ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့တွင် ပြုလုပ်သည့် ဆွမ်းတော်ကြီးတင်လှူပွဲ အခမ်းအနားသို့ အသင်းကြီး၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပေးပို့သည့် ဩဝါဒ သဝဏ်လွှာ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့တွင် ပြုလုပ်သည့် ဆွမ်းတော်ကြီးတင်လှူပွဲ အခမ်းအနားသို့ အသင်းကြီး၏ ရာသက်ပန်ဂုဏ်ထူးဆောင်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပေးပို့သည့် ဩဝါဒ သဝဏ်လွှာ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)သည် မြန်မာ့သမိုင်း၌ အစဉ်အလာကြီးမားသော အသင်းကြီး ဖြစ်ပါသည်။

၁၉၀၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၁၄ နှစ်တိုင်အောင် တည်တံ့ခိုင်မြဲနေသော အမျိုးသားရေးအသင်းကြီး ဖြစ်သကဲ့သို့ ပထမဦးဆုံးပေါ်ပေါက်ခဲ့သော အသင်းကြီးလည်း ဖြစ်ပါသည်။

အသင်းကြီးသည် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် အချိန်မှစတင်၍ ယနေ့အချိန်အထိ ခေတ်စနစ်ပြောင်းလဲခြင်း အမျိုးမျိုးကို ကျော်ဖြတ်လာခဲ့သည့် တစ်ခုတည်းသော ဝံသာနုအမျိုးသားရေး အသင်းကြီးဖြစ်ပါသည်။ အသင်းကြီးစတင်ဖွဲ့စည်းစဉ်က ရည်ရွယ်ချက်သည် “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြှင့်ရေး”ဖြစ်ပြီး ကြွေးကြော်ချက်သည် “အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာရေးကိုအားပေးပါ”ဟူ၍ ဖြစ်ပါသည်။ မူလကချမှတ်ခဲ့သည့် ရည်ရွယ်ချက်၊ ကြွေးကြော်ချက်များကို ယနေ့ထိတိုင် မပျောက်ပျက်စေဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများ၊ လိုအပ်ချက်များကို ခေတ်စနစ်နှင့်အညီ မှန်ကန်စွာဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပါသည်။

ဗုဒ္ဓဘာသာဝင်သူတော်စင် များအနေဖြင့် နံနက်မိုးသောက်အလင်းရောက်သည်နှင့် မင်္ဂလာရှိလိုကြပြီး မင်္ဂလာတရားကိုလွန်စွာ တန်ဖိုးထားကြပါသည်။ မင်္ဂလာနှင့် ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည့် မင်္ဂလသုတ်တရားတော်ပါ “ပူဇာစပူဇနေယျာနံ” ပူဇော်သင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပင် ဖြစ်ပါသည်။ ပူဇော်သင့်ပူဇော်ထိုက်သူကို ပူဇော်ခြင်းဆိုရာတွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပြင် လေးစားသင့်လေးစားထိုက်သူ၊ လေးစားမြတ်နိုးထိုက်သည့် ဂုဏ်ရှိသူ၊ အကျင့်သီလကောင်းမွန်ပြီး မိမိထက်အသက်အရွယ်ကြီးသူ၊ ဂုဏ်ဝါကြီးသူများအား ပူဇော်ခြင်းကို ဆိုလိုပါသည်။

ပူဇော်သည်ဆိုရာတွင်လည်း “ဣမာယဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိ” ဆိုသည့်အတိုင်း ကျင့်ဝတ်ပဋိပတ်ဖြင့် ပူဇော်ခြင်း၊ ပစ္စည်းပစ္စယဆွမ်းတို့ဖြင့်ပူဇော်ခြင်း၊ ဝေယျာဝစ္စတာဝန်ဖြင့် ပူဇော်ခြင်း စသည်ဖြင့် အမျိုးအစားသုံးမျိုး ရှိပါသည်။

