တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၈)

နေပြည်တော်၊ နိုဝင်ဘာ-၄

မေး။    နောက်မေးခွန်းတစ်ခုကတော့ အခုတိုင်းပြည်မှာ Hot ဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အခြေအနေပါ။ အခုလိုအချိန်မှာ ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီးက ရခိုင်တိုင်းရင်းသူဖြစ်တဲ့အတွက်ကြောင့် သူကကော သူ့ရဲ့ဇာတိမှာ မတည်ငြိမ်၊ မအေးချမ်းတာတွေနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဘာတွေများ အကူအညီတောင်းတာတို့၊ သူ့ရဲ့ခံစားချက်ကိုပြောတာတို့ လုပ်ဖူးပါသလားရှင်။

ဖြေ။     ကျွန်တော်အပေါ်မှာတော့ အများကြီးအထောက်အကူရတယ်။ အများကြီးအထောက်အကူပေးတယ်။ ဖြစ်စေချင်တာကတော့ ငြိမ်းချမ်းချင်တာပါ။ ကျွန်တော်တို့အမျိုးတွေရှိပါတယ်။ တကယ့်အမျိုးအရင်းတွေလည်းရှိတယ်။ တောင်ပိုင်းတင်မဟုတ်ဘူး၊ မြောက်ပိုင်းမှာလည်း အမျိုးတွေအများကြီးရှိတယ်။ အဆက်အသွယ်လည်းရှိတယ်။ သူတို့ဆိုလည်း အေးချမ်းချင်တဲ့စိတ် တော်တော်များများရှိကြပါတယ်။ တကယ်တော့ အမုန်းတရားကို ဖန်တီးပြုလုပ်နေကြတာ။ ဒီမိုကရေစီစနစ်ကို သွားနေတာပဲလေ။ အားလုံးက ဥပဒေနဲ့အညီပဲသွားရမှာ။ ရခိုင်ပြည်နယ်မှာ ကျွန်တော်တိုင်းမှူးတာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဘာသူပုန်သူကန်မှမရှိဘူး။ မြောက်ပိုင်းမှာ စည်းကမ်းဖောက်တဲ့ တချို့တလေတော့ရှိတာပေါ့။ ကျွန်တော် ရခိုင်ပြည်နယ်တစ်ခွင် နေရာအနှံ့သွားခဲ့တယ်။ ကျွန်တော်မရောက်တဲ့နေရာ မရှိသလောက်ပဲ။ မြောက်ဖျားကနေ တောင်ဖျားအထိ အကုန်ရောက်တယ်။ ၆ လ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ ကျွန်တော်အကြိမ်ပေါင်းများစွာသွားခဲ့တယ်။ လူထုနဲ့ထိတွေ့မှုတွေမျိုးစုံယူခဲ့တယ်။ အင်မတန်ရိုးသားတဲ့ တိုင်းရင်းသားပါ။ ယဉ်ကျေးမှုလည်းအတူတူပဲ ၊ ကိုးကွယ်တဲ့ဘာသာလည်းအတူတူပဲ၊ စကားလေးနည်းနည်းပါးပါးပဲ ကျွန်တော်မြန်မာလိုပြောရင် သူတို့ကောင်းကောင်းနားလည်တယ်။ သူတို့ပြောရင် တစ်ခါတလေ ပြန်မေးရတာရှိတယ်။ သူတို့ကလည်း ကြိုးစားပြောရှာပါတယ်။ အင်မတန်ရိုးသားတယ်။ ကျွန်တော်ကတော့သူတို့အကြောင်းသိတယ်။ ရိုးသားတဲ့တိုင်းရင်းသားတွေပါ။ ဒါပေမယ့်ဘေးကနေသွေးထိုးပြီးတော့မှ လုပ်တဲ့အခါကျတော့ ဒီအပေါ်မှာပါသွားကြတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဘာပြောပြော အေးချမ်းတဲ့ဒေသတစ်ခု ပြန်လည်ဖြစ်ပေါ်ရေးအတွက်လိုလားပါတယ်။ လက်နက်ကိုင်ပဋိပက္ခဆိုတာ ကျွန်တော် ဖန်တီးထားတာမဟုတ်ဘူး။ တပ်မတော်က ဖန်တီးတာမဟုတ်ဘူး။ သူတို့ဝင်ရောက်လာလို့ လုပ်လာလို့ ကျွန်တော်တို့က နိုင်ငံရဲ့အုပ်ချုပ်ရေးအာဏာပေါ့။ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးအာဏာတွေ သက်ရောက်မှုရှိအောင် ကာကွယ်ပေးနေတာဖြစ်တယ်။ ခက်ခက်ခဲခဲ လုပ်ရတဲ့အပိုင်းတွေရှိတယ်။ အားလုံးတော့မဟုတ်ပါဘူး။ ကျွန်တော့်အမျိုးသမီးအနေနဲ့က ဒါနဲ့ပတ်သက်ပြီး အေးချမ်းချင်တဲ့ ဆန္ဒရှိတယ်လို့ပြောပါတယ်။ ခုထိလည်းကျွန်တော်တို့နည်းလမ်းပေါင်းစုံနဲ့ ရအောင်ကြိုးစားပေးနေပါတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။

(ZawGyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ားအပိုင္း(၈)

