တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Asian Fame Media ၏ ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းမှုများအား Video Teleconference မှတစ်ဆင့် လက်ခံတွေ့ဆုံဖြေကြားမှုများအပိုင်း(၉)

နေပြည်တော်၊ နိုဝင်ဘာ-၄

မေး။  ဥပဒေကိုလည်းပဲ တက္ကသိုလ်ကျောင်းသားဘဝမှာ တက်ရောက်သင်ကြားခဲ့တယ်။ စစ်တပ်မှာလည်းစစ်ဥပဒေတွေရှိတယ်။ အဲ့တော့စစ်ဥပဒေနဲ့ အပြင်ဘက်က ဥပဒေတွေနဲ့ကရောကွာခြားမှုရှိပါသလား၊ အဲဒီအပေါ်မှာ ခြုံငုံပြီးပြောပြပေးပါဦးရှင်။

ဖြေ။  ကွာခြားမှုဆိုတာ ကျွန်တော်တို့တပ်ပိုင်းဆိုင်ရာကဥပဒေကတော့ နည်းနည်းပြင်းထန်တယ်။ စစ်စည်းကမ်းကတော့နည်းနည်းပြင်းထန်တယ်။ အရင်စပြီး စည်းကမ်းနဲ့ သတ်မှတ်လိုက်တာပေါ့။ ပြီးတော့မှ ဥပ‌ဒေအရအရေးယူတာတွေဖြစ်တာပေါ့။ စည်းကမ်းဆိုတာ တိုက်တွန်းချက်၊ တားမြစ်ချက်။ ကျွန်တော်တို့စည်းကမ်းတွေက တိုက်တွန်းချက် စည်းကမ်းချက်ထဲမှာ အလေးထားတဲ့ တိုက်တွန်းချက်စည်းကမ်းတွေဖြစ်တယ်၊ တားမြစ်ချက်၊ စည်းကမ်းချက်ထဲမှာလည်း တော်တော်ကိုတင်းကျပ်တဲ့တားမြစ်ချက်တွေရှိတယ်။ အဲ့ဒါကတော့ စစ်သားဆိုတာအမိန့်နာခံမှုရှိရတယ်။ အမိန့်နာခံမှုမရှိလျှင် ဘယ်လိုလုပ်ကာကွယ်ရေးတာဝန်ထမ်းဆောင်မလဲ။ ဒီစည်းကမ်းကိုလိုက်နာဖို့အတွက် လူတစ်ယောက်ကို၊ စစ်မှုထမ်းတစ်ယောက်ကို ဥပဒေအရပြင်းပြင်းထန်ထန်ပဲ အရေးယူတာတွေရှိတယ်။ လျော့ပေးတာတွေမရှိဘူး။ သို့သော် အရေးကြီးတာတစ်ခုက သူရဲ့ attentively သူရည်ရွယ်ပြီးလုပ်တာ၊ ဘာလည်းဆိုတာလုပ်ဖို့တော့လိုတာပေါ့။ ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့ ဥပ‌ဒေကစဉ်းစားရတာတွေရှိတယ်။ ဒါကတော့ ဥပဒေရဲ့ဆင်ခြင်တုံတရားရှိတဲ့၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့သူကဆုံးဖြတ်တယ်။ တရားသူကြီးလည်း ဒီအတိုင်းပဲလေ။ ပြစ်မှုကျူးလွန်တာခြင်းတူသော်လည်းပဲ ကျူးလွန်တဲ့ဟာရဲ့နောက်ခံအကြောင်းအရာကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဆုံးဖြတ်ရတာကို၊ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်ရတာဖြစ်တယ်။ ဒီအပေါ်မှာလုပ်ရတာ။ ဒါကြောင့်တပ်မတော်ရဲ့စည်းကမ်းကပြင်းလည်းပြင်းထန်တယ်။ ဥပဒေက လည်းပြင်းထန်ပါတယ်။ ဒီဟာကတော့မတူပါဘူး။ ကျွန်တော်ဥပဒေတက်ခဲ့တယ်။ ကျွန်တော်ကိုမေးတဲ့ထဲမှာပါတယ်။ ဥပဒေကျောင်းသားနဲ့တက်ခဲ့တယ်။ ဝါသနာပါလို့တက်ခဲ့တယ်၊ ကျွန်တော်ရွေးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်စစ်တက္ကသိုလ် ပြောင်းတက်တာပေါ့။ ကျွန်တော်အခုထိ ဥပဒေနဲ့ပတ်သက်ရင်မလွတ်ပါဘူး။ ဘာတစ်ခုလုပ်လုပ် ဥပဒေနဲ့ညီမညီကျွန်တော်စကြည့်တယ်။ ဥပဒေနဲ့ ညီလား၊ တို့ထုတ်ထားတဲ့အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီသလား။ လိုအပ်လို့ ထုတ်မယ်ဆိုရင်လည်း တို့ဥပ‌ဒေနဲ့ညီညွတ်သလား၊ ဒါကိုလည်းဦးစားပေး စဉ်းစားရတာပေါ့။ တပ်မတော်ကတော့ စည်းကမ်းအရ၊ ဥပဒေအရအလေးထားတဲ့ Institution တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ ကျွန်တော့်အရာရှိ တွေလည်း ဥပဒေသင်တန်းကိုအတော်များများဖြစ်အောင် တက်ခိုင်းတယ်။ အဆင့်မြင့် အရာရှိကြီးပေးမယ်ဆိုရင် Law Diploma ခြောက်လသင်တန်း မဖြစ်မနေတက်ရတယ်။ ဒီသင်တန်းမတက်ပဲနဲ့ အဆင့်မြင့်ရာထူးကို ကျွန်တော်မပေးဘူး။ ဒုတိယဗိုလ်မှူးကြီး အဆင့်ပေးမယ့် အရာရှိတွေဆိုရင် ဥပဒေသင်တန်းကို မဖြစ်မနေတက်ရမယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် မတက်ဖြစ်လို့ပေးခဲ့ရင်တောင်မှ ပြန်တက်ခိုင်းတယ်။ ကျွန်တော်ပြန်ပြီး လုပ်နေပါတယ်၊ ဘာလို့တက်ခိုင်းလဲဆိုတော့ တရားဥပဒေစီရင်ရေးနဲ့ ဥပဒေအကြောင်း အရာက ဒီခေတ်မှာပိုပြီး အရေးကြီးလာတယ်။ ကျွန်တော်တို့နိုင်ငံတကာကနေပြီးတော့ ဝေဖန်နေတဲ့အထဲမှာလည်း ကျွန်တော်တို့သည် ဥပဒေ၊ စည်းကမ်းနဲ့မညီဘူး။ လုပ်ဆောင်ချက်တွေ ၊ ဝေဖန်ချက်တွေရှိတော့ ပိုပြီးသိအောင်၊ ပိုပြီးနားလည်အောင်လုပ်တယ်။ သင်တန်းတွေလည်း ပေးသလိုပဲ ဥပမာအားဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းထဲက ဥပဒေအကြောင်း အရာအရ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတယ်ဆိုရင် ကျွန်တော် အကုန်လုံးလုပ်ဆောင်ပေးပါတယ်။ အဖြစ်နိုင်ဆုံး ကျွန်တော်လုပ်ပေးတယ်။ ကျွန်တော် ဖြစ်စေချင်တာပေါ့ဗျာ။ ကိုယ့်လူတွေဘာပြောပြော ဥပဒေအကြောင်း နားလည်တယ် ဆိုကတည်းက နိုင်ငံတကာမှာတော့ ကျွန်တော်တို့ပြောအားဆိုအားလည်းရှိတာပေါ့။ ဒီလိုခံယူချက်နဲ့ လုပ်ပေးတာ၊ အနာဂတ်မှာဒီထက်ပိုပြီးကောင်းအောင်လုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။

