သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) သိန်းနီဟော်နန်း ပြန်လည်တည်ဆောက်ရေးလုပ်ငန်း၊ ပန္နက်တော်တင်နှင့် အလှူငွေပေးအပ်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ – ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ကြီးကျယ်ခမ်းနားထည်ဝါသော ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) သိန်းနီဟော်နန်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်း၊ ပန္နက်တော်တင်နှင့် အလှူငွေပေးအပ်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဟော်နန်းကြီး မူလအဆောက်အဦ နေရာဟောင်း၌ကျင်းပပြုလုပ်သည်။

အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ သိန်းနီမြို့၊ မြို့လယ်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇေယျ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ သိန်းနီမြို့မှ မြို့မိ၊ မြို့ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား ပြုလုပ် မည့်နေရာသို့ ရောက်ရှိကြရာ သိန်းနီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြိုဖများ ဒေသခံပြည်သူများက ရှမ်းရိုးရာ အိုးစည်အကများဖြင့် ကြိုဆိုနှုတ်ဆက်ကြပြီး အသစ်တည်ဆောက်မည့် ဟော်နန်းပုံစံငယ်အား ကြည့် ရှုကြသည်။

ထို့နောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့လယ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့် ပရိတ်သဲများ၊ ရတနာပန္နက်တော်၊ ရွှေလက်ရိုက်တော်၊ ရွှေတူရွင်းတော်များနှင့် လှူဖွယ်ပစ္စည်းများကို မြို့လယ်ကျောင်းဆရာတော်ထံသို့ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက လက်ဆောင် ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တပ်မတော်အရာရှိကြီးများ က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ယင်းနောက် မြို့လယ်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာ ပန္နက်တော်စိုက်ထူမည့် သက်ဆိုင်ရာနေရာအသီးသီး၌ နေရာယူကြပြီး မင်္ဂလာ အချိန်ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ဗဟို၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပန္နက် တော် ၅ ဌာနတို့တွင် ရတနာပန္နက်တော် ၉ ချက်စီစိုက်ထူ၍ ပရိတ်နံ့သာရေပက်ဖျန်း ပေးကြသည်။ ထို့နောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်တော်မူပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ဆောင်ရွက်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိန်းနီဟော်နန်းပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် အလှူငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် သိန်းနီဟော်နန်းနှင့် ပတ်သက်၍ အပြည့်အစုံမဟုတ်သော်လည်း အထိုက်အလျောက်သိရှိပါကြောင်း၊ သမိုင်းဆိုသည်မှာ ဖျောက်ဖျက်၍ ရမည်မဟုတ်သည့်အတွက် ပြန်လည်၍ အသိအမှတ်ပြုကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာပြည်တွင်လည်း ရှေးယခင်က ဘုရင်စနစ်ဖြင့်အုပ်ချုပ်ခဲ့ပြီး သီပေါမင်းပါတော်မူပြီးနောက်ပိုင်း ဘုရင်စနစ်ပျက်သုဉ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်တွင်လည်း ရှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့သည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ယခုနှစ် စက်တင်ဘာလအတွင်း လားရှိုးမြို့သို့ရောက်ရှိစဉ် သိန်းနီမြို့မှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး သိန်းနီဟော်နန်းပြန်လည်တည် ဆောက်ရေးနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း။

