တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများအား Video Teleconference(VTC) မှတစ်ဆင့် တွေ့ဆုံ ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများအား ယနေ့နံနက် ၁၀ နာရီခွဲတွင် Video Teleconference(VTC) မှတစ်ဆင့်တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများက VTC စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အချို့သော တိုင်းမှူးများနှင့် လူချင်းတွေ့ဆုံနိုင်ခြင်းမရှိသည်မှာ အချိန်အားဖြင့် ကြာမြင့် ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြား သည်။ ထို့နောက် မကြာမီတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ် မည် ဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၊ မိသားစုများအားလုံး သက်ဆိုင်ရာမဲရုံအသီးသီးတွင် စနစ်တကျဖြင့် မဲပေးနိုင်ရေး တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးအလိုက် ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများအား မေးမြန်းရာ တိုင်းမှူးများက ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်မဲပေးရမည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များအားလုံးကိုလည်း သတ်မှတ်ချက်များနှင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ပြန်လည်တင်ပြကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ဆန္ဒမဲပေးကြရာတွင် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၏ လုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အထူးဂရုစိုက်ရမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ တိတိကျကျလိုက်နာကာ လုံခြုံရေးကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများပေးကြရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး လွတ်လပ်စွာ မဲပေးနိုင်ကြောင်းနှင့် ထည့်သွင်း စဉ်းစားရန် လိုအပ်မည့် အချက်များအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးမှာ ကြားရာတွင်-

“မဲပေးတဲ့အခါမှာလည်း စစ်သည်နဲ့ မိသားစုများက လွတ်လွတ်လပ်လပ် မဲပေးနိုင် ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ချက် နှစ်ချက် ပြောချင်ပါတယ်။ အဲ့ဒါ ကတော့ ဘာလဲဆိုလို့ရှိရင် တစ်အချက်ကတော့ တို့တာဝန်အရေးသုံးပါးကို အလေးထား တဲ့ ကိုယ်စားလှယ်ကောင်းတွေကို စဉ်းစားနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံကို ကောင်းဖို့အတွက် ဒေသကိုကောင်းဖို့အတွက် တစ်ကယ်ကို ဆောင်ရွက်ပေးနိုင်တဲ့ ကိုယ်စားလှယ်ကောင်းတွေ ဖြစ်ဖို့လိုပါတယ်။ ဒါလေးကို ထည့်သွင်းစဉ်းစားပြီးတော့မှ တပ်မတော်သားတွေရော၊ မိသားစုဝင်တွေရော အားလုံးကနေ လွတ်လွတ်လပ်လပ် မဲပေးခွင့် မဲပေးလို့ရတယ်ဆိုတာ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ မဲပေးတဲ့နေ့မှာ လွတ်လပ်လုံခြုံစွာ မဲပေးနိုင်ဖို့အတွက် ကူညီပေးဖို့လိုပါတယ်။ သဘာ၀ဘေးအန္တရာယ် ဆိုတာလည်း အချိန်မရွေးပေါ်ပေါက်လာနိုင်တယ်။ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။ အကြောင်းကြောင်းကြောင့် အဲ့ဒီနေ့မှာ မိုးတွေရွာလာမယ်။ လေတွေ တိုက်လာမယ်။ ဒါတွေဖြစ်နိုင်တဲ့အတွက် ဒီနေရာတွေမှာ သွားရေးလာရေးတွေ အခက်အခဲဖြစ်လာမယ် ဆိုလို့ရှိရင်လည်း တပ်မတော်သားတွေအနေနဲ့ မဲပေးတဲ့သူကလည်း မဲပေးဖို့ လိုသလို။တစ်ဖက်ကလည်း မဲပေးတဲ့သူတွေရော မဲပေးဖို့ အချိန်ရတဲ့သူတွေကရော သဘာ၀ဘေး အန္တရာယ်ဖြစ်လာလို့ရှိရင် အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ပေးဖို့လို တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်တွေက တစ်နေရာထဲမှာရှိတာမဟုတ်ဘူး နေရာအနှံ့အပြားကနေ စုလာမယ့် လူတွေရှိတယ်။

ဥပမာအားဖြင့် မဲရုံ တစ်ရုံတည်းမှာ တစ်ခြားနေရာကနေ လာပြီးတော့ မဲပေးရမယ့် လူတွေရှိတယ်၊ အဲ့ဒီ မဲပေးရမယ့်လူတွေက လမ်းမှာ လမ်းမကောင်းတာတို့ တံတားတွေ မကောင်းလို့တို့ မဲရုံကို အချိန်မီမရောက်နိုင်လို့ မဲပေးခွင့် ဆုံးရှုံးသွားမယ့်ဟာမျိုး မဖြစ်ဖို့လို တယ်။ ဒီလိုလုပ်တာအခါမှာ သူတို့ လုံလုံခြုံခြုံ ချောချောမွေ့မွေ့နဲ့ မဲလာပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ ကူညီပေးပါလို့ ပြောလိုတယ်။ သဘာ၀ဘေးအန္တရာယ်အတွက် ပြင်ဆင် ထားဖို့ပေါ့။ နောက်တစ်ခုကလည်း မဲပေးတဲ့အချိန်က ကာလအချိန် အကြာကြီး ပေးရမှာ ဖြစ်တယ်။ ပထမဆုံး မဲပေးတဲ့လူကနေ နောက်ဆုံးမဲပေးတဲ့လူအထိပေါ့။ အချိန်က ဘယ်လောက်ကြာမယ်ဆိုတာ မှန်းလို့တော့မရဘူး။ အဲဒီအချိန်မှာ မဲပေးတဲ့လူတွေက ရေဆာတာတို့ ဗိုက်ဆာတာတို့ ဒါတွေလည်းဖြစ်နိုင်တယ်။ ဒါတွေလည်း သတ်မှတ်ထားတဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနှင့်အညီ မဲရုံရဲ့ ပြင်ပ သတ်မှတ်ထား တဲ့ နေရာကနေပြီးတော့ သူတို့စားနိုင်ဖို့ သောက်နိုင်ဖို့အတွက် ဒါလေးတွေလည်း ကူညီ ပေးဖို့ ပြောလိုတယ်။ တစ်ချို့ဆို ခပ်ဝေးဝေး ခပ်လှမ်းလှမ်းက လာရမှာတွေရှိတယ်။ ဒါကြောင့် ခုနကပြောတဲ့ သဘာ၀ဘေးအန္တရာယ်ကြောင့်ဖြစ်သလိုပဲ နေပူတဲ့အချိန်လည်း ဖြစ်ချင် ဖြစ်မယ် ပြောလို့တော့မရဘူး။ တန်းစီတဲ့အချိန်မှာ Social Distancing အရ တန်းစီ မဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် တန်းစီရမယ့် အကွာအဝေးမှာ သူတို့ ဘယ်လောက် ကြာကြာစောင့်ရမယ်ဆိုတာ မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် သူတို့ ရေသောက်ဖို့တို့ နောက်တစ်ခါ အဆာပြေစားနိုင်ဖို့အတွက်ကို တပ်မတော်က တတ်နိုင်သလောက် ကူညီ ပေးဖို့မှာလိုတယ်။

