တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံတပ်နယ်နှင့်နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များ၊ သင်တန်းသားများနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ – ၁၆

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် စုစည်းကျစ်လစ်ပြီး စွမ်းရည်သုံးရပ်ပြည့်စုံရမည်ဖြစ်ကာ စည်းလုံးညီညွတ်မှုရှိနေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း ရပ်တည်၍မရသည့်အတွက် ပေါင်းစည်းနေထိုင်ကြရမည်ဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုတွင်ပင် စည်းလုံးညီညွတ်မှုရှိမှသာ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာလူမျိုးများသည် မိသားစုစိတ်ဓာတ်ရှိကြသူများဖြစ်သည့်အတွက် တပ်တွင်းစည်းလုံးညီညွတ်ရေးသာမက တပ်မတော်သားများသည်လည်း ပြည်သူကြားမှ ပေါက်ဖွားလာသူများဖြစ်သည့်အားလျော်စွာ ပြည်သူလူထုနှင့် စည်းလုံးညီညွတ်အောင် နေထိုင်ခြင်းဖြင့်လည်း ကာကွယ်ရေးစွမ်းပကားမြင့်မားအောင်တည်ဆောက်၍ ပြည်သူကအားထားရသော၊ နိုင်ငံတော်ကအားကိုးရသော တပ်မတော်ဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအား ယနေ့တွင် သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်နယ် မှူးများ၊ ကျိုင်းတုံ တပ်နယ်နှင့် နယ်မြေခံ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်နှင့် နိုင်ငံ၏ နယ်နိမိတ်လုံခြုံရေးကို တာဝန်ယူထားကြရသည့် တပ်ရင်း၊ တပ်ဖွဲ့များဖြစ်သည့်အတွက် ကာကွယ်ရေးစွမ်းရည်၊ စွမ်းအားမြှင့်တင်နိုင်အောင် အစဉ်တစိုက်လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးဆိုသည်ကို နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းက လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မည့် တပ်မတော်တွင် လေ့ကျင့်သားပြည့်၀ရန် ပိုမိုလိုအပ်ကြောင်း၊ ထို့ကြောင့် စစ်သည်တိုင်း ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းနေရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်း၏ စွမ်းရည်မြှင့်တင်ပေးရန်၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အရည်အချင်း ပြည့်၀စွာဖြင့် ထမ်းဆောင်နိုင်ရန်နှင့် တစ်ဆင့်မြင့်ရာထူးများ ထမ်းဆောင်ရာတွင် ထိုက်ထိုက်တန်တန်တာဝန်ပေးအပ်နိုင်ရေးအတွက် သင်တန်းများကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးနေခြင်းပင်ဖြစ်ကြောင်း၊ သင်တန်းကျောင်း၌ ညီရင်းအကိုစိတ်ဓာတ်များဖြင့် အတူတကွသင်ကြားလာခဲ့ပြီး သင်တန်းဆင်းချိန်မှသာလျင် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြရခြင်းဖြစ်ကြောင်း။

အိမ်ထောင်စု တစ်စု၊ မိသားစု တစ်စုတွင်ပင် စီးပွားရေးကောင်းမွန်ပါက မိသားစု ဘ၀သာယာအေးချမ်းနေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်း ချမ်းသာကြွယ်၀ပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အကူပြုရန် ကာကွယ်ရေးစွမ်းရည်၊ စွမ်းအားမြင့်မားသော တပ်မတော်ဖြစ်အောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆောင်ရွက်ခြင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် တပ်တွင်းစည်းလုံး ညီညွတ်မှုရှိအောင် တည်ဆောက်ခြင်းသည်လည်း စွမ်းရည်၊ စွမ်းအားရှိအောင် တည်ဆောက်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်၏ အဓိကလုပ်ငန်းကြီးသုံးခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး ပြည်သူနှင့်တပ်မတော် တစ်သားတည်းမရှိပါက နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို များစွာထိခိုက်စေနိုင်သည်ကို နားလည်သဘောပေါက်ကြရမည် ဖြစ်ကြောင်း ဖြင့် မှာကြားသည်။