စော်ဘွားများ ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ ပထမအင်း၀ခေတ် ခရစ်နှစ် ၁၅၄၂ ခုနှစ်မှစပြီး ပေါ်ပေါက်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရသိရှိရကြောင်း၊ သိန်းနီ ဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ၁၉၅ ပေ ထ ၁၃၄ ပေ ပတ်လည်ရှိ ကြီးကျယ်ခမ်းနားထည်ဝါသော ဟော်နန်းအသစ်ကြီးအဖြစ် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျွန်းတိုင်ပေါင်း ၂၅၀ တိုင်၊ မြေပေါက်ပလ္လင်တော်တို့ဖြင့် ရွှေဆိုင်းများချကာ တည်ဆောက်ခဲ့သည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် ပြန်လည်တည်ဆောက်နိုင်ရေး လုပ်ဆောင်ရာတွင် ဓာတ်ပုံမှတ်တမ်းများနှင့် အချက်အလက်ပေါင်းများစွာကို အခြေခံပေါင်းစပ်ညှိနှိုင်းတိုင်ပင်ပြီး အနီးစပ်ဆုံးဖြစ် အောင် ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်အဆောက်အဦနေရာတွင် တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း မြို့သူမြို့သားများ၏ သဘောဆန္ဒအရ နေရာဟောင်းကို မူလ လက်ရာမပျက်ထားရှိပြီး ၎င်း၏ ဘေးဘက်တွင် အဆောက်အဦအသစ်ကို တည်ဆောက် ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအသစ်ကို သိန်းနီမြို့၏ဟော်နန်းပြတိုက် အဖြစ်ထားရှိမည်ဖြစ်ပြီး မြို့၏ဆန္ဒအရအခြားအသုံးပြုလိုသည်များရှိပါကလည်း သုံးနိုင် မည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် အတိတ်တွင်ဖြစ်ခဲ့သည်များကို သင်ခန်းစာယူ၍ အနာဂတ်ကို ကောင်းအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ပြီး တစ်လေတည်းရှူနေကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သည့် အပြင် ပတ်ဝန်းကျင်အငွေ့အသက်များသည်လည်း တူညီစွာခံစားနိုင်မည်ဖြစ်သဖြင့် နွေးထွေးသည့် ထိတွေ့ဆက်ဆံမှုရှိရမည်ဖြစ်ကြောင်း၊ ယခုအဆောက်အဦကို ပြန်လည်တည် ဆောက်ပေးကြောင့် ကုန်ကျမည့် ငွေကြေးများထက် ပြန်လည်ရရှိလာမည့် ခင်မင်ရင်းနှီးမှု၊ ယုံကြည်မှု၊ အေးချမ်းသာယာမှု၊ လူမှုစီးပွားတိုးတက်စေမှုနှင့် အေးချမ်းသာယာမှုတို့သည် မည်သည့်အရာနှင့်မျှ လဲလှယ်တိုင်းတာ၍ ရမည်မဟုတ်ကြောင်း၊ အထောက်အပံ့ များစွာဖြစ်လာစေမည်ဟုလည်း ယုံကြည်ပါကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် တန်ဖိုးတစ်ခုကို ရရှိနိုင်မည်ဟုလည်း ယုံကြည်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိန်းနီဟော်နန်းပြန်လည်တည် ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေများပေးအပ်လှူဒါန်းရာ သိန်းနီဟော်နန်းပြန်လည် တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်က လက်ခံရယူပြီး ရှမ်းရိုးရာ ဆောင်ဓါးနှင့် လွယ်အိတ်ကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ဆက်လက်ပြီး မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် ဦးဆောင်ဥက္ကဌများက အလှူငွေများ အသီးသီး ဆက်လက်လှူဒါန်းကြရာ ဦးစိုင်းမျိုးညွန့်က လက်ခံရယူပြီး အမှတ်တရလက်ဆောင် များပြန်လည်ပေးအပ်သည်။