မေး။  အဲဒါဆိုရင် ကျွန်မတို့ Popular news ဂျာနယ်ကနေတဆင့် နားထောင် နေကြမယ့် ပရိသတ်အားလုံးကို ဘာများဖြည့်စွက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ထပ်ပြောချင်ပါသေးလဲရှင့်။

ဖြေ။  ကျွန်တော်တို့ မကြာခင်ရွေးကောက်ပွဲလုပ်တော့မည့် ကာလဖြစ်တယ်။ ရွေးကောက်ပွဲမှာလည်း အားလုံးကနေ ပြီး တက်ညီလက်ညီနဲ့အားလုံးမဲပေးစေချင်တယ်။ တိုင်းပြည်အတွက်၊ ဒေသအတွက် လုပ်ပေးနိုင်မည့်လူကောင်းတွေ စဉ်းစားရွေးချယ်ပေးစေ လိုတယ်။ လူအားလုံး ၁၈ နှစ်ပြည့်ပြီးတဲ့ လူတွေဖြစ်ကြတယ်။ မဲပေးတဲ့လူပြောတာပေါ့၊ မဲပေးတဲ့လူတွေ စဉ်းစားဉာဏ်အကုန်ရှိကြပါတယ်။ ဆင်ခြင်တုံတရားတွေနဲ့ သုံးသပ်ပြီး တော့မှ လုပ်ကြပါလို့ကျွန်တော်ပြောလိုပါတယ်။ ထို့အတူပဲဒီအပေါ်မှာ ကြည့်ရှုသူပရိသတ် တွေအားလုံးကလည်း တိုင်းပြည်၏ကောင်းရာကောင်းကျိုးအားလုံးကို စည်းမျဉ်း၊ စည်းကမ်းနဲ့အညီလုပ်ကိုင်ပြီးကိုယ့်ကိုယ်ကိုလည်းတိုးတက်အောင်မြင်အောင်လုပ်စေချင်ပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုယ့် လူမျိုးတွေရဲ့ ဂုဏ်ကိုလည်းမြှင့်တင်စေချင်ပါတယ်လို့ ကျွန်တော်ဆုတောင်းစကား ပြောချင်ပါတယ်။

မေး။  ဟုတ်ကဲ့။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လည်း ရွေးကောက်ပွဲအတွက် စိတ်ပူစရာတွေ၊ စိုးရိမ် စရာတွေ ၊ အခက်အခဲတွေ ၊ အနည်းဆုံးနဲ့ အညင်သာဆုံးဖြစ်အောင် တပ်မတော်ကကူညီပြီး ဝန်းရံပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ Asian Fame Media ၏ ေပၚျပဴလာနယူးစ္ဂ်ာနယ္မွ ေမးျမန္းမႈမ်ားအား Video Teleconference မွတစ္ဆင့္ လက္ခံေတြ႕ဆုံေျဖၾကားမႈမ်ားအပိုင္း(၉)

ေနျပည္ေတာ္၊ ႏိုဝင္ဘာ-၄

ေမး။  ဥပေဒကိုလည္းပဲ တကၠသိုလ္ေက်ာင္းသားဘဝမွာ တက္ေရာက္သင္ၾကားခဲ့တယ္။ စစ္တပ္မွာလည္းစစ္ဥပေဒေတြရွိတယ္။ အဲ့ေတာ့စစ္ဥပေဒနဲ႔ အျပင္ဘက္က ဥပေဒေတြနဲ႔ကေရာကြာျခားမႈရွိပါသလား၊ အဲဒီအေပၚမွာ ၿခဳံငုံၿပီးေျပာျပေပးပါဦးရွင္။

