နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်- မင်းရဲသိင်္ခသူပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ ၁၅

တပ်မတော်အနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့်ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည်ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ရေ၊လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်မာ့ရေပိုင်နက်ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်မှုအားဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ အကဲကြည့်စစ်ရေယာဉ်- မုတ္တမပေါ်မှ လိုက်ပါကြည့်ရှုအားပေးကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်-မုတ္တမပေါ်သို့ ရဟတ်ယာဉ်များဖြင့်ရောက်ရှိကြရာ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020)ကို ဦးစီးလေ့ကျင့်နေသည့် တာဝန်ရေတပ်မမှူး ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့်နှင့် တာဝန်(ရေ)တပ်ဖွဲ့ကကြိုဆိုခဲ့ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်-မုတ္တမပေါ်မှတစ်ဆင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုသည်။ ထို့နောက် စစ်ရေယာဉ်-မုတ္တမပေါ်တွင် စီးနင်းလိုက်ပါလာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသည့် ရေငုပ်သင်္ဘောစစ်ရေယာဉ်-မင်းရဲသိင်္ခသူနှင့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် စစ်ရေယာဉ်- မုတ္တမ အစည်းအဝေးခန်းမတွင် တာဝန်ရေတပ်မမှူးက အောက်တိုဘာ ၁၂ ရက်မှစ၍လေ့ကျင့်ခန်းဆိုင်ရာ ဆောင်ရွက်လေ့ကျင့်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က ရေငုပ်သင်္ဘောစစ်ရေယာဉ်-မင်းရဲသိင်္ခသူ ဆိုင်ရာအချက်အလက်များနှင့် ရေငုပ်သင်္ဘောဖြင့်လေ့ကျင့်ခြင်းကြောင့် ရေအောက်စစ်ဆင်ရေးဆိုင်ရာစွမ်းရည်များ တိုးမြှင့်ရရှိခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) တွင်ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည်များကို လေ့ကျင့်ခန်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်(ရေ)အတွက် သမိုင်းဝင်မော်ကွန်းတင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ မျှော်မှန်းချက်ဖြစ်သည့် ရေပြာရေတပ် (Blue Water Navy) အဆင့်ကို ရောက်ရှိနိုင်ရေးအတွက် လုပ်ဆောင်ခဲ့သည်မှာ ယနေ့တွင် ခြေလှမ်းသစ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတိုင်းနိုင်ငံတိုင်းသည် ၎င်းတို့၏ ရေတပ်စွမ်းအားမြှင့်တင်ရေးအတွက် လုပ်ဆောင်လျက်ရှိကြကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် စွမ်းရည်မြင့်မားသည့်ရေတပ်ဖြစ်စေရန် စွမ်းအားရှိသည့်စစ်ရေယာဉ်များပိုင်ဆိုင်ရန်လိုအပ်ပြီး ရေငုပ်သင်္ဘောသည်လည်း အပါအဝင်ဖြစ်ကြောင်း၊ ရေတပ်ဖွဲ့တစ်ခုကို တည်ဆောက်ခြင်းသည် လွယ်ကူသည်မဟုတ်ကြောင်း၊ သင်္ဘောတစ်စီးကို တည်ဆောက်ပါက တည်ဆောက်ရေးကာလ၊ တပ်ဆင်မည့်လက်နက်၊ တာဝန်ထမ်းဆောင်မည့်စစ်သည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်မီမှုများကအစ အချိန်ပေးစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောသည် ပိုမို၍ခက်ခဲမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများသည် အခြားနေရာများတွင် တာဝန်ထမ်းဆောင်သည့် စစ်သည်များထက် ပိုမိုကြံ့ခိုင်မှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းတည်ဆောက်ခဲ့ပြီး ပြောင်းလဲလာသည့် စစ်ရေယာဉ် အနေအထားများကိုကြည့်မည်ဆိုပါက ၁၉၉၀ ကျော်ကာလတွင် အခြားသောရေတပ်များဖြင့် နှိုင်းယှဉ်နိုင်သည့် ရေတပ်အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရခြင်းပင်ဖြစ်ကြောင်း၊ ယခုထက်ပိုမို ခေတ်မီသည့် ရေတပ်ဖွဲ့ဖြစ်နိုင်ရေးသည် ရေငုပ်သင်္ဘောများ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် ရေငုပ်သင်္ဘောပိုင်ဆိုင်ရေး ကြိုးပမ်းခဲ့ရမှုများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောကြားရာတွင်-

“ ဒီထက်ပို၍ခေတ်မီတဲ့ ရေတပ်ဖွဲ့ဖြစ်ဖို့ဆိုရင်တော့ စောစောကပြောတဲ့ ရေငုပ်သင်္ဘောတွေပါဝင်မှ ခေတ်မီတဲ့ရေတပ်တပ်ဖွဲ့တစ်ခု ဖြစ်လာမယ်။ ရေငုပ်သင်္ဘောရရှိရေးအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းကတို့တွေကြံစည်ခဲ့တယ်၊ စိတ်ကူးခဲ့တယ်၊ ကြိုးစားခဲ့တယ်လို့ ပြောချင်ပါတယ်၊ လွယ်လွယ်ကူကူတော့ ဒီအိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် လွယ်တာတော့မဟုတ်ဘူး။ တော်တော်ကို ခက်ခက်ခဲခဲလုပ်ရတာဖြစ်ပါတယ်။ အဲ့ဒီတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာ တို့မက်ခဲ့တဲ့ ဒီအိမ်မက်ဟာ အခက်အခဲအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ အဲ့ဒီတော့ဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာကြိုးစားခဲ့ပါတယ်။ တစ်အချက်ကတော့ လူသားအရင်းအမြစ်တွေကို ဘယ်လိုရနိုင်မလဲ။ နှစ်အချက်ကတော့ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ရေငုပ်သင်္ဘောဘယ်လိုဖြစ်နိုင်မလဲ။ ဘယ်ကနေရနိုင်မလဲ ဒီလိုတွေစဉ်းစားရမယ်။ အဲ့လိုတွေ စဉ်းစားပြီးတော့မှဆောင်ရွက်ခဲ့တာ။ အခုဆိုရင်တော့ဒီရေငုပ်သင်္ဘောတပ်ဖွဲ့ ဖြစ်ပေါ်နိုင်ဖို့အတွက် အင်္ဂါရပ်ပြည့်စုံလာခဲ့ပြီလို့ ပြောရမယ်။ ဒီစစ်ရေယာဉ်ကိုလည်း စစ်ရေယာဉ် မင်းရဲသိင်္ခသူဆိုပြီးတော့ ပေးထားပါတယ်။ ရဲဝံ့စွန့်စားစွာနဲ့ ရေကြောင်းတိုက်ပွဲတွေ ဆင်နွဲနိုင်ဖို့ အတွက်ဒီနာမည်လေးကို ရွေးခဲ့တာဖြစ်ပါတယ်။”

