တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ  ၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဟုမ္မလင်းမြို့၊ လဟယ်မြို့နှင့် ခန္တီး မြို့တို့ရှိနယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားသွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်ခန်းမ များသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နယ်မြေခံတပ်များအား ယခုကဲ့ သို့ တွေ့ဆုံရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ တပ်မတော်၏ အဓိကတာဝန်မှာ နိုင်ငံ တော်ကာကွယ်ရေးတာဝန်ဖြစ်ကြောင်း၊ ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထားရသော တပ်မတော်ဖြစ်စေရေး တပ်တိုင်းသည် စစ်ရေးစွမ်းရည် ထက်မြက်နေရ မည်ဖြစ်ကြောင်း၊ ထိုသို့ စစ်ရေးစွမ်းရည်ထက်မြက်စေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရ မည်ဖြစ်ကြောင်း၊ ဟုမ္မလင်း၊ လဟယ်နှင့်ခန္တီး ဒေသရှိတပ်များသည် တပ်တည်ခဲ့သည့် နှစ်ပေါင်းကြာမြင့်ပြီဖြစ်သည့်အတွက် ဒေသခံတပ်များအဖြစ် ပီပြင်စွာ ပုံပေါ်နေရမည် ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုနှင့် တစ်သားတည်းဖြစ်နေရမည်ဖြစ်ကြောင်းနှင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် –

“တစ်နေ့က ကာကွယ်ရေးနဲ့ပတ်သက်ပြီး ငါပြောခဲ့တာ ရှိတယ်။ ကာကွယ်ရေး ဆိုတာကတော့ စစ်တိုက်တာ တစ်ခုတည်း မဟုတ်ဘူး။ အများကြီး အကျုံးဝင်တယ်။ ဒီလိုပဲ လုံခြုံရေးဆိုတာဟာလည်း သာမာန် သူခိုးရန်၊ ဓားပြရန် လုံခြုံရေးလုပ်တာတင် မဟုတ်ဘူး။ လုံခြုံရေးဆိုတာ အများကြီးကျယ်ပြန့်တယ်။ လုံခြုံရေးဆိုတာ လူတွေက ထင်တာက ရဲတွေကနေပြီးတော့ သူခိုးဓားပြတွေ မရှိအောင် စောင့်ရှောက်ပေးတာတို့ ခိုး ဆိုး နှိုက်တွေ မရှိအောင် ဆောင်ရွက်ပေးတာတို့။တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေတာတို့ ဒီလိုမျိုးမြင်ကြတယ်။ ဒါပေမယ့် လုံခြုံရေးမှာ နောက်ပိုင်းကျတော့ ဒီလိုမဟုတ်တော့ဘူး။ Food Security ၊ Cyber Security ၊ Health Security စသည်ဖြင့် ပြောရရင်တော့ အစားအသောက်နဲ့ပတ်သက်တာ၊ ဆိုက်ဘာ၊ ဆက်သွယ်မှုနဲ့ ပတ်သက်တဲ့ လုံခြုံရေးတွေ၊ ရာသီဥတု၊ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ လုံခြုံရေးတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့လုံခြုံရေးတွေ စသည်ဖြင့် ဒီလိုကဏ္ဍတွေ ရှိတယ်။ ဒီလိုပဲ စောစောကပြောတဲ့ ကာကွယ်ရေးဆိုတဲ့အပိုင်းမှာလည်း စစ်တိုက်တာတင် မဟုတ်ပဲနဲ့ မျိုးချစ်စိတ်ဓါတ်တွေ မထိပါးအောင်ကာကွယ်တာ၊ ယဉ်ကျေးမှုကို မထိပါးအောင် ကာကွယ်တာတို့ ဒီလိုတွေလည်းရှိတယ်။”

ထို့နောက် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေး အခန်း ကဏ္ဍသည် များစွာအရေးပါသဖြင့် တပ်မတော်နှင့် ပြည်သူတစ်သားတည်း ဖြစ်နေရမည် ဖြစ်ကြောင်း၊ ပြည်သူနှင့် ကင်းကွာနေ၍မရဘဲ တပ်မတော်သည် ပြည်သူကြားမှ ပေါက် ဖွားလာသည့် တိုင်းပြည်၏အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ပြည်သူနှင့် တစ်ဆက်တည်း၊ တစ်သားတည်းဖြစ်ရန်လိုအပ်သည့် အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဆက်လက်ပြောကြားရာတွင်-

