ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ အောက်တိုဘာ -၂၇

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန် အတွက် အနော်ရထာခန်းမတွင် ခင်းကျင်းထားသော ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အနော်ရထာခန်းမ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ်ဆွမ်းတို့ကို ကပ်လှူပူဇော်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သတ္တမ အကြိမ်မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပျဉ်းမနား၊ ဈေးကုန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရနှင့် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာ ဘိဝံသ အမှူးပြုသော သံဃာတော် ၇၂ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာဇေယျာသီရိမြို့နယ်၊ ရေဆင်း ကန်ဦးပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော်သာသနဓဇဓမ္မစရိယ မဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိလာသထံမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ပရိသတ်အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ရေဆင်းကန်ဦး ပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော်ကြီးထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့က ပျဉ်းမနား၊ ဈေးကုန်းကျောင်းတိုက်ဆရာတော်ထံ ကထိန်သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် ဇနီးတို့က ဆရာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဂဏဝါစကစာချ ဆရာ တော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇဝနတို့က ကထိန်အမေးအဖြေများ ဆောင်ရွက်တော်မူကြသည်။

ယင်းနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရထံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ကထိန်အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။အခမ်းအနားအပြီးတွင် သံဃာတော်အရှင် သူမြတ်တို့အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သတ္တမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံး/ဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၃ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြပြီး ပဒေသာပင်များအား သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်း အသီးသီးသို့ ရုံး/ဌာနများအလိုက် မော်တော်ယာဉ် များဖြင့် ပို့ဆောင်လှူဒါန်းခဲ့ကြသည်။

အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင်လည်း ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ လှူဒါန်းမည့် ရုံး/ဌာနအသီးသီးမှ မိသားစုများ၏ ပဒေသာပင်များအား အရာရှိ၊ စစ်သည်၊ မိသားစုအိမ်ထောင်သည်လိုင်းများအတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည်၍ အိုးစည်ဒိုးပတ်ပြိုင်ပွဲများလည်း ကျင်းပခဲ့ကြသည်။

(Zawgyi Version)

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ သတၱမအႀကိမ္ မဟာဘုံကထိန္ အလႉေတာ္မဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ေအာက္တုိဘာ -၂၇

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ သတၱမအႀကိမ္ မဟာဘုံကထိန္ အလွဴေတာ္မဂၤလာ အခမ္းအနားကုိ ယေန႕နံနက္ပုိင္းတြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း) အေနာ္ရထာခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တိုု႕ တက္ေရာက္၍ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ ဧည့္ပရိသတ္မ်ားသည္ ဘုန္းေတာ္ႀကီးေက်ာင္းအသီးသီးသို႕ လွဴဒါန္းရန္ အတြက္ အေနာ္ရထာခန္းမတြင္ ခင္းက်င္းထားေသာ ကထိန္လ်ာသကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ပေဒသာပင္မ်ားအား လွည့္လည္ၾကည့္႐ႈၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတုိ႕က အေနာ္ရထာခန္းမ အတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဆီမီး၊ ေသာက္ေတာ္ေရခ်မ္း၊ သစ္သီးႏွင့္ ျမသပိတ္ဆြမ္းတုိ႕ကို ကပ္လွဴပူေဇာ္ၾကသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ သတၱမ အႀကိမ္မဟာဘုံကထိန္ အလွဴေတာ္ မဂၤလာအခမ္းအနားကုိ က်င္းပျပဳလုပ္ရာ ပ်ဥ္းမနား၊ ေစ်းကုန္းေက်ာင္းတုိက္ဆရာေတာ္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇ မဟာရ႒ဂု႐ု ဘဒၵႏၲ က၀ိသာရႏွင့္ မႏၲေလးၿမိဳ႕၊ မဟာ၀ိဇိတာ႐ုံေက်ာင္းတုိက္ ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ၀ိစာရိႏၵာ ဘိ၀ံသ အမွဴးျပဳေသာ သံဃာေတာ္ ၇၂ ပါး ၾကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီး၊ ျပည္ေထာင္စု ၀န္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ဦးစြာေဇယ်ာသီရိၿမိဳ႕နယ္၊ ေရဆင္း ကန္ဦးပရိယတၱိစာသင္တုိက္ပဓာနနာယက ဆရာေတာ္သာသနဓဇဓမၼစရိယ မဟာ ဂႏၳ၀ါစက ပ႑ိတ ဘဒၵႏၲ၀ိလာသထံမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အမွဴးျပဳေသာ ပရိသတ္အေပါင္းတို႕က ကုိးပါးသီလ ခံယူေဆာက္ တည္ၾကၿပီး သံဃာေတာ္အရွင္သူျမတ္တုိ႕ ရြတ္ပြားသရဇၩာယ္ ခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကုိ နာယူၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတို႕က ေရဆင္းကန္ဦး ပရိယတၱိစာသင္တုိက္ပဓာနနာယက ဆရာေတာ္ႀကီးထံ ကထိန္လ်ာသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္တို႕က ပ်ဥ္းမနား၊ ေစ်းကုန္းေက်ာင္းတုိက္ဆရာေတာ္ထံ ကထိန္သကၤန္းႏွင့္ လွဴဖြယ္ ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။

