ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ – ၇

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ဒသမအကြိမ် မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဈေးကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ အမှူးပြုသော သံဃာတော် ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် ဧည့်ပရိသတ်များသည် ဘုန်းတော် ကြီးကျောင်းအသီးသီးသို့ လှူဒါန်းရန်ခင်းကျင်းထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် ပဒေသာပင်များအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆီမီး၊ သောက်တော်ရေချမ်း၊ သစ်သီးနှင့် မြသပိတ် ဆွမ်းတို့ကို ကပ်လှူပူဇော်ကြသည်။

အစီအစဉ်အရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဇေယျာသီရိမြို့နယ်၊ သံဃနာယက အဖွဲ့(ရွှေကျင်)ဥက္ကဌ၊ ရေဆင်းကန်ဦးကျောင်းတိုက် ပဓာန နာယက မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများရွတ်ပွား ချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က ဈေးကုန်းကျောင်းတိုက်ဆရာတော်ကြီးထံ ကထိန်လျာ သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က ပျဉ်းမနားမြို့၊ မင်္ဂလာ ဇေယျုံပါဋ္ဌိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ထံသို့ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိကြီးများနှင့် ဇနီးများက သံဃာတော်အရှင်သူမြတ်တို့ထံ ကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ရေဆင်းကန်ဦးကျောင်းတိုက်မှ ဂဏဝါစက စာချဆရာတော်များဖြစ်ကြသည့် အရှင်ဝါယမနှင့် အရှင်ဇ၀နတို့က ကထိန်အမေးအဖြေများကို ဆောင်ရွက်တော်မူကြ သည်။

ယင်းနောက် ပျဉ်းမနားမြို့၊ ပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှ ပေးဝေကြကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ သတ္တမအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် ရုံးဌာန အသီးသီးမှ ပဒေသာပင်စုစုပေါင်း ၈၃ ပင်၊ တန်ဖိုးငွေကျပ်သိန်း ၁၂၉၀ ကျော်ပါဝင် လှူဒါန်းခဲ့ကြကာ သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းအသီးသီးသို့ ရုံး၊ ဌာနများအလိုက် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လှူဒါန်းခဲ့ကြသည်။

(Zawgyi Version)

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ ဒသမအႀကိမ္ မဟာဘုံကထိန္ အလႉေတာ္မဂၤလာ အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၇

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ ဒသမအႀကိမ္ မဟာဘုံကထိန္ အလႉေတာ္မဂၤလာအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ အေနာ္ရထာခန္းမ၌က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ တက္ေရာက္၍ ကထိန္လ်ာ သကၤန္းႏွင့္ လႉဖြယ္ပစၥည္းမ်ားဆက္ကပ္လႉဒါန္းသည္။

အဆိုပါ အခမ္းအနားသို႔ ႏိုင္ငံေတာ္ဩဝါဒါစရိယ ေဈးကုန္းေက်ာင္းတိုက္ ပဓာန နာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ကဝိသာရ အမႉးျပဳေသာ သံဃာေတာ္ ၂၇ ပါး ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီး ေဒၚၾကဴၾကဴလွ တို႔ႏွင့္အတူ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ဇနီး၊ ညႇိႏႈိင္း ကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဇနီးႏွင့္ ဧည့္ပရိသတ္မ်ားသည္ ဘုန္းေတာ္ ႀကီးေက်ာင္းအသီးသီးသို႔ လႉဒါန္းရန္ခင္းက်င္းထားသည့္ ကထိန္လ်ာသကၤန္း၊ လႉဖြယ္ ပစၥည္းမ်ားႏွင့္ ပေဒသာပင္မ်ားအား လွည့္လည္ၾကည့္ရႈၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးတို႔က အေနာ္ရထာခန္းမအတြင္းရွိ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္အား ဆီမီး၊ ေသာက္ေတာ္ေရခ်မ္း၊ သစ္သီးႏွင့္ ျမသပိတ္ ဆြမ္းတို႔ကို ကပ္လႉပူေဇာ္ၾကသည္။

အစီအစဥ္အရ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲအခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆို ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ေဇယ်ာသီရိၿမိဳ႕နယ္၊ သံဃနာယက အဖြဲ႕(ေ႐ႊက်င္)ဥကၠဌ၊ ေရဆင္းကန္ဦးေက်ာင္းတိုက္ ပဓာန နာယက မဟာဂႏၴဝါစက ပ႑ိတ ဘဒၵႏၲ ဝိလာသ ထံမွ ကိုးပါးသီလခံယူေဆာက္တည္ၾကသည္။ ဆက္လက္၍ ဆရာေတာ္ႀကီးမ်ား႐ြတ္ပြား ခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားကို နာယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔က ေဈးကုန္းေက်ာင္းတိုက္ဆရာေတာ္ႀကီးထံ ကထိန္လ်ာ သကၤန္း ႏွင့္လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၾကသည္။

ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီး ေဒၚသန္းသန္းႏြယ္တို႔က ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာ ေဇယ်ဳံပါ႒ိတကၠသိုလ္ ေက်ာင္းတိုက္ ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲ ဝိမလဗုဒၶိ ထံသို႔ ကထိန္သကၤန္းႏွင့္လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းၾကၿပီးေနာက္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဇနီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားက သံဃာေတာ္အရွင္သူျမတ္တို႔ထံ ကထိန္ သကၤန္းႏွင့္ လႉဖြယ္ဝတၳဳပစၥည္းမ်ား အသီးသီးဆက္ကပ္ လႉဒါန္းၾကသည္။ ထို႔ေနာက္ ေရဆင္းကန္ဦးေက်ာင္းတိုက္မွ ဂဏဝါစက စာခ်ဆရာေတာ္မ်ားျဖစ္ၾကသည့္ အရွင္ဝါယမႏွင့္ အရွင္ဇ၀နတို႔က ကထိန္အေမးအေျဖမ်ားကို ေဆာင္႐ြက္ေတာ္မူၾက သည္။

ယင္းေနာက္ ပ်ဥ္းမနားၿမိဳ႕၊ ပါ႒ိတကၠသိုလ္ေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံမွ ကထိန္အႏုေမာဒနာတရားနာယူၾကၿပီး လႉဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ် အမွ် ေပးေဝၾကကာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္ လႉဒါန္းခဲ့ၾကသည္။

ယေန႔က်င္းပျပဳလုပ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ား၏ သတၱမအႀကိမ္ မိသားစုမဟာဘုံကထိန္ အလႉေတာ္မဂၤလာအခမ္းအနားတြင္ ႐ုံးဌာန အသီးသီးမွ ပေဒသာပင္စုစုေပါင္း ၈၃ ပင္၊ တန္ဖိုးေငြက်ပ္သိန္း ၁၂၉၀ ေက်ာ္ပါဝင္ လႉဒါန္းခဲ့ၾကကာ သက္ဆိုင္ရာဘုန္းေတာ္ႀကီးေက်ာင္းအသီးသီးသို႔ ႐ုံး၊ ဌာနမ်ားအလိုက္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ဆက္လက္ပို႔ေဆာင္လႉဒါန္းခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။