တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝန်းသိုမြို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ ဝန်းသိုမြို့ပြည်သူ့ဆေးရုံအတွက် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်

နေပြည်တော်၊ အောက်တိုဘာ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေဘိုတပ်နယ်၊ ဝန်းသိုမြို့ရှိနယ်မြေခံ တပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား

သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ ဝန်းသိုမြို့နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝန်းသိုမြို့ နယ်မြေခံတပ်ခန်းမသို့ရောက်ရှိ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သားများအနေဖြင့် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရမည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် အမြဲတမ်းလေ့ကျင့်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့လေ့ကျင့်နိုင်ရန်အတွက် စစ်သည် တိုင်း ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင် မှုရှိရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် (COVID-19) ရောဂါဖြစ်ပွားလျက်ရှိပြီး ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း၊ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၇၀ တွင် ရောဂါကူးစက် ဖြစ်ပွားလျက်ရှိပြီး ဝန်းသိုမြို့တွင် ကူးစက်မှုမရှိသည်ဟု သိရှိရကြောင်း၊ သို့သော်လည်း ပေါ့ဆနေ၍မရဘဲ ဂရုစိုက်သွားလာနေထိုင်ပြီးကာကွယ်ကြရန်လို အပ်မည်ဖြစ်ကြောင်း၊ သတိဖြင့် နေထိုင်ကြစေလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန်အတွက် တပ်မတော်သားများအနေဖြင့် ကျန်းမာနေရမည်ဖြစ်ပြီး ကျန်းမာကြံခိုင်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အတွင်း၌ ရောဂါနှင့် ပတ်သက်၍ ကူးစက်မှုနည်းပါးစေရန် တင်းကြပ်စွာကိုင်တွယ်ခြင်းပင်ဖြစ်ကြောင်း၊ (COVID-19) ရောဂါဖြစ်ပွားမှုကြောင့် စားရေးနှင့်ပတ်သက်ပြီး အခက်အခဲများဖြစ်ပေါ် လျက်ရှိသော်လည်း တပ်မတော်အတွင်း ၌ ၂၀၁၂ ခုနှစ်ကတည်းကစ၍ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်ခဲ့သဖြင့် ယခုကာလတွင် စားနပ်ရိက္ခာ များအတွက် အခက်အခဲမရှိနေထိုင်နိုင်သည့်အပြင် ဒေသခံပြည်သူလူထုကိုလည်း သက်သာသည့် ဈေးနှုန်းဖြင့် ကူညီရောင်းချပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ အနေဖြင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်၍ ခေါင်းဆောင်ကောင်း ပီသရန်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် –

“ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတဲ့သူဟာ စစ်သားကောင်းဖြစ်တယ်။ ယောင်္ကျား ကောင်းဖြစ်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ထိ်န်းသိမ်းဖို့ပြောလိုတယ်။ ဗိုလ်လေးတွေ ဆရာကြီးတွေ နောက် ဗိုလ်ကြီးတွေ အရာရှိတွေပါတယ်။ ဗိုလ်မှူးတွေ ပါကြတယ်။ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ကိုယ်စီခေါင်းဆောင်မှုပီသဖို့လိုတယ်။ ကိုယ့်အောက်က လူကို မှန်မှန်ကန်ကန် ခေါင်းဆောင်မှုပြဖို့လိုတယ်။ တို့အနေနဲ့ မြဲသုံးမြဲကနေစပြီးတော့ တပ်မတော်သားအနေနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေ ဖို့လိုတယ်။”

ထို့နောက် (COVID-19) ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မိမိတစ်ဦးတစ်ယောက် မှ ပတ်ဝန်းကျင်ကို များစွာ ကူးစက်ပြန့်ပွားစေနိုင်သည်ကို သတိထားကြစေလိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက် များနှင့် အညီလိုက်နာကြရန်လိုကြောင်း၊ ထို့ပြင် တပ်မတော်က ထုတ်ပြန်ထားသည့် စည်းကမ်းများကိုလည်း တိတိကျကျလိုက်နာကြရမည်ဖြစ်ကြောင်း။

မကြာမီတွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်စွာဆန္ဒ မဲပေးနိုင်ကြောင်းနှင့် တိုင်းပြည်နှင့် ဒေသအတွက် ကောင်းကျိုးဖော်ဆောင်ပေးနိုင်မည့် သူကို တပ်မတော်သား တစ်ဦးအနေဖြင့် လူ့သဘောသဘာ၀နှင့် ချိန်ထိုးစဉ်းစားပြီး အရွေးမမှားအောင် ရွေးခြယ်ကြစေလိုကြောင်းနှင့် တပ်မတော်သားများ၏ ပညာရေး၊ သားသမီးများ၏ ပညာရေးနှင့် ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားရာတွင် –

