တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ နိုဝင်ဘာ – ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ H.E.Mr. Yohei SASAKAWA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ H.E.Mr. Yohei SASAKAWA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ichiro MARUYAMA နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် COVID-19ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် တပ်မတော်အနေဖြင့် COVID-19ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားဒေသများအပါအဝင် အခြားလိုအပ်ချက်ရှိသည့် နေရာဒေသများနှင့် အဖွဲ့အစည်းများသို့ ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများကို တပ်မတော်သားများ၊ အရပ်သား အစား ခန့်ဝန်ထမ်းများ၏ တစ်ရက်စာလုပ်ခလစာငွေကို ၂ လနှင့် တပ်မတော်အရာရှိကြီးများ၏ လုပ်ခလစာငွေမှ ၂၅ ရာခိုင်နှုန်းကို တစ်နှစ်စာ လှူဒါန်းထားရှိသည့် ငွေများဖြင့် ကူညီ ထောက်ပံ့ပေးလျက်ရှိသည့် အခြေအနေများ၊ ထို့ပြင် COVID-19ရောဂါ ဖြစ်ပွားနေ သည့်ကာလအတွင်း စားရေးအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များတွင် ဆန်၊ ဆီ၊ ပဲ အစရှိသည့် ရိက္ခာပစ္စည်းများကို ကူညီထောက် ပံ့ပေးလျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲသို့ ဂျပန်နိုင်ငံမှ လေ့လာသူအဖြစ်လာရောက်သည်ကို ဝမ်းမြောက်စွာကြိုဆိုပြီး အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးနိုင်ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေးနှင့် လွတ်လပ်စွာမဲပေးနိုင်ရေး တပ်မတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိ သည့် အခြေအနေများ၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဂျပန်နိုင်ငံ၏ ကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ရှိပြီး ရွေးကောက်ပွဲနှင့် COVID-19 ရောဂါဖြစ်ပွားမှု ကာလအလွန်တို့တွင်လည်း လူမှုစီးပွားဘ၀ထူထောင်မှုများနှင့် စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့်နည်းပညာများကို ဂျပန်နိုင်ငံမှ ကူညီ ပေးနိုင်မည့် အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် NCAလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်လျက်ရှိပြီး ထာ၀ရငြိမ်းချမ်း ရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန် နယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးထားသည့် အခြေအနေများနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာအပြန်အလှန် ဆွေးနွေးခဲ့သည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံအမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္ႏွင့္ ဂ်ပန္ႏိုင္ငံ၊ နိပြန္ ေဖာင္ေဒးရွင္းဥကၠ႒ ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔ မြန္းလြဲပိုင္းတြင္ ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္ႏွင့္ ဂ်ပန္ႏိုင္ငံ၊ နိပြန္ ေဖာင္ေဒးရွင္းဥကၠ႒ျဖစ္သူ H.E.Mr. Yohei SASAKAWA ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕အား ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ ေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဆိုင္ရာ ဂ်ပန္အစိုးရ၏ အထူးကိုယ္စားလွယ္ႏွင့္ ဂ်ပန္ႏိုင္ငံ၊ နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ျဖစ္သူ H.E.Mr. Yohei SASAKAWA ဦးေဆာင္ေသာကိုယ္စားလွယ္အဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Ichiro MARUYAMA ႏွင့္ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကသည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ COVID-19ေရာဂါ ကူးစက္ျဖစ္ပြားမႈအေျခအေနမ်ားႏွင့္ တပ္မေတာ္အေနျဖင့္ COVID-19ေရာဂါ ကာကြယ္ကုသထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားတြင္ အင္တိုက္အားတိုက္ပါဝင္ေဆာင္႐ြက္လ်က္ရွိၿပီး တိုင္းရင္းသားေဒသမ်ားအပါအဝင္ အျခားလိုအပ္ခ်က္ရွိသည့္ ေနရာေဒသမ်ားႏွင့္ အဖြဲ႕အစည္းမ်ားသို႔ ေရာဂါကာကြယ္ကုသ ထိန္းခ်ဳပ္ေရးအေထာက္အကူျပဳပစၥည္းမ်ားကို တပ္မေတာ္သားမ်ား၊ အရပ္သား အစား ခန႔္ဝန္ထမ္းမ်ား၏ တစ္ရက္စာလုပ္ခလစာေငြကို ၂ လႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၏ လုပ္ခလစာေငြမွ ၂၅ ရာခိုင္ႏႈန္းကို တစ္ႏွစ္စာ လႉဒါန္းထားရွိသည့္ ေငြမ်ားျဖင့္ ကူညီ ေထာက္ပံ့ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ထို႔ျပင္ COVID-19ေရာဂါ ျဖစ္ပြားေန သည့္ကာလအတြင္း စားေရးအခက္အခဲျဖစ္ေပၚလ်က္ရွိသည့္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိၿမိဳ႕နယ္မ်ားတြင္ ဆန္၊ ဆီ၊ ပဲ အစရွိသည့္ ရိကၡာပစၥည္းမ်ားကို ကူညီေထာက္ ပံ့ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြး ေကာက္ပြဲသို႔ ဂ်ပန္ႏိုင္ငံမွ ေလ့လာသူအျဖစ္လာေရာက္သည္ကို ဝမ္းေျမာက္စြာႀကိဳဆိုၿပီး ေအာင္ျမင္စြာက်င္းပျပဳလုပ္ၿပီးစီးႏိုင္ေရး၊ လြတ္လပ္၍ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရးႏွင့္ လြတ္လပ္စြာမဲေပးႏိုင္ေရး တပ္မေတာ္မွ ကူညီေဆာင္႐ြက္ေပးလ်က္ရွိ သည့္ အေျခအေနမ်ား၊ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပျပဳလုပ္ႏိုင္ေရးအတြက္ ဂ်ပန္ႏိုင္ငံ၏ ကူညီေဆာင္႐ြက္ေပးမႈမ်ားကို ေက်းဇူးတင္ရွိၿပီး ေ႐ြးေကာက္ပြဲႏွင့္ COVID-19 ေရာဂါျဖစ္ပြားမႈ ကာလအလြန္တို႔တြင္လည္း လူမႈစီးပြားဘ၀ထူေထာင္မႈမ်ားႏွင့္ စိုက္ပ်ိဳး၊ ေမြးျမဴေရးက႑မ်ားတြင္ လိုအပ္သည့္နည္းပညာမ်ားကို ဂ်ပန္ႏိုင္ငံမွ ကူညီ ေပးႏိုင္မည့္ အေျခအေနမ်ား၊ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္အေနျဖင့္ NCAလမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာ ရပ္တည္ေဆာင္႐ြက္လ်က္ရွိၿပီး ထာ၀ရၿငိမ္းခ်မ္း ေရးအတြက္ တပ္မေတာ္အေနျဖင့္ ႏိုင္ငံတကာစံႏႈန္းအတိုင္း ႏိုင္ငံေတာ္မွ အၾကမ္းဖက္ဟု သတ္မွတ္ေၾကညာထားေသာ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားရွိသည့္ ေနရာမ်ားမွအပ က်န္ နယ္ေျမမ်ားတြင္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးထားသည့္ အေျခအေနမ်ားႏွင့္ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားအား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေန မ်ားကို ရင္းႏွီးပြင့္လင္းစြာအျပန္အလွန္ ေဆြးေႏြးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။