နောက် ဒီရွေးကောက်ပွဲက နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှာတော့ အရေးပါတဲ့ အဆုံး အဖြတ်ပေးမယ့် ကိစ္စတစ်ခုပဲ။ ဒါကြောင့် တပ်မတော်အနေနဲ့ အချိန်ကာလကြာကြာ ကတည်းကနေပြီးတော့ ရွေးကောက်ပွဲနှင့်စပ်လျဉ်းပြီးတော့မှ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အမြဲတမ်းပြောခဲ့တာရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အတွက် မဲပေးတဲ့အခါမှာ လွတ်လပ်ပြီးတရားမျှတတဲ့ မဲပေးမှုရှိအောင် အားလုံးကနေ ဝိုင်းဝန်းကြိုးစားပေးပါ။ ဘေးကနေ ဒီဟာနှင့်ပတ်သက်ပြီး မသမာမှုလုပ်တယ်ဆိုလို့ ရှိရင်လည်း ကန့်ကွက်တာ မကန့်ကွက်တာ တစ်ပိုင်းပေါ့။ အရေးကြီးတာတော့ ကောင်းကောင်းမွန်မွန် ရှောရှောရှူရှူနဲ့ မဲပေးပြီးတော့ ဒီမဲပေးတဲ့ ရက်ကာလတစ်ခု ရှောရှောရှူရှူနဲ့ ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားဖို့လိုတယ်။ အဖုအထစ်တွေနဲ့ မဖြစ် စေချင်ဘူး။ ဒါကြောင့်လည်း တစ်နေ့က ထုတ်ပြီးတော့ ပြောခဲ့တာရှိတယ်။ တစ်ချို့ နေရာတွေမှာ သတင်းတွေ မင်းတို့ရဲ့တင်ပြချက်တွေကြောင့် သိနေတာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တစ်ကယ် မဲပေးတဲ့နေ့ကျရင်တော့ ဒါကတော့ မဲပုံးထဲထည့်မှာ ပေါ့။ အခုပေးနေတာတော့ ကြိုတင်မဲပေးတဲ့ကိစ္စတွေဖြစ်တယ်။ ကြိုတင်မဲပေးတဲ့ကိစ္စ တွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက်ကြောင့် တစ်ကယ်မဲပေးတဲ့နေ့ကျလို့ရှိရင် လည်း အကြောင်း အမျိုးမျိုးကြောင့် အားနည်းချက်ဖြစ်လာလို့ရှိရင်လည်း ချောချော မွေ့မွေ့နဲ့ဖြစ်စေရေးအတွက် သက်ဆိုင်ရာကော်မတီအသီးသီးနဲ့ ပေါင်းစပ်ပြီးတော့မှ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်။ ဆောင်ကြဉ်းပေးပါလို့ အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ မဲရုံအသီးသီးမှာ နီးစပ်တဲ့ အဖွဲ့တွေ အားလုံးကို မှာကြားဖို့ ပြောလိုတယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီး၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးနိုင်ရေး လိုအပ်သည့်မှန်သမျှကို ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်းဖြင့် လိုအပ်သည်များကို ဆက်လက်မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးမွ တိုင္းမွဴးမ်ားအား Video Teleconference(VTC) မွတစ္ဆင့္ ေတြ႕ဆုံ ေဆြးေႏြး