ထို့နောက် ယခုကဲ့သို့ သမိုင်းဝင် သိန်းနီဟော်နန်းကြီး ပြန်လည်တည်ဆောက် နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းကူညီဆောင်ရွက် ပေးမှုအား မြို့မိမြို့ဖများကိုယ်စား သိန်းနီမြို့နယ်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းမြင့်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် သိန်းနီ နယ်သူနယ်သားများအနေဖြင့် ယခုဟော်နန်းကြီးအား ဆောက်လုပ်ရန် ၂၀၁၄ ခုနှစ် ကတည်းက စတင်ကြံစည်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်ခဲ့ခြင်း မရှိကြောင်း၊ ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်မှ ဆောက်လုပ်ပေးသည်ကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေအသီးသီးတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ အဆောက်အဦများ၊ သဘာ၀အလှတရားများ ကြွယ်၀စွာ ရှိသည့် အားလျော်စွာ သိန်းနီဟော်နန်းကြီးအား တပ်မတော်မှ ကူညီတည်ဆောက်ပေး ခြင်းသည် ပြည်ထောင်စုကြီး၏ အလှတရားကို ဖြည့်စွက်အလှဆင်ပေးရာလည်းရောက်ပါကြောင်း၊ အနာဂတ် သိန်းနီမြို့၏ တိုးတက်စည်ပင်သာယာ၀ပြောရေးကို ဖော်ဆောင် ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သိန်းနီမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ဒေသခံတိုင်းရင်းသားပြည်သူများကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအားလုံးကို အထူးပင် ကျေးဇူး ဥပကာယျ တင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သိန်းနီ ဟော်နန်းအား ပြန်လည်တည်ဆောက်မည့်ပုံစံတူကို ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆွေးနွေးခဲ့ကြကာ မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ သိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ် ခမ်းနားထည်ဝါသော ဟော်နန်းအသစ်ကြီးအဖြစ် စတင်တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဟော်နန်းသည် ကျွန်းသားအစစ်များဖြင့် မန္တလေး နန်းတော်ပုံစံအတိုင်း ဆောက်လုပ်ထားပြီး အဆောက်အဦကြီးတစ်ခုထဲတွင် တစ်ခုနှင့် တစ်ခုဆက်သွယ်ထားသော အဆောက်အဦများစွာ ပါဝင်သည့်ပုံစံဖြစ်ကြောင်း၊ ဟော်နန်း၏ အလယ်တည့်တည့်တွင် ညီလာခံခန်းမကြီးရှိပြီး မြေပေါက်ပလ္လင်တော်တစ်ခုတည်ရှိကာ ပလ္လင်တော်၏ ရှေ့နောက်ဘေးပတ်လည် ၁၀ ပေ ခန့်အကွာတွင် သံရာဇမတ်ဖြင့် ကာရံထားကြောင်းနှင့် အဆိုပါ ရာဇမတ်အတွင်းတွင် စစ်ချီမောင်း ၄ လုံးချိတ်ဆွဲထားရှိပြီး ရွှေထီးတော် ၄ ချောင်း၊ ထီးဖြူ ၄ ချောင်း၊ နန်းတော်အဆောင်အယောင်များထားရှိထားကြောင်း၊ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းသည် နှလုံးလေဟပ်သောရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့၊ ညသန်းခေါင်ကျော် နံနက် ၁ နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်မြောက်ပိုင်း တစ်ခွင်လုံးကို ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်လာခဲ့ပြီး အေဒီ ၁၉၄၀ ခုနှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီးအပိုင်သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည် သိန်းနီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကြဲဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် သိန်းနီမြို့မှ အပြစ်မဲ့ဒေသခံပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရှိသူများနှင့် ထွက်ပြေးတိမ်းရှောင်သူများလည်းရှိခဲ့ပြီး ဗုံးဒဏ်၊ အမြောက်ဒဏ်၊ စစ်ဒဏ်များကြောင့် သမိုင်းတွင် ထင်ရှားခဲ့သည့် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင် ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ကြီးကျယ်ခမ်းနားထည်ဝါသော သိန်းနီဟော်နန်းတော်ကြီးသည် မြေခပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရှိရပြီး ယခုအခါတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားမှုဖြင့် သိန်းနီဟော်နန်း အဆောက်အဦ သစ်အား မူလအဆောက်အဦ ဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေ အကွာ၌ အသစ်ပြန်လည်ဆောက်လုပ်သွားပြီး ဟော်နန်းပြတိုက်အဖြစ်ထားရှိဆောင်ရွက်သွားမည် ဖြစ်သည်။

(Zawgyi Version)

သိန္းနီေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္း၏ေဟာ္နန္းေတာ္(ေဟာ္ခမ္းသွ်မ္းဝီ) သိန္းနီေဟာ္နန္း ျပန္လည္တည္ေဆာက္ေရးလုပ္ငန္း၊ ပႏၷက္ေတာ္တင္ႏွင့္ အလႉေငြေပးအပ္ပြဲ မဟာမဂၤလာ အခမ္းအနားက်င္းပျပဳလုပ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၅