ေျဖ။  ကြာျခားမႈဆိုတာ ကြၽန္ေတာ္တို႔တပ္ပိုင္းဆိုင္ရာကဥပေဒကေတာ့ နည္းနည္းျပင္းထန္တယ္။ စစ္စည္းကမ္းကေတာ့နည္းနည္းျပင္းထန္တယ္။ အရင္စၿပီး စည္းကမ္းနဲ႔ သတ္မွတ္လိုက္တာေပါ့။ ၿပီးေတာ့မွ ဥပ‌ေဒအရအေရးယူတာေတြျဖစ္တာေပါ့။ စည္းကမ္းဆိုတာ တိုက္တြန္းခ်က္၊ တားျမစ္ခ်က္။ ကြၽန္ေတာ္တို႔စည္းကမ္းေတြက တိုက္တြန္းခ်က္ စည္းကမ္းခ်က္ထဲမွာ အေလးထားတဲ့ တိုက္တြန္းခ်က္စည္းကမ္းေတြျဖစ္တယ္၊ တားျမစ္ခ်က္၊ စည္းကမ္းခ်က္ထဲမွာလည္း ေတာ္ေတာ္ကိုတင္းက်ပ္တဲ့တားျမစ္ခ်က္ေတြရွိတယ္။ အဲ့ဒါကေတာ့ စစ္သားဆိုတာအမိန႔္နာခံမႈရွိရတယ္။ အမိန႔္နာခံမႈမရွိလွ်င္ ဘယ္လိုလုပ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္မလဲ။ ဒီစည္းကမ္းကိုလိုက္နာဖို႔အတြက္ လူတစ္ေယာက္ကို၊ စစ္မႈထမ္းတစ္ေယာက္ကို ဥပေဒအရျပင္းျပင္းထန္ထန္ပဲ အေရးယူတာေတြရွိတယ္။ ေလ်ာ့ေပးတာေတြမရွိဘူး။ သို႔ေသာ္ အေရးႀကီးတာတစ္ခုက သူရဲ႕ attentively သူရည္႐ြယ္ၿပီးလုပ္တာ၊ ဘာလည္းဆိုတာလုပ္ဖို႔ေတာ့လိုတာေပါ့။ ရည္႐ြယ္ခ်က္ေပၚမွာမူတည္ၿပီးေတာ့ ဥပ‌ေဒကစဥ္းစားရတာေတြရွိတယ္။ ဒါကေတာ့ ဥပေဒရဲ႕ဆင္ျခင္တုံတရားရွိတဲ့၊ ဆုံးျဖတ္ပိုင္ခြင့္ ရွိတဲ့သူကဆုံးျဖတ္တယ္။ တရားသူႀကီးလည္း ဒီအတိုင္းပဲေလ။ ျပစ္မႈက်ဴးလြန္တာျခင္းတူေသာ္လည္းပဲ က်ဴးလြန္တဲ့ဟာရဲ႕ေနာက္ခံအေၾကာင္းအရာကို ထည့္သြင္းစဥ္းစားၿပီးေတာ့မွ ဆုံးျဖတ္ရတာကို၊ တရားသူႀကီးရဲ႕ဆင္ျခင္တုံတရားနဲ႔ဆုံးျဖတ္ရတာျဖစ္တယ္။ ဒီအေပၚမွာလုပ္ရတာ။ ဒါေၾကာင့္တပ္မေတာ္ရဲ႕စည္းကမ္းကျပင္းလည္းျပင္းထန္တယ္။ ဥပေဒက လည္းျပင္းထန္ပါတယ္။ ဒီဟာကေတာ့မတူပါဘူး။ ကြၽန္ေတာ္ဥပေဒတက္ခဲ့တယ္။ ကြၽန္ေတာ္ကိုေမးတဲ့ထဲမွာပါတယ္။ ဥပေဒေက်ာင္းသားနဲ႔တက္ခဲ့တယ္။ ဝါသနာပါလို႔တက္ခဲ့တယ္၊ ကြၽန္ေတာ္ေ႐ြးခဲ့ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြၽန္ေတာ္စစ္တကၠသိုလ္ ေျပာင္းတက္တာေပါ့။ ကြၽန္ေတာ္အခုထိ ဥပေဒနဲ႔ပတ္သက္ရင္မလြတ္ပါဘူး။ ဘာတစ္ခုလုပ္လုပ္ ဥပေဒနဲ႔ညီမညီကြၽန္ေတာ္စၾကည့္တယ္။ ဥပေဒနဲ႔ ညီလား၊ တို႔ထုတ္ထားတဲ့အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြနဲ႔ ကိုက္ညီသလား။ လိုအပ္လို႔ ထုတ္မယ္ဆိုရင္လည္း တို႔ဥပ‌ေဒနဲ႔ညီၫြတ္သလား၊ ဒါကိုလည္းဦးစားေပး စဥ္းစားရတာေပါ့။ တပ္မေတာ္ကေတာ့ စည္းကမ္းအရ၊ ဥပေဒအရအေလးထားတဲ့ Institution တစ္ခုျဖစ္တယ္။ ကြၽန္ေတာ္တို႔ ကိုယ္တိုင္လည္း စိတ္ဝင္စားတယ္။ ကြၽန္ေတာ့္အရာရွိ ေတြလည္း ဥပေဒသင္တန္းကိုအေတာ္မ်ားမ်ားျဖစ္ေအာင္ တက္ခိုင္းတယ္။ အဆင့္ျမင့္ အရာရွိႀကီးေပးမယ္ဆိုရင္ Law Diploma ေျခာက္လသင္တန္း မျဖစ္မေနတက္ရတယ္။ ဒီသင္တန္းမတက္ပဲနဲ႔ အဆင့္ျမင့္ရာထူးကို ကြၽန္ေတာ္မေပးဘူး။ ဒုတိယဗိုလ္မႉးႀကီး အဆင့္ေပးမယ့္ အရာရွိေတြဆိုရင္ ဥပေဒသင္တန္းကို မျဖစ္မေနတက္ရမယ္။ တကယ္လို႔ အေၾကာင္းေၾကာင္းေၾကာင့္ မတက္ျဖစ္လို႔ေပးခဲ့ရင္ေတာင္မွ ျပန္တက္ခိုင္းတယ္။ ကြၽန္ေတာ္ျပန္ၿပီး လုပ္ေနပါတယ္၊ ဘာလို႔တက္ခိုင္းလဲဆိုေတာ့ တရားဥပေဒစီရင္ေရးနဲ႔ ဥပေဒအေၾကာင္း အရာက ဒီေခတ္မွာပိုၿပီး အေရးႀကီးလာတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံတကာကေနၿပီးေတာ့ ေဝဖန္ေနတဲ့အထဲမွာလည္း ကြၽန္ေတာ္တို႔သည္ ဥပေဒ၊ စည္းကမ္းနဲ႔မညီဘူး။ လုပ္ေဆာင္ခ်က္ေတြ ၊ ေဝဖန္ခ်က္ေတြရွိေတာ့ ပိုၿပီးသိေအာင္၊ ပိုၿပီးနားလည္ေအာင္လုပ္တယ္။ သင္တန္းေတြလည္း ေပးသလိုပဲ ဥပမာအားျဖင့္ ကုလသမဂၢအဖြဲ႕အစည္းထဲက ဥပေဒအေၾကာင္း အရာအရ ကြၽန္ေတာ္တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ ကမ္းလွမ္းတယ္ဆိုရင္ ကြၽန္ေတာ္ အကုန္လုံးလုပ္ေဆာင္ေပးပါတယ္။ အျဖစ္ႏိုင္ဆုံး ကြၽန္ေတာ္လုပ္ေပးတယ္။ ကြၽန္ေတာ္ ျဖစ္ေစခ်င္တာေပါ့ဗ်ာ။ ကိုယ့္လူေတြဘာေျပာေျပာ ဥပေဒအေၾကာင္း နားလည္တယ္ ဆိုကတည္းက ႏိုင္ငံတကာမွာေတာ့ ကြၽန္ေတာ္တို႔ေျပာအားဆိုအားလည္းရွိတာေပါ့။ ဒီလိုခံယူခ်က္နဲ႔ လုပ္ေပးတာ၊ အနာဂတ္မွာဒီထက္ပိုၿပီးေကာင္းေအာင္လုပ္မယ္ဆိုတာ ကြၽန္ေတာ္ေျပာလိုပါတယ္။