ထို့နောက် ရေတပ်၏စွမ်းပကားကို စစ်ရေယာဉ်များဖြင့်သာတိုင်းတာကြပြီး စစ်ရေယာဉ်များမရှိပါက အင်အားစွမ်းပကားရှိမည်မဟုတ်ကြောင်း၊ စစ်ရေယာဉ်များကလည်း အစွမ်းထက်သည့် စစ်ရေယာဉ်များဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး တိုက်ပွဲစွမ်းအားကိုဖော်ဆောင်နိုင်သည့်၊ ရေပြင်တွင် အပြည့်အဝတာဝန်ထမ်းဆောင်နိုင်သည့် စစ်ရေယာဉ်များဖြစ်ရမည်ဖြစ်ကြောင်း၊ မြစ်တွင်းသွားစစ်ရေယာဉ်မှသည် ဖရီးဂိတ်စစ်ရေယာဉ်များအထိဖွဲ့စည်းတည် ဆောက်မှသာလျင် မိမိရေပိုင်နက်ကိုကာကွယ်နိုင်သည့် ရေတပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်ချောင်းနှင့်ကျွန်းပေါင်းများစွာရှိပြီး ကမ်းရိုးတန်းသည်လည်း အရှည်ပေါင်းရေမိုင် ၁၃၀၀ ခန့်ရှိကြောင်း၊ ယင်းသို့ကျယ်ပြန့်သည့်ဧရိယာကို ကာကွယ်နိုင်ရန်အတွက် သင်္ဘောကြီးများရှိရုံဖြင့်မရဘဲ မြစ်ချောင်းများအတွင်း၌ပင် တာဝန်ထမ်းဆောင်နိုင်သည့် သင်္ဘောငယ်များလည်းရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ရေပြင်သည် စတုရန်းရေမိုင် ၁၄၄၀၀၀ ကျော်ခန့်ရှိပြီး ကျယ်ပြောသည့် ရေပြင်နယ်နမိတ်ကို ကာကွယ်နိုင်ရန်အတွက် ဖရီးဂိတ်စစ်ရေယာဉ်များသာမက ရေငုပ်သင်္ဘောတပ်ဖွဲ့ဝင်များပါဝင်မှသာလျင် ပိုမိုပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ကာကွယ်ရာတွင်လည်း စစ်ရေယာဉ်များသည် စုပေါင်းတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် စုပေါင်းစစ်ဆင်သည့်နည်းပညာများကို ပိုမိုကျင့်သုံးလာခဲ့ကာ မြေပြင်တွင်ခြေလျင်တပ်ဖွဲ့သည် အဓိကဖြစ်သော်လည်း ပိုမိုပြည့်စုံလိုပါကအမြောက်၊ တင့်၊ သံချပ်ကာ၊ လေကြောင်းရန်စသည့် တပ်ဖွဲ့များဖြင့် ပူးပေါင်းစစ်ဆင်နွဲ လေ့ရှိသည်ကို ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့တွင်တွေ့ရမည်ဖြစ်ကြောင်း၊ အချို့နေရာများတွင် လေတပ်မှတစ်ဆင့် လေထီးစစ်သည်များဖြင့် ပူးပေါင်းတိုက်ပွဲဆင်နွဲခဲ့သည်ကိုလည်းတွေ့မြင်ရမည်ဖြစ်ကြောင်း။

ရေတပ်ပိုင်းတွင် ကြည့်မည်ဆိုပါကလည်း သင်္ဘောတစ်စီးတည်းဖြင့် တိုက်ပွဲဝင်၍ရနိုင်မည်မဟုတ်ကြောင်း၊ သင်္ဘောတို့၏သဘောတရားသည် စုဖွဲ့၍တိုက်ပွဲဝင်ရမည်ပင်ဖြစ်ကြောင်း၊ လေတပ်တွင်လည်း ပုံစံအမျိုးမျိုးဖြင့်စုဖွဲ့ပျံသန်း၍ စုပေါင်းတိုက်ပွဲဝင်ကြရသည်သာဖြစ်ကြောင်း၊ စွမ်းရည်မြင့်သည့် လေယာဉ်များသည်လေထုအတွင်း၌ပင်ဆီဖြည့်၍ တိုက်ပွဲဝင်နိုင်ကြောင်း၊ ရေတပ်တွင်လည်းမိမိသင်္ဘောတွင်တင်ဆောင်ထားသည့် ဆီမလုံလောက်ပါက ဆီ၊ ရိက္ခာဖြည့်သင်္ဘောများဖြင့်ဖြည့်တင်း၍ကျယ်ပြောသည့် ပင်လယ်အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့်တာဝန်ထမ်းဆောင်ကြကြောင်း၊ ပေါင်းစည်း၍လုပ်ဆောင်မှုပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း စစ်ရေယာဉ် ၁၂ စီးဖြင့် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး စုပေါင်းပေါင်းစည်းလေ့ကျင့်မှုသည် အလွန်အရေးကြီးပါကြောင်း၊ နည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်ရန်လိုအပ်ပြီး အထူးစစ်ရေယာဉ်ဖြစ်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောစစ်ရေယာဉ်-မင်းရဲသိင်္ခသူ ပါဝင်လေ့ကျင့်ခြင်းဖြင့်ပိုမိုပြည့်စုံခဲ့ကြောင်း၊ မင်းရဲသိင်္ခသူအနေဖြင့် အကြိမ် ၁၀၀ ခန့် ရေအောက်ငုပ်လျှိုး၍ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီးသည်ကိုသိရှိရပြီး ကောင်းမွန်သည့်ရလဒ်များကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်လေ့ကျင့်ခန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကျယ်ပြောသည့် ရေပိုင်နက်ကို ကာကွယ်ရန်အတွက် ရေတပ်ဖွဲ့တစ်ခုတည်း ပြည့်စုံအောင်နိုင်မည်မဟုတ်ဘဲ သတင်းအချက်အလက်များရရှိရေးသည်လည်းအရေးကြီးမည်ဖြစ်သည့်အတွက် ယခုထက်ပိုမိုလေးနက်သည့် လေ့ကျင့်ခန်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်သူ၊ သဘာဝဘေးအန္တရာယ်နှင့် ရောဂါပိုးမွှားဖြစ်စေသည့် အကြောင်းအရာများသည် အချိန်မရွေးဖြစ်ပေါ်လာနိုင်ပြီး မိမိအဆင်သင့်မဖြစ်သေးပါဘူး၊ ခဏစောင့်ပေးပါဟုပြော၍ရမည် မဟုတ်သည့်အတွက် မြဲသုံးမြဲ၊ အသင့်ဖြစ်မှု ၃ ရပ်တို့ဖြင့် အမြဲတမ်းဆောင်ရွက် သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည် ဖြစ်ပြီး ပြင်ဆင်ရန်အချိန်မရရှိပါကလည်း စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားကြရမည် ဖြစ်ကြောင်းနှင့် အခြေအနေအရပ်ရပ်ကို အမြဲတမ်း လေ့လာ၊ လေ့ကျင့်၊ လိုက်နာရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ဆက်လက်ပြောကြားခဲ့ပါသည်-