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သိန္းနီၿမိဳ႕ရွိ သိန္းနီေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္း၏ ႀကီးက်ယ္ခမ္းနားထည္ဝါေသာ ေဟာ္နန္းေတာ္(ေဟာ္ခမ္းသွ်မ္းဝီ) သိန္းနီေဟာ္နန္း ျပန္လည္ တည္ေဆာက္ေရးလုပ္ငန္း၊ ပႏၷက္ေတာ္တင္ႏွင့္ အလႉေငြေပးအပ္ပြဲ မဟာမဂၤလာ အခမ္းအနားကို ယေန႔မြန္းလြဲပိုင္းတြင္ အဆိုပါေဟာ္နန္းႀကီး မူလအေဆာက္အဦ ေနရာေဟာင္း၌က်င္းပျပဳလုပ္သည္။

အဆိုပါ မဟာမဂၤလာအခမ္းအနားသို႔ သိန္းနီၿမိဳ႕၊ ၿမိဳ႕လယ္ေက်ာင္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲဝိေဇယ် အမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲေအာင္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး၊ သိန္းနီၿမိဳ႕မွ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အခမ္းအနား ျပဳလုပ္ မည့္ေနရာသို႔ ေရာက္ရွိၾကရာ သိန္းနီၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ဦး၊ ဌာန ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳဖမ်ား ေဒသခံျပည္သူမ်ားက ရွမ္း႐ိုးရာ အိုးစည္အကမ်ားျဖင့္ ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး အသစ္တည္ေဆာက္မည့္ ေဟာ္နန္းပုံစံငယ္အား ၾကည့္ ရႈၾကသည္။

ထို႔ေနာက္ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့ ဖြင့္လွစ္ၿပီး ၿမိဳ႕လယ္ေက်ာင္းဆရာေတာ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ပရိတ္ပန္း၊ ပရိတ္ေရ၊ ပရိတ္ခ်ည္ႏွင့္ ပရိတ္သဲမ်ား၊ ရတနာပႏၷက္ေတာ္၊ ေ႐ႊလက္႐ိုက္ေတာ္၊ ေ႐ႊတူ႐ြင္းေတာ္မ်ားႏွင့္ လႉဖြယ္ပစၥည္းမ်ားကို ၿမိဳ႕လယ္ေက်ာင္းဆရာေတာ္ထံသို႔ဆက္ကပ္လႉဒါန္းရာ ဆရာေတာ္ႀကီးက လက္ေဆာင္ ျပန္လည္ေပးအပ္သည္။ ယင္းေနာက္ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား က ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္မ်ားထံသို႔ လႉဖြယ္ပစၥည္းမ်ား အသီးသီး ဆက္ကပ္လႉဒါန္းၾကၿပီး သံဃာေတာ္မ်ား ႐ြတ္ဖတ္သရဇၩယ္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကသည္။ ယင္းေနာက္ ၿမိဳ႕လယ္ေက်ာင္းဆရာေတာ္ထံမွ အႏုေမာဒနာတရားနာယူကာ ေရစက္သြန္းခ်အမွ်ေပးေဝၾကသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ရတနာ ပႏၷက္ေတာ္စိုက္ထူမည့္ သက္ဆိုင္ရာေနရာအသီးသီး၌ ေနရာယူၾကၿပီး မဂၤလာ အခ်ိန္ေရာက္ရွိသည္ႏွင့္ တစ္ၿပိဳင္နက္ ဗဟို၊ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ပႏၷက္ ေတာ္ ၅ ဌာနတို႔တြင္ ရတနာပႏၷက္ေတာ္ ၉ ခ်က္စီစိုက္ထူ၍ ပရိတ္နံ႔သာေရပက္ဖ်န္း ေပးၾကသည္။ ထို႔ေနာက္ အခမ္းအနားမႉးက နတ္ျဗဟၼာမ်ားကို ျပန္လည္ပို႔ေဆာင္ေတာ္မူၿပီး ဗုဒၶသာသနံ စိရံတိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္။