ယင္းေနာက္ ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ ဇနီး၊ ကာကြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးႏွင့္ ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ ဇနီးတို႕က ဆရာေတာ္မ်ားထံ ကထိန္သကၤန္းႏွင့္လွဴဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။

ဆက္လက္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ)မွ အရာရွိႀကီးမ်ားက သံဃာေတာ္အရွင္သူျမတ္တို႕ထံ ကထိန္ သကၤန္းႏွင့္ လွဴဖြယ္၀တၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ထို႕ေနာက္ ေရဆင္းကန္ဦးေက်ာင္းတုိက္မွ ဂဏ၀ါစကစာခ် ဆရာ ေတာ္မ်ားျဖစ္ၾကသည့္ အရွင္၀ါယမႏွင့္ အရွင္ဇ၀နတို႕က ကထိန္အေမးအေျဖမ်ား ေဆာင္ရြက္ေတာ္မူၾကသည္။

ယင္းေနာက္ ပ်ဥ္းမနားၿမိဳ႕၊ မဟာ၀ိသုတာရာမေစ်းကုန္းေက်ာင္းတုိက္ ဆရာေတာ္ ႏုိင္ငံေတာ္ၾသ၀ါဒါစရိယ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲက၀ိသာရထံမွ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ အမွဴးျပဳေသာ ဧည့္ပရိသတ္မ်ားက ကထိန္အႏုေမာဒနာတရား နာယူၾကၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေ၀ၾကသည္။အခမ္းအနားအၿပီးတြင္ သံဃာေတာ္အရွင္ သူျမတ္တုိ႕အား တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဧည့္ပရိသတ္မ်ားက ေန႕ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ယေန႕က်င္းပျပဳလုပ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ သတၱမအႀကိမ္ မိသားစုမဟာဘုံကထိန္ အလွဴေတာ္မဂၤလာအခမ္းအနားတြင္ ႐ုံး/ဌာန အသီးသီးမွ ပေဒသာပင္စုစုေပါင္း ၈၃ ပင္၊ တန္ဖိုးေငြက်ပ္သိန္း ၁၀၀၀ ေက်ာ္ပါ၀င္ လွဴဒါန္းခဲ့ၾကၿပီး ပေဒသာပင္မ်ားအား သက္ဆုိင္ရာဘုန္းေတာ္ႀကီးေက်ာင္း အသီးသီးသုိ႕ ႐ုံး/ဌာနမ်ားအလိုက္ ေမာ္ေတာ္ယာဥ္ မ်ားျဖင့္ ပို႕ေဆာင္လွဴဒါန္းခဲ့ၾကသည္။

ေအာက္တုိဘာ ၂၆ ရက္ နံနက္ပုိင္းတြင္လည္း ဘုန္းေတာ္ႀကီးေက်ာင္းအသီးသီးသို႕ လွဴဒါန္းမည့္ ႐ုံး/ဌာနအသီးသီးမွ မိသားစုမ်ား၏ ပေဒသာပင္မ်ားအား အရာရွိ၊ စစ္သည္၊ မိသားစုအိမ္ေထာင္သည္လုိင္းမ်ားအတြင္း စည္ကားသိုုက္ၿမိဳက္စြာ လွည့္လည္၍ အုိးစည္ဒုိးပတ္ၿပိဳင္ပြဲမ်ားလည္း က်င္းပခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။