“ တပ်မတော်ဘက်ကို ပြန်ကြည့်မည်ဆိုရင် တပ်မတော်က အခြေခံဥပဒေပုဒ်မ- ၃၄၁ မှာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်ကျရောက်လာလျင် တပ်မတော်က ကူညီဆောင်ရွက်ရမည်လို့ပြောထားတာရှိတယ်။ ပုဒ်မ-၃၄၁ မှာ။ ဘေး အန္တာရာယ်ဆိုတာ ခုနကပြောတဲ့ဟာတွေ အကုန်ပါတယ်။အဲ့ဒါကြောင့် တပ်မတော်က ကူညီနိုင်ဖို့အတွက် အမြဲတမ်းအသင့်ဖြစ်နေဖို့၊ အမြဲတမ်းလေ့ကျင့်နေဖို့လိုတယ်။ ဥပမာ အားဖြင့် စောစောက ရောဂါဘယဖြစ်တဲ့ဟာမျိုးဆိုရင်လည်း တို့ဆေးတပ်ဖွဲ့တွေ အကုန် လုံးကလည်း လေ့ကျင့်နေရမယ်။ ဒါမှမဟုတ်ရင်လည်း သတင်းအချက်အလက်တွေ ရအောင်စုံစမ်းပြီးတော့မှ ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ကို အံဝင်ဂွင်ကျ ဖြစ်အောင်လုပ်ရမယ်။ ဒါကြောင့်မို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အချိန်မှာ တပ်မတော်ရဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို ပြောခဲ့တယ်။ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုပြီး ပြောခဲ့တယ်။ လေ့လာဆိုတာကတော့ ပြောင်းလဲလာတဲ့ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်လက်နက်ပစ္စည်း ဒါတွေကိုလေ့လာနေရမယ်။ ထို့အတူပဲ ဒီ စစ်လက်နက်ပစ္စည်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ တို့နိုင်ငံတင်မဟုတ် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဖြစ်နေတာလည်းရှိတယ်။ အဲဒီတော့ သူတို့ ဒီလက်နက် ပစ္စည်းတွေကို သူတို့ဘယ်လိုလုပ်နေကြလဲဆိုတာ တို့ကနေကြည့်နေဖို့လိုတယ်။ ဒါကို။ သူတို့ ဘယ်လို အပြောင်းအလဲလုပ်နေကြလဲ။ ဒါပြီးလို့ရှိရင် တို့ကဒါတွေနဲ့ ပြောင်းလဲလာတဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေနဲ့ စစ်သည်တွေ အံဝင်ဂွင်ကျဖြစ်အောင် လေ့ကျင့်ရတယ်။ မလေ့ကျင့်လို့ မရဘူး။ အံဝင်ခွင်ကျဖြစ်အောင်လေ့ကျင့်ရတယ်။ ဥပမာအားဖြင့် ရိုင်ဖယ်ပစ်တာနဲ့ Automatic ပစ်တာနဲ့။ ဒါမှမဟုတ်လို့ရှိရင်လည်း အမြောက်မှာလည်း အရင်တုန်းက အမြောက်ပစ်ခဲ့ တဲ့ System နဲ့ အခုအမြောက်ပစ်တဲ့ System နဲ့ မတူဘူး။ ဥပမာအားဖြင့် လေ့လာမိသလောက်ဆိုရင် OTO Melara ဆိုပါတော့။ အရင်တုန်းက OTO Melara က ပစ်နှုန်းနည်းတယ်။ အခုကျတော့ OTO Melara က ပစ်နှုန်းလည်း မြန်တယ်။ ပြီးလို့ရှိရင် Automatic ချိန်တာတွေ ဖြစ်လာတယ်။ တစ်မိနစ်ကိုဘယ်နှစ်တောင့်။ ဒီလိုပစ်တာတွေဖြစ်လာတယ်။ အရင်တုန်းက ပစ်တာကလွယ် တယ်။ အခုကတော့ မြန်လာတယ်။ မြန်လာတဲ့အခါကျတော့ ဒါတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် တို့က လေ့ကျင့်ဖို့လည်း လိုတယ်။ ဒါကြောင့် နံပါတ်တစ်အချက် လေ့လာပါ။ နံပါတ်နှစ်အချက် လေ့ကျင့်ပါ။ နံပါတ်သုံးအချက် လိုက်နာပါပြောတယ်။ လိုက်နာပါဆိုတာက ဒီလက်နက် ပစ္စည်းတွေနဲ့ စစ်အတတ်ပညာတွေနဲ့ပတ်သက်ပြီးလုပ်ရတဲ့ အခြေခံအချက် အလက်တွေ ရှိတယ်။ လွယ်ကူစွာပြောရရင်တော့တို့ရဲ့ တပ်မတော်မှာ ပြောရရင်တော့ စစ်အခြေခံသဘော တရားတွေရှိ တယ်။ တိုက်စစ်ဆိုတိုက်စစ်ရဲ့ အခြေခံသဘော တရားတွေ၊ ချီစစ်ဆိုလည်း ချီစစ်ရဲ့အခြေခံ သဘောတရားတွေ၊ ခံစစ်မှာလည်း ခံစစ်ရဲ့အခြေခံသဘောတရားတွေ၊ ခွာစစ်မှာလည်း ခွာစစ်ရဲ့ အခြေခံသဘောတရားတွေ၊ ဒီအခြေခံ သဘောတရားတွေနဲ့။ ရေတပ်မှာလည်း ဒီလိုအခြေခံ သဘောတရားတွေရှိမှာပဲ။ ဘယ်ဟာဆို ဘာလုပ်ရမယ်။ မလိုက်နာဘူးဆို မရဘူး။ မလိုက်နာဘူး ဆို ဒုက္ခရောက်သွားမယ်။ ဒါကြောင့် ဒီအခြေခံ အချက်အလက်တွေကို လိုက်နာပါလို့ ဒါကြောင့် လေ့လာပါ၊ လေ့ကျင့်ပါ၊ လိုက်နာပါ လို့ပြောတယ်။”

ဆက်လက်ပြီး ယခုလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူပါ ပါလာခဲ့ ပြီဖြစ်သည့်အတွက် ပိုမိုလေးနက်လာပြီး ရေအောက်လေ့ကျင့်ခန်းများပါဝင်လာကာ ပေါင်းစပ် ရမည့် လေ့ကျင့်ခန်းများ ပါဝင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တိုင်းပြည်အတွက် တပ်မတော်အတွက် အလွန်ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် တပ်မတော်အတွက် မှတ်တမ်းတင်၊ မှတ်ကျောက်တင်ထိုက်သည့်၊ မြန်မာ့သမိုင်းနှင့်ရေတပ်၏သမိုင်းတွင် ပြည့်စုံခဲ့သည့် နေ့တစ်နေ့ ပင်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ဆိုသည် မှာ စစ်တိုက်ခြင်း တစ်ခုတည်းမဟုတ်ဘဲ များစွာကျယ်ပြောသည့်အတွက် လုံခြုံရေးနှင့် ကာကွယ်ရေးသဘောတရားများကို နားလည်ပြီး မိမိတပ်ဖွဲ့၏ စွမ်းရည်ကို ပိုမိုမြင့်မားအောင် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ တပ်မတော်(ရေ)သည် တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် ရန်အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း၊ ထို့ကြောင့် စွမ်းရည်မြင့်မားစေရေးအတွက် အမြဲတမ်းလေ့ကျင့်နေရန်လိုအပ်သည်ဟု ပြောလိုကြောင်း၊ ပင်လယ် ရေပိုင်နက်အတွင်းရှိ သဘာဝသယံဇာတများကို ရှေ့တန်းကျကျတာဝန်ထမ်းဆောင်၍ ကာကွယ်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်နှင့် နိုင်ငံတော်အတွက် ထူးခြားသည့် သမိုင်း မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ဆုမွန်ကောင်းစကားပြောကြားပြီး အမှာစကားကို နိဂုံးချုပ်ခဲ့သည်-

“ဒီနေ့ တပ်မတော်(ရေ)အတွက်၊ တို့ တပ်မတော်အတွက်၊ တို့ နိုင်ငံတော် အတွက် သမိုင်းမော်ကွန်းတင်နိုင်တဲ့ ရက်တစ်ရက်မှာ မင်းတို့တွေအားလုံး ဆထက် တိုးပြီးတော့ တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်းပါတယ်။”

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ ကြသည့် အရာရှိ၊ စစ်သည်များအတွက် အမှတ်တရလက်ဆောင်နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် တပ်မတော်အရာရှိကြီးများအား လေ့ကျင့်ခန်းအထိမ်းအမှတ် လက်ဆောင်ပစ္စည်းကိုပေးအပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေယာဉ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စစ်ရေယာဉ်-မုတ္တမပေါ်မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ယနေ့ကမ္ဘာပေါ်တွင်အရေးပါသော နေရာဒေသဖြစ်သည့် အာရှ-ပစိဖိတ်ဒေသကိုထိန်းချုပ်ရာတွင် မဟာဗျူဟာအရ ဆက်စပ်အရေးပါသောနေရာတွင်တည်ရှိခြင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်းအင်အားကြီး နိုင်ငံများ၏စိတ်ဝင်စားမှုမြင့်တက်လာပြီး ဒေသတွင်းသို့ဝင်ရောက်လာခြင်း၊ ရေပေါ် ရေအောက်သယံဇာတကြွယ်ဝ၍ ရေကြောင်းအကျိုးစီးပွားများပြားခြင်းတို့ကြောင့် ဖြစ်လာ နိုင်ဖွယ်ရှိသောရန်ပြုမှုများကို ရင်ဆိုင်ကာကွယ်နိုင်ရန် တပ်မတော်(ရေ)ကို ဝေဟင် ရန်စစ်ဆင်မှု၊ ရေပြင်ရန်စစ်ဆင်မှု၊ ရေအောက်ရန် စစ်ဆင်မှု၊ အီလက်ထရောနစ် စစ်ဆင်မှုနယ်ပယ်များတွင် အမြဲအသင့်ဖြစ်စေရန် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်ခန်းကို စစ်ဆင်မှုနယ်ပယ်အဆင့်အလိုက် အီလက်ထရောနစ်စစ်ဆင်မှု လေ့ကျင့်ခန်း၊ စစ်ရေ ယာဉ်များသတ်မှတ်ပုံပြုချီတက်ခြင်း အမျိုးအစားများဖြင့် ချီတက်နေစဉ် ရန်သူ့ရေငုပ် သင်္ဘောရန်ကာကွယ်ရေးနှင့် ရှာဖွေတိုက်ခိုက်ခြင်းလေ့ကျင့်ခန်း၊ ဝေဟင်မှဝင်ရောက် လာမည့် ရန်သူ့လေယာဉ်၊ ဒုံးပျံများ၏ရန်မှ ကာကွယ်ရေး၊ လေကြောင်းမှ တိုက်ခိုက်မခံ ရစေရေးအတွက် လေကြောင်းရန်ကာကွယ်ရေးလက်နက်များဖြင့် ပစ်ခတ်ချေမှုန်းမှု လေ့ကျင့်ခန်း၊ ရန်သူ့ရေပြင်တိုက်ပွဲဝင်စစ်ရေယာဉ်များအား ရေပြင်ပစ်ဒုံးပျံများဖြင့် ပစ်ခတ်ချေမှုန်းတိုက်ပွဲဝင်ခြင်းနှင့် အမြောက်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ပွဲ ဝင်မှုလေ့ကျင့်ခန်းများအား လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ရေငုပ်သင်္ဘောနှင့် ရေပြင်သွားစစ်ရေယာဉ်များ ပူးပေါင်းစစ်ဆင်သည့်လေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

