ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင် အကျဉ်းကျခံထားရသည့် ဝင်းဇော်ထွန်းနှင့်ဇော်လင်း တို့နှစ်ဦး၏လိုအပ်သည်များကို တပ်မတော်မှ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်

နေပြည်တော်၊ နိုဝင်ဘာ – ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi အား Video Teleconference(VTC) မှတစ်ဆင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံ၊ Bang Kwang အကျဉ်းထောင်တွင် အကျဉ်းကျခံလျက်ရှိသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ဝင်းဇော်ထွန်း(ခေါ်) ဝေဖြိုးနှင့် ဇော်လင်းတို့နှစ်ဦး၏ ကျန်းမာရေးအခြေအနေများ၊ နေထိုင်စားသောက်မှုအခြေအနေများကိုမေးမြန်းခဲ့ရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝင်းဇော်ဦးနှင့် ဇော်လင်းတို့နှစ်ဦးတို့အတွက် မြန်မာ့တပ်မတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံခရီးစဉ်များ၌ မေတ္တာရပ်ခံချက်၊ တရားဝင် စာရေးသားပေးပို့ခဲ့သည့် မေတ္တာရပ်ခံချက်များအပါအဝင် အခြားမေတ္တာရပ်ခံချက်များကြောင့် ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် သေဒဏ်ကျခံနေရသည့်ပြစ်ဒဏ်မှ လျော့ချပေးနိုင်ခဲ့သည့်အခြေအနေများကို ပြန်လည်ပြောကြားခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ၎င်းတို့နှစ်ဦး၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံခဲ့သည်။

ထိုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာရပ်ခံချက်အရ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏စီစဉ်မှုဖြင့် နိုဝင်ဘာလ ၅ ရက်တွင် ဝင်းဇော်ဦးနှင့် ဇော်လင်းတို့နှစ်ဦးအား ရိုက်ကူးထားသည့်ဗွီဒီယိုဖိုင်နှစ်ခုကို မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့် ပေးပို့လာခဲ့သည်။ အဆိုပါ ဗွီဒီယိုဖိုင်မှတ်တမ်းများအရ ၎င်းတို့နှစ်ဦးသည် မိဘများထံ စာရေးသား၍ဆက်သွယ်ခဲ့သော်လည်း ပြန်စာရောက်ရှိလာခြင်းမရှိဘဲ အဆက်အသွယ်မရသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း၊ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု မြင့်မားနေသည်ဟုသိရှိရသဖြင့် မိဘများ၏ ကျန်းမာရေးကိုလည်းစိုးရိမ်မိပါကြောင်း၊ အကျဉ်းကျခံနေရစဉ်အတွင်း လေ့လာရန် မြန်မာစာအုပ်များနှင့် အင်္ဂလိပ်စာစာအုပ်များကို ပို့ပေးစေလိုပါကြောင်း၊ အကျဉ်းထောင်အတွင်းနေထိုင်ရသည်မှာ အတိုင်းအတာတစ်ခုအထိ အဆင်ပြေမှုရှိသော်လည်း မြန်မာနိုင်ငံရှိအကျဉ်းထောင်သို့ ပြောင်းရွှေ့ခွင့်ရပါက မိဘဆွေမျိုးများနှင့် တွေ့ဆုံနိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ မိမိတို့၏ လိုအပ်ချက်များကို လာရောက်မေးမြန်းပေးသည့်အတွက် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

တပ်မတော်အနေဖြင့် ထိုင်းနိုင်ငံမှတာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်း၍ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ရုံးမှတစ်ဆင့် ၎င်းတို့နှစ်ဦး၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

(Zawgyi Version)

ထိုင္းႏိုင္ငံ၊ Bang Kwang အက်ဥ္းေထာင္တြင္ အက်ဥ္းက်ခံထားရသည့္ ဝင္းေဇာ္ထြန္းႏွင့္ေဇာ္လင္း တို႔ႏွစ္ဦး၏လိုအပ္သည္မ်ားကို တပ္မေတာ္မွ တတ္ႏိုင္သေ႐ြ႕ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၆