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တိုင္းမွဴးမ်ားအား ယေန႔နံနက္ ၁၀ နာရီခြဲတြင္ Video Teleconference(VTC) မွတစ္ဆင့္ေတြ႕ဆုံ၍ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပၿပီးစီးႏိုင္ေရးႏွင့္ ပတ္သက္၍ လိုအပ္သည္မ်ား မွာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး တို႔ တက္ေရာက္ၾကၿပီး တိုင္းစစ္ဌာနခ်ဳပ္အသီးသီးမွ တိုင္းမႉးမ်ားက VTC စနစ္ျဖင့္ တက္ေရာက္ေဆြးေႏြးၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က COVID-19 ေရာဂါျဖစ္ပြားမႈေၾကာင့္ အခ်ိဳ႕ေသာ တိုင္းမႉးမ်ားႏွင့္ လူခ်င္းေတြ႕ဆုံႏိုင္ျခင္းမရွိသည္မွာ အခ်ိန္အားျဖင့္ ၾကာျမင့္ ၿပီျဖစ္ေၾကာင္းႏွင့္ က်န္းမာေရးအေျခအေနမ်ားကို ေမးျမန္းအားေပးစကားေျပာၾကား သည္။ ထို႔ေနာက္ မၾကာမီတြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ မည္ ျဖစ္သျဖင့္ အရာရွိ၊ စစ္သည္မ်ား၊ မိသားစုမ်ားအားလုံး သက္ဆိုင္ရာမဲ႐ုံအသီးသီးတြင္ စနစ္တက်ျဖင့္ မဲေပးႏိုင္ေရး တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအသီးသီးအလိုက္ ျပင္ဆင္ ေဆာင္႐ြက္ ထားရွိမႈ အေျခအေနမ်ားအား ေမးျမန္းရာ တိုင္းမႉးမ်ားက ျပင္ဆင္ ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားႏွင့္ ႀကိဳတင္မဲေပးရမည့္ အရာရွိ၊ စစ္သည္မ်ား၊ မိသားစုဝင္မ်ားအားလုံးကိုလည္း သတ္မွတ္ခ်က္မ်ားႏွင့္ ႀကိဳတင္ဆႏၵမဲေပးႏိုင္ေရး ေဆာင္႐ြက္ထားရွိသည့္ အေျခအေနမ်ားကို ျပန္လည္တင္ျပၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ အေနျဖင့္ ဆႏၵမဲေပးၾကရာတြင္ အရာရွိ၊ စစ္သည္မ်ား၊ မိသားစုဝင္မ်ား၏ လုံၿခဳံေရးႏွင့္ ေဒသခံျပည္သူမ်ား၏ လုံၿခဳံေရးကို အထူးဂ႐ုစိုက္ရမည္ျဖစ္ေၾကာင္းႏွင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ ၫႊန္ၾကားခ်က္ႏွင့္အညီ တိတိက်က်လိုက္နာကာ လုံၿခဳံေရးကို ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ေၾကာင္း၊ ဆႏၵမဲမ်ားေပးၾကရာတြင္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားလုံး လြတ္လပ္စြာ မဲေပးႏိုင္ေၾကာင္းႏွင့္ ထည့္သြင္း စဥ္းစားရန္ လိုအပ္မည့္ အခ်က္မ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေႏြးမွာ ၾကားရာတြင္-