ဆွမ်းတော်ကြီးတင် လှူပွဲသည် ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာအရ ကျင်းပပြုလုပ်သည့် ကုသိုလ်ကောင်းမှုပွဲ တစ်ခုဖြစ်ပြီး ဘုရားအမှူးပြုသည့် သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်ခြင်း၊ ရဟန်းအသုံးအဆောင် ပစ္စည်းလေးပါးပရိက္ခရာတို့ကို လောင်းလှူသည့်ပွဲ ဖြစ်ပါသည်။

ဆွမ်းတော်ကြီးတင်လှူပွဲသည် ဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ ပသေနဒီကောသလမင်းကြီးမှ စတင်လှူဒါန်း ခဲ့သည့် အလှူဖြစ်ပါသည်။ ဆွမ်းလှူရခြင်း အကျိုးသည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း စသည့်အကျိုး ၅ ပါးသာမက ဒါန၏သဘောအရထားရှိသည့် စေတနာအပေါ်မူတည်ပြီး ကြီးကျယ်မြင့်မြတ်သော အကျိုးကိုရရှိမည် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ၏အသက်သည် သာသနာတော်ကို စောင့်ရှောက်လျက်ရှိသော အကျင့်သိက္ခာဝိနည်းနှင့်ပြည့်စုံသည့် သံဃာတော်များပင်ဖြစ်ပါသည်။ ထို့ကြောင့် သံဃာတော်များ သာသနာတော်ကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ရန် အတွက် လိုအပ်သည့်ဆွမ်း စသည့်အာဟာရများကို ထောက်ပံ့လှူဒါန်းနိုင်ရန် မိမိတို့ ဒါယကာ၊ ဒါယိကာမများ၏ တာဝန်ပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ဝိုင်အမ်ဘီအေအသင်းကြီးက ၎င်းလိုအပ်ချက်များကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးလျက် ရှိသည်မှာနှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

သီတင်းကျွတ်ရာသီကာလတွင် ဗုဒ္ဓဘာသာဝင်များသည် မိဘ၊ ဆရာသမား များနှင့် အသက်အရွယ်ကြီးရင့်သော လူကြီးသူမများကို ရိုသေသမှုပြုပြီး လှည့်လည်ကန်တော့သည့် မြန်မာ့ဓလေ့ရှိပါသည်။ အဖွဲ့အစည်းအလိုက်လည်း စုပေါင်းကန်တော့သည်များလည်းရှိကြပြီး ၎င်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦးအကြား၊ အဖွဲ့အစည်း အတွင်း နွေးထွေးမှုနှင့် မိသားစုဆန်သည့် တရင်းတနှီးရှိသော ရိုးရာဓလေ့ပင်ဖြစ်ပါသည်။ YMBA အသင်းကြီးတွင်လည်း ၁၉၄၇ ခုနှစ်မှစ၍ အသင်းတည်ထောင်ခဲ့သူများ၊ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နာယကကြီးများအား ၂ နှစ်တစ်ကြိမ်ပြုလုပ်သည့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ သီတင်းကျွတ်လ အခါသမယတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နှင့်အညီ ဂါရဝပြုကန်တော့ခြင်းနှင့် သြဝါဒနာယူခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်မှာ ကောင်းမြတ်သော အစဉ်အလာတစ်ရပ်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသား အများစု စုစည်း နေထိုင်ရာနိုင်ငံဖြစ်ပါသည်။ ဘာသာရေးသည် လူသားများအား ယဉ်ကျေးအောင် သင်ကြားပေးနိုင်သော စွမ်းအားစုကြီးပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်း အမျိုးသားရေးစရိုက်လက္ခဏာတို့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမှ ဆင်းသက်လာသည်မှာ သမိုင်းစဉ်ဆက်ရှိခဲ့သည့် အမှန်တရားပင် ဖြစ်ပါသည်။ ဘာသာရေးသည် နိုင်ငံနှင့်လူမျိုး၏ ယဉ်ကျေးမှုလက္ခဏာကို ဖော်ဆောင်လျက်ရှိပေရာ ယဉ်ကျေးမှုသည် လူမျိုး၏အသက်ဟုဆိုလျှင် ဘာသာရေးသည်လည်း လူမျိုး၏နှလုံးသားဟု ဆိုရပေမည်။ ယနေ့အခမ်းအနားတွင် ပြုလုပ်သည့် ၁၉၄၇ ခုနှစ်တွင် အသင်းတည်ထောင်ခဲ့သူ ပုဂ္ဂိုလ်ကြီး ၃ ဦး၊ ခေတ်အဆက်ဆက် နာယကကြီး ၅ ဦးနှင့် နာယကကြီးများကို ကန်တော့ခြင်း၊ နာယကကြီးများ၏ ဆုံးမသြဝါဒကိုခံယူခြင်းတို့သည် ဘာသာရေးကို အခြေခံ၍ ဆက်စပ်ဖြစ်ပေါ်လာသည့် ယဉ်ကျေးမှုအကြောင်းတရားများ ဖြစ်သည့်အတွက် ဂုဏ်ယူဖွယ်ကောင်းသည့်အပြင် နောင်အရှည်တည်တံ့အောင်လည်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် ဗုဒ္ဓယဉ်ကျေးမှု မင်္ဂလာတရားတော်များ ပြန့်ပွားလာရေးကို လူတိုင်းကိုယ်စီ အလေးထားသင့်ပါသည်။