ရေငုပ်သင်္ဘောစစ်ရေယာဉ်-မင်းရဲသိင်္ခသူမှာ ယခုပြုလုပ်ခဲ့သည့် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) မတိုင်မီ ပင်လယ်ပြင် လက်တွေ့ မောင်းနှင်ခြင်းနှင့် ရေအောက်သို့ငုပ်လျှိုးလေ့ကျင့်ခြင်း အကြိမ်ပေါင်း ၁၀၀ ကျော်လေ့ကျင့် ခဲ့သည့်အပြင် ရေငုပ်ခုတ်မောင်းစဉ် ဆိုနာဖြင့် ထောက်လှမ်းရရှိသော ရေပြင်ရှိ စစ်ရေ ယာဉ်ပစ်မှတ်အား တော်ပီဒိုဖြင့်ပစ်ခတ်ခြင်းကို အိန္ဒိယသမုဒ္ဒရာအတွင်း အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလေ့ကျင့်ခန်းတွင် လေကြောင်းကင်းထောက် ခြင်းအတွက် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များပါဝင်လေ့ကျင့်ခဲ့ပြီး စစ်ရေယာဉ်-(မုတ္တမ)ပေါ်သို့ ရဟတ်ယာဉ်ဆင်း၊ တက်ခြင်းလေ့ကျင့်ခန်း၊ စစ်ရေယာဉ်-မုတ္တမမှ ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျပေါ်သို့ Cross Deck Landing ဆင်း၊ တက်ခြင်း စသည့် လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ပြီး ဝေဟင်မှရေပြင်ထောက်လှမ်းရေး စွမ်းရည် မြင့်မားစေရေး လေ့ကျင့်နိုင်ခဲ့ကြသည်။

(Zawgyi Version)

ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားျမႇင့္တင္ေရးအတြက္ တပ္မေတာ္(ေရ)မွ တိုက္ခိုက္ေရး ေရငုပ္သေဘၤာစစ္ေရယာဥ္- မင္းရဲသိခၤသူပါဝင္သည့္ စစ္ေရယာဥ္ပင္လယ္ျပင္ လက္ေတြ႕ေလ့က်င့္ခန္း (Fleet Exercise-2020) ေလ့က်င့္ေဆာင္႐ြက္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၅

တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာႏွင့္ပိုင္နက္နယ္ေျမကို လုံၿခဳံစြာကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ ကာကြယ္ေရးစြမ္းရည္ထက္ျမက္ျမင့္မားေစရန္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ေလ့က်င့္ခန္းမ်ားကို အၿမဲမျပတ္ေလ့က်င့္ေဆာင္႐ြက္လ်က္ရွိရာ ယေန႔တြင္ ျမန္မာ့ေရပိုင္နက္ပင္လယ္ျပင္၌ တပ္မေတာ္(ေရ)မွ တိုက္ခိုက္ေရး ေရငုပ္သေဘၤာ စစ္ေရယာဥ္- မင္းရဲသိခၤသူ ပါဝင္သည့္ စစ္ေရယာဥ္ပင္လယ္ျပင္လက္ေတြ႕ေလ့က်င့္ခန္း (Fleet Exercise-2020) ေလ့က်င့္မႈအားေဆာင္႐ြက္ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ တပ္မေတာ္(ေရ)ဝတ္စုံအား ဂုဏ္ျပဳဝတ္ဆင္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴးတို႔ႏွင့္အတူ အကဲၾကည့္စစ္ေရယာဥ္- မုတၱမေပၚမွ လိုက္ပါၾကည့္ရႈအားေပးၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္ေရယာဥ္-မုတၱမေပၚသို႔ ရဟတ္ယာဥ္မ်ားျဖင့္ေရာက္ရွိၾကရာ ပင္လယ္ျပင္လက္ေတြ႕ေလ့က်င့္ခန္း (Fleet Exercise-2020)ကို ဦးစီးေလ့က်င့္ေနသည့္ တာဝန္ေရတပ္မမႉး ဗိုလ္မႉးခ်ဳပ္ ဇြဲဝင္းျမင့္ႏွင့္ တာဝန္(ေရ)တပ္ဖြဲ႕ကႀကိဳဆိုခဲ့ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္ေရယာဥ္-မုတၱမေပၚမွတစ္ဆင့္ ေလ့က်င့္ခန္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို လိုက္လံၾကည့္ရႈသည္။ ထို႔ေနာက္ စစ္ေရယာဥ္-မုတၱမေပၚတြင္ စီးနင္းလိုက္ပါလာသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ေလ့က်င့္ခန္းတြင္ပါဝင္ခဲ့ၾကသည့္ ေရငုပ္သေဘၤာစစ္ေရယာဥ္-မင္းရဲသိခၤသူႏွင့္ စစ္ေရယာဥ္မ်ားက Fleet Review ျဖင့္ ခ်ီတက္အေလးျပဳၾကသည္။