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ႏိုဝင္ဘာ ၄ ရက္ မြန္းလြဲပိုင္းတြင္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Chalermphon Srisawasdi အား Video Teleconference(VTC) မွတစ္ဆင့္ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထိုင္းႏိုင္ငံ၊ Bang Kwang အက်ဥ္းေထာင္တြင္ အက်ဥ္းက်ခံလ်က္ရွိေသာ ျမန္မာႏိုင္ငံသားေ႐ႊ႕ေျပာင္းအလုပ္သမား ဝင္းေဇာ္ထြန္း(ေခၚ) ေဝၿဖိဳးႏွင့္ ေဇာ္လင္းတို႔ႏွစ္ဦး၏ က်န္းမာေရးအေျခအေနမ်ား၊ ေနထိုင္စားေသာက္မႈအေျခအေနမ်ားကိုေမးျမန္းခဲ့ရာ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဝင္းေဇာ္ဦးႏွင့္ ေဇာ္လင္းတို႔ႏွစ္ဦးတို႔အတြက္ ျမန္မာ့တပ္မေတာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ထိုင္းႏိုင္ငံခရီးစဥ္မ်ား၌ ေမတၱာရပ္ခံခ်က္၊ တရားဝင္ စာေရးသားေပးပို႔ခဲ့သည့္ ေမတၱာရပ္ခံခ်က္မ်ားအပါအဝင္ အျခားေမတၱာရပ္ခံခ်က္မ်ားေၾကာင့္ ထိုင္းဘုရင္မင္းျမတ္၏ လြတ္ၿငိမ္းခ်မ္းသာခြင့္အမိန႔္ျဖင့္ ေသဒဏ္က်ခံေနရသည့္ျပစ္ဒဏ္မွ ေလ်ာ့ခ်ေပးႏိုင္ခဲ့သည့္အေျခအေနမ်ားကို ျပန္လည္ေျပာၾကားခဲ့ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ၎တို႔ႏွစ္ဦး၏ ေနထိုင္စားေသာက္မႈ၊ က်န္းမာေရးႏွင့္ အျခားလိုအပ္ခ်က္မ်ားကို ကူညီေဆာင္႐ြက္ေပးႏိုင္ေရး ေမတၱာရပ္ခံခဲ့သည္။

ထိုသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ေမတၱာရပ္ခံခ်က္အရ ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၏စီစဥ္မႈျဖင့္ ႏိုဝင္ဘာလ ၅ ရက္တြင္ ဝင္းေဇာ္ဦးႏွင့္ ေဇာ္လင္းတို႔ႏွစ္ဦးအား ႐ိုက္ကူးထားသည့္ဗြီဒီယိုဖိုင္ႏွစ္ခုကို ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ႐ုံးမွတစ္ဆင့္ ေပးပို႔လာခဲ့သည္။ အဆိုပါ ဗြီဒီယိုဖိုင္မွတ္တမ္းမ်ားအရ ၎တို႔ႏွစ္ဦးသည္ မိဘမ်ားထံ စာေရးသား၍ဆက္သြယ္ခဲ့ေသာ္လည္း ျပန္စာေရာက္ရွိလာျခင္းမရွိဘဲ အဆက္အသြယ္မရသည္မွာ ၾကာျမင့္ၿပီျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္၌ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါကူးစက္ျဖစ္ပြားမႈ ျမင့္မားေနသည္ဟုသိရွိရသျဖင့္ မိဘမ်ား၏ က်န္းမာေရးကိုလည္းစိုးရိမ္မိပါေၾကာင္း၊ အက်ဥ္းက်ခံေနရစဥ္အတြင္း ေလ့လာရန္ ျမန္မာစာအုပ္မ်ားႏွင့္ အဂၤလိပ္စာစာအုပ္မ်ားကို ပို႔ေပးေစလိုပါေၾကာင္း၊ အက်ဥ္းေထာင္အတြင္းေနထိုင္ရသည္မွာ အတိုင္းအတာတစ္ခုအထိ အဆင္ေျပမႈရွိေသာ္လည္း ျမန္မာႏိုင္ငံရွိအက်ဥ္းေထာင္သို႔ ေျပာင္းေ႐ႊ႕ခြင့္ရပါက မိဘေဆြမ်ိဳးမ်ားႏွင့္ ေတြ႕ဆုံႏိုင္မည္ျဖစ္ပါေၾကာင္းႏွင့္ ယခုကဲ့သို႔ မိမိတို႔၏ လိုအပ္ခ်က္မ်ားကို လာေရာက္ေမးျမန္းေပးသည့္အတြက္ တာဝန္ရွိသူမ်ားကို ေက်းဇူးတင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

တပ္မေတာ္အေနျဖင့္ ထိုင္းႏိုင္ငံမွတာဝန္ရွိသူမ်ား၊ ထိုင္းဘုရင့္တပ္မေတာ္မွ တာဝန္ရွိသူမ်ားႏွင့္ ဆက္သြယ္ညႇိႏႈိင္း၍ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ႐ုံးမွတစ္ဆင့္ ၎တို႔ႏွစ္ဦး၏ ေနထိုင္စားေသာက္ေရး၊ က်န္းမာေရးႏွင့္ အျခားလိုအပ္ခ်က္မ်ားကို တတ္ႏိုင္သေ႐ြ႕ ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။