တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာပြပွဲ (Defence & Security 2017) တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ – ၅

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ (Defence & Security 2017) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mr. Jukr Boon-Long၊ ထိုင်းဘုရင့်တပ်မတော် ရေတပ်စစ်သံမှူးနှင့်လေတပ်စစ်သံမှူး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနှင့် တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါ သွားကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းဘုရင့်တပ်မတော်ပူးတွဲ စစ်ဦးစီးချုပ် Gen. Ponpipaat Benyasri နှင့်ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အာဆီယံႏိုင္ငံမ်ား၏ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး ဆိုင္ရာျပပြဲ (Defence & Security 2017) တက္ေရာက္ရန္ထြက္ခြာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၅

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရး ဆုိင္ရာျပပြဲ (Defence & Security 2017) တက္ေရာက္ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္အျပည္ျပည္ ဆုိင္ရာ ေလဆိပ္မွ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စား လွယ္အဖြဲ႕အား ကာကြယ္ေရးဦးစီးခ်ဳပ္ရုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံ အမတ္ႀကီး H.E. Mr. Jukr Boon-Long၊ ထုိင္းဘုရင့္တပ္မေတာ္ ေရတပ္စစ္သံမွဴးႏွင့္ေလတပ္စစ္သံမွဴး၊ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္ အဖြဲ႕တြင္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီးညိဳေစာႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္လုိက္ပါ သြားၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ သု၀ဏၰဘူမိ ေလဆိပ္သုိ႔ ေရာက္ရွိၾကရာ ထုိင္းဘုရင့္တပ္မေတာ္ပူးတြဲ စစ္ဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri ႏွင့္ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။