ထို႔ေနာက္ စစ္ေရယာဥ္- မုတၱမ အစည္းအေဝးခန္းမတြင္ တာဝန္ေရတပ္မမႉးက ေအာက္တိုဘာ ၁၂ ရက္မွစ၍ေလ့က်င့္ခန္းဆိုင္ရာ ေဆာင္႐ြက္ေလ့က်င့္ခဲ့မႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က ေရငုပ္သေဘၤာစစ္ေရယာဥ္-မင္းရဲသိခၤသူ ဆိုင္ရာအခ်က္အလက္မ်ားႏွင့္ ေရငုပ္သေဘၤာျဖင့္ေလ့က်င့္ျခင္းေၾကာင့္ ေရေအာက္စစ္ဆင္ေရးဆိုင္ရာစြမ္းရည္မ်ား တိုးျမႇင့္ရရွိခဲ့မႈအေျခအေနမ်ားအား ရွင္းလင္းတင္ျပသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပင္လယ္ျပင္လက္ေတြ႕ေလ့က်င့္ခန္း (Fleet Exercise-2020) တြင္ပါဝင္ခဲ့ၾကသည့္ စစ္ေရယာဥ္မႉးမ်ားႏွင့္ အရာရွိ၊ စစ္သည္မ်ားကို ေလ့က်င့္ခန္းႏွင့္ပတ္သက္၍ ျပန္လည္သုံးသပ္အမွာစကားေျပာၾကားရာတြင္ ယေန႔သည္ တပ္မေတာ္(ေရ)အတြက္ သမိုင္းဝင္ေမာ္ကြန္းတင္သည့္ ေန႔တစ္ေန႔ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္(ေရ)၏ ေမွ်ာ္မွန္းခ်က္ျဖစ္သည့္ ေရျပာေရတပ္ (Blue Water Navy) အဆင့္ကို ေရာက္ရွိႏိုင္ေရးအတြက္ လုပ္ေဆာင္ခဲ့သည္မွာ ယေန႔တြင္ ေျခလွမ္းသစ္တစ္ရပ္ကို ခ်မွတ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ ႏိုင္ငံတိုင္းႏိုင္ငံတိုင္းသည္ ၎တို႔၏ ေရတပ္စြမ္းအားျမႇင့္တင္ေရးအတြက္ လုပ္ေဆာင္လ်က္ရွိၾကေၾကာင္း၊ ထိုသို႔လုပ္ေဆာင္ရာတြင္ စြမ္းရည္ျမင့္မားသည့္ေရတပ္ျဖစ္ေစရန္ စြမ္းအားရွိသည့္စစ္ေရယာဥ္မ်ားပိုင္ဆိုင္ရန္လိုအပ္ၿပီး ေရငုပ္သေဘၤာသည္လည္း အပါအဝင္ျဖစ္ေၾကာင္း၊ ေရတပ္ဖြဲ႕တစ္ခုကို တည္ေဆာက္ျခင္းသည္ လြယ္ကူသည္မဟုတ္ေၾကာင္း၊ သေဘၤာတစ္စီးကို တည္ေဆာက္ပါက တည္ေဆာက္ေရးကာလ၊ တပ္ဆင္မည့္လက္နက္၊ တာဝန္ထမ္းေဆာင္မည့္စစ္သည္၊ ေလ့က်င့္ေရးစြမ္းရည္ျပည့္မီမႈမ်ားကအစ အခ်ိန္ေပးစဥ္းစား ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေရငုပ္သေဘၤာသည္ ပိုမို၍ခက္ခဲမည္ျဖစ္ေၾကာင္း၊ ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာမ်ားသည္ အျခားေနရာမ်ားတြင္ တာဝန္ထမ္းေဆာင္သည့္ စစ္သည္မ်ားထက္ ပိုမိုႀကံ့ခိုင္မႈရွိရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ တပ္မေတာ္(ေရ)အေနျဖင့္ ၁၉၄၇ ခုႏွစ္၊ ဒီဇင္ဘာလတြင္ စတင္ဖြဲ႕စည္းတည္ေဆာက္ခဲ့ၿပီး ေျပာင္းလဲလာသည့္ စစ္ေရယာဥ္ အေနအထားမ်ားကိုၾကည့္မည္ဆိုပါက ၁၉၉၀ ေက်ာ္ကာလတြင္ အျခားေသာေရတပ္မ်ားျဖင့္ ႏႈိင္းယွဥ္ႏိုင္သည့္ ေရတပ္အျဖစ္သို႔ ေရာက္ရွိခဲ့ေၾကာင္း၊ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူခဲ့ရျခင္းပင္ျဖစ္ေၾကာင္း၊ ယခုထက္ပိုမို ေခတ္မီသည့္ ေရတပ္ဖြဲ႕ျဖစ္ႏိုင္ေရးသည္ ေရငုပ္သေဘၤာမ်ား ပါဝင္ရမည္ျဖစ္ေၾကာင္းႏွင့္ ေရငုပ္သေဘၤာပိုင္ဆိုင္ေရး ႀကိဳးပမ္းခဲ့ရမႈမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကေျပာၾကားရာတြင္-

“ ဒီထက္ပို၍ေခတ္မီတဲ့ ေရတပ္ဖြဲ႕ျဖစ္ဖို႔ဆိုရင္ေတာ့ ေစာေစာကေျပာတဲ့ ေရငုပ္သေဘၤာေတြပါဝင္မွ ေခတ္မီတဲ့ေရတပ္တပ္ဖြဲ႕တစ္ခု ျဖစ္လာမယ္။ ေရငုပ္သေဘၤာရရွိေရးအတြက္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းကတို႔ေတြႀကံစည္ခဲ့တယ္၊ စိတ္ကူးခဲ့တယ္၊ ႀကိဳးစားခဲ့တယ္လို႔ ေျပာခ်င္ပါတယ္၊ လြယ္လြယ္ကူကူေတာ့ ဒီအိမ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ဖို႔အတြက္ လြယ္တာေတာ့မဟုတ္ဘူး။ ေတာ္ေတာ္ကို ခက္ခက္ခဲခဲလုပ္ရတာျဖစ္ပါတယ္။ အဲ့ဒီေတာ့ လြန္ခဲ့တဲ့ဆယ္စုႏွစ္ေပါင္းမ်ားစြာ တို႔မက္ခဲ့တဲ့ ဒီအိမ္မက္ဟာ အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ အေကာင္အထည္မေဖာ္ႏိုင္ခဲ့ပါဘူး။ အဲ့ဒီေတာ့ဒီဟာကို အေကာင္အထည္ေဖာ္ဖို႔အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္တဲ့အခ်ိန္မွာႀကိဳးစားခဲ့ပါတယ္။ တစ္အခ်က္ကေတာ့ လူသားအရင္းအျမစ္ေတြကို ဘယ္လိုရႏိုင္မလဲ။ ႏွစ္အခ်က္ကေတာ့ ကိုယ့္ႏိုင္ငံနဲ႔ကိုက္ညီတဲ့ ေရငုပ္သေဘၤာဘယ္လိုျဖစ္ႏိုင္မလဲ။ ဘယ္ကေနရႏိုင္မလဲ ဒီလိုေတြစဥ္းစားရမယ္။ အဲ့လိုေတြ စဥ္းစားၿပီးေတာ့မွေဆာင္႐ြက္ခဲ့တာ။ အခုဆိုရင္ေတာ့ဒီေရငုပ္သေဘၤာတပ္ဖြဲ႕ ျဖစ္ေပၚႏိုင္ဖို႔အတြက္ အဂၤါရပ္ျပည့္စုံလာခဲ့ၿပီလို႔ ေျပာရမယ္။ ဒီစစ္ေရယာဥ္ကိုလည္း စစ္ေရယာဥ္ မင္းရဲသိခၤသူဆိုၿပီးေတာ့ ေပးထားပါတယ္။ ရဲဝံ့စြန႔္စားစြာနဲ႔ ေရေၾကာင္းတိုက္ပြဲေတြ ဆင္ႏြဲႏိုင္ဖို႔ အတြက္ဒီနာမည္ေလးကို ေ႐ြးခဲ့တာျဖစ္ပါတယ္။”