“တိုးတက်ကြီးပွား၊ စီးပွားမြော်ကာ၊ နောင်ခါနောင်ရေး၊ မြော်တွေး၍သာ၊ တစ်ခုတတ်က၊ လူ့ရပ်နယ်မှာ၊ တန်ခိုးထွက်၊ တိုးတက်မင်္ဂလာ” ဟူသော မင်္ဂလာတရားတော်များသည် ဗုဒ္ဓယဉ်ကျေးမှုမှ သန္ဓေတည်ပေါက်ဖွားလာသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ ဖြစ်သဖြင့် တန်ဖိုးထား ထိန်းသိမ်းရမည် ဖြစ်ပါသည်။

ဝိုင်အမ်ဘီအေအသင်းကြီးသည် သူ့ကျွန်ဘဝကျရောက်ချိန်၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်မှစတင်၍ ယနေ့အချိန်အထိ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရင်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့သမိုင်းတွင် အစဉ်အလာကောင်းများဖြင့် ပေါ်ထွန်းလာခဲ့သည့် ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးသည် နိုင်ငံနှင့်လူမျိုးအတွက် ခေတ်အဆက်ဆက် သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည်။ ယနေ့အချိန်၌လည်း အမျိုး၊ ဘာသာ၊ သာသနာနှင့် ပညာဆိုင်ရာ လုပ်ငန်းများတွင် များစွာသော လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ဆောင်ရွက်ရန် လိုအပ်နေချိန် ဖြစ်ပါသည်။ ယနေ့ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တည်ဆောက်နိုင်ရန်အတွက် သမိုင်းအစဉ်အလာ ကြီးမားသည့် အသင်းကြီး၏ ကောင်းမြတ်သော အစဉ်အလာများကို ထိန်းသိမ်းပြီး ကျရာအခန်းကဏ္ဍမှ ရည်ရွယ်ချက်မပျောက်ပျက်ဘဲ နိုင်ငံ့အကျိုး၊ ဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုးပါဝင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

နာယက

အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ

ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး၏ ႏွစ္စဥ္သီတင္းကြၽတ္ လျပည့္ေန႔တြင္ ျပဳလုပ္သည့္ ဆြမ္းေတာ္ႀကီးတင္လႉပြဲ အခမ္းအနားသို႔ အသင္းႀကီး၏ ရာသက္ပန္ဂုဏ္ထူးေဆာင္နာယက၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူမင္းေအာင္လႈိင္ ေပးပို႔သည့္ ဩဝါဒ သဝဏ္လႊာ

ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး(YMBA)သည္ ျမန္မာ့သမိုင္း၌ အစဥ္အလာႀကီးမားေသာ အသင္းႀကီး ျဖစ္ပါသည္။

၁၉၀၆ ခုႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ ႏွစ္ေပါင္း ၁၁၄ ႏွစ္တိုင္ေအာင္ တည္တံ့ခိုင္ၿမဲေနေသာ အမ်ိဳးသားေရးအသင္းႀကီး ျဖစ္သကဲ့သို႔ ပထမဦးဆုံးေပၚေပါက္ခဲ့ေသာ အသင္းႀကီးလည္း ျဖစ္ပါသည္။

အသင္းႀကီးသည္ စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့သည့္ အခ်ိန္မွစတင္၍ ယေန႔အခ်ိန္အထိ ေခတ္စနစ္ေျပာင္းလဲျခင္း အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္လာခဲ့သည့္ တစ္ခုတည္းေသာ ဝံသာႏုအမ်ိဳးသားေရး အသင္းႀကီးျဖစ္ပါသည္။ အသင္းႀကီးစတင္ဖြဲ႕စည္းစဥ္က ရည္႐ြယ္ခ်က္သည္ “အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာႀကီးပြားတိုးျမႇင့္ေရး”ျဖစ္ၿပီး ေႂကြးေၾကာ္ခ်က္သည္ “အမ်ိဳးကိုခ်စ္ပါ၊ ဘာသာကိုေလးစားပါ၊ သာသနာကိုခ်ီးျမႇင့္ပါ၊ ပညာေရးကိုအားေပးပါ”ဟူ၍ ျဖစ္ပါသည္။ မူလကခ်မွတ္ခဲ့သည့္ ရည္႐ြယ္ခ်က္၊ ေႂကြးေၾကာ္ခ်က္မ်ားကို ယေန႔ထိတိုင္ မေပ်ာက္ပ်က္ေစဘဲ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားမ်ား၊ လိုအပ္ခ်က္မ်ားကို ေခတ္စနစ္ႏွင့္အညီ မွန္ကန္စြာျဖည့္ဆည္း ေဆာင္႐ြက္လ်က္ရွိပါသည္။

ဗုဒၶဘာသာဝင္သူေတာ္စင္ မ်ားအေနျဖင့္ နံနက္မိုးေသာက္အလင္းေရာက္သည္ႏွင့္ မဂၤလာရွိလိုၾကၿပီး မဂၤလာတရားကိုလြန္စြာ တန္ဖိုးထားၾကပါသည္။ မဂၤလာႏွင့္ ပတ္သက္ၿပီး ဗုဒၶျမတ္စြာဘုရားရွင္ ေဟာၾကားေတာ္မူခဲ့သည့္ မဂၤလသုတ္တရားေတာ္ပါ “ပူဇာစပူဇေနယ်ာနံ” ပူေဇာ္သင့္ပူေဇာ္ထိုက္သူကို ပူေဇာ္ျခင္းသည္လည္း မဂၤလာတစ္ပါးပင္ ျဖစ္ပါသည္။ ပူေဇာ္သင့္ပူေဇာ္ထိုက္သူကို ပူေဇာ္ျခင္းဆိုရာတြင္ ဗုဒၶဘာသာဝင္ သူေတာ္စင္မ်ားအေနျဖင့္ ဘုရား၊ တရား၊ သံဃာ ရတနာျမတ္သုံးပါးအျပင္ ေလးစားသင့္ေလးစားထိုက္သူ၊ ေလးစားျမတ္ႏိုးထိုက္သည့္ ဂုဏ္ရွိသူ၊ အက်င့္သီလေကာင္းမြန္ၿပီး မိမိထက္အသက္အ႐ြယ္ႀကီးသူ၊ ဂုဏ္ဝါႀကီးသူမ်ားအား ပူေဇာ္ျခင္းကို ဆိုလိုပါသည္။