“မဲေပးတဲ့အခါမွာလည္း စစ္သည္နဲ႔ မိသားစုမ်ားက လြတ္လြတ္လပ္လပ္ မဲေပးႏိုင္ ပါတယ္။ ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ တစ္ခ်က္ ႏွစ္ခ်က္ ေျပာခ်င္ပါတယ္။ အဲ့ဒါ ကေတာ့ ဘာလဲဆိုလို႔ရွိရင္ တစ္အခ်က္ကေတာ့ တို႔တာဝန္အေရးသုံးပါးကို အေလးထား တဲ့ ကိုယ္စားလွယ္ေကာင္းေတြကို စဥ္းစားႏိုင္ဖို႔ျဖစ္ပါတယ္။ ေနာက္တစ္ခုက ႏိုင္ငံကို ေကာင္းဖို႔အတြက္ ေဒသကိုေကာင္းဖို႔အတြက္ တစ္ကယ္ကို ေဆာင္႐ြက္ေပးႏိုင္တဲ့ ကိုယ္စားလွယ္ေကာင္းေတြ ျဖစ္ဖို႔လိုပါတယ္။ ဒါေလးကို ထည့္သြင္းစဥ္းစားၿပီးေတာ့မွ တပ္မေတာ္သားေတြေရာ၊ မိသားစုဝင္ေတြေရာ အားလုံးကေန လြတ္လြတ္လပ္လပ္ မဲေပးခြင့္ မဲေပးလို႔ရတယ္ဆိုတာ ေျပာခ်င္ပါတယ္။ ေနာက္တစ္ခုကေတာ့ မဲေပးတဲ့ေန႔မွာ လြတ္လပ္လုံၿခဳံစြာ မဲေပးႏိုင္ဖို႔အတြက္ ကူညီေပးဖို႔လိုပါတယ္။ သဘာ၀ေဘးအႏၲရာယ္ ဆိုတာလည္း အခ်ိန္မေ႐ြးေပၚေပါက္လာႏိုင္တယ္။ မျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ဘူး။ အေၾကာင္းေၾကာင္းေၾကာင့္ အဲ့ဒီေန႔မွာ မိုးေတြ႐ြာလာမယ္။ ေလေတြ တိုက္လာမယ္။ ဒါေတြျဖစ္ႏိုင္တဲ့အတြက္ ဒီေနရာေတြမွာ သြားေရးလာေရးေတြ အခက္အခဲျဖစ္လာမယ္ ဆိုလို႔ရွိရင္လည္း တပ္မေတာ္သားေတြအေနနဲ႔ မဲေပးတဲ့သူကလည္း မဲေပးဖို႔ လိုသလို။တစ္ဖက္ကလည္း မဲေပးတဲ့သူေတြေရာ မဲေပးဖို႔ အခ်ိန္ရတဲ့သူေတြကေရာ သဘာ၀ေဘး အႏၲရာယ္ျဖစ္လာလို႔ရွိရင္ အျမန္ဆုံးသြားေရာက္ကူညီေဆာင္႐ြက္ေပးဖို႔လို တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မဲဆႏၵရွင္ေတြက တစ္ေနရာထဲမွာရွိတာမဟုတ္ဘူး ေနရာအႏွံ႔အျပားကေန စုလာမယ့္ လူေတြရွိတယ္။

ဥပမာအားျဖင့္ မဲ႐ုံ တစ္႐ုံတည္းမွာ တစ္ျခားေနရာကေန လာၿပီးေတာ့ မဲေပးရမယ့္ လူေတြရွိတယ္၊ အဲ့ဒီ မဲေပးရမယ့္လူေတြက လမ္းမွာ လမ္းမေကာင္းတာတို႔ တံတားေတြ မေကာင္းလို႔တို႔ မဲ႐ုံကို အခ်ိန္မီမေရာက္ႏိုင္လို႔ မဲေပးခြင့္ ဆုံးရႈံးသြားမယ့္ဟာမ်ိဳး မျဖစ္ဖို႔လို တယ္။ ဒီလိုလုပ္တာအခါမွာ သူတို႔ လုံလုံၿခဳံၿခဳံ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ မဲလာေပးႏိုင္ဖို႔ ေဆာင္႐ြက္ေပးဖို႔ ကူညီေပးပါလို႔ ေျပာလိုတယ္။ သဘာ၀ေဘးအႏၲရာယ္အတြက္ ျပင္ဆင္ ထားဖို႔ေပါ့။ ေနာက္တစ္ခုကလည္း မဲေပးတဲ့အခ်ိန္က ကာလအခ်ိန္ အၾကာႀကီး ေပးရမွာ ျဖစ္တယ္။ ပထမဆုံး မဲေပးတဲ့လူကေန ေနာက္ဆုံးမဲေပးတဲ့လူအထိေပါ့။ အခ်ိန္က ဘယ္ေလာက္ၾကာမယ္ဆိုတာ မွန္းလို႔ေတာ့မရဘူး။ အဲဒီအခ်ိန္မွာ မဲေပးတဲ့လူေတြက ေရဆာတာတို႔ ဗိုက္ဆာတာတို႔ ဒါေတြလည္းျဖစ္ႏိုင္တယ္။ ဒါေတြလည္း သတ္မွတ္ထားတဲ့ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းႏွင့္အညီ မဲ႐ုံရဲ႕ ျပင္ပ သတ္မွတ္ထား တဲ့ ေနရာကေနၿပီးေတာ့ သူတို႔စားႏိုင္ဖို႔ ေသာက္ႏိုင္ဖို႔အတြက္ ဒါေလးေတြလည္း ကူညီ ေပးဖို႔ ေျပာလိုတယ္။ တစ္ခ်ိဳ႕ဆို ခပ္ေဝးေဝး ခပ္လွမ္းလွမ္းက လာရမွာေတြရွိတယ္။ ဒါေၾကာင့္ ခုနကေျပာတဲ့ သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ျဖစ္သလိုပဲ ေနပူတဲ့အခ်ိန္လည္း ျဖစ္ခ်င္ ျဖစ္မယ္ ေျပာလို႔ေတာ့မရဘူး။ တန္းစီတဲ့အခ်ိန္မွာ Social Distancing အရ တန္းစီ မဲေပးရမွာျဖစ္တဲ့အတြက္ေၾကာင့္ တန္းစီရမယ့္ အကြာအေဝးမွာ သူတို႔ ဘယ္ေလာက္ ၾကာၾကာေစာင့္ရမယ္ဆိုတာ မေျပာႏိုင္ဘူး။ အဲဒီအတြက္ေၾကာင့္ သူတို႔ ေရေသာက္ဖို႔တို႔ ေနာက္တစ္ခါ အဆာေျပစားႏိုင္ဖို႔အတြက္ကို တပ္မေတာ္က တတ္ႏိုင္သေလာက္ ကူညီ ေပးဖို႔မွာလိုတယ္။