ထို႔ေနာက္ ေရတပ္၏စြမ္းပကားကို စစ္ေရယာဥ္မ်ားျဖင့္သာတိုင္းတာၾကၿပီး စစ္ေရယာဥ္မ်ားမရွိပါက အင္အားစြမ္းပကားရွိမည္မဟုတ္ေၾကာင္း၊ စစ္ေရယာဥ္မ်ားကလည္း အစြမ္းထက္သည့္ စစ္ေရယာဥ္မ်ားျဖစ္ရန္လိုအပ္မည္ျဖစ္ၿပီး တိုက္ပြဲစြမ္းအားကိုေဖာ္ေဆာင္ႏိုင္သည့္၊ ေရျပင္တြင္ အျပည့္အဝတာဝန္ထမ္းေဆာင္ႏိုင္သည့္ စစ္ေရယာဥ္မ်ားျဖစ္ရမည္ျဖစ္ေၾကာင္း၊ ျမစ္တြင္းသြားစစ္ေရယာဥ္မွသည္ ဖရီးဂိတ္စစ္ေရယာဥ္မ်ားအထိဖြဲ႕စည္းတည္ ေဆာက္မွသာလ်င္ မိမိေရပိုင္နက္ကိုကာကြယ္ႏိုင္သည့္ ေရတပ္ဖြဲ႕တစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ျမစ္ေခ်ာင္းႏွင့္ကြၽန္းေပါင္းမ်ားစြာရွိၿပီး ကမ္း႐ိုးတန္းသည္လည္း အရွည္ေပါင္းေရမိုင္ ၁၃၀၀ ခန႔္ရွိေၾကာင္း၊ ယင္းသို႔က်ယ္ျပန႔္သည့္ဧရိယာကို ကာကြယ္ႏိုင္ရန္အတြက္ သေဘၤာႀကီးမ်ားရွိ႐ုံျဖင့္မရဘဲ ျမစ္ေခ်ာင္းမ်ားအတြင္း၌ပင္ တာဝန္ထမ္းေဆာင္ႏိုင္သည့္ သေဘၤာငယ္မ်ားလည္းရွိရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ေရျပင္သည္ စတုရန္းေရမိုင္ ၁၄၄၀၀၀ ေက်ာ္ခန႔္ရွိၿပီး က်ယ္ေျပာသည့္ ေရျပင္နယ္နမိတ္ကို ကာကြယ္ႏိုင္ရန္အတြက္ ဖရီးဂိတ္စစ္ေရယာဥ္မ်ားသာမက ေရငုပ္သေဘၤာတပ္ဖြဲ႕ဝင္မ်ားပါဝင္မွသာလ်င္ ပိုမိုျပည့္စုံႏိုင္မည္ျဖစ္ေၾကာင္း၊ ထိုသို႔ကာကြယ္ရာတြင္လည္း စစ္ေရယာဥ္မ်ားသည္ စုေပါင္းတာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း၊ ယေန႔ေခတ္တြင္ စုေပါင္းစစ္ဆင္သည့္နည္းပညာမ်ားကို ပိုမိုက်င့္သုံးလာခဲ့ကာ ေျမျပင္တြင္ေျခလ်င္တပ္ဖြဲ႕သည္ အဓိကျဖစ္ေသာ္လည္း ပိုမိုျပည့္စုံလိုပါကအေျမာက္၊ တင့္၊ သံခ်ပ္ကာ၊ ေလေၾကာင္းရန္စသည့္ တပ္ဖြဲ႕မ်ားျဖင့္ ပူးေပါင္းစစ္ဆင္ႏြဲ ေလ့ရွိသည္ကို ပထမကမာၻစစ္၊ ဒုတိယကမာၻစစ္တို႔တြင္ေတြ႕ရမည္ျဖစ္ေၾကာင္း၊ အခ်ိဳ႕ေနရာမ်ားတြင္ ေလတပ္မွတစ္ဆင့္ ေလထီးစစ္သည္မ်ားျဖင့္ ပူးေပါင္းတိုက္ပြဲဆင္ႏြဲခဲ့သည္ကိုလည္းေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း။

ေရတပ္ပိုင္းတြင္ ၾကည့္မည္ဆိုပါကလည္း သေဘၤာတစ္စီးတည္းျဖင့္ တိုက္ပြဲဝင္၍ရႏိုင္မည္မဟုတ္ေၾကာင္း၊ သေဘၤာတို႔၏သေဘာတရားသည္ စုဖြဲ႕၍တိုက္ပြဲဝင္ရမည္ပင္ျဖစ္ေၾကာင္း၊ ေလတပ္တြင္လည္း ပုံစံအမ်ိဳးမ်ိဳးျဖင့္စုဖြဲ႕ပ်ံသန္း၍ စုေပါင္းတိုက္ပြဲဝင္ၾကရသည္သာျဖစ္ေၾကာင္း၊ စြမ္းရည္ျမင့္သည့္ ေလယာဥ္မ်ားသည္ေလထုအတြင္း၌ပင္ဆီျဖည့္၍ တိုက္ပြဲဝင္ႏိုင္ေၾကာင္း၊ ေရတပ္တြင္လည္းမိမိသေဘၤာတြင္တင္ေဆာင္ထားသည့္ ဆီမလုံေလာက္ပါက ဆီ၊ ရိကၡာျဖည့္သေဘၤာမ်ားျဖင့္ျဖည့္တင္း၍က်ယ္ေျပာသည့္ ပင္လယ္အတြင္း၌ က်ယ္က်ယ္ျပန႔္ျပန႔္တာဝန္ထမ္းေဆာင္ၾကေၾကာင္း၊ ေပါင္းစည္း၍လုပ္ေဆာင္မႈပင္ျဖစ္ေၾကာင္း၊ ယေန႔တြင္လည္း စစ္ေရယာဥ္ ၁၂ စီးျဖင့္ ပူးေပါင္းစစ္ဆင္မႈေလ့က်င့္ခန္းလုပ္ေဆာင္ခဲ့သည္ကို ေတြ႕ရွိရၿပီး စုေပါင္းေပါင္းစည္းေလ့က်င့္မႈသည္ အလြန္အေရးႀကီးပါေၾကာင္း၊ နည္းစနစ္မွန္ကန္စြာျဖင့္ ေလ့က်င့္ရန္လိုအပ္ၿပီး အထူးစစ္ေရယာဥ္ျဖစ္သည့္ တိုက္ခိုက္ေရးေရငုပ္သေဘၤာစစ္ေရယာဥ္-မင္းရဲသိခၤသူ ပါဝင္ေလ့က်င့္ျခင္းျဖင့္ပိုမိုျပည့္စုံခဲ့ေၾကာင္း၊ မင္းရဲသိခၤသူအေနျဖင့္ အႀကိမ္ ၁၀၀ ခန႔္ ေရေအာက္ငုပ္လွ်ိဳး၍ ေလ့က်င့္ခန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီးသည္ကိုသိရွိရၿပီး ေကာင္းမြန္သည့္ရလဒ္မ်ားကို ေတြ႕ရွိရပါေၾကာင္း၊ ထို႔ေၾကာင့္ေလ့က်င့္ခန္းမ်ားကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္သြားၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ က်ယ္ေျပာသည့္ ေရပိုင္နက္ကို ကာကြယ္ရန္အတြက္ ေရတပ္ဖြဲ႕တစ္ခုတည္း ျပည့္စုံေအာင္ႏိုင္မည္မဟုတ္ဘဲ သတင္းအခ်က္အလက္မ်ားရရွိေရးသည္လည္းအေရးႀကီးမည္ျဖစ္သည့္အတြက္ ယခုထက္ပိုမိုေလးနက္သည့္ ေလ့က်င့္ခန္းမ်ားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ရန္သူ၊ သဘာ၀ေဘးအႏၲရာယ္ႏွင့္ ေရာဂါပိုးမႊားျဖစ္ေစသည့္ အေၾကာင္းအရာမ်ားသည္ အခ်ိန္မေ႐ြးျဖစ္ေပၚလာႏိုင္ၿပီး မိမိအဆင္သင့္မျဖစ္ေသးပါဘူး၊ ခဏေစာင့္ေပးပါဟုေျပာ၍ရမည္ မဟုတ္သည့္အတြက္ ၿမဲသုံးၿမဲ၊ အသင့္ျဖစ္မႈ ၃ ရပ္တို႔ျဖင့္ အၿမဲတမ္းေဆာင္႐ြက္ သတိျပဳၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႀကိဳတင္ျပင္ဆင္သင့္သည္မ်ားကို ျပင္ဆင္ရမည္ ျဖစ္ၿပီး ျပင္ဆင္ရန္အခ်ိန္မရရွိပါကလည္း စုေပါင္းေဆာင္႐ြက္ျခင္းျဖင့္ ေက်ာ္လႊားၾကရမည္ ျဖစ္ေၾကာင္းႏွင့္ အေျခအေနအရပ္ရပ္ကို အၿမဲတမ္း ေလ့လာ၊ ေလ့က်င့္၊ လိုက္နာရန္ လိုအပ္သည့္အေျခအေနမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ ဆက္လက္ေျပာၾကားခဲ့ပါသည္-

