တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Don Pramudwinai တို့ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ ၃၀

နယ်နိမိတ်အရ၊ ယဉ်ကျေးမှုအရ၊ စိတ်ဓာတ်ရေးရာအရ ခွဲခြားမရနိုင်သော အိမ်နီးနားချင်းကောင်းနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံညှိနှိုင်းလုပ်ဆောင်မှု များကြောင့် ကြီးမားသည့် နယ်စပ်ပြဿနာများမရှိကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ခဲ့ကြောင်း၊ တပ်မတော်ပိုင်းတွင် Regional Border Committee အဆင့်မှသည် High Level Committee အဆင့်အထိ စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှုများရှိခြင်း၊ အစိုးရအချင်းချင်းလည်း အဆင့်ဆင့်သော ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုများရှိခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်မှုကို ဖော်ပြနေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Don Pramudwinai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့်အတူမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Jukr Boon-Long နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော်နိုင်ငံခြားရေးဝန်ကြီးက မိမိတို့နှစ်နိုင်ငံသည် ရှည်လျားစွာနယ်နိမိတ်ထိစပ်နေသော်လည်း ကြီးမားသည့် ပြဿနာများမရှိပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား အကောင်းဆုံးသော ဆက်ဆံရေးရှိသကဲ့သို့ နှစ်နိုင်ငံ နိုင်ငံခြား ရေး ဝန်ကြီးဌာနချင်းလည်း ဆက်ဆံရေးကောင်းမွန်ကြောင်း၊ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ အပြန်အလှန် ထောက်ခံအားပေးမှုများလည်း ရှိပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအစိုးရ၏ ရပ်တည် လုပ်ဆောင်မှုများကိုထောက်ခံပါကြောင်း၊ ရခိုင်ဒေသအရေးနှင့် ပတ်သက်၍ အစိုးရ၏လုပ်ဆောင်မှုများမှာ တိုးတက်မှုရှိသော်လည်း အချိန်ယူဆောင်ရွက် ရမည့်ကိစ္စဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ယင်းအခြေအနေမျိုး ကြုံတွေ့ခဲ့ရ၍ ရှုပ်ထွေးမှုနှင့် အချိန်ယူဖြေရှင်းရန်လိုအပ်မှုကို သိရှိနားလည်ကြောင်း၊ ကာလတို၊ ကာလလတ်၊ ကာလရှည်ခွဲခြားပြီး ဘက်ပေါင်းစုံမှကြည့်၍ လုပ်ဆောင်ရမည့် အရေးဟုရှုမြင်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-ထိုင်း နှစ်နိုင်ငံ ကီလိုမီတာ ၂၀၀၀ ကျော်နယ်နိမိတ်ထိစပ်နေပြီး နယ်နိမိတ်တိုင်းတာရန် နေရာတချို့ကျန်ရှိသော်လည်း ကြီးမားသည့် နယ်စပ်ပြဿနာမရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို အေးချမ်းသောနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်နေသော် လည်း အနောက်ဘက်ခြမ်းတွင် ပြဿနာတချို့ရှိကြောင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအများစုက မိမိတို့နိုင်ငံ၏ အဖြစ်အပျက်အမှန်များကိုမသိကြဘဲ မီဒီယာများ၏ စွပ်စွဲပြောဆိုမှုများအပေါ် အခြေခံ၍မြန်မာနိုင်ငံအပေါ် ဖိအားများပေးနေကြကြောင်း၊ မည်သို့ပင်ဖြစ်စေ အမှန်တရား ကိုလက်ခံရမည်သာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် နှစ်ကာလ များစွာက ဖြစ်ပျက် ခဲ့သော အကြောင်းအရာများအပေါ်တွင် အခြေခံပြီး ကြိုတင်ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မည်သူမည်ဝါဖြစ်သည်ကို မခွဲခြားနိုင်ဘဲ နိုင်ငံသားအဖြစ် လက်မခံနိုင်ကြောင်း၊ ယင်းကိုစိစစ်ရန်လုပ်ဆောင်ရာမှ ပြဿနာဖြစ်ပွား ရခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ဘင်္ဂါလီအကြမ်းဖက်အင်အား ၄၀၀၀ ခန့်က တစ်ချိန်တည်းတစ်ပြိုင်တည်း အင်အားသုံး စတင်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားသုံး၍ တိုက်ခိုက်သတ်ဖြတ်မှု၊ အကြမ်းဖက်ဖိနှိပ်မှုများ ကျူးလွန်မှုမရှိကြောင်း၊ ဖြစ်ရပ်မှန် များကို ဖုံးကွယ်ထား၍မရနိုင်ကြောင်း၊ မိမိတို့အနေဖြင့်အမှန်အတိုင်းသာ ရပ်တည်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၏ လုပ်ငန်းများအောင်မြင် စေရေး ဝိုင်းဝန်းကူညီလုပ်ဆောင်နေကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတကာမီဒီယာမျက်နှာစာတွင် အင်အားအချိုးမညီစွာ ဖော်ပြ နေမှုများကြောင့် ဖြစ်စဉ်အမှန်များကို နိုင်ငံတကာကသိရှိရန် လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံအတွေ့အကြုံများအပေါ်အခြေခံပြီး ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ခြင်းဖြင့် ပြဿနာများဖြေရှင်းရာတွင် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ မိတ်ဆွေ ကောင်းပီသမှု၊ ညီအစ်ကိုစိတ်ဖြင့် အပြန်အလှန်ယုံကြည်မှုတို့ဖြင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် ထာဝရ တည်ငြိမ်အေးချမ်းသော နယ်စပ်ဒေသဖြစ်ရေးတို့အပေါ် အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးတို့သည် အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ ထိုင္းႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ႀကီး H.E.Mr. Don Pramudwinai တို႔ရင္းႏွီးစြာ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၃၀

နယ္နိမိတ္အရ၊ ယဥ္ေက်းမႈအရ၊ စိတ္ဓာတ္ေရးရာအရ ခြဲျခားမရႏုိင္ေသာ အိမ္နီးနားခ်င္းေကာင္းႏုိင္ငံမ်ားျဖစ္ၾကၿပီး ႏွစ္ႏုိင္ငံညႇိႏႈိင္းလုပ္ေဆာင္မႈ မ်ားေၾကာင့္ ႀကီးမားသည့္ နယ္စပ္ျပႆနာမ်ားမရွိေၾကာင္း၊ ၂၀၁၁ ခုႏွစ္ေနာက္ပုိင္း ႏွစ္ႏုိင္ငံအၾကား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရး ပုိမုိတုိးတက္ေကာင္းမြန္ခဲ့ေၾကာင္း၊ တပ္မေတာ္ပုိင္းတြင္ Regional Border Committee အဆင့္မွသည္ High Level Committee အဆင့္အထိ စဥ္ဆက္မျပတ္ ထိေတြ႕ဆက္ဆံမႈမ်ားရွိျခင္း၊ အစုိးရအခ်င္းခ်င္းလည္း အဆင့္ဆင့္ေသာ ထိေတြ႕ဆက္ဆံမႈ၊ ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိျခင္းသည္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးေကာင္းမြန္မႈကို ေဖာ္ျပေနေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထုိင္းႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၀န္ႀကီး H.E.Mr. Don Pramudwinai အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံစဥ္ထည့္သြင္းေျပာၾကားသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းႏုိင္ငံ၊ ႏုိင္ငံျခားေရး၀န္ႀကီးဌာန ၀န္ႀကီးႏွင့္အတူျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံအမတ္ႀကီး H.E. Mr. Jukr Boon-Long ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ဧည့္သည္ေတာ္ႏုိင္ငံျခားေရး၀န္ႀကီးက မိမိတုိ႔ႏွစ္ႏုိင္ငံသည္ ရွည္လ်ားစြာနယ္နိမိတ္ထိစပ္ေနေသာ္လည္း ႀကီးမားသည့္ ျပႆနာမ်ားမရွိပါေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား အေကာင္းဆုံးေသာ ဆက္ဆံေရးရွိသကဲ့သုိ႔ ႏွစ္ႏုိင္ငံ ႏုိင္ငံျခား ေရး ၀န္ႀကီးဌာနခ်င္းလည္း ဆက္ဆံေရးေကာင္းမြန္ေၾကာင္း၊ နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္မႈမ်ား