ေနာက္ ဒီေ႐ြးေကာက္ပြဲက ႏိုင္ငံရဲ႕ ဒီမိုကေရစီစနစ္မွာေတာ့ အေရးပါတဲ့ အဆုံး အျဖတ္ေပးမယ့္ ကိစၥတစ္ခုပဲ။ ဒါေၾကာင့္ တပ္မေတာ္အေနနဲ႔ အခ်ိန္ကာလၾကာၾကာ ကတည္းကေနၿပီးေတာ့ ေ႐ြးေကာက္ပြဲႏွင့္စပ္လ်ဥ္းၿပီးေတာ့မွ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔အတြက္ အၿမဲတမ္းေျပာခဲ့တာရွိတယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲ အတြက္ မဲေပးတဲ့အခါမွာ လြတ္လပ္ၿပီးတရားမွ်တတဲ့ မဲေပးမႈရွိေအာင္ အားလုံးကေန ဝိုင္းဝန္းႀကိဳးစားေပးပါ။ ေဘးကေန ဒီဟာႏွင့္ပတ္သက္ၿပီး မသမာမႈလုပ္တယ္ဆိုလို႔ ရွိရင္လည္း ကန႔္ကြက္တာ မကန႔္ကြက္တာ တစ္ပိုင္းေပါ့။ အေရးႀကီးတာေတာ့ ေကာင္းေကာင္းမြန္မြန္ ေရွာေရွာရႉရႉနဲ႔ မဲေပးၿပီးေတာ့ ဒီမဲေပးတဲ့ ရက္ကာလတစ္ခု ေရွာေရွာရႉရႉနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ေအာင္ျမင္သြားဖို႔လိုတယ္။ အဖုအထစ္ေတြနဲ႔ မျဖစ္ ေစခ်င္ဘူး။ ဒါေၾကာင့္လည္း တစ္ေန႔က ထုတ္ၿပီးေတာ့ ေျပာခဲ့တာရွိတယ္။ တစ္ခ်ိဳ႕ ေနရာေတြမွာ သတင္းေတြ မင္းတို႔ရဲ႕တင္ျပခ်က္ေတြေၾကာင့္ သိေနတာေတြရွိတယ္။ ဒါေတြနဲ႔ပတ္သက္ၿပီးေတာ့ တစ္ကယ္ မဲေပးတဲ့ေန႔က်ရင္ေတာ့ ဒါကေတာ့ မဲပုံးထဲထည့္မွာ ေပါ့။ အခုေပးေနတာေတာ့ ႀကိဳတင္မဲေပးတဲ့ကိစၥေတြျဖစ္တယ္။ ႀကိဳတင္မဲေပးတဲ့ကိစၥ ေတြမွာ အားနည္းခ်က္ေတြရွိေနတဲ့အတြက္ေၾကာင့္ တစ္ကယ္မဲေပးတဲ့ေန႔က်လို႔ရွိရင္ လည္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အားနည္းခ်က္ျဖစ္လာလို႔ရွိရင္လည္း ေခ်ာေခ်ာ ေမြ႕ေမြ႕နဲ႔ျဖစ္ေစေရးအတြက္ သက္ဆိုင္ရာေကာ္မတီအသီးသီးနဲ႔ ေပါင္းစပ္ၿပီးေတာ့မွ လုံလုံၿခဳံၿခဳံနဲ႔ မဲေပးႏိုင္ေအာင္။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္။ ေဆာင္ၾကဥ္းေပးပါလို႔ ေအာက္မွာရွိတဲ့ တပ္ရင္း၊ တပ္ဖြဲ႕ေတြ မဲ႐ုံအသီးသီးမွာ နီးစပ္တဲ့ အဖြဲ႕ေတြ အားလုံးကို မွာၾကားဖို႔ ေျပာလိုတယ္။”

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမ အသီးသီး၌ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္စြာ က်င္းပျပဳလုပ္ ၿပီးစီးႏိုင္ေရး လိုအပ္သည့္မွန္သမွ်ကို ကူညီေဆာင္႐ြက္ေပးၾကမည္ျဖစ္ေၾကာင္းျဖင့္ လိုအပ္သည္မ်ားကို ဆက္လက္မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။