“ တပ္မေတာ္ဘက္ကို ျပန္ၾကည့္မည္ဆိုရင္ တပ္မေတာ္က အေျခခံဥပေဒပုဒ္မ- ၃၄၁ မွာ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအတြက္ ေဘးအႏၲရာယ္က်ေရာက္လာလ်င္ တပ္မေတာ္က ကူညီေဆာင္႐ြက္ရမည္လို႔ေျပာထားတာရွိတယ္။ ပုဒ္မ-၃၄၁ မွာ။ ေဘး အႏၲာရာယ္ဆိုတာ ခုနကေျပာတဲ့ဟာေတြ အကုန္ပါတယ္။အဲ့ဒါေၾကာင့္ တပ္မေတာ္က ကူညီႏိုင္ဖို႔အတြက္ အၿမဲတမ္းအသင့္ျဖစ္ေနဖို႔၊ အၿမဲတမ္းေလ့က်င့္ေနဖို႔လိုတယ္။ ဥပမာ အားျဖင့္ ေစာေစာက ေရာဂါဘယျဖစ္တဲ့ဟာမ်ိဳးဆိုရင္လည္း တို႔ေဆးတပ္ဖြဲ႕ေတြ အကုန္ လုံးကလည္း ေလ့က်င့္ေနရမယ္။ ဒါမွမဟုတ္ရင္လည္း သတင္းအခ်က္အလက္ေတြ ရေအာင္စုံစမ္းၿပီးေတာ့မွ ေျပာင္းလဲလာတဲ့ အေျခအေန အရပ္ရပ္ကို အံဝင္ဂြင္က် ျဖစ္ေအာင္လုပ္ရမယ္။ ဒါေၾကာင့္မို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တဲ့အခ်ိန္မွာ တပ္မေတာ္ရဲ႕ လုပ္ငန္းစဥ္ ၃ ရပ္ကို ေျပာခဲ့တယ္။ ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ ဆိုၿပီး ေျပာခဲ့တယ္။ ေလ့လာဆိုတာကေတာ့ ေျပာင္းလဲလာတဲ့ စစ္အသုံးအေဆာင္ပစၥည္း၊ စစ္လက္နက္ပစၥည္း ဒါေတြကိုေလ့လာေနရမယ္။ ထို႔အတူပဲ ဒီ စစ္လက္နက္ပစၥည္းနဲ႔ စစ္အသုံးအေဆာင္ပစၥည္းေတြဟာ တို႔ႏိုင္ငံတင္မဟုတ္ ကမာၻ႔ႏိုင္ငံအသီးသီးမွာလည္း ျဖစ္ေနတာလည္းရွိတယ္။ အဲဒီေတာ့ သူတို႔ ဒီလက္နက္ ပစၥည္းေတြကို သူတို႔ဘယ္လိုလုပ္ေနၾကလဲဆိုတာ တို႔ကေနၾကည့္ေနဖို႔လိုတယ္။ ဒါကို။ သူတို႔ ဘယ္လို အေျပာင္းအလဲလုပ္ေနၾကလဲ။ ဒါၿပီးလို႔ရွိရင္ တို႔ကဒါေတြနဲ႔ ေျပာင္းလဲလာတဲ့ စစ္အသုံး အေဆာင္ပစၥည္းေတြနဲ႔ စစ္သည္ေတြ အံဝင္ဂြင္က်ျဖစ္ေအာင္ ေလ့က်င့္ရတယ္။ မေလ့က်င့္လို႔ မရဘူး။ အံဝင္ခြင္က်ျဖစ္ေအာင္ေလ့က်င့္ရတယ္။ ဥပမာအားျဖင့္ ႐ိုင္ဖယ္ပစ္တာနဲ႔ Automatic ပစ္တာနဲ႔။ ဒါမွမဟုတ္လို႔ရွိရင္လည္း အေျမာက္မွာလည္း အရင္တုန္းက အေျမာက္ပစ္ခဲ့ တဲ့ System နဲ႔ အခုအေျမာက္ပစ္တဲ့ System နဲ႔ မတူဘူး။ ဥပမာအားျဖင့္ ေလ့လာမိသေလာက္ဆိုရင္ OTO Melara ဆိုပါေတာ့။ အရင္တုန္းက OTO Melara က ပစ္ႏႈန္းနည္းတယ္။ အခုက်ေတာ့ OTO Melara က ပစ္ႏႈန္းလည္း ျမန္တယ္။ ၿပီးလို႔ရွိရင္ Automatic ခ်ိန္တာေတြ ျဖစ္လာတယ္။ တစ္မိနစ္ကိုဘယ္ႏွစ္ေတာင့္။ ဒီလိုပစ္တာေတြျဖစ္လာတယ္။ အရင္တုန္းက ပစ္တာကလြယ္ တယ္။ အခုကေတာ့ ျမန္လာတယ္။ ျမန္လာတဲ့အခါက်ေတာ့ ဒါေတြနဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ တို႔က ေလ့က်င့္ဖို႔လည္း လိုတယ္။ ဒါေၾကာင့္ နံပါတ္တစ္အခ်က္ ေလ့လာပါ။ နံပါတ္ႏွစ္အခ်က္ ေလ့က်င့္ပါ။ နံပါတ္သုံးအခ်က္ လိုက္နာပါေျပာတယ္။ လိုက္နာပါဆိုတာက ဒီလက္နက္ ပစၥည္းေတြနဲ႔ စစ္အတတ္ပညာေတြနဲ႔ပတ္သက္ၿပီးလုပ္ရတဲ့ အေျခခံအခ်က္ အလက္ေတြ ရွိတယ္။ လြယ္ကူစြာေျပာရရင္ေတာ့တို႔ရဲ႕ တပ္မေတာ္မွာ ေျပာရရင္ေတာ့ စစ္အေျခခံသေဘာ တရားေတြရွိ တယ္။ တိုက္စစ္ဆိုတိုက္စစ္ရဲ႕ အေျခခံသေဘာ တရားေတြ၊ ခ်ီစစ္ဆိုလည္း ခ်ီစစ္ရဲ႕အေျခခံ သေဘာတရားေတြ၊ ခံစစ္မွာလည္း ခံစစ္ရဲ႕အေျခခံသေဘာတရားေတြ၊ ခြာစစ္မွာလည္း ခြာစစ္ရဲ႕ အေျခခံသေဘာတရားေတြ၊ ဒီအေျခခံ သေဘာတရားေတြနဲ႔။ ေရတပ္မွာလည္း ဒီလိုအေျခခံ သေဘာတရားေတြရွိမွာပဲ။ ဘယ္ဟာဆို ဘာလုပ္ရမယ္။ မလိုက္နာဘူးဆို မရဘူး။ မလိုက္နာဘူး ဆို ဒုကၡေရာက္သြားမယ္။ ဒါေၾကာင့္ ဒီအေျခခံ အခ်က္အလက္ေတြကို လိုက္နာပါလို႔ ဒါေၾကာင့္ ေလ့လာပါ၊ ေလ့က်င့္ပါ၊ လိုက္နာပါ လို႔ေျပာတယ္။”

ဆက္လက္ၿပီး ယခုေလ့က်င့္ခန္းတြင္ ေရငုပ္သေဘၤာ မင္းရဲသိခၤသူပါ ပါလာခဲ့ ၿပီျဖစ္သည့္အတြက္ ပိုမိုေလးနက္လာၿပီး ေရေအာက္ေလ့က်င့္ခန္းမ်ားပါဝင္လာကာ ေပါင္းစပ္ ရမည့္ ေလ့က်င့္ခန္းမ်ား ပါဝင္လာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ မိမိအေနျဖင့္ တိုင္းျပည္အတြက္ တပ္မေတာ္အတြက္ အလြန္ဝမ္းသာဂုဏ္ယူပါေၾကာင္းႏွင့္ တပ္မေတာ္အတြက္ မွတ္တမ္းတင္၊ မွတ္ေက်ာက္တင္ထိုက္သည့္၊ ျမန္မာ့သမိုင္းႏွင့္ေရတပ္၏သမိုင္းတြင္ ျပည့္စုံခဲ့သည့္ ေန႔တစ္ေန႔ ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ လုံၿခဳံေရးႏွင့္ ကာကြယ္ေရး တာဝန္ထမ္းေဆာင္ျခင္းပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတာဝန္ဆိုသည္ မွာ စစ္တိုက္ျခင္း တစ္ခုတည္းမဟုတ္ဘဲ မ်ားစြာက်ယ္ေျပာသည့္အတြက္ လုံၿခဳံေရးႏွင့္ ကာကြယ္ေရးသေဘာတရားမ်ားကို နားလည္ၿပီး မိမိတပ္ဖြဲ႕၏ စြမ္းရည္ကို ပိုမိုျမင့္မားေအာင္ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ ေၾကာင္း၊ တပ္မေတာ္(ေရ)သည္ တို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ ရန္အတြက္ အေရးပါသည့္ အခန္းက႑တြင္ ရွိေနေၾကာင္း၊ ထို႔ေၾကာင့္ စြမ္းရည္ျမင့္မားေစေရးအတြက္ အၿမဲတမ္းေလ့က်င့္ေနရန္လိုအပ္သည္ဟု ေျပာလိုေၾကာင္း၊ ပင္လယ္ ေရပိုင္နက္အတြင္းရွိ သဘာ၀သယံဇာတမ်ားကို ေရွ႕တန္းက်က်တာဝန္ထမ္းေဆာင္၍ ကာကြယ္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္ႏွင့္ ႏိုင္ငံေတာ္အတြက္ ထူးျခားသည့္ သမိုင္း မွတ္တမ္းသစ္ေရးထိုးႏိုင္ခဲ့သည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုကဲ့သို႔ ဆုမြန္ေကာင္းစကားေျပာၾကားၿပီး အမွာစကားကို နိဂုံးခ်ဳပ္ခဲ့သည္-