ေမး။ ေနာက္ေမးခြန္းတစ္ခုကေတာ့ အခုတိုင္းျပည္မွာ Hot ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္က အေျခအေနပါ။ အခုလိုအခ်ိန္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ ဇနီးက ရခိုင္တိုင္းရင္းသူျဖစ္တဲ့အတြက္ေၾကာင့္ သူကေကာ သူ႔ရဲ႕ဇာတိမွာ မတည္ၿငိမ္၊ မေအးခ်မ္းတာေတြနဲ႔ပတ္သက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ဘာေတြမ်ား အကူအညီေတာင္းတာတို႔၊ သူ႔ရဲ႕ခံစားခ်က္ကိုေျပာတာတို႔ လုပ္ဖူးပါသလားရွင္။

ေျဖ။ ကြၽန္ေတာ္အေပၚမွာေတာ့ အမ်ားႀကီးအေထာက္အကူရတယ္။ အမ်ားႀကီးအေထာက္အကူေပးတယ္။ ျဖစ္ေစခ်င္တာကေတာ့ ၿငိမ္းခ်မ္းခ်င္တာပါ။ ကြၽန္ေတာ္တို႔အမ်ိဳးေတြရွိပါတယ္။ တကယ့္အမ်ိဳးအရင္းေတြလည္းရွိတယ္။ ေတာင္ပိုင္းတင္မဟုတ္ဘူး၊ ေျမာက္ပိုင္းမွာလည္း အမ်ိဳးေတြအမ်ားႀကီးရွိတယ္။ အဆက္အသြယ္လည္းရွိတယ္။ သူတို႔ဆိုလည္း ေအးခ်မ္းခ်င္တဲ့စိတ္ ေတာ္ေတာ္မ်ားမ်ားရွိၾကပါတယ္။ တကယ္ေတာ့ အမုန္းတရားကို ဖန္တီးျပဳလုပ္ေနၾကတာ။ ဒီမိုကေရစီစနစ္ကို သြားေနတာပဲေလ။ အားလုံးက ဥပေဒနဲ႔အညီပဲသြားရမွာ။ ရခိုင္ျပည္နယ္မွာ ကြၽန္ေတာ္တိုင္းမႉးတာဝန္ထမ္းေဆာင္တဲ့အခ်ိန္မွာ ဘာသူပုန္သူကန္မွမရွိဘူး။ ေျမာက္ပိုင္းမွာ စည္းကမ္းေဖာက္တဲ့ တခ်ိဳ႕တေလေတာ့ရွိတာေပါ့။ ကြၽန္ေတာ္ ရခိုင္ျပည္နယ္တစ္ခြင္ ေနရာအႏွံ႔သြားခဲ့တယ္။ ကြၽန္ေတာ္မေရာက္တဲ့ေနရာ မရွိသေလာက္ပဲ။ ေျမာက္ဖ်ားကေန ေတာင္ဖ်ားအထိ အကုန္ေရာက္တယ္။ ၆ လ တာဝန္ထမ္းေဆာင္ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္အႀကိမ္ေပါင္းမ်ားစြာသြားခဲ့တယ္။ လူထုနဲ႔ထိေတြ႕မႈေတြမ်ိဳးစုံယူခဲ့တယ္။ အင္မတန္႐ိုးသားတဲ့ တိုင္းရင္းသားပါ။ ယဥ္ေက်းမႈလည္းအတူတူပဲ ၊ ကိုးကြယ္တဲ့ဘာသာလည္းအတူတူပဲ၊ စကားေလးနည္းနည္းပါးပါးပဲ ကြၽန္ေတာ္ျမန္မာလိုေျပာရင္ သူတို႔ေကာင္းေကာင္းနားလည္တယ္။ သူတို႔ေျပာရင္ တစ္ခါတေလ ျပန္ေမးရတာရွိတယ္။ သူတို႔ကလည္း ႀကိဳးစားေျပာရွာပါတယ္။ အင္မတန္႐ိုးသားတယ္။ ကြၽန္ေတာ္ကေတာ့သူတို႔အေၾကာင္းသိတယ္။ ႐ိုးသားတဲ့တိုင္းရင္းသားေတြပါ။ ဒါေပမယ့္ေဘးကေနေသြးထိုးၿပီးေတာ့မွ လုပ္တဲ့အခါက်ေတာ့ ဒီအေပၚမွာပါသြားၾကတယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ ဘာေျပာေျပာ ေအးခ်မ္းတဲ့ေဒသတစ္ခု ျပန္လည္ျဖစ္ေပၚေရးအတြက္လိုလားပါတယ္။ လက္နက္ကိုင္ပဋိပကၡဆိုတာ ကြၽန္ေတာ္ ဖန္တီးထားတာမဟုတ္ဘူး။ တပ္မေတာ္က ဖန္တီးတာမဟုတ္ဘူး။ သူတို႔ဝင္ေရာက္လာလို႔ လုပ္လာလို႔ ကြၽန္ေတာ္တို႔က ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးအာဏာေပါ့။ တရားဥပေဒစိုးမိုးေရး၊ အုပ္ခ်ဳပ္ေရးအာဏာေတြ သက္ေရာက္မႈရွိေအာင္ ကာကြယ္ေပးေနတာျဖစ္တယ္။ ခက္ခက္ခဲခဲ လုပ္ရတဲ့အပိုင္းေတြရွိတယ္။ အားလုံးေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ့္အမ်ိဳးသမီးအေနနဲ႔က ဒါနဲ႔ပတ္သက္ၿပီး ေအးခ်မ္းခ်င္တဲ့ ဆႏၵရွိတယ္လို႔ေျပာပါတယ္။ ခုထိလည္းကြၽန္ေတာ္တို႔နည္းလမ္းေပါင္းစုံနဲ႔ ရေအာင္ႀကိဳးစားေပးေနပါတယ္ဆိုတာကိုလည္း ေျပာခ်င္ပါတယ္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။