ထို့နောက် အရည်အချင်းပြည့်၀သည့် စစ်သည်များနှင့် အရည်အချင်းပြည့်၀ သောတပ်များ ဖြစ်စေရေး မှာကြားရာတွင် တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်ပေးမည်ဆိုသည့် မွန်မြတ်သည့်စိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူ၏ တိုက်တွန်းချက်မှမပါဘဲ (Volunteer) ဝင်ရောက်အမှုထမ်းကြသူများ ဖြစ်သည်နှင့်အညီ တိုင်းပြည်၏လိုအပ်ချက်များကိုလည်း တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း၊ ကျန်းမာအောင် နေထိုင်ရမည်၊ ကြံ့ခိုင်အောင်လေ့ကျင့်ရမည် ဖြစ်ပြီး စစ်သားပုံပေါက်အောင် နေထိုင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင် နေကြရမည် ဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နေခြင်းပင်ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် မှန်မှန် ကန်ကန် ခိုင်ခိုင်မာမာ ရပ်တည်လျက် စုစည်းညီညွတ်သောအားဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ပထဝီမြေအနေအထားများအရ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအရ နိုင်ငံတော်ကာကွယ်ရေးအတွက် အစဉ်အမြဲ တာဝန်ထမ်းဆောင်နေရမည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါ ကလည်း အချိန်မရွေးတာဝန်ထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း တစ်ဦးချင်း အရည်အချင်းပြည့်၀အောင် ကြိုးစားဆောင်ရွက်ကာ အရည်အချင်းရှိသောတပ်မတော်၊ ပြည်သူကအားကိုးရပြီး နိုင်ငံကအားထားရသော တပ်မတော်၊ မှတ်ကျောက် အတင်ခံနိုင်သော တပ်မတော်ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိငယ်ဘ၀ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ၊ နိုင်ငံတကာအတွေ့အကြုံများ၊ စာတွေ့၊ လက်တွေ့ အတွေ့အကြုံများဖြင့် အကျယ်တဝင့်ဆွေးနွေးမှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေခံတပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် လှမျိုးကလည်းကောင်း၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က်ိဳင္းတုံတပ္နယ္ႏွင့္နယ္ေျမခံတပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ား၊ သင္တန္းသားမ်ားႏွင့္ မိသားစုဝင္မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ႏိုဝင္ဘာ – ၁၆

တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္ရန္ ဖြဲ႕စည္းထားျခင္းျဖစ္သည့္အတြက္ စုစည္းက်စ္လစ္ၿပီး စြမ္းရည္သုံးရပ္ျပည့္စုံရမည္ျဖစ္ကာ စည္းလုံးညီၫြတ္မႈရွိေနရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ကမာၻေပၚတြင္ ႏိုင္ငံတစ္ခုတည္း၊ အဖြဲ႕အစည္းတစ္ခုတည္း ရပ္တည္၍မရသည့္အတြက္ ေပါင္းစည္းေနထိုင္ၾကရမည္ျဖစ္ေၾကာင္း၊ အိမ္ေထာင္စုတစ္စုတြင္ပင္ စည္းလုံးညီၫြတ္မႈရွိမွသာ ေအးခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္မည္ျဖစ္ေၾကာင္း၊ မိမိတို႔ျမန္မာလူမ်ိဳးမ်ားသည္ မိသားစုစိတ္ဓာတ္ရွိၾကသူမ်ားျဖစ္သည့္အတြက္ တပ္တြင္းစည္းလုံးညီၫြတ္ေရးသာမက တပ္မေတာ္သားမ်ားသည္လည္း ျပည္သူၾကားမွ ေပါက္ဖြားလာသူမ်ားျဖစ္သည့္အားေလ်ာ္စြာ ျပည္သူလူထုႏွင့္ စည္းလုံးညီၫြတ္ေအာင္ ေနထိုင္ျခင္းျဖင့္လည္း ကာကြယ္ေရးစြမ္းပကားျမင့္မားေအာင္တည္ေဆာက္၍ ျပည္သူကအားထားရေသာ၊ ႏိုင္ငံေတာ္ကအားကိုးရေသာ တပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ က်ိဳင္းတုံတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ နယ္ေျမခံတပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအား ယေန႔တြင္ သီးျခားစီေတြ႕ဆုံ၍ အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ႀတိဂံေဒသ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ခင္လႈိင္ႏွင့္ဇနီး၊ တိုင္းစစ္ဌာနခ်ဳပ္အတြင္းရွိ တပ္နယ္ မႉးမ်ား၊ က်ိဳင္းတုံ တပ္နယ္ႏွင့္ နယ္ေျမခံ တပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္းတို႔မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ သင္တန္းသားမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကအမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္၏ ကာကြယ္ေရးတာဝန္ႏွင့္ ႏိုင္ငံ၏ နယ္နိမိတ္လုံၿခဳံေရးကို တာဝန္ယူထားၾကရသည့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားျဖစ္သည့္အတြက္ ကာကြယ္ေရးစြမ္းရည္၊ စြမ္းအားျမႇင့္တင္ႏိုင္ေအာင္ အစဥ္တစိုက္ေလ့က်င့္ေနၾကရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးဆိုသည္ကို ႏိုင္ငံတိုင္း၊ အဖြဲ႕အစည္းတိုင္းက လုပ္ေဆာင္လ်က္ရွိၿပီး ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ထမ္းေဆာင္မည့္ တပ္မေတာ္တြင္ ေလ့က်င့္သားျပည့္၀ရန္ ပိုမိုလိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ စစ္သည္တိုင္း က်န္းမာ၊ ႀကံ့ခိုင္၊ သန္စြမ္းေနရမည္ျဖစ္ေၾကာင္း၊ စစ္သည္တစ္ဦးခ်င္း၏ စြမ္းရည္ျမႇင့္တင္ေပးရန္၊ မိမိတို႔၏ တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အရည္အခ်င္း ျပည့္၀စြာျဖင့္ ထမ္းေဆာင္ႏိုင္ရန္ႏွင့္ တစ္ဆင့္ျမင့္ရာထူးမ်ား ထမ္းေဆာင္ရာတြင္ ထိုက္ထိုက္တန္တန္တာဝန္ေပးအပ္ႏိုင္ေရးအတြက္ သင္တန္းမ်ားကို အဆင့္ဆင့္ ေလ့က်င့္သင္ၾကားေပးေနျခင္းပင္ျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္း၌ ညီရင္းအကိုစိတ္ဓာတ္မ်ားျဖင့္ အတူတကြသင္ၾကားလာခဲ့ၿပီး သင္တန္းဆင္းခ်ိန္မွသာလ်င္ သက္ဆိုင္ရာ (ၾကည္း၊ ေရ၊ ေလ) တပ္ရင္း၊ တပ္ဖြဲ႕ အသီးသီးသို႔ သြားေရာက္တာဝန္ထမ္းေဆာင္ၾကရျခင္းျဖစ္ေၾကာင္း။

အိမ္ေထာင္စု တစ္စု၊ မိသားစု တစ္စုတြင္ပင္ စီးပြားေရးေကာင္းမြန္ပါက မိသားစု ဘ၀သာယာေအးခ်မ္းေနမည္ျဖစ္ေၾကာင္း၊ ကမာၻ႔ႏိုင္ငံမ်ားတြင္လည္း ခ်မ္းသာႂကြယ္၀ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေသာႏိုင္ငံမ်ားသည္ ေအးခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈရွိသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ႏိုင္ငံေရး၊ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေစေရးအေထာက္အကူျပဳရန္ ကာကြယ္ေရးစြမ္းရည္၊ စြမ္းအားျမင့္မားေသာ တပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္သူႏွင့္တစ္သားတည္းျဖစ္ေအာင္ ေဆာင္႐ြက္ျခင္း၊ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္း ေဆာင္႐ြက္ျခင္းႏွင့္ တပ္တြင္းစည္းလုံး ညီၫြတ္မႈရွိေအာင္ တည္ေဆာက္ျခင္းသည္လည္း စြမ္းရည္၊ စြမ္းအားရွိေအာင္ တည္ေဆာက္ေနျခင္းပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ တပ္မေတာ္၏ အဓိကလုပ္ငန္းႀကီးသုံးခုျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္၊ ေလ့က်င့္ေရးတာဝန္ႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္မ်ားကို ေဆာင္႐ြက္ေပးၾကရမည္ျဖစ္ၿပီး ျပည္သူႏွင့္တပ္မေတာ္ တစ္သားတည္းမရွိပါက ႏိုင္ငံေတာ္ကာကြယ္ေရးစြမ္းပကားကို မ်ားစြာထိခိုက္ေစႏိုင္သည္ကို နားလည္သေဘာေပါက္ၾကရမည္ ျဖစ္ေၾကာင္း ျဖင့္ မွာၾကားသည္။

