တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်၌ တည်ထားကိုးကွယ်သည့် လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ – ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များလိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်၌ တည်ထားကိုးကွယ်သည့် လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မဟာမြိုင်တောရသို့ရောက်ရှိကြရာ သစ္စာပန်းတောင်းကျေးရွာမှ ဒေသခံပြည်သူများ၊ မဟာမြိုင်တောရ သဲဖြူဆရာတော် ဘဒ္ဒန္တ ပညာဇောတ ဦးစီးဦးဆောင်မှုဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များက လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ပူဇော်ကြပြီး မဟာမြိုင်တောရ သဲဖြူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၉၀ အိတ်၊ ဆီ ၁၃၆ ပိဿာ ၊ ဆား ၄၅ ပိဿာ၊ ပဲ ၃၀၂ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားကိုနာယူကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။ ယင်းနောက် မဟာမြိုင်တောရ သဲဖြူဆရာတော်ကြီးအမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များ၊ သာမဏေများနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာလေးများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များက ဆွမ်းဆန်တော်များ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် မဟာမြိုင်တောရပရိဝုဏ်အတွင်း ဗုဒ္ဓမြတ်စွာဘုရား၏ရုပ်ပွားတော်များ တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေသည့်အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည်ညိုကာ အောင်စင်္ကြာစေတီတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး မဟာမြိုင်တောရ သဲဖြူဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်ဆရာလေးများကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ ရွှေတောင်ဦး တိပိဋက ဓမ္မပါလမဟာ ဝိဟာရကျောင်းတိုက်သို့သွားရောက်၍ အုတ်ကန်စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒောဘာသ၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသနှင့် ဆရာတော်၊ သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးက အုတ်ကန်စာသင်တိုက် ပဓာနနာယက ဆရာတော်ထံသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် ဆွမ်းဆန်တော် ၁၀၀ အိတ်၊ ဆီ ၁၅၀ ပိဿာ၊ ဆား ၅၀ ပိဿာ၊ ပဲ ၃၃၅ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် အရာရှိကြီးများက ရန်ကင်းကျောင်းတိုက် ပဓာန နာယကဆရာတော်နှင့် သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၏ကျန်းမာရေးအခြေအနေများနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မဟာၿမိဳင္ေတာရ ဒီပါေအးျမကုန္းေတာ္၌ တည္ထားကိုးကြယ္သည့္ ေလးကြၽန္းရန္ေအာင္ ေစတီေတာ္ျမတ္ႀကီးအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၂၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ နံနက္ပိုင္းတြင္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးခ႐ိုင္၊ ကေလးဝၿမိဳ႕နယ္၊ မဟာၿမိဳင္ေတာရ ဒီပါေအးျမကုန္းေတာ္၌ တည္ထားကိုးကြယ္သည့္ ေလးကြၽန္းရန္ေအာင္ ေစတီေတာ္ျမတ္ႀကီးသို႔ သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ မဟာၿမိဳင္ေတာရသို႔ေရာက္ရွိၾကရာ သစၥာပန္းေတာင္းေက်း႐ြာမွ ေဒသခံျပည္သူမ်ား၊ မဟာၿမိဳင္ေတာရ သဲျဖဴဆရာေတာ္ ဘဒၵႏၲ ပညာေဇာတ ဦးစီးဦးေဆာင္မႈျဖင့္ ပညာသင္ၾကားေပးလ်က္ရွိသည့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕ဝင္မ်ားက ေလးကြၽန္းရန္ေအာင္ ေစတီေတာ္ျမတ္ႀကီးအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ပန္း၊ ေရခ်မ္း၊ ဆီမီး ပူေဇာ္ၾကၿပီး မဟာၿမိဳင္ေတာရ သဲျဖဴဆရာေတာ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳကာ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၉၀ အိတ္၊ ဆီ ၁၃၆ ပိႆာ ၊ ဆား ၄၅ ပိႆာ၊ ပဲ ၃၀၂ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ဆက္ကပ္လႉဒါန္းၾကၿပီး ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားကိုနာယူကာ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။ ယင္းေနာက္ မဟာၿမိဳင္ေတာရ သဲျဖဴဆရာေတာ္ႀကီးအမႉးျပဳသည့္ သံဃာေတာ္ အရွင္သူျမတ္မ်ား၊ သာမေဏမ်ားႏွင့္ သာသနာႏြယ္ဝင္ သီလရွင္ဆရာေလးမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕ဝင္မ်ားက ဆြမ္းဆန္ေတာ္မ်ား၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ားႏွင့္ စားေသာက္ကုန္ပစၥည္းမ်ားကို ဆက္ကပ္ေလာင္းလႉခဲ့ၾကသည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္အဖြဲ႕ဝင္မ်ားသည္ မဟာၿမိဳင္ေတာရပရိဝုဏ္အတြင္း ဗုဒၶျမတ္စြာဘုရား၏႐ုပ္ပြားေတာ္မ်ား တည္ထားကိုးကြယ္ရန္ ေဆာင္႐ြက္ေနသည့္အေျခအေနမ်ားကို ေမာ္ေတာ္ယာဥ္မ်ားျဖင့္ လွည့္လည္ၾကည္ညိဳကာ ေအာင္စၾကၤာေစတီေတာ္ျမတ္အား သြားေရာက္ဖူးေျမာ္ၾကည္ညိဳခဲ့ၾကၿပီး မဟာၿမိဳင္ေတာရ သဲျဖဴဆရာေတာ္ႀကီးအမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားႏွင့္ သာသနာႏြယ္ဝင္ သီလရွင္ဆရာေလးမ်ားကို ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။

ထို႔ေနာက္ ညေနပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ၿမိဳ႕နယ္ရွိ ေ႐ႊေတာင္ဦး တိပိဋက ဓမၼပါလမဟာ ဝိဟာရေက်ာင္းတိုက္သို႔သြားေရာက္၍ အုတ္ကန္စာသင္တိုက္ ပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ နေႏၵာဘာသ၊ ရန္ကင္းေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ ပညာဝံသႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား သြားေရာက္ဖူးေျမာ္ၾကည္ညိဳသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးက အုတ္ကန္စာသင္တိုက္ ပဓာနနာယက ဆရာေတာ္ထံသို႔ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၁၀၀ အိတ္၊ ဆီ ၁၅၀ ပိႆာ၊ ဆား ၅၀ ပိႆာ၊ ပဲ ၃၃၅ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကိုလည္းေကာင္း၊ တပ္မေတာ္ အရာရွိႀကီးမ်ားက ရန္ကင္းေက်ာင္းတိုက္ ပဓာန နာယကဆရာေတာ္ႏွင့္ သံဃာေတာ္မ်ားထံသို႔ လႉဖြယ္ပစၥည္းမ်ားကိုလည္းေကာင္း အသီးသီးဆက္ကပ္လႉဒါန္းခဲ့ၾကၿပီး ဆရာေတာ္၏က်န္းမာေရးအေျခအေနမ်ားႏွင့္ သာသနာေတာ္ထြန္းကားျပန႔္ပြားေရးဆိုင္ရာမ်ားကို ေမးျမန္းေလွ်ာက္ထားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။