စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်နှင့် မဟာသုဗ္ဗောဓါရုံ ကျောင်းတိုက်များသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ဆက်ကပ်လှူဒါန်း

နေပြည်တော် ၊ အောက်တိုဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည် ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်နှင့် မဟာသုဗ္ဗောဓါရုံ ကျောင်းတိုက်များသို့ တပ်မ တော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး ကို ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်သို့ ရောက်ရှိကြပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက၊ ဗဟုဇနဟိတဓရ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အား ဖူးမြော်ကြည်ညိုကာ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၉၀ အိတ်၊ ဆီ ၁၃၆ ပိဿာ ၊ ဆား ၄၅ ပိဿာ၊ ပဲ ၃၀၂ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများ၊ စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကိုဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဆရာတော်ကြီး အနုမောဒနာတရားဟောကြားတော်မူရာတွင် တိုင်းပြည်တွင်ရှိသည့် လူတိုင်း ကျက်သရေရှိကြသည့် ပုဂ္ဂိုလ်၊ သီလရှိသည့် ပုဂ္ဂိုလ်၊ ပညာရှိသည့် ပုဂ္ဂိုလ်များ ဖြစ်ကြစေလိုပြီး သူတော်ကောင်းတရားကို လက်ကိုင်ထားနိုင်ရမည်ဖြစ်ကြောင်း၊ ကောင်းမှု ကုသိုလ်တရားကြီးမားခြင်း၊ သီလရှိခြင်း၊ ပညာရှိခြင်းတို့သည် ကျက်သရေရှိခြင်းတရား ပင်ဖြစ်ကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးသည် ကုသိုလ်ကောင်းမှုရှိခြင်း၊ သီလရှိခြင်း၊ ပညာရှိခြင်းတို့ဖြင့် ကျက်သရေရှိသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်စေရေး ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်ဟောကြားပြီး တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့်တကွ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်မတော်သားများ၊ မြန်မာနိုင်ငံ သားများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကျက်သရေရှိပါစေကြောင်းဖြင့် ဟောကြားတော်မူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များက လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတောင်ရိုးရှိ မဟာသုဗောဓါရုံ ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုဇနိန္ဒာလင်္ကာရနှင့် ဆရာတော်၊ သံဃာတော်များ အား ဖူးမြော်ကြည်ညိုကာ စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်း ၁၃၈၆ ကျောင်း၊ သာသနာနွယ်ဝင်သီလရှင်ကျောင်း ၄၇၆ ကျောင်းတို့မှ သံဃာတော် ၁၅၂၄၃ ပါး၊ သီလရှင် ၈၆၈၆ ပါးတို့အတွက် ၂ ပတ်စာ ဆွမ်းရိက္ခာအဖြစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆက်ကပ်လှူဒါန်းသည့် ဆွမ်းဆန်တော် ၃၈၀၅ အိတ်၊ ဆီ ၆၇၀၀ ပိဿာ ၊ ဆား ၅၈၆၂ ပိဿာ၊ ပဲ ၁၀၀၅၂ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထု ငွေများနှင့် စားသောက်ဖွယ်ရာများ၊ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေး ဆိုင်ရာနှင့် အခြားလိုအပ်ချက်များကို မေးမြန်းလျှောက်ထားကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

(Zawgyi Version)

စစ္ကိုင္းေတာင္႐ိုးရွိ သီတဂူအျပည္ျပည္ဆိုင္ရာ ဝိပႆနာတကၠသိုလ္ႏွင့္ မဟာသုေဗၺာဓါ႐ုံ ေက်ာင္းတိုက္မ်ားသို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဆန္၊ ဆီ၊ ဆား၊ ပဲ အမယ္ေလးမ်ိဳး ဆက္ကပ္လှူဒါန္း

ေနျပည္ေတာ္ ၊ ေအာက္တိုဘာ ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မှူးႀကီး မင္းေအာင္လႈိင္ သည္ ယေန႔ နံနက္ပိုင္းတြင္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး ဗိုလ္ခ်ဳပ္ မ်ိဳးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းေတာင္႐ိုးရွိ သီတဂူအျပည္ ျပည္ဆိုင္ရာ ဝိပႆနာတကၠသိုလ္ႏွင့္ မဟာသုေဗၺာဓါ႐ုံ ေက်ာင္းတိုက္မ်ားသို႔ တပ္မ ေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလႉဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲ အမယ္ေလးမ်ိဳး ကို ဆက္ကပ္လႉဒါန္းသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သီတဂူ အျပည္ျပည္ဆိုင္ရာ ဝိပႆနာတကၠသိုလ္သို႔ ေရာက္ရွိၾကၿပီး သီတဂူကမာၻ႔ ဗုဒၶတကၠသိုလ္ မ်ားႏွင့္ သီတဂူေဆး႐ုံေတာ္မ်ား၏ အဓိပတိ၊အဘိဓဇမဟာရဌဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာ ပ႑ိတ၊ မဟာဓမၼကထိက၊ ဗဟုဇနဟိတဓရ၊ တြဲဖက္ေ႐ႊက်င္သာသနာပိုင္၊ သီတဂူ ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲ ဉာဏိႆရ အား ဖူးေျမာ္ၾကည္ညိဳကာ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၉၀ အိတ္၊ ဆီ ၁၃၆ ပိႆာ ၊ ဆား ၄၅ ပိႆာ၊ ပဲ ၃၀၂ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳေငြမ်ား၊ စားေသာက္ဖြယ္ရာမ်ားႏွင့္ COVID-19 ေရာဂါ ကာကြယ္ေရးအေထာက္အကူျပဳပစၥည္းမ်ားကိုဆက္ကပ္ လႉဒါန္းၾကသည္။ ထို႔ေနာက္ ဆရာေတာ္ႀကီး အႏုေမာဒနာတရားေဟာၾကားေတာ္မူရာတြင္ တိုင္းျပည္တြင္ရွိသည့္ လူတိုင္း က်က္သေရရွိၾကသည့္ ပုဂၢိဳလ္၊ သီလရွိသည့္ ပုဂၢိဳလ္၊ ပညာရွိသည့္ ပုဂၢိဳလ္မ်ား ျဖစ္ၾကေစလိုၿပီး သူေတာ္ေကာင္းတရားကို လက္ကိုင္ထားႏိုင္ရမည္ျဖစ္ေၾကာင္း၊ ေကာင္းမႈ ကုသိုလ္တရားႀကီးမားျခင္း၊ သီလရွိျခင္း၊ ပညာရွိျခင္းတို႔သည္ က်က္သေရရွိျခင္းတရား ပင္ျဖစ္ေၾကာင္း၊ ႏိုင္ငံသူ၊ ႏိုင္ငံသားအားလုံးသည္ ကုသိုလ္ေကာင္းမႈရွိျခင္း၊ သီလရွိျခင္း၊ ပညာရွိျခင္းတို႔ျဖင့္ က်က္သေရရွိေသာ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားျဖစ္ေစေရး ညီညီၫြတ္ၫြတ္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းျဖင့္ အက်ယ္တဝင့္ေဟာၾကားၿပီး တပ္မေတာ္ ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္တကြ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံ သားမ်ားႏွင့္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ႀကီး က်က္သေရရွိပါေစေၾကာင္းျဖင့္ ေဟာၾကားေတာ္မူသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ အဖြဲ႕ဝင္မ်ားက လႉဒါန္းမႈ အစုစုတို႔အတြက္ ေရစက္သြန္းခ်အမွ်ေပးေဝၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စစ္ကိုင္းေတာင္႐ိုးရွိ မဟာသုေဗာဓါ႐ုံ ေက်ာင္းတိုက္သို႔ သြားေရာက္၍ ေက်ာင္းထိုင္ ဆရာေတာ္ ဂႏၴဝါစကပ႑ိတ ဘဒၵႏၲ သုဇနိႏၵာလကၤာရႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ား အား ဖူးေျမာ္ၾကည္ညိဳကာ စစ္ကိုင္းေတာင္႐ိုးရွိ ဘုန္းေတာ္ႀကီးေက်ာင္း ၁၃၈၆ ေက်ာင္း၊ သာသနာႏြယ္ဝင္သီလရွင္ေက်ာင္း ၄၇၆ ေက်ာင္းတို႔မွ သံဃာေတာ္ ၁၅၂၄၃ ပါး၊ သီလရွင္ ၈၆၈၆ ပါးတို႔အတြက္ ၂ ပတ္စာ ဆြမ္းရိကၡာအျဖစ္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဆက္ကပ္လႉဒါန္းသည့္ ဆြမ္းဆန္ေတာ္ ၃၈၀၅ အိတ္၊ ဆီ ၆၇၀၀ ပိႆာ ၊ ဆား ၅၈၆၂ ပိႆာ၊ ပဲ ၁၀၀၅၂ ပိႆာ၊ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ သုံးကုန္ပစၥည္းမ်ား၊ ဝတၳဳ ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား၊ COVID-19 ေရာဂါ ကာကြယ္ေရး အေထာက္အကူျပဳပစၥည္းမ်ားကို ဆက္ကပ္လႉဒါန္းခဲ့ၿပီး သာသနာေရး ဆိုင္ရာႏွင့္ အျခားလိုအပ္ခ်က္မ်ားကို ေမးျမန္းေလွ်ာက္ထားကာ လိုအပ္သည္မ်ား ေဆာင္႐ြက္ေပးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။