ထို႔ေနာက္ အလႉေငြေပးအပ္ပြဲအခမ္းအနားကို ဆက္လက္ေဆာင္႐ြက္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိန္းနီေဟာ္နန္းျပန္လည္တည္ေဆာက္ေရး လုပ္ငန္းအတြက္ အလႉေငြေပးအပ္ရျခင္းႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ သိန္းနီေဟာ္နန္းႏွင့္ ပတ္သက္၍ အျပည့္အစုံမဟုတ္ေသာ္လည္း အထိုက္အေလ်ာက္သိရွိပါေၾကာင္း၊ သမိုင္းဆိုသည္မွာ ေဖ်ာက္ဖ်က္၍ ရမည္မဟုတ္သည့္အတြက္ ျပန္လည္၍ အသိအမွတ္ျပဳၾကရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ျမန္မာျပည္တြင္လည္း ေရွးယခင္က ဘုရင္စနစ္ျဖင့္အုပ္ခ်ဳပ္ခဲ့ၿပီး သီေပါမင္းပါေတာ္မူၿပီးေနာက္ပိုင္း ဘုရင္စနစ္ပ်က္သုဥ္း ခဲ့ျခင္းျဖစ္ေၾကာင္း၊ ရွမ္းျပည္တြင္လည္း ရွမ္းေစာ္ဘြားမ်ား အုပ္ခ်ဳပ္ခဲ့သည္ကို ေတြ႕ရွိရ မည္ျဖစ္ေၾကာင္း၊ ယခုႏွစ္ စက္တင္ဘာလအတြင္း လားရႈိးၿမိဳ႕သို႔ေရာက္ရွိစဥ္ သိန္းနီၿမိဳ႕မွ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး သိန္းနီေဟာ္နန္းျပန္လည္တည္ ေဆာက္ေရးႏွင့္ ပတ္သက္၍ ေမးျမန္းေဆြးေႏြးမႈမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း။

ေစာ္ဘြားမ်ား ေပၚေပါက္လာပုံႏွင့္ ပတ္သက္၍ ပထမအင္း၀ေခတ္ ခရစ္ႏွစ္ ၁၅၄၂ ခုႏွစ္မွစၿပီး ေပၚေပါက္ခဲ့သည္ဟု သမိုင္းမွတ္တမ္းမ်ားအရသိရွိရေၾကာင္း၊ သိန္းနီ ေဟာ္နန္းကို ေအဒီ ၁၉၁၀ ခုႏွစ္၊ သကၠရာဇ္ ၁၂၇၂ ခုႏွစ္တြင္ သိန္းနီေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္းက ၁၉၅ ေပ ထ ၁၃၄ ေပ ပတ္လည္ရွိ ႀကီးက်ယ္ခမ္းနားထည္ဝါေသာ ေဟာ္နန္းအသစ္ႀကီးအျဖစ္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ကြၽန္းတိုင္ေပါင္း ၂၅၀ တိုင္၊ ေျမေပါက္ပလႅင္ေတာ္တို႔ျဖင့္ ေ႐ႊဆိုင္းမ်ားခ်ကာ တည္ေဆာက္ခဲ့သည္ဟု သိရွိရေၾကာင္း၊ ထို႔ေၾကာင့္ ျပန္လည္တည္ေဆာက္ႏိုင္ေရး လုပ္ေဆာင္ရာတြင္ ဓာတ္ပုံမွတ္တမ္းမ်ားႏွင့္ အခ်က္အလက္ေပါင္းမ်ားစြာကို အေျခခံေပါင္းစပ္ညႇိႏႈိင္းတိုင္ပင္ၿပီး အနီးစပ္ဆုံးျဖစ္ ေအာင္ ဒီဇိုင္းဆြဲခဲ့ျခင္းျဖစ္ေၾကာင္း၊ ယခင္အေဆာက္အဦေနရာတြင္ တည္ေဆာက္ရန္ ရည္႐ြယ္ထားေသာ္လည္း ၿမိဳ႕သူၿမိဳ႕သားမ်ား၏ သေဘာဆႏၵအရ ေနရာေဟာင္းကို မူလ လက္ရာမပ်က္ထားရွိၿပီး ၎၏ ေဘးဘက္တြင္ အေဆာက္အဦအသစ္ကို တည္ေဆာက္ ရန္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဟာ္နန္းအသစ္ကို သိန္းနီၿမိဳ႕၏ေဟာ္နန္းျပတိုက္ အျဖစ္ထားရွိမည္ျဖစ္ၿပီး ၿမိဳ႕၏ဆႏၵအရအျခားအသုံးျပဳလိုသည္မ်ားရွိပါကလည္း သုံးႏိုင္ မည္ျဖစ္ေၾကာင္း။