“အားလုံးဟာ ပြည်သူကြားက ပေါက်ဖွားလာတာ။ သီးခြားလူတန်းစားတစ်ရပ် မဟုတ်ဘူး တပ်မတော်က။ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာတာ။ ဒီထဲ မှာ နယ်မြေခံတွေက၊ နယ်မြေခံတပ်တွေက ပေါက်ဖွားလာတဲ့ မိသားစုတွေ ရှိသလို။ အခြားနယ်မြေကနေလာတဲ့ မိသားစုတွေ ရှိကြတယ်။ တပ်ထဲကလူတွေတင် မကဘူး။ အရင် ဘုရင်ခေတ်ကတော့ မင်းညီမင်းသားတွေ၊ နန်းတွင်းမှာ ရောက် နေတဲ့ အဖွဲ့တွေ သူတို့က လူတန်းစားတစ်ရပ်ဖြစ်တယ်။ နန်းတွင်းလူတန်းစားတစ်ရပ် ဖြစ်တာပေါ့။ တို့က အဲ့ဒီလို မဟုတ်ဘူး။ တို့က ပြည်သူနဲ့ တစ်ဆက်တစ်စပ်တည်းနဲ့ ပြည်သူကြားက ပေါက်ဖွားလာသူတွေဖြစ်တယ်။ ပြည်သူနဲ့ကင်းကွာလို့ မရဘူး။”

ယင်းနောက် (COVID-19) ရောဂါဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက် ၍ ယနေ့နံနက်အထိ မိမိတို့နိုင်ငံတွင် ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာဦးရေ ၄ သောင်း ကျော်၊ သေဆုံးသူဦးရေ တစ်ထောင်ကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားသူဦး ရေ ၄၃ သန်းခန့်၊ သေဆုံးသူဦးရေ တစ်သန်းခန့် ရှိပြီဖြစ်ကြောင်း၊ ရောဂါကာကွယ်ရေး နှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်လိုကြောင်း၊ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကိုလည်း တပ်မတော်သားများအခမဲ့သုံးစွဲ နိုင်ရေးနှင့် အခက်အခဲရှိသည့်ပြည်သူလူထုသို့ ဝေငှပေးနိုင်ရေးအတွက် တပ်မတော် စက်ရုံများမှ ထုတ်လုပ် ဖြန့်ဝေလျက်ရှိကြောင်း၊ တစ်ဦးချင်းနေထိုင်မှုစည်းကမ်းကောင်း ပါက ရောဂါကူးစက်နိုင်ချေ နည်းပါးမည်ဖြစ်ပြီး မိမိပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

