တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဖြစ်သူအားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဖြစ်သူ Mr. Hideo WATANABE အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွင် တပ်မတော်အနေဖြင့် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ရခိုင်ပြည်နယ်မှ အစွန်းရောက် ဘင်္ဂါလီများ၏ အကြမ်းဖက်လုပ်ရပ်များကို မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်စွာ ဖြေရှင်းလုပ်ဆောင်နေသော်လည်း မှားယွင်းသောလုပ်ရပ်များအဖြစ် ထင်မြင်လာအောင် “နိုင်ငံတကာမီဒီယာအား” ကို အသုံးချ၍ တစ်ဖက်သတ်စွပ်စွဲပြောဆိုနေမှုများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ အခြေအနေမှန်များကို နိုင်ငံတကာမှ မှန်ကန်စွာသိရှိရန်လိုအပ်မှု အခြေအနေများ၊ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအနေဖြင့် အခြေအနေမှန်ကိုသိရှိရန် ပိုမိုလိုအပ်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဖြစ်သူနှင့်အတူ ဂျပန်-မြန်မာအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဖြစ်သူတို့သည် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဂ်ပန္ႏိုင္ငံ အထက္လႊတ္ေတာ္ အမတ္ေဟာင္းႏွင့္ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္းဥကၠ႒ ျဖစ္သူအားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ ၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏုိင္ငံ အထက္လႊတ္ေတာ္ အမတ္ေဟာင္းႏွင့္ ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္းဥကၠ႒ ျဖစ္သူ Mr. Hideo WATANABE အား ယေန႔မြန္းလြဲပုိင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၊ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထုိသုိ႔ေတြ႕ဆုံရာတြင္ ျမန္မာ-ဂ်ပန္ ႏွစ္ႏုိင္ငံအၾကား၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရး တုိးတက္ေကာင္းမြန္မႈ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ဒီမုိကေရစီျပဳျပင္ေျပာင္းလဲမႈတြင္ တပ္မေတာ္အေနျဖင့္ အေရးႀကီးေသာအခန္းက႑မွ ပါ၀င္ေဆာင္ရြက္ခဲ့မႈအေျခအေနမ်ား၊ ရခုိင္ျပည္နယ္မွ အစြန္းေရာက္ ဘဂၤါလီမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကုိ ျမန္မာႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္အေနျဖင့္ ဥပေဒႏွင့္အညီ မွန္ကန္စြာ ေျဖရွင္းလုပ္ေဆာင္ေနေသာ္လည္း မွားယြင္းေသာလုပ္ရပ္မ်ားအျဖစ္ ထင္ျမင္လာေအာင္ “ႏုိင္ငံတကာမီဒီယာအား” ကုိ အသုံးခ်၍ တစ္ဖက္သတ္စြပ္စြဲေျပာဆုိေနမႈမ်ား၊ ရခုိင္ျပည္နယ္အေရးကိစၥႏွင့္ ပတ္သက္၍ အေျခအေနမွန္မ်ားကုိ ႏုိင္ငံတကာမွ မွန္ကန္စြာသိရွိရန္လိုအပ္မႈ အေျခအေနမ်ား၊ ကမၻာ့ႏုိင္ငံေခါင္းေဆာင္မ်ားအေနျဖင့္ အေျခအေနမွန္ကုိသိရွိရန္ ပုိမုိလုိအပ္မႈအေျခအေနမ်ားကုိ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ေဆြးေႏြးၾကသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစုိးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ျဖစ္သူႏွင့္အတူ ဂ်ပန္-ျမန္မာအသင္းမွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ျဖစ္သူတုိ႔သည္ အမွတ္တရဓာတ္ပုံ႐ုိက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။