္းမွာ သဘာ၀ တရားေၾကာင့္ျဖစ္၍ သဘာ၀တရားေကာင္းမြန္ေအာင္ ထိန္းသိမ္းလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ေရဆင္းဆည္တြင္လည္း ယခုႏွစ္တြင္ ေရျပည့္မွတ္ကို ေက်ာ္လြန္ၿပီး ေရလွ်ံေၾကာင္း၊ ၂၀၀၉ ခုႏွစ္ ေနာက္ပိုင္း ပထမအႀကိမ္ ေရလွ်ံျခင္းျဖစ္ေၾကာင္း၊ သဘာ၀တရားကို အက်ိဳးရွိေအာင္ အသံုးျပဳၿပီး မျဖဳန္းတီးၾကရန္ လည္းလိုေၾကာင္း၊ ခ်င့္ခ်ိန္သံုးစြဲၾကရမည္ျဖစ္ေၾကာင္း၊ ေရေပါမ်ားသည္ဆိုၿပီး အေဟာသည့္ကံ လုပ္၍မရသကဲ့သို႔ သစ္ပင္သစ္ေတာမ်ား မျပဳန္းတီးေစရန္ စည္းကမ္းမဲ့စြာ ခုတ္လွဲျခင္းမ်ား မျပဳလုပ္ရန္လိုေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ဆက္လက္ၿပီး သဘာ၀တရားကို ၀ိုင္း၀န္းထိန္းသိမ္းရန္ လူတိုင္းတြင္ တာ၀န္ရွိသကဲ့သို႔ ႏိုင္ငံ၏အမ်ိဳးဘာသာ သာသနာ၊ အမ်ိဳးသားယဥ္ေက်းမႈ စ႐ိုက္လကၡဏာ၊ အမ်ိဳးသားအက်ိဳးစီးပြားတို႔ကိုလည္း မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းရန္၊ ကာကြယ္ေစာင့္ေရွာက္ရန္ ႏိုင္ငံသားတိုင္းတြင္တာ၀န္ရွိေၾကာင္း၊ ယေန႔ Globalization ကာလႀကီးတြင္ ၿခံစည္း႐ိုး အကာအရံ အတား အဆီးမရွိဘဲ ကမၻာအႏွံ႕ လွ်င္ျမန္စြာျပန္႔ႏွံ႔ႏုိင္ေသာေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို အားလံုးကခံစားႏိုင္ၾကေၾကာင္း၊ မေကာင္း ေသာစ႐ုိက္ လကၡဏာမ်ားမျပန္႔ပြားရန္ ေကာင္းေသာတုိးတက္ရာတိုးတက္ေၾကာင္းကိုသာ ႀကိဳးစား လုပ္ေဆာင္ရန္၊ တုိင္းျပည္၏ေကာင္းေသာ အမ်ိဳးသားေရးစ႐ိုက္လကၡဏာမ်ား မေပ်ာက္ ပ်က္ေအာင္ လူတိုင္းက ထိန္းသိမ္းၾကရန္လုိေၾကာင္း၊ ႏိုင္ငံတြင္ေန ထိုင္ၾကသူတုိင္း က ႏိုင္ငံခ်စ္စိတ္ျဖင့္ ႏိုင္ငံေကာင္းေအာင္ လုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ အလားတူ ႏိုင္ငံကို ကာကြယ္ရန္မွာလည္း ႏိုင္ငံသားတိုင္းတြင္ တာ၀န္ရွိေၾကာင္း ေျပာၾကားသည္။ ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တုိ႔က တတိယအႀကိမ္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပဲြအထိမ္းအမွတ္အျဖစ္ ကြၽန္းပင္မ်ားအား အသီးသီး စိုက္ပ်ိဳး ေပးၾကသည္။

ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီး၊ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသားအရာရွိႀကီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးရွိ ႐ံုး/ဌာနမ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက စုိက္ပ်ဳိးပင္မ်ားအား သတ္မွတ္ေနရာအသီးသီးတြင္ စုိက္ပ်ဳိးၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖဲြ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၏ စိုက္ပ်ိဳးပင္မ်ား စုေပါင္းစိုက္ ပ်ိဳးေနမႈကို လွည့္လည္ၾကည့္႐ႈ အားေပးၾကသည္။ ယေန႔က်င္းပျပဳလုပ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၏ ၂၀၁၇ ခုႏွစ္၊ တတိယအႀကိမ္မိုးရာသီသစ္ပင္စိုက္ပ်ိဳးပဲြတြင္ ကြၽန္းပင္ ၇၅၀၀ ပင္အား စုေပါင္းစိုက္ပ်ိဳးခဲ့ၾကၿပီး ယခုႏွစ္အတြင္းေရဆင္းဆည္အနီး စုစုေပါင္း ၂၂၇၀၀ ပင္အား စုိက္ပ်ိဳးႏုိင္ခဲ႔သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။