(COVID-19) ရောဂါသည် ရောဂါအခံရှိသူများတွင် ဝေဒနာ ပိုမိုဆိုးရွားနိုင်သဖြင့် သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ ဆီးချို နှင့် အခြားရောဂါများမဖြစ်ပွားစေရေး အသောက်အစားနှင့် အစားအသောက်ကို တစ်ဦးချင်း ကိုယ်စီအသိစိတ်ဖြင့် ဆင်ခြင်ကြရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အာဟာရပြည့်၀အောင်လည်း အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားသုံးရန်လိုကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဆေးလိပ်၊ အရက်နှင့် ကွမ်းယာ သုံးစွဲခြင်းများကို ရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို လက်တွေ့ကျကျ တာဝန်ထမ်းဆောင်နေကြသူများဖြစ်သဖြင့် ကျန်းမာရေး နှင့် ပတ်သက်လာပါက ပိုမိုဂရုစိုက်ကြရန်လိုကြောင်း။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းသည် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်များရွေးချယ်ရာတွင် တိုင်းပြည်နှင့် ပြည်သူ အပေါ် စိတ်ကောင်းစေတနာကောင်းထားနိုင်သူ၊ ဥပဒေအကြောင်းနားလည်သူ၊ ဒေသနှင့် နိုင်ငံ့ကောင်းရာကောင်းကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးချယ်ကြရန်လိုကြောင်း၊ ဒီမိုကရေစီ အစိုးရနှစ်ဆက်တွင် ကြုံတွေ့ခဲ့ရသည့် လုပ်ဆောင်ချက်များကို ချိန်ထိုးကာ သေချာစဉ်းစားသုံးသပ်ပြီး ဆန္ဒမဲပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆက်လက် မှာကြားပြီး တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီး ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဟုမၼလင္းၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ ခႏၲီးၿမိဳ႕တို႔ရွိ နယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ ဟုမၼလင္းၿမိဳ႕၊ လဟယ္ၿမိဳ႕ႏွင့္ ခႏၲီး ၿမိဳ႕တို႔ရွိနယ္ေျမခံတပ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားသြားေရာက္ေတြ႕ဆုံအမွာ စကား ေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ဇနီး၊ နယ္ေျမခံတပ္မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ နယ္ေျမခံတပ္ခန္းမ မ်ားသို႔ေရာက္ရွိၾကရာ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီးေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ နယ္ေျမခံတပ္မ်ားအား ယခုကဲ့ သို႔ ေတြ႕ဆုံရသည့္အတြက္ ဝမ္းသာမိပါေၾကာင္း၊ တပ္မေတာ္၏ အဓိကတာဝန္မွာ ႏိုင္ငံ ေတာ္ကာကြယ္ေရးတာဝန္ျဖစ္ေၾကာင္း၊ ျပည္သူကအားကိုးရေသာ၊ ႏိုင္ငံေတာ္က အားထားရေသာ တပ္မေတာ္ျဖစ္ေစေရး တပ္တိုင္းသည္ စစ္ေရးစြမ္းရည္ ထက္ျမက္ေနရ မည္ျဖစ္ေၾကာင္း၊ ထိုသို႔ စစ္ေရးစြမ္းရည္ထက္ျမက္ေစရန္ စဥ္ဆက္မျပတ္ ေလ့က်င့္ေနရ မည္ျဖစ္ေၾကာင္း၊ ဟုမၼလင္း၊ လဟယ္ႏွင့္ခႏၲီး ေဒသရွိတပ္မ်ားသည္ တပ္တည္ခဲ့သည့္ ႏွစ္ေပါင္းၾကာျမင့္ၿပီျဖစ္သည့္အတြက္ ေဒသခံတပ္မ်ားအျဖစ္ ပီျပင္စြာ ပုံေပၚေနရမည္ ျဖစ္ေၾကာင္း၊ ေဒသခံျပည္သူလူထုႏွင့္ တစ္သားတည္းျဖစ္ေနရမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္ေနမႈႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ –

“တစ္ေန႔က ကာကြယ္ေရးနဲ႔ပတ္သက္ၿပီး ငါေျပာခဲ့တာ ရွိတယ္။ ကာကြယ္ေရး ဆိုတာကေတာ့ စစ္တိုက္တာ တစ္ခုတည္း မဟုတ္ဘူး။ အမ်ားႀကီး အက်ဳံးဝင္တယ္။ ဒီလိုပဲ လုံၿခဳံေရးဆိုတာဟာလည္း သာမာန္ သူခိုးရန္၊ ဓားျပရန္ လုံၿခဳံေရးလုပ္တာတင္ မဟုတ္ဘူး။ လုံၿခဳံေရးဆိုတာ အမ်ားႀကီးက်ယ္ျပန႔္တယ္။ လုံၿခဳံေရးဆိုတာ လူေတြက ထင္တာက ရဲေတြကေနၿပီးေတာ့ သူခိုးဓားျပေတြ မရွိေအာင္ ေစာင့္ေရွာက္ေပးတာတို႔ ခိုး ဆိုး ႏႈိက္ေတြ မရွိေအာင္ ေဆာင္႐ြက္ေပးတာတို႔။တရားဥပေဒစိုးမိုးေရးအတြက္ ေဆာင္႐ြက္ေနတာတို႔ ဒီလိုမ်ိဳးျမင္ၾကတယ္။ ဒါေပမယ့္ လုံၿခဳံေရးမွာ ေနာက္ပိုင္းက်ေတာ့ ဒီလိုမဟုတ္ေတာ့ဘူး။ Food Security ၊ Cyber Security ၊ Health Security စသည္ျဖင့္ ေျပာရရင္ေတာ့ အစားအေသာက္နဲ႔ပတ္သက္တာ၊ ဆိုက္ဘာ၊ ဆက္သြယ္မႈနဲ႔ ပတ္သက္တဲ့ လုံၿခဳံေရးေတြ၊ ရာသီဥတု၊ ပတ္ဝန္းက်င္နဲ႔ပတ္သက္တဲ့ လုံၿခဳံေရးေတြ၊ က်န္းမာေရးနဲ႔ ပတ္သက္တဲ့လုံၿခဳံေရးေတြ စသည္ျဖင့္ ဒီလိုက႑ေတြ ရွိတယ္။ ဒီလိုပဲ ေစာေစာကေျပာတဲ့ ကာကြယ္ေရးဆိုတဲ့အပိုင္းမွာလည္း စစ္တိုက္တာတင္ မဟုတ္ပဲနဲ႔ မ်ိဳးခ်စ္စိတ္ဓါတ္ေတြ မထိပါးေအာင္ကာကြယ္တာ၊ ယဥ္ေက်းမႈကို မထိပါးေအာင္ ကာကြယ္တာတို႔ ဒီလိုေတြလည္းရွိတယ္။”