ပူေဇာ္သည္ဆိုရာတြင္လည္း “ဣမာယဓမၼာႏု ဓမၼပဋိပတၱိယာ ဗုဒၶံပူေဇမိ” ဆိုသည့္အတိုင္း က်င့္ဝတ္ပဋိပတ္ျဖင့္ ပူေဇာ္ျခင္း၊ ပစၥည္းပစၥယဆြမ္းတို႔ျဖင့္ပူေဇာ္ျခင္း၊ ေဝယ်ာဝစၥတာဝန္ျဖင့္ ပူေဇာ္ျခင္း စသည္ျဖင့္ အမ်ိဳးအစားသုံးမ်ိဳး ရွိပါသည္။

ဆြမ္းေတာ္ႀကီးတင္ လႉပြဲသည္ ဗုဒၶဘာသာထုံးတမ္း အစဥ္အလာအရ က်င္းပျပဳလုပ္သည့္ ကုသိုလ္ေကာင္းမႈပြဲ တစ္ခုျဖစ္ၿပီး ဘုရားအမႉးျပဳသည့္ သံဃာေတာ္မ်ားကို ပင့္ဖိတ္၍ ဆြမ္းဆက္ကပ္ျခင္း၊ ရဟန္းအသုံးအေဆာင္ ပစၥည္းေလးပါးပရိကၡရာတို႔ကို ေလာင္းလႉသည့္ပြဲ ျဖစ္ပါသည္။

ဆြမ္းေတာ္ႀကီးတင္လႉပြဲသည္ ဘုရားရွင္လက္ထက္ သာဝတၳိျပည္ရွိ ပေသနဒီေကာသလမင္းႀကီးမွ စတင္လႉဒါန္း ခဲ့သည့္ အလႉျဖစ္ပါသည္။ ဆြမ္းလႉရျခင္း အက်ိဳးသည္ အသက္ရွည္ျခင္း၊ အဆင္းလွျခင္း၊ ခ်မ္းသာႀကီးျခင္း၊ ခြန္အားႀကီးျခင္း၊ ဉာဏ္ပညာႀကီးျခင္း စသည့္အက်ိဳး ၅ ပါးသာမက ဒါန၏သေဘာအရထားရွိသည့္ ေစတနာအေပၚမူတည္ၿပီး ႀကီးက်ယ္ျမင့္ျမတ္ေသာ အက်ိဳးကိုရရွိမည္ ျဖစ္ပါသည္။

ဗုဒၶဘာသာ၏အသက္သည္ သာသနာေတာ္ကို ေစာင့္ေရွာက္လ်က္ရွိေသာ အက်င့္သိကၡာဝိနည္းႏွင့္ျပည့္စုံသည့္ သံဃာေတာ္မ်ားပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္ သံဃာေတာ္မ်ား သာသနာေတာ္ကို ေကာင္းမြန္စြာ ေစာင့္ေရွာက္ႏိုင္ရန္ အတြက္ လိုအပ္သည့္ဆြမ္း စသည့္အာဟာရမ်ားကို ေထာက္ပံ့လႉဒါန္းႏိုင္ရန္ မိမိတို႔ ဒါယကာ၊ ဒါယိကာမမ်ား၏ တာဝန္ပင္ျဖစ္ပါသည္။ ထို႔ေၾကာင့္လည္း ဝိုင္အမ္ဘီေအအသင္းႀကီးက ၎လိုအပ္ခ်က္မ်ားကို တစ္ေထာင့္တစ္ေနရာမွ ျဖည့္ဆည္းေပးလ်က္ ရွိသည္မွာႏွစ္ကာလၾကာျမင့္ခဲ့ၿပီ ျဖစ္ပါသည္။