“နောက်တစ်ချက်က ကျန်းမာရေး ဂရုစိုက်ကြပါ။ နောက်တစ်ခုကလည်း သားသမီး နဲ့ ပတ်သက်ပြီး ပညာရေးလည်း အားပေးကြပါလိုပြောလိုတယ်။ အားတဲ့အချိန်လေးတွေ မှာ စာဖတ်ခိုင်းပါ။ ကိုယ်က်ိုယ်တိုင်လည်း ဖတ်။ သားသမီးတွေကိုလည်း ကျောင်းမသွား ဘူးဆိုပြီး အိမ်မှာ ဒီတိုင်းမနေစေနဲ့။ နောက်ဆုံးသင်ခဲ့တဲ့ ကျောင်းသင်ခန်းစာတွေ ပြန် ဖတ်ခိုင်း။ စာအုပ်တွေရှိတယ်။ သူ့အတွက် စာကြေတာပေါ့။ ကျောင်းပြန်ဖွင့်တဲ့အချိန်ကျ သူတို့အတွက် အများကြီး အထောက်အကူရလိမ့်မယ်လို့ ပြောလိုတယ်။ ဒီခေတ်မှာ စာ မတတ်ရင် မဖြစ်ဘူး။ စာတတ်ဖို့လိုတယ်။ တပ်မတော်သားတွေ။ ကိုယ့်ရဲ့မိသားစု သားသမီးတွေ အားလုံး စာတတ်ပေတတ်တွေဖြစ်ဖို့လိုတယ်။ ကိုယ့်ခြေထောက်ပေါ် က်ိုယ် ရပ်တည်နိုင်တဲ့သူတွေ ဖြစ်ဖို့လိုတယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆက်လက် မှာကြားပြီး Surgical Mask ၁၇၈၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ရွှေဘိုတပ်နယ်မှ ဗိုလ်မှူးကြီး စိုးဦးဟန်ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝန်းသိုမြို့ရှိ မကျီးကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဂန္ဓဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အား ဖူးမြော်ကြည်ညိုကာ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၃၀ အိတ်၊ ဆီ ၄၅ ပိဿာ ၊ ဆား ၁၅ ပိဿာ၊ ပဲ ၁၀၁ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများနှင့် ဝတ္ထုငွေ များ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ ကိုမေးမြန်း လျောက်ထားခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝန်းသိုမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်လွင်နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံ အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ဆေးရုံအစည်းအဝေးခန်းမတွင် (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် ဝန်းသိုမြို့သည် မိမိတာဝန်ထမ်း ဆောင်ခဲ့သည့် မြို့ဖြစ်ပြီး ယခုကဲ့သို့ ပြန်လည်ရောက်ရှိခွင့်ရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း၊ ထို့ပြင် ဝန်းသိုမြို့အနေဖြင့် (COVID-19) ရောဂါမဖြစ်ပွားသည့် မြို့ဖြစ်၍ လည်း ဝမ်းသာမိပါကြောင်း၊ သို့သော်လည်း ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး ပေါ့ ဆ၍ရမည်မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုတို့ ပူးပေါင်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်း ဖြစ်ပွားမှုနှုန်းနှင့် သေဆုံး မှုနှုန်းမြင့်တက်လျက်ရှိသဖြင့် တစ်ဦးချင်းအသိစိတ်ဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသခံများ၏ တစ်ဦးချင်းလိုက်ပါ ဆောင် ရွက်မှုသည် အဓိကအရေးကြီးပါကြောင်း၊ ဝန်းသိုမြို့အတွင်း (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ရောဂါကာကွယ်ထိန်း ချုပ်ကုသရေး ပစ္စည်းများကို ပေးအပ်ရန်ယူဆောင်လာခဲ့ပါကြောင်း၊ တန်ဖိုးအားဖြင့် များပြားသည် မဟုတ်သော်လည်း ရောဂါကာကွယ်ခြင်းအပိုင်း၌ အတိုင်းအတာတစ်ခု အထိ အထောက်အကူဖြစ်နိုင်စေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝန်းသိုမြို့ပြည်သူ့ဆေးရုံအတွက် (COVID-19) ရောဂါကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၅၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Personal Protective Equipment(PPE) ဝတ်စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၅၀၀ခုနှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအုပ်ကြီး နှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဝန္းသိုၿမိဳ႕ရွိ နယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား၊ ဝန္းသိုၿမိဳ႕ျပည္သူ႔ေဆး႐ုံအတြက္ (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ေ႐ႊဘိုတပ္နယ္၊ ဝန္းသိုၿမိဳ႕ရွိနယ္ေျမခံ တပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား

သြားေရာက္ေတြ႕ဆုံအမွာစကားေျပာၾကားၿပီး (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးအေထာက္အကူျပဳပစၥည္းမ်ား ေပးအပ္သည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ဇနီး၊ ဝန္းသိုၿမိဳ႕နယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဝန္းသိုၿမိဳ႕ နယ္ေျမခံတပ္ခန္းမသို႔ေရာက္ရွိ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သားမ်ားအေနျဖင့္ မည္သည့္ေနရာတြင္ တာဝန္ထမ္းေဆာင္သည္ျဖစ္ေစ အၿမဲတမ္းတိုက္ပြဲဝင္အသင့္ျဖစ္ေနရမည္ျဖစ္ေၾကာင္း၊ တိုက္ပြဲဝင္အသင့္ျဖစ္ေစေရးအတြက္ အၿမဲတမ္းေလ့က်င့္ေနရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ထိုသို႔ေလ့က်င့္ႏိုင္ရန္အတြက္ စစ္သည္ တိုင္း က်န္းမာႀကံ့ခိုင္ေနရမည္ျဖစ္ၿပီး က်န္းမာေရးႏွင့္ ညီၫြတ္ေသာ စားေသာက္ေနထိုင္ မႈရွိရမည္ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ (COVID-19) ေရာဂါျဖစ္ပြားလ်က္ရွိၿပီး ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးေၾကာင္း၊ ၿမိဳ႕နယ္ေပါင္း ၃၃၀ ရွိသည့္အနက္ ၂၇၀ တြင္ ေရာဂါကူးစက္ ျဖစ္ပြားလ်က္ရွိၿပီး ဝန္းသိုၿမိဳ႕တြင္ ကူးစက္မႈမရွိသည္ဟု သိရွိရေၾကာင္း၊ သို႔ေသာ္လည္း ေပါ့ဆေန၍မရဘဲ ဂ႐ုစိုက္သြားလာေနထိုင္ၿပီးကာကြယ္ၾကရန္လို အပ္မည္ျဖစ္ေၾကာင္း၊ သတိျဖင့္ ေနထိုင္ၾကေစလိုေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ထမ္းေဆာင္ရန္အတြက္ တပ္မေတာ္သားမ်ားအေနျဖင့္ က်န္းမာေနရမည္ျဖစ္ၿပီး က်န္းမာႀကံခိုင္ေနရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အတြင္း၌ ေရာဂါႏွင့္ ပတ္သက္၍ ကူးစက္မႈနည္းပါးေစရန္ တင္းၾကပ္စြာကိုင္တြယ္ျခင္းပင္ျဖစ္ေၾကာင္း၊ (COVID-19) ေရာဂါျဖစ္ပြားမႈေၾကာင့္ စားေရးႏွင့္ပတ္သက္ၿပီး အခက္အခဲမ်ားျဖစ္ေပၚ လ်က္ရွိေသာ္လည္း တပ္မေတာ္အတြင္း ၌ ၂၀၁၂ ခုႏွစ္ကတည္းကစ၍ စိုက္ပ်ိဳးေမြးျမဴ ေရးလုပ္ငန္းမ်ား တြန္းအားေပးေဆာင္႐ြက္ခဲ့သျဖင့္ ယခုကာလတြင္ စားနပ္ရိကၡာ မ်ားအတြက္ အခက္အခဲမရွိေနထိုင္ႏိုင္သည့္အျပင္ ေဒသခံျပည္သူလူထုကိုလည္း သက္သာသည့္ ေဈးႏႈန္းျဖင့္ ကူညီေရာင္းခ်ေပးႏိုင္ခဲ့ေၾကာင္း၊ တပ္မေတာ္သားမ်ား အေနျဖင့္ မိမိကိုယ္ကို ထိန္းသိမ္းႏိုင္၍ ေခါင္းေဆာင္ေကာင္း ပီသရန္ႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ –

“ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္စြမ္းရွိတဲ့သူဟာ စစ္သားေကာင္းျဖစ္တယ္။ ေယာက်ၤား ေကာင္းျဖစ္တယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ထိ္န္းသိမ္းဖို႔ေျပာလိုတယ္။ ဗိုလ္ေလးေတြ ဆရာႀကီးေတြ ေနာက္ ဗိုလ္ႀကီးေတြ အရာရွိေတြပါတယ္။ ဗိုလ္မႉးေတြ ပါၾကတယ္။ ေခါင္းေဆာင္ေတြျဖစ္တဲ့အတြက္ ကိုယ္စီေခါင္းေဆာင္မႈပီသဖို႔လိုတယ္။ ကိုယ့္ေအာက္က လူကို မွန္မွန္ကန္ကန္ ေခါင္းေဆာင္မႈျပဖို႔လိုတယ္။ တို႔အေနနဲ႔ ၿမဲသုံးၿမဲကေနစၿပီးေတာ့ တပ္မေတာ္သားအေနနဲ႔ တာဝန္ထမ္းေဆာင္ႏိုင္ဖို႔အတြက္ အၿမဲတမ္း အဆင္သင့္ျဖစ္ေန ဖို႔လိုတယ္။”

ထို႔ေနာက္ (COVID-19) ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္၍ မိမိတစ္ဦးတစ္ေယာက္ မွ ပတ္ဝန္းက်င္ကို မ်ားစြာ ကူးစက္ျပန႔္ပြားေစႏိုင္သည္ကို သတိထားၾကေစလိုေၾကာင္း၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စည္းကမ္းသတ္မွတ္ခ်က္ မ်ားႏွင့္ အညီလိုက္နာၾကရန္လိုေၾကာင္း၊ ထို႔ျပင္ တပ္မေတာ္က ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ားကိုလည္း တိတိက်က်လိုက္နာၾကရမည္ျဖစ္ေၾကာင္း။

မၾကာမီတြင္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲ က်င္းပမည္ျဖစ္ၿပီး လြတ္လပ္စြာဆႏၵ မဲေပးႏိုင္ေၾကာင္းႏွင့္ တိုင္းျပည္ႏွင့္ ေဒသအတြက္ ေကာင္းက်ိဳးေဖာ္ေဆာင္ေပးႏိုင္မည့္ သူကို တပ္မေတာ္သား တစ္ဦးအေနျဖင့္ လူ႔သေဘာသဘာ၀ႏွင့္ ခ်ိန္ထိုးစဥ္းစားၿပီး အေ႐ြးမမွားေအာင္ ေ႐ြးျခယ္ၾကေစလိုေၾကာင္းႏွင့္ တပ္မေတာ္သားမ်ား၏ ပညာေရး၊ သားသမီးမ်ား၏ ပညာေရးႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာ ၾကားရာတြင္ –

“ေနာက္တစ္ခ်က္က က်န္းမာေရး ဂ႐ုစိုက္ၾကပါ။ ေနာက္တစ္ခုကလည္း သားသမီး နဲ႔ ပတ္သက္ၿပီး ပညာေရးလည္း အားေပးၾကပါလိုေျပာလိုတယ္။ အားတဲ့အခ်ိန္ေလးေတြ မွာ စာဖတ္ခိုင္းပါ။ ကိုယ္က္ိုယ္တိုင္လည္း ဖတ္။ သားသမီးေတြကိုလည္း ေက်ာင္းမသြား ဘူးဆိုၿပီး အိမ္မွာ ဒီတိုင္းမေနေစနဲ႔။ ေနာက္ဆုံးသင္ခဲ့တဲ့ ေက်ာင္းသင္ခန္းစာေတြ ျပန္ ဖတ္ခိုင္း။ စာအုပ္ေတြရွိတယ္။ သူ႔အတြက္ စာေၾကတာေပါ့။ ေက်ာင္းျပန္ဖြင့္တဲ့အခ်ိန္က် သူတို႔အတြက္ အမ်ားႀကီး အေထာက္အကူရလိမ့္မယ္လို႔ ေျပာလိုတယ္။ ဒီေခတ္မွာ စာ မတတ္ရင္ မျဖစ္ဘူး။ စာတတ္ဖို႔လိုတယ္။ တပ္မေတာ္သားေတြ။ ကိုယ့္ရဲ႕မိသားစု သားသမီးေတြ အားလုံး စာတတ္ေပတတ္ေတြျဖစ္ဖို႔လိုတယ္။ ကိုယ့္ေျခေထာက္ေပၚ က္ိုယ္ ရပ္တည္ႏိုင္တဲ့သူေတြ ျဖစ္ဖို႔လိုတယ္။”