ထို႔ေနာက္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ရာတြင္ ျပည္သူ႔ဆက္ဆံေရး အခန္း က႑သည္ မ်ားစြာအေရးပါသျဖင့္ တပ္မေတာ္ႏွင့္ ျပည္သူတစ္သားတည္း ျဖစ္ေနရမည္ ျဖစ္ေၾကာင္း၊ ျပည္သူႏွင့္ ကင္းကြာေန၍မရဘဲ တပ္မေတာ္သည္ ျပည္သူၾကားမွ ေပါက္ ဖြားလာသည့္ တိုင္းျပည္၏အစိတ္အပိုင္းတစ္ခုျဖစ္သျဖင့္ ျပည္သူႏွင့္ တစ္ဆက္တည္း၊ တစ္သားတည္းျဖစ္ရန္လိုအပ္သည့္ အေျခအေနမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ဆက္လက္ေျပာၾကားရာတြင္-

“အားလုံးဟာ ျပည္သူၾကားက ေပါက္ဖြားလာတာ။ သီးျခားလူတန္းစားတစ္ရပ္ မဟုတ္ဘူး တပ္မေတာ္က။ တပ္မေတာ္သည္ ျပည္သူၾကားက ေပါက္ဖြားလာတာ။ ဒီထဲ မွာ နယ္ေျမခံေတြက၊ နယ္ေျမခံတပ္ေတြက ေပါက္ဖြားလာတဲ့ မိသားစုေတြ ရွိသလို။ အျခားနယ္ေျမကေနလာတဲ့ မိသားစုေတြ ရွိၾကတယ္။ တပ္ထဲကလူေတြတင္ မကဘူး။ အရင္ ဘုရင္ေခတ္ကေတာ့ မင္းညီမင္းသားေတြ၊ နန္းတြင္းမွာ ေရာက္ ေနတဲ့ အဖြဲ႕ေတြ သူတို႔က လူတန္းစားတစ္ရပ္ျဖစ္တယ္။ နန္းတြင္းလူတန္းစားတစ္ရပ္ ျဖစ္တာေပါ့။ တို႔က အဲ့ဒီလို မဟုတ္ဘူး။ တို႔က ျပည္သူနဲ႔ တစ္ဆက္တစ္စပ္တည္းနဲ႔ ျပည္သူၾကားက ေပါက္ဖြားလာသူေတြျဖစ္တယ္။ ျပည္သူနဲ႔ကင္းကြာလို႔ မရဘူး။”

ယင္းေနာက္ (COVID-19) ေရာဂါျဖစ္ပြားေနသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္ ၍ ယေန႔နံနက္အထိ မိမိတို႔ႏိုင္ငံတြင္ ေရာဂါပိုးဓာတ္ခြဲအတည္ျပဳလူနာဦးေရ ၄ ေသာင္း ေက်ာ္၊ ေသဆုံးသူဦးေရ တစ္ေထာင္ေက်ာ္ရွိၿပီျဖစ္ၿပီး ကမာၻ႔ႏိုင္ငံမ်ားတြင္ ျဖစ္ပြားသူဦး ေရ ၄၃ သန္းခန႔္၊ ေသဆုံးသူဦးေရ တစ္သန္းခန႔္ ရွိၿပီျဖစ္ေၾကာင္း၊ ေရာဂါကာကြယ္ေရး ႏွင့္ ပတ္သက္၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ သတ္မွတ္ ခ်က္၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ သြားလာေနထိုင္ၾကရန္လိုေၾကာင္း၊ ေရာဂါ ကာကြယ္ေရးအေထာက္အကူျပဳ ပစၥည္းမ်ားကိုလည္း တပ္မေတာ္သားမ်ားအခမဲ့သုံးစြဲ ႏိုင္ေရးႏွင့္ အခက္အခဲရွိသည့္ျပည္သူလူထုသို႔ ေဝငွေပးႏိုင္ေရးအတြက္ တပ္မေတာ္ စက္႐ုံမ်ားမွ ထုတ္လုပ္ ျဖန႔္ေဝလ်က္ရွိေၾကာင္း၊ တစ္ဦးခ်င္းေနထိုင္မႈစည္းကမ္းေကာင္း ပါက ေရာဂါကူးစက္ႏိုင္ေခ် နည္းပါးမည္ျဖစ္ၿပီး မိမိပတ္ဝန္းက်င္ သန႔္ရွင္းသပ္ရပ္ေရး ကိုလည္း ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