မိမိတို႔အေနျဖင့္ အတိတ္တြင္ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူ၍ အနာဂတ္ကို ေကာင္းေအာင္ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ တစ္ေျမတည္းေန၊ တစ္ေရတည္း ေသာက္ၿပီး တစ္ေလတည္းရႉေနၾကသည့္ ျပည္ေထာင္စုဖြားတိုင္းရင္းသားမ်ားျဖစ္သည့္ အျပင္ ပတ္ဝန္းက်င္အေငြ႕အသက္မ်ားသည္လည္း တူညီစြာခံစားႏိုင္မည္ျဖစ္သျဖင့္ ေႏြးေထြးသည့္ ထိေတြ႕ဆက္ဆံမႈရွိရမည္ျဖစ္ေၾကာင္း၊ ယခုအေဆာက္အဦကို ျပန္လည္တည္ ေဆာက္ေပးေၾကာင့္ ကုန္က်မည့္ ေငြေၾကးမ်ားထက္ ျပန္လည္ရရွိလာမည့္ ခင္မင္ရင္းႏွီးမႈ၊ ယုံၾကည္မႈ၊ ေအးခ်မ္းသာယာမႈ၊ လူမႈစီးပြားတိုးတက္ေစမႈႏွင့္ ေအးခ်မ္းသာယာမႈတို႔သည္ မည္သည့္အရာႏွင့္မွ် လဲလွယ္တိုင္းတာ၍ ရမည္မဟုတ္ေၾကာင္း၊ အေထာက္အပံ့ မ်ားစြာျဖစ္လာေစမည္ဟုလည္း ယုံၾကည္ပါေၾကာင္း၊ တန္ဖိုးမျဖတ္ႏိုင္သည့္ တန္ဖိုးတစ္ခုကို ရရွိႏိုင္မည္ဟုလည္း ယုံၾကည္ပါေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိန္းနီေဟာ္နန္းျပန္လည္တည္ ေဆာက္ေရးလုပ္ငန္းအတြက္ အလႉေငြမ်ားေပးအပ္လႉဒါန္းရာ သိန္းနီေဟာ္နန္းျပန္လည္ တည္ေဆာက္မႈ ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီ ဥကၠ႒ ဦးစိုင္းမ်ိဳးၫြန႔္က လက္ခံရယူၿပီး ရွမ္း႐ိုးရာ ေဆာင္ဓါးႏွင့္ လြယ္အိတ္ကို အမွတ္တရလက္ေဆာင္အျဖစ္ ျပန္လည္ေပးအပ္သည္။ ဆက္လက္ၿပီး ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းႏွင့္ ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္ သက္ဆိုင္ေသာကုမၸဏီလီမိတက္ ဦးေဆာင္ဥကၠဌမ်ားက အလႉေငြမ်ား အသီးသီး ဆက္လက္လႉဒါန္းၾကရာ ဦးစိုင္းမ်ိဳးၫြန႔္က လက္ခံရယူၿပီး အမွတ္တရလက္ေဆာင္ မ်ားျပန္လည္ေပးအပ္သည္။