“ဒီေန႔ တပ္မေတာ္(ေရ)အတြက္၊ တို႔ တပ္မေတာ္အတြက္၊ တို႔ ႏိုင္ငံေတာ္ အတြက္ သမိုင္းေမာ္ကြန္းတင္ႏိုင္တဲ့ ရက္တစ္ရက္မွာ မင္းတို႔ေတြအားလုံး ဆထက္ တိုးၿပီးေတာ့ တိုးတက္ေအာင္ျမင္ပါေစေၾကာင္း ဆုေတာင္းပါတယ္။”

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ေလ့က်င့္ခန္းတြင္ ပါဝင္ခဲ့ ၾကသည့္ အရာရွိ၊ စစ္သည္မ်ားအတြက္ အမွတ္တရလက္ေဆာင္ႏွင့္ ခ်ီးျမႇင့္ေငြမ်ား ေပးအပ္သည္။

ထို႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားအား ေလ့က်င့္ခန္းအထိမ္းအမွတ္ လက္ေဆာင္ပစၥည္းကိုေပးအပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္ေရယာဥ္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ လက္မွတ္ေရးထိုးၿပီး စစ္ေရယာဥ္-မုတၱမေပၚမွ ျပန္လည္ထြက္ခြာခဲ့ၾကသည္။

ျမန္မာႏိုင္ငံ၏ ပထဝီအေနအထားအရ ယေန႔ကမာၻေပၚတြင္အေရးပါေသာ ေနရာေဒသျဖစ္သည့္ အာရွ-ပစိဖိတ္ေဒသကိုထိန္းခ်ဳပ္ရာတြင္ မဟာဗ်ဴဟာအရ ဆက္စပ္အေရးပါေသာေနရာတြင္တည္ရွိျခင္း၊ အိႏၵိယသမုဒၵရာအတြင္းအင္အားႀကီး ႏိုင္ငံမ်ား၏စိတ္ဝင္စားမႈျမင့္တက္လာၿပီး ေဒသတြင္းသို႔ဝင္ေရာက္လာျခင္း၊ ေရေပၚ ေရေအာက္သယံဇာတႂကြယ္၀၍ ေရေၾကာင္းအက်ိဳးစီးပြားမ်ားျပားျခင္းတို႔ေၾကာင့္ ျဖစ္လာ ႏိုင္ဖြယ္ရွိေသာရန္ျပဳမႈမ်ားကို ရင္ဆိုင္ကာကြယ္ႏိုင္ရန္ တပ္မေတာ္(ေရ)ကို ေဝဟင္ ရန္စစ္ဆင္မႈ၊ ေရျပင္ရန္စစ္ဆင္မႈ၊ ေရေအာက္ရန္ စစ္ဆင္မႈ၊ အီလက္ထေရာနစ္ စစ္ဆင္မႈနယ္ပယ္မ်ားတြင္ အၿမဲအသင့္ျဖစ္ေစရန္ ေလ့က်င့္ေဆာင္႐ြက္လ်က္ရွိသည္။

ပင္လယ္ျပင္လက္ေတြ႕ေလ့က်င့္ခန္း (Fleet Exercise-2020) ေလ့က်င့္ခန္းကို စစ္ဆင္မႈနယ္ပယ္အဆင့္အလိုက္ အီလက္ထေရာနစ္စစ္ဆင္မႈ ေလ့က်င့္ခန္း၊ စစ္ေရ ယာဥ္မ်ားသတ္မွတ္ပုံျပဳခ်ီတက္ျခင္း အမ်ိဳးအစားမ်ားျဖင့္ ခ်ီတက္ေနစဥ္ ရန္သူ႔ေရငုပ္ သေဘၤာရန္ကာကြယ္ေရးႏွင့္ ရွာေဖြတိုက္ခိုက္ျခင္းေလ့က်င့္ခန္း၊ ေဝဟင္မွဝင္ေရာက္ လာမည့္ ရန္သူ႔ေလယာဥ္၊ ဒုံးပ်ံမ်ား၏ရန္မွ ကာကြယ္ေရး၊ ေလေၾကာင္းမွ တိုက္ခိုက္မခံ ရေစေရးအတြက္ ေလေၾကာင္းရန္ကာကြယ္ေရးလက္နက္မ်ားျဖင့္ ပစ္ခတ္ေခ်မႈန္းမႈ ေလ့က်င့္ခန္း၊ ရန္သူ႔ေရျပင္တိုက္ပြဲဝင္စစ္ေရယာဥ္မ်ားအား ေရျပင္ပစ္ဒုံးပ်ံမ်ားျဖင့္ ပစ္ခတ္ေခ်မႈန္းတိုက္ပြဲဝင္ျခင္းႏွင့္ အေျမာက္လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္တိုက္ပြဲ ဝင္မႈေလ့က်င့္ခန္းမ်ားအား ေလ့က်င့္ေဆာင္႐ြက္ခဲ့ၾကသည္။ ထို႔ျပင္ ေရငုပ္သေဘၤာႏွင့္ ေရျပင္သြားစစ္ေရယာဥ္မ်ား ပူးေပါင္းစစ္ဆင္သည့္ေလ့က်င့္ခန္းမ်ား ေလ့က်င့္ေဆာင္႐ြက္ ခဲ့ၾကသည္။

ေရငုပ္သေဘၤာစစ္ေရယာဥ္-မင္းရဲသိခၤသူမွာ ယခုျပဳလုပ္ခဲ့သည့္ ပင္လယ္ျပင္ လက္ေတြ႕ေလ့က်င့္ခန္း (Fleet Exercise-2020) မတိုင္မီ ပင္လယ္ျပင္ လက္ေတြ႕ ေမာင္းႏွင္ျခင္းႏွင့္ ေရေအာက္သို႔ငုပ္လွ်ိဳးေလ့က်င့္ျခင္း အႀကိမ္ေပါင္း ၁၀၀ ေက်ာ္ေလ့က်င့္ ခဲ့သည့္အျပင္ ေရငုပ္ခုတ္ေမာင္းစဥ္ ဆိုနာျဖင့္ ေထာက္လွမ္းရရွိေသာ ေရျပင္ရွိ စစ္ေရ ယာဥ္ပစ္မွတ္အား ေတာ္ပီဒိုျဖင့္ပစ္ခတ္ျခင္းကို အိႏၵိယသမုဒၵရာအတြင္း ေအာင္ျမင္စြာ ေလ့က်င့္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ယခုေလ့က်င့္ခန္းတြင္ ေလေၾကာင္းကင္းေထာက္ ျခင္းအတြက္ တပ္မေတာ္(ေလ)မွ ရဟတ္ယာဥ္မ်ားပါဝင္ေလ့က်င့္ခဲ့ၿပီး စစ္ေရယာဥ္-(မုတၱမ)ေပၚသို႔ ရဟတ္ယာဥ္ဆင္း၊ တက္ျခင္းေလ့က်င့္ခန္း၊ စစ္ေရယာဥ္-မုတၱမမွ ဖရီးဂိတ္စစ္ေရယာဥ္-ေအာင္ေဇယ်ေပၚသို႔ Cross Deck Landing ဆင္း၊ တက္ျခင္း စသည့္ ေလ့က်င့္ခန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး ေဝဟင္မွေရျပင္ေထာက္လွမ္းေရး စြမ္းရည္ ျမင့္မားေစေရး ေလ့က်င့္ႏိုင္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။