(COVID-19) ေရာဂါသည္ ေရာဂါအခံရွိသူမ်ားတြင္ ေဝဒနာ ပိုမိုဆိုး႐ြားႏိုင္သျဖင့္ ေသြးတိုး၊ ႏွလုံး၊ ေက်ာက္ကပ္၊ ဆီးခ်ိဳ ႏွင့္ အျခားေရာဂါမ်ားမျဖစ္ပြားေစေရး အေသာက္အစားႏွင့္ အစားအေသာက္ကို တစ္ဦးခ်င္း ကိုယ္စီအသိစိတ္ျဖင့္ ဆင္ျခင္ၾကရန္လိုေၾကာင္း၊ က်န္းမာႀကံ့ခိုင္ေရးအတြက္ ကိုယ္လက္လႈပ္ရွား အားကစားေဆာင္႐ြက္ရန္ လိုအပ္သကဲ့သို႔ အာဟာရျပည့္၀ေအာင္လည္း အသား၊ ငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို မွ်တစြာ စားသုံးရန္လိုေၾကာင္း၊ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ ေဆးလိပ္၊ အရက္ႏွင့္ ကြမ္းယာ သုံးစြဲျခင္းမ်ားကို ေရွာင္ရွားၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္မ်ားကို လက္ေတြ႕က်က် တာဝန္ထမ္းေဆာင္ေနၾကသူမ်ားျဖစ္သျဖင့္ က်န္းမာေရး ႏွင့္ ပတ္သက္လာပါက ပိုမိုဂ႐ုစိုက္ၾကရန္လိုေၾကာင္း။

ႏိုဝင္ဘာလ ၈ ရက္တြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ဒီမိုကေရစီစနစ္တြင္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ျခင္းသည္ အေရးပါေသာ လုပ္ငန္းစဥ္တစ္ရပ္ျဖစ္ေၾကာင္း၊ ကိုယ္စားလွယ္မ်ားေ႐ြးခ်ယ္ရာတြင္ တိုင္းျပည္ႏွင့္ ျပည္သူ အေပၚ စိတ္ေကာင္းေစတနာေကာင္းထားႏိုင္သူ၊ ဥပေဒအေၾကာင္းနားလည္သူ၊ ေဒသႏွင့္ ႏိုင္ငံ့ေကာင္းရာေကာင္းက်ိဳးကို ေဖာ္ေဆာင္ႏိုင္မည့္သူမ်ားကို ေ႐ြးခ်ယ္ၾကရန္လိုေၾကာင္း၊ ဒီမိုကေရစီ အစိုးရႏွစ္ဆက္တြင္ ႀကဳံေတြ႕ခဲ့ရသည့္ လုပ္ေဆာင္ခ်က္မ်ားကို ခ်ိန္ထိုးကာ ေသခ်ာစဥ္းစားသုံးသပ္ၿပီး ဆႏၵမဲေပးၾကေစလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား ဆက္လက္ မွာၾကားၿပီး တပ္နယ္အသီးသီးရွိ အရာရွိစစ္သည္မိသားစုမ်ားအတြက္ Surgical Mask မ်ား၊ စားေသာက္ဖြယ္ရာမ်ား၊ စာအုပ္စာေစာင္မ်ားႏွင့္ အားကစားပစၥည္းမ်ားကို လည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုလည္းေကာင္း အသီးသီး ေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။

တြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံ ႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။