ထို႔ေနာက္ ယခုကဲ့သို႔ သမိုင္းဝင္ သိန္းနီေဟာ္နန္းႀကီး ျပန္လည္တည္ေဆာက္ ႏိုင္ေရးအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက လႉဒါန္းကူညီေဆာင္႐ြက္ ေပးမႈအား ၿမိဳ႕မိၿမိဳ႕ဖမ်ားကိုယ္စား သိန္းနီၿမိဳ႕နယ္၊ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း ဥကၠ႒ ဦးစိုင္းျမင့္ထြန္းက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားရာတြင္ သိန္းနီ နယ္သူနယ္သားမ်ားအေနျဖင့္ ယခုေဟာ္နန္းႀကီးအား ေဆာက္လုပ္ရန္ ၂၀၁၄ ခုႏွစ္ ကတည္းက စတင္ႀကံစည္ခဲ့ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေအာင္ျမင္ခဲ့ျခင္း မရွိေၾကာင္း၊ ယခု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္မွ ေဆာက္လုပ္ေပးသည္ကို အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ ျပည္ေထာင္စုနယ္ေျမအသီးသီးတြင္ ေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္မ်ား၊ အေဆာက္အဦမ်ား၊ သဘာ၀အလွတရားမ်ား ႂကြယ္၀စြာ ရွိသည့္ အားေလ်ာ္စြာ သိန္းနီေဟာ္နန္းႀကီးအား တပ္မေတာ္မွ ကူညီတည္ေဆာက္ေပး ျခင္းသည္ ျပည္ေထာင္စုႀကီး၏ အလွတရားကို ျဖည့္စြက္အလွဆင္ေပးရာလည္းေရာက္ပါေၾကာင္း၊ အနာဂတ္ သိန္းနီၿမိဳ႕၏ တိုးတက္စည္ပင္သာယာ၀ေျပာေရးကို ေဖာ္ေဆာင္ ေပးျခင္းလည္း ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ သိန္းနီၿမိဳ႕နယ္အတြင္း မွီတင္းေနထိုင္ၾကေသာ ေဒသခံတိုင္းရင္းသားျပည္သူမ်ားကိုယ္စား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားအားလုံးကို အထူးပင္ ေက်းဇူး ဥပကာယ် တင္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ သိန္းနီ ေဟာ္နန္းအား ျပန္လည္တည္ေဆာက္မည့္ပုံစံတူကို ၾကည့္ရႈခဲ့ၾကၿပီး လိုအပ္သည္မ်ား ညႇိႏႈိင္း ေဆြးေႏြးခဲ့ၾကကာ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကသည္။

အဆိုပါ သိန္းနီေဟာ္နန္းကို ေအဒီ ၁၉၁၀ ခုႏွစ္၊ သကၠရာဇ္ ၁၂၇၂ ခုႏွစ္တြင္ ဒသဓမၼရာဇာ နိေျဂာဓာ မဟာမင္းေခါင္ဘြဲ႕ေတာ္ရ သိန္းနီေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္းက ႀကီးက်ယ္ ခမ္းနားထည္ဝါေသာ ေဟာ္နန္းအသစ္ႀကီးအျဖစ္ စတင္တည္ေဆာက္ခဲ့ ျခင္းျဖစ္ေၾကာင္း၊ ေဟာ္နန္းသည္ ကြၽန္းသားအစစ္မ်ားျဖင့္ မႏၲေလး နန္းေတာ္ပုံစံအတိုင္း ေဆာက္လုပ္ထားၿပီး အေဆာက္အဦႀကီးတစ္ခုထဲတြင္ တစ္ခုႏွင့္ တစ္ခုဆက္သြယ္ထားေသာ အေဆာက္အဦမ်ားစြာ ပါဝင္သည့္ပုံစံျဖစ္ေၾကာင္း၊ ေဟာ္နန္း၏ အလယ္တည့္တည့္တြင္ ညီလာခံခန္းမႀကီးရွိၿပီး ေျမေပါက္ပလႅင္ေတာ္တစ္ခုတည္ရွိကာ ပလႅင္ေတာ္၏ ေရွ႕ေနာက္ေဘးပတ္လည္ ၁၀ ေပ ခန႔္အကြာတြင္ သံရာဇမတ္ျဖင့္ ကာရံထားေၾကာင္းႏွင့္ အဆိုပါ ရာဇမတ္အတြင္းတြင္ စစ္ခ်ီေမာင္း ၄ လုံးခ်ိတ္ဆြဲထားရွိၿပီး ေ႐ႊထီးေတာ္ ၄ ေခ်ာင္း၊ ထီးျဖဴ ၄ ေခ်ာင္း၊ နန္းေတာ္အေဆာင္အေယာင္မ်ားထားရွိထားေၾကာင္း၊ ေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္းသည္ ႏွလုံးေလဟပ္ေသာေရာဂါျဖင့္ နန္းတက္ကာလ ၃၃ ႏွစ္၊ ေအဒီ ၁၉၁၆ ခုႏွစ