ထို႔ေနာက္ အရည္အခ်င္းျပည့္၀သည့္ စစ္သည္မ်ားႏွင့္ အရည္အခ်င္းျပည့္၀ ေသာတပ္မ်ား ျဖစ္ေစေရး မွာၾကားရာတြင္ တပ္မေတာ္သားတိုင္းသည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူကို ကာကြယ္ေပးမည္ဆိုသည့္ မြန္ျမတ္သည့္စိတ္ဆႏၵျဖင့္ တပ္မေတာ္သို႔ မည္သူ၏ တိုက္တြန္းခ်က္မွမပါဘဲ (Volunteer) ဝင္ေရာက္အမႈထမ္းၾကသူမ်ား ျဖစ္သည္ႏွင့္အညီ တိုင္းျပည္၏လိုအပ္ခ်က္မ်ားကိုလည္း တတ္စြမ္းသ၍ ကူညီေဆာင္႐ြက္ေပးၾကရ မည္ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ ေနထိုင္ရမည္၊ ႀကံ့ခိုင္ေအာင္ေလ့က်င့္ရမည္ ျဖစ္ၿပီး စစ္သားပုံေပါက္ေအာင္ ေနထိုင္ က်င့္ႀကံရမည္ျဖစ္ေၾကာင္း၊ လုပ္သင့္လုပ္ထိုက္သည့္ ႀကံ့ခိုင္မႈမ်ားကို ေန႔စဥ္လုပ္ေဆာင္ ေနၾကရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ ေဆာင္႐ြက္ရမည့္ ပုံမွန္ေလ့က်င့္ေရး ေဆာင္႐ြက္မႈမ်ားကို မွန္မွန္ကန္ကန္ လုပ္ေဆာင္ျခင္းအားျဖင့္ တပ္မေတာ္၏ တိုက္စြမ္းရည္၊ တိုက္စြမ္းအားကို ျမႇင့္တင္ေနျခင္းပင္ျဖစ္ေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရးအခန္းက႑တြင္ မွန္မွန္ ကန္ကန္ ခိုင္ခိုင္မာမာ ရပ္တည္လ်က္ စုစည္းညီၫြတ္ေသာအားျဖင့္ ေဆာင္႐ြက္သြား ရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ၏ ပထဝီေျမအေနအထားမ်ားအရ၊ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈမ်ားအရ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ အစဥ္အၿမဲ တာဝန္ထမ္းေဆာင္ေနရမည္ျဖစ္ေၾကာင္း၊ သဘာ၀ေဘးအႏၲရာယ္မ်ား ျဖစ္ေပၚလာပါ ကလည္း အခ်ိန္မေ႐ြးတာဝန္ထမ္းေဆာင္ႏိုင္ၾကရမည္ျဖစ္ေၾကာင္း၊ စစ္သည္တိုင္း တစ္ဦးခ်င္း အရည္အခ်င္းျပည့္၀ေအာင္ ႀကိဳးစားေဆာင္႐ြက္ကာ အရည္အခ်င္းရွိေသာတပ္မေတာ္၊ ျပည္သူကအားကိုးရၿပီး ႏိုင္ငံကအားထားရေသာ တပ္မေတာ္၊ မွတ္ေက်ာက္ အတင္ခံႏိုင္ေသာ တပ္မေတာ္ျဖစ္ေအာင္ ႀကိဳးစားေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အရာရွိငယ္ဘ၀ျဖတ္သန္းခဲ့သည့္ အေတြ႕အႀကဳံမ်ား၊ ႏိုင္ငံတကာအေတြ႕အႀကဳံမ်ား၊ စာေတြ႕၊ လက္ေတြ႕ အေတြ႕အႀကဳံမ်ားျဖင့္ အက်ယ္တဝင့္ေဆြးေႏြးမွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမခံတပ္မေတာ္တန္းျမင့္ ေလ့က်င့္ေရးေက်ာင္းမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ သင္တန္းသားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားကိုေပးအပ္ရာ ေက်ာင္းအုပ္ႀကီး ဗိုလ္မႉးခ်ဳပ္ လွမ်ိဳးကလည္းေကာင္း၊ က်ိဳင္းတုံတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ တပ္မေတာ္စက္႐ုံမ်ားမွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းမ်ားေပးအပ္ရာ တိုင္းမႉးကလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ ကေလးေစာင့္ေရွာက္ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို ေပးအပ္ရာ တိုင္းမႉး၏ ဇနီးကလည္းေကာင္း အသီးသီးလက္ခံရယူခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။