ေမး။  အဲဒါဆိုရင္ ကြၽန္မတို႔ Popular news ဂ်ာနယ္ကေနတဆင့္ နားေထာင္ ေနၾကမယ့္ ပရိသတ္အားလုံးကို ဘာမ်ားျဖည့္စြက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးအေနနဲ႔ ထပ္ေျပာခ်င္ပါေသးလဲရွင့္။

ေျဖ။  ကြၽန္ေတာ္တို႔ မၾကာခင္ေ႐ြးေကာက္ပြဲလုပ္ေတာ့မည့္ ကာလျဖစ္တယ္။ ေ႐ြးေကာက္ပြဲမွာလည္း အားလုံးကေန ၿပီး တက္ညီလက္ညီနဲ႔အားလုံးမဲေပးေစခ်င္တယ္။ တိုင္းျပည္အတြက္၊ ေဒသအတြက္ လုပ္ေပးႏိုင္မည့္လူေကာင္းေတြ စဥ္းစားေ႐ြးခ်ယ္ေပးေစ လိုတယ္။ လူအားလုံး ၁၈ ႏွစ္ျပည့္ၿပီးတဲ့ လူေတြျဖစ္ၾကတယ္။ မဲေပးတဲ့လူေျပာတာေပါ့၊ မဲေပးတဲ့လူေတြ စဥ္းစားဉာဏ္အကုန္ရွိၾကပါတယ္။ ဆင္ျခင္တုံတရားေတြနဲ႔ သုံးသပ္ၿပီး ေတာ့မွ လုပ္ၾကပါလို႔ကြၽန္ေတာ္ေျပာလိုပါတယ္။ ထို႔အတူပဲဒီအေပၚမွာ ၾကည့္ရႈသူပရိသတ္ ေတြအားလုံးကလည္း တိုင္းျပည္၏ေကာင္းရာေကာင္းက်ိဳးအားလုံးကို စည္းမ်ဥ္း၊ စည္းကမ္းနဲ႔အညီလုပ္ကိုင္ၿပီးကိုယ့္ကိုယ္ကိုလည္းတိုးတက္ေအာင္ျမင္ေအာင္လုပ္ေစခ်င္ပါတယ္။ ကိုယ့္ႏိုင္ငံနဲ႔ ကိုယ့္ လူမ်ိဳးေတြရဲ႕ ဂုဏ္ကိုလည္းျမႇင့္တင္ေစခ်င္ပါတယ္လို႔ ကြၽန္ေတာ္ဆုေတာင္းစကား ေျပာခ်င္ပါတယ္။

ေမး။  ဟုတ္ကဲ့။ အခုလိုအခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္လည္း အမ်ားႀကီး ေက်းဇူးတင္ပါတယ္။ ကြၽန္မတို႔လည္း ေ႐ြးေကာက္ပြဲအတြက္ စိတ္ပူစရာေတြ၊ စိုးရိမ္ စရာေတြ ၊ အခက္အခဲေတြ ၊ အနည္းဆုံးနဲ႔ အညင္သာဆုံးျဖစ္ေအာင္ တပ္မေတာ္ကကူညီၿပီး ဝန္းရံေပးႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ရွင့္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။