အျပန္အလွန္ ေထာက္ခံအားေပးမႈမ်ားလည္း ရွိပါေၾကာင္း၊ ထုိင္းႏုိင္ငံအေနျဖင့္ ျမန္မာ ႏုိင္ငံအစုိးရ၏ ရပ္တည္ လုပ္ေဆာင္မႈမ်ားကုိေထာက္ခံပါေၾကာင္း၊ ရခုိင္ေဒသအေရးႏွင့္ ပတ္သက္၍ အစုိးရ၏လုပ္ေဆာင္မႈမ်ားမွာ တုိးတက္မႈရွိေသာ္လည္း အခ်ိန္ယူေဆာင္ရြက္ ရမည့္ကိစၥျဖစ္ေၾကာင္း၊ ထုိင္းႏုိင္ငံတြင္လည္း ယင္းအေျခအေနမ်ိဳး ႀကဳံေတြ႕ခဲ့ရ၍ ႐ႈပ္ေထြးမႈႏွင့္ အခ်ိန္ယူေျဖရွင္းရန္လိုအပ္မႈကုိ သိရွိနားလည္ေၾကာင္း၊ ကာလတုိ၊ ကာလလတ္၊ ကာလရွည္ခြဲျခားၿပီး ဘက္ေပါင္းစုံမွၾကည့္၍ လုပ္ေဆာင္ရမည့္ အေရးဟု႐ႈျမင္ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာ-ထုိင္း ႏွစ္္ႏုိင္ငံ ကီလုိမီတာ ၂၀၀၀ ေက်ာ္နယ္နိမိတ္ထိစပ္ေနၿပီး နယ္နိမိတ္တုိင္းတာရန္ ေနရာတခ်ိဳ႕က်န္ရွိေသာ္လည္း ႀကီးမားသည့္ နယ္စပ္ျပႆနာမရွိေၾကာင္း၊ ျမန္မာႏုိင္ငံအေနျဖင့္ အိမ္နီးခ်င္းႏုိင္ငံ အားလုံးႏွင့္ နယ္နိမိတ္ဆုိင္ရာ ကိစၥရပ္မ်ားကုိ ေအးခ်မ္းေသာနည္းလမ္းျဖင့္ ေျဖရွင္း ေဆာင္ရြက္ေနေသာ္ လည္း အေနာက္ဘက္ျခမ္းတြင္ ျပႆနာတခ်ိဳ႕ရွိေၾကာင္းေဆြးေႏြး ေျပာၾကားသည္။

ဆက္လက္ၿပီး ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ ကမၻာ့ႏုိင္ငံအမ်ားစုက မိမိတုိ႔ႏုိင္ငံ၏ အျဖစ္အပ်က္အမွန္မ်ားကုိမသိၾကဘဲ မီဒီယာမ်ား၏ စြပ္စြဲေျပာဆုိမႈမ်ားအေပၚ အေျခခံ၍ျမန္မာႏုိင္ငံအေပၚ ဖိအားမ်ားေပးေနၾကေၾကာင္း၊ မည္သုိ႔ပင္ျဖစ္ေစ အမွန္တရား ကုိလက္ခံရမည္သာျဖစ္ေၾကာင္း၊ ရခုိင္ျပည္နယ္အေရးသည္ ႏွစ္ကာလ မ်ားစြာက ျဖစ္ပ်က္ ခဲ့ေသာ အေၾကာင္းအရာမ်ားအေပၚတြင္ အေျခခံၿပီး ႀကိဳတင္ျပင္ဆင္လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ မည္သည့္ႏုိင္ငံမဆုိ မည္သူမည္၀ါျဖစ္သည္ကုိ မခြဲျခားႏုိင္ဘဲ ႏုိင္ငံသားအျဖစ္ လက္မခံႏုိင္ေၾကာင္း၊ ယင္းကုိစိစစ္ရန္လုပ္ေဆာင္ရာမွ ျပႆနာျဖစ္ပြား ရျခင္းျဖစ္ေၾကာင္း၊ ျဖစ္စဥ္တြင္ ဘဂၤါလီအၾကမ္းဖက္အင္အား ၄၀၀၀ ခန္႔က တစ္ခ်ိန္တည္းတစ္ၿပိဳင္တည္း အင္အားသုံး စတင္တုိက္ခိုက္ခဲ့ျခင္းသာျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားအေနျဖင့္ အင္အားသုံး၍ တုိက္ခိုက္သတ္ျဖတ္မႈ၊ အၾကမ္းဖက္ဖိႏွိပ္မႈမ်ား က်ဴးလြန္မႈမရွိေၾကာင္း၊ ျဖစ္ရပ္မွန္ မ်ားကုိ ဖုံးကြယ္ထား၍မရႏုိင္ေၾကာင္း၊ မိမိတုိ႔အေနျဖင့္အမွန္အတိုင္းသာ ရပ္တည္လုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သည့္ ရခုိင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးမႈ တုိးတက္ေရး အေကာင္အထည္ေဖာ္ေရးဗဟုိေကာ္မတီ၏ လုပ္ငန္းမ်ားေအာင္ျမင္ ေစေရး ၀ုိင္း၀န္းကူညီလုပ္ေဆာင္ေနေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ ႏုိင္ငံတကာမီဒီယာမ်က္ႏွာစာတြင္ အင္အားအခ်ိဳးမညီစြာ ေဖာ္ျပ ေနမႈမ်ားေၾကာင့္ ျဖစ္စဥ္အမွန္မ်ားကုိ ႏုိင္ငံတကာကသိရွိရန္ လုိအပ္မႈအေျခအေနမ်ား၊ ႏွစ္ႏုိင္ငံအေတြ႕အႀကဳံမ်ားအေပၚအေျခခံၿပီး ေဆြးေႏြးၫႇိႏႈိင္းလုပ္ေဆာင္ျခင္းျဖင့္ ျပႆနာမ်ားေျဖရွင္းရာတြင္ အေထာက္အကူျပဳႏုိင္မည့္အေျခအေနမ်ား၊ မိတ္ေဆြ ေကာင္းပီသမႈ၊ ညီအစ္ကုိစိတ္ျဖင့္ အျပန္အလွန္ယုံၾကည္မႈတုိ႔ျဖင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္ရြက္မႈတုိးျမႇင့္ျခင္းျဖင့္ ထာ၀ရ တည္ၿငိမ္ေအးခ်မ္းေသာ နယ္စပ္ေဒသျဖစ္ေရးတုိ႔အေပၚ အျပန္အလွန္ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းႏုိင္ငံ၊ ႏုိင္ငံျခား ေရး၀န္ႀကီးတုိ႔သည္ အထိမ္းအမွတ္လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။