တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ – ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi အား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မြေပြင်၊ ရေပြင် နှင့်ဝေဟင် နယ်နမိတ်များထိစပ်နေသည့် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်းကြောင်းရှိသည့် အခြေအနေများ၊ ထိုင်းဘုရင့်တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှုရှိပြီး မြန်မာ့နိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများတွင် ထိရောက်သည့်အထောက် အကူဖြစ်စေသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများကို မဲပေးခွင့်မဆုံးရှုံးရအောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် မြန်မာ့တပ်မတော်မှ ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေခဲ့သည့် အခြေအနေများ၊ ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချမှတ်ခံထားရသည့် ဝင်းဇော်ဦးနှင့် ဇော်လင်းတို့နှစ်ဦးတို့အတွက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်များ၌ မေတ္တာရပ်ခံချက်၊ တရားဝင်စာရေးသားပေးပို့ခဲ့သည့် မေတ္တာရပ်ခံချက်များအပါအဝင် အခြားမေတ္တာရပ်ခံချက်များကြောင့် ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြစ်ဒဏ်မှလျော့ချပေးနိုင်ခဲ့သည့်အခြေအနေများနှင့် လက်ရှိအခြေအနေတွင် နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအခြေအနေအားလုံး ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ကဏ္ဍအလိုက် အစည်းအဝေးများကို နှစ်စဉ်ပုံမှန်ကျင်းပပြုလုပ်လျက်ရှိပြီး COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိသေးဘဲ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ မြန်မာ့တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထိုင္းဘုရင့္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္အား Video Teleconference(VTC) မွတစ္ဆင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၄

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Chalermphon Srisawasdi အား Video Teleconference(VTC) မွတစ္ဆင့္ ေတြ႕ဆုံေဆြးေႏြးသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ တာဝန္ရွိသူတို႔ တက္ေရာက္ၾကသည္။

ထို႔သို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔သည္ ေျမျပင္၊ ေရျပင္ ႏွင့္ေဝဟင္ နယ္နမိတ္မ်ားထိစပ္ေနသည့္ အိမ္နီးခ်င္းေကာင္းႏိုင္ငံမ်ားျဖစ္ၿပီး ေကာင္းမြန္သည့္ ဆက္ဆံေရးသမိုင္းေၾကာင္းရွိသည့္ အေျခအေနမ်ား၊ ထိုင္းဘုရင့္တပ္မေတာ္၏ ပူးေပါင္းေဆာင္႐ြက္မႈေၾကာင့္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ တည္ၿငိမ္ေအးခ်မ္းမႈရွိၿပီး ျမန္မာ့ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈလုပ္ငန္းမ်ားတြင္ ထိေရာက္သည့္အေထာက္ အကူျဖစ္ေစသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲတြင္ ထိုင္းႏိုင္ငံ၌ ေရာက္ရွိေနသည့္ မဲေပးခြင့္ရွိသူ ျမန္မာႏိုင္ငံသားမ်ားကို မဲေပးခြင့္မဆုံးရႈံးရေအာင္ ေဆာင္႐ြက္ေပးခဲ့သည့္အတြက္ ျမန္မာ့တပ္မေတာ္မွ ေက်းဇူးတင္ရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္မ်ားစြာ အေထာက္အကူျဖစ္ေစခဲ့သည့္ အေျခအေနမ်ား၊ ထိုင္းႏိုင္ငံ၊ လိပ္ကြၽန္းလူသတ္မႈမွ ေသဒဏ္ခ်မွတ္ခံထားရသည့္ ဝင္းေဇာ္ဦးႏွင့္ ေဇာ္လင္းတို႔ႏွစ္ဦးတို႔အတြက္ ျမန္မာ့တပ္မေတာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ထိုင္းႏိုင္ငံခရီးစဥ္မ်ား၌ ေမတၱာရပ္ခံခ်က္၊ တရားဝင္စာေရးသားေပးပို႔ခဲ့သည့္ ေမတၱာရပ္ခံခ်က္မ်ားအပါအဝင္ အျခားေမတၱာရပ္ခံခ်က္မ်ားေၾကာင့္ ထိုင္းဘုရင္မင္းျမတ္၏ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန႔္ျဖင့္ ျပစ္ဒဏ္မွေလ်ာ့ခ်ေပးႏိုင္ခဲ့သည့္အေျခအေနမ်ားႏွင့္ လက္ရွိအေျခအေနတြင္ ေနထိုင္စားေသာက္မႈႏွင့္ က်န္းမာေရးအေျခအေနအားလုံး ေကာင္းမြန္လ်က္ရွိသည့္ အေျခအေနမ်ား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုတိုးျမႇင့္ခိုင္မာေအာင္ က႑အလိုက္ အစည္းအေဝးမ်ားကို ႏွစ္စဥ္ပုံမွန္က်င္းပျပဳလုပ္လ်က္ရွိၿပီး COVID-19 ေရာဂါျဖစ္ပြားမႈအေျခအေနမ်ားေၾကာင့္ က်င္းပျပဳလုပ္ႏိုင္ျခင္းမရွိေသးဘဲ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္သည့္အခ်ိန္တြင္ ဆက္လက္က်င္းပျပဳလုပ္သြားမည့္ အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္မွ ေဆာင္႐ြက္လ်က္ရွိသည့္ COVID-19 ေရာဂါ ကာကြယ္တားဆီးေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳႏိုင္ရန္အတြက္ ေဆးဘက္ဆိုင္ရာပစၥည္းမ်ားကို ေထာက္ပံ့ေပးအပ္ခဲ့သည့္ အေျခအေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ႏိုင္မည့္ အေျခအေနမ်ားကို ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။