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ဆက္လက္ မွာၾကားၿပီး Surgical Mask ၁၇၈၀ ခုႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကို ေပးအပ္ရာ ေ႐ႊဘိုတပ္နယ္မွ ဗိုလ္မႉးႀကီး စိုးဦးဟန္ကလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ တပ္နယ္မႉး၏ဇနီးကလည္းေကာင္း အသီးသီးလက္ခံရယူၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဝန္းသိုၿမိဳ႕ရွိ မက်ီးကုန္းဘုန္းေတာ္ႀကီးေက်ာင္းသို႔ သြားေရာက္၍ ေက်ာင္းထိုင္ဆရာေတာ္ ဂႏၶဝါစက ပ႑ိတ ဘဒၵႏၲ ေကာဝိဒ အား ဖူးေျမာ္ၾကည္ညိဳကာ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၃၀ အိတ္၊ ဆီ ၄၅ ပိႆာ ၊ ဆား ၁၅ ပိႆာ၊ ပဲ ၁၀၁ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ားႏွင့္ ဝတၳဳေငြ မ်ား ဆက္ကပ္ လႉဒါန္းၾကၿပီး ဆရာေတာ္ႀကီး၏ က်န္းမာေရးအေျခအေနမ်ား ကိုေမးျမန္း ေလ်ာက္ထားခဲ့ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဝန္းသိုၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ေရာက္ရွိၾကရာ ေဆး႐ုံအုပ္ႀကီး ေဒါက္တာတင့္လြင္ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ေဆး႐ုံတက္ေရာက္ကုသမႈခံယူေနသည့္ ေဒသခံ ျပည္သူမ်ား၏ က်န္းမာေရးအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ အားေပးစကား ေျပာၾကားကာ ေထာက္ပံ့ေငြမ်ားေပးအပ္သည္။

ထို႔ေနာက္ ေဆး႐ုံအစည္းအေဝးခန္းမတြင္ (COVID-19) ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားေပးအပ္လႉဒါန္းရျခင္းႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ ဝန္းသိုၿမိဳ႕သည္ မိမိတာဝန္ထမ္း ေဆာင္ခဲ့သည့္ ၿမိဳ႕ျဖစ္ၿပီး ယခုကဲ့သို႔ ျပန္လည္ေရာက္ရွိခြင့္ရသည့္အတြက္ ဝမ္းေျမာက္ပါ ေၾကာင္း၊ ထို႔ျပင္ ဝန္းသိုၿမိဳ႕အေနျဖင့္ (COVID-19) ေရာဂါမျဖစ္ပြားသည့္ ၿမိဳ႕ျဖစ္၍ လည္း ဝမ္းသာမိပါေၾကာင္း၊ သို႔ေသာ္လည္း ေရာဂါကာကြယ္ေရးႏွင့္ ပတ္သက္ၿပီး ေပါ့ ဆ၍ရမည္မဟုတ္ဘဲ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံျပည္သူလူထုတို႔ ပူးေပါင္း ကာကြယ္ၾကရမည္ျဖစ္ေၾကာင္း၊ ကမာၻ႔ႏိုင္ငံမ်ားတြင္လည္း ျဖစ္ပြားမႈႏႈန္းႏွင့္ ေသဆုံး မႈႏႈန္းျမင့္တက္လ်က္ရွိသျဖင့္ တစ္ဦးခ်င္းအသိစိတ္ျဖင့္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ ေဒသခံမ်ား၏ တစ္ဦးခ်င္းလိုက္ပါ ေဆာင္ ႐ြက္မႈသည္ အဓိကအေရးႀကီးပါေၾကာင္း၊ ဝန္းသိုၿမိဳ႕အတြင္း (COVID-19) ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးတြင္ အေထာက္အကူျဖစ္ေစရန္အတြက္ ေရာဂါကာကြယ္ထိန္း ခ်ဳပ္ကုသေရး ပစၥည္းမ်ားကို ေပးအပ္ရန္ယူေဆာင္လာခဲ့ပါေၾကာင္း၊ တန္ဖိုးအားျဖင့္ မ်ားျပားသည္ မဟုတ္ေသာ္လည္း ေရာဂါကာကြယ္ျခင္းအပိုင္း၌ အတိုင္းအတာတစ္ခု အထိ အေထာက္အကူျဖစ္ႏိုင္ေစမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဝန္းသိုၿမိဳ႕ျပည္သူ႔ေဆး႐ုံအတြက္ (COVID-19) ေရာဂါကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၅၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Personal Protective Equipment(PPE) ဝတ္စုံ ၅၀ စုံ၊ Hand Gel ၃၀ ဘူး၊ N 95 Mask ၁၀၀ ခု၊ Examination Glove ၅၀၀ခုႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ ပစၥည္းမ်ားကို ေပးအပ္ရာ ေဆး႐ုံအုပ္ႀကီးက လက္ခံရယူသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ုံအုပ္ႀကီး ႏွင့္ အဖြဲ႕ဝင္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။