သီတင္းကြၽတ္ရာသီကာလတြင္ ဗုဒၶဘာသာဝင္မ်ားသည္ မိဘ၊ ဆရာသမား မ်ားႏွင့္ အသက္အ႐ြယ္ႀကီးရင့္ေသာ လူႀကီးသူမမ်ားကို ႐ိုေသသမႈျပဳၿပီး လွည့္လည္ကန္ေတာ့သည့္ ျမန္မာ့ဓေလ့ရွိပါသည္။ အဖြဲ႕အစည္းအလိုက္လည္း စုေပါင္းကန္ေတာ့သည္မ်ားလည္းရွိၾကၿပီး ၎ကဲ့သို႔ ျပဳလုပ္ျခင္းအားျဖင့္ တစ္ဦးႏွင့္တစ္ဦးအၾကား၊ အဖြဲ႕အစည္း အတြင္း ေႏြးေထြးမႈႏွင့္ မိသားစုဆန္သည့္ တရင္းတႏွီးရွိေသာ ႐ိုးရာဓေလ့ပင္ျဖစ္ပါသည္။ YMBA အသင္းႀကီးတြင္လည္း ၁၉၄၇ ခုႏွစ္မွစ၍ အသင္းတည္ေထာင္ခဲ့သူမ်ား၊ တာဝန္ထမ္းေဆာင္ခဲ့ၾကသည့္ နာယကႀကီးမ်ားအား ၂ ႏွစ္တစ္ႀကိမ္ျပဳလုပ္သည့္ အလုပ္အမႈေဆာင္အဖြဲ႕ ေ႐ြးခ်ယ္ပြဲ သီတင္းကြၽတ္လ အခါသမယတြင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈဓေလ့ႏွင့္အညီ ဂါရဝျပဳကန္ေတာ့ျခင္းႏွင့္ ၾသဝါဒနာယူျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိသည္မွာ ေကာင္းျမတ္ေသာ အစဥ္အလာတစ္ရပ္ပင္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံသည္ ဗုဒၶဘာသာဝင္တိုင္းရင္းသား အမ်ားစု စုစည္း ေနထိုင္ရာႏိုင္ငံျဖစ္ပါသည္။ ဘာသာေရးသည္ လူသားမ်ားအား ယဥ္ေက်းေအာင္ သင္ၾကားေပးႏိုင္ေသာ စြမ္းအားစုႀကီးပင္ ျဖစ္ပါသည္။ ျမန္မာ့ယဥ္ေက်းမႈဓေလ့ထုံးတမ္း အမ်ိဳးသားေရးစ႐ိုက္လကၡဏာတို႔သည္ ဗုဒၶဘာသာယဥ္ေက်းမႈ ဓေလ့ထုံးတမ္းမ်ားမွ ဆင္းသက္လာသည္မွာ သမိုင္းစဥ္ဆက္ရွိခဲ့သည့္ အမွန္တရားပင္ ျဖစ္ပါသည္။ ဘာသာေရးသည္ ႏိုင္ငံႏွင့္လူမ်ိဳး၏ ယဥ္ေက်းမႈလကၡဏာကို ေဖာ္ေဆာင္လ်က္ရွိေပရာ ယဥ္ေက်းမႈသည္ လူမ်ိဳး၏အသက္ဟုဆိုလွ်င္ ဘာသာေရးသည္လည္း လူမ်ိဳး၏ႏွလုံးသားဟု ဆိုရေပမည္။ ယေန႔အခမ္းအနားတြင္ ျပဳလုပ္သည့္ ၁၉၄၇ ခုႏွစ္တြင္ အသင္းတည္ေထာင္ခဲ့သူ ပုဂၢိဳလ္ႀကီး ၃ ဦး၊ ေခတ္အဆက္ဆက္ နာယကႀကီး ၅ ဦးႏွင့္ နာယကႀကီးမ်ားကို ကန္ေတာ့ျခင္း၊ နာယကႀကီးမ်ား၏ ဆုံးမၾသဝါဒကိုခံယူျခင္းတို႔သည္ ဘာသာေရးကို အေျခခံ၍ ဆက္စပ္ျဖစ္ေပၚလာသည့္ ယဥ္ေက်းမႈအေၾကာင္းတရားမ်ား ျဖစ္သည့္အတြက္ ဂုဏ္ယူဖြယ္ေကာင္းသည့္အျပင္ ေနာင္အရွည္တည္တံ့ေအာင္လည္း ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

ယေန႔အခ်ိန္အခါသည္ ဗုဒၶယဥ္ေက်းမႈ မဂၤလာတရားေတာ္မ်ား ျပန႔္ပြားလာေရးကို လူတိုင္းကိုယ္စီ အေလးထားသင့္ပါသည္။

“တိုးတက္ႀကီးပြား၊ စီးပြားေျမာ္ကာ၊ ေနာင္ခါေနာင္ေရး၊ ေျမာ္ေတြး၍သာ၊ တစ္ခုတတ္က၊ လူ႔ရပ္နယ္မွာ၊ တန္ခိုးထြက္၊ တိုးတက္မဂၤလာ” ဟူေသာ မဂၤလာတရားေတာ္မ်ားသည္ ဗုဒၶယဥ္ေက်းမႈမွ သေႏၶတည္ေပါက္ဖြားလာေသာ ျမန္မာ့ယဥ္ေက်းမႈ အစဥ္အလာေကာင္းမ်ား ျဖစ္သျဖင့္ တန္ဖိုးထား ထိန္းသိမ္းရမည္ ျဖစ္ပါသည္။

ဝိုင္အမ္ဘီေအအသင္းႀကီးသည္ သူ႔ကြၽန္ဘဝက်ေရာက္ခ်ိန္၊ လြတ္လပ္ေရးႀကိဳးပမ္းမႈ သမိုင္းတစ္ေလွ်ာက္မွစတင္၍ ယေန႔အခ်ိန္အထိ အမ်ိဳး၊ ဘာသာ၊ သာသနာကို ထိန္းသိမ္းေစာင့္ေရွာက္ရင္း ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ အက်ိဳးကို သယ္ပိုးေဆာင္႐ြက္လ်က္ရွိပါသည္။ ျမန္မာ့သမိုင္းတြင္ အစဥ္အလာေကာင္းမ်ားျဖင့္ ေပၚထြန္းလာခဲ့သည့္ ဝိုင္အမ္ဘီေအ ဗုဒၶဘာသာကလ်ာဏယုဝ အသင္းႀကီးသည္ ႏိုင္ငံႏွင့္လူမ်ိဳးအတြက္ ေခတ္အဆက္ဆက္ သမိုင္းေပးတာဝန္ေတြကို ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ပါသည္။ ယေန႔အခ်ိန္၌လည္း အမ်ိဳး၊ ဘာသာ၊ သာသနာႏွင့္ ပညာဆိုင္ရာ လုပ္ငန္းမ်ားတြင္ မ်ားစြာေသာ လုံ႔လ၊ ဝီရိယစိုက္ထုတ္ၿပီး ေဆာင္႐ြက္ရန္ လိုအပ္ေနခ်ိန္ ျဖစ္ပါသည္။ ယေန႔ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ ပကတိလိုအပ္ခ်က္ျဖစ္သည့္ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ားကို တည္ေဆာက္ႏိုင္ရန္အတြက္ သမိုင္းအစဥ္အလာ ႀကီးမားသည့္ အသင္းႀကီး၏ ေကာင္းျမတ္ေသာ အစဥ္အလာမ်ားကို ထိန္းသိမ္းၿပီး က်ရာအခန္းက႑မွ ရည္႐ြယ္ခ်က္မေပ်ာက္ပ်က္ဘဲ ႏိုင္ငံ့အက်ိဳး၊ ဘာသာ၊ သာသနာအက်ိဳးကို ဆတက္ထမ္းပိုးပါဝင္ ေဆာင္႐ြက္ႏိုင္ၾကပါေစေၾကာင္း ဆႏၵျပဳရင္း သဝဏ္လႊာေပးပို႔အပ္ပါသည္။

နာယက

အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ

ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူမင္းေအာင္လႈိင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။