တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးအား Video Tele Conference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ – ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး H.E.Army General Sergey Kuzhugetovich Shoigu အား Video Tele Conference(VTC) မှတစ်ဆင့်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယ ကာကွယ်ရေးဝန်ကြီး Colonel General Alexander V.Fomin နှင့် FSMTC ညွှန်ကြားရေးမှူး Dmitry E. SHUGAEV တို့ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးတို့သည် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြပြီးနောက် ဆွေးနွေးပြောကြားကြရာတွင် ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်မှ “ဂုဏ်ထူးဆောင်ပါမောက္ခ” Honorary Professor of the Russian Military University အဖြစ် ဂုဏ်ပြုချီးမြင့်ခြင်း၊ Institute of Oriental Studies, Russian Academy of Science က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” Honoris Causa(Honorable Doctor) ချီးမြှင့်ခြင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖက်ဒရယ်အဖွဲ့ Ferderal Service for Military Technical Cooperation(FSMTC) က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခြင်း စသည့် ဘွဲ့တံဆိပ်နှင့် ဆုတံဆိပ် ၃ မျိုးတို့ကို ပေးအပ်ချီးမြင့်ခဲ့သည့် အခြေအနေကို အသိပေးပြောကြားပြီး ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းဦးစွာပြောကြားသည်။ ထို့နောက် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပထဝီ အနေအထားအရ ဝေးကွာကြ သော်လည်း တပ်မတော်နှစ်ရပ်အကြား ညီရင်းအကိုပမာ ဆက်ဆံရေးရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် International Army Game-2020 နှင့် မဟာဗျူဟာမြောက်စစ်ဦးစီး လေ့ကျင့်ခန်း KAVKAZ-2020 (Causasus-2020) တို့သို့ မြန်မာ့တပ်မတော်မှ ပါဝင်လေ့ကျင့်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် လေ့ကျင့်ရေးဆိုင်ရာများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ (COVID-19) ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည့် အခြေအနေများနှင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးအား Video Tele Conference(VTC) မွတစ္ဆင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ညေနပိုင္း တြင္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး H.E.Army General Sergey Kuzhugetovich Shoigu အား Video Tele Conference(VTC) မွတစ္ဆင့္ေတြ႕ဆုံေဆြးေႏြးသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးႏွင့္အတူ ဒုတိယ ကာကြယ္ေရးဝန္ႀကီး Colonel General Alexander V.Fomin ႏွင့္ FSMTC ၫႊန္ၾကားေရးမႉး Dmitry E. SHUGAEV တို႔ တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးတို႔သည္ အဖြင့္အမွာစကားမ်ား အသီးသီးေျပာၾကားၾကၿပီးေနာက္ ေဆြးေႏြးေျပာၾကားၾကရာတြင္ ဦးစြာ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးက ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ စစ္ဘက္ဆိုင္ရာတကၠသိုလ္မွ “ဂုဏ္ထူးေဆာင္ပါေမာကၡ” Honorary Professor of the Russian Military University အျဖစ္ ဂုဏ္ျပဳခ်ီးျမင့္ျခင္း၊ Institute of Oriental Studies, Russian Academy of Science က “ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕” Honoris Causa(Honorable Doctor) ခ်ီးျမႇင့္ျခင္းႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္ေရးဖက္ဒရယ္အဖြဲ႕ Ferderal Service for Military Technical Cooperation(FSMTC) က ဂုဏ္ထူးေဆာင္တံဆိပ္ ခ်ီးျမႇင့္ျခင္း စသည့္ ဘြဲ႕တံဆိပ္ႏွင့္ ဆုတံဆိပ္ ၃ မ်ိဳးတို႔ကို ေပးအပ္ခ်ီးျမင့္ခဲ့သည့္ အေျခအေနကို အသိေပးေျပာၾကားၿပီး ခ်ီးျမႇင့္ခံရသည့္အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းဦးစြာေျပာၾကားသည္။ ထို႔ေနာက္ ႐ုရွားႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ ပထဝီ အေနအထားအရ ေဝးကြာၾက ေသာ္လည္း တပ္မေတာ္ႏွစ္ရပ္အၾကား ညီရင္းအကိုပမာ ဆက္ဆံေရးရွိသည့္ အေျခအေနမ်ား၊ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့သည့္ International Army Game-2020 ႏွင့္ မဟာဗ်ဴဟာေျမာက္စစ္ဦးစီး ေလ့က်င့္ခန္း KAVKAZ-2020 (Causasus-2020) တို႔သို႔ ျမန္မာ့တပ္မေတာ္မွ ပါဝင္ေလ့က်င့္ခဲ့သည့္ အေျခအေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ ေလ့က်င့္ေရးဆိုင္ရာမ်ားကို ဆက္လက္ျမႇင့္တင္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ (COVID-19) ေရာဂါကူးစက္ျဖစ္ပြားလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ စစ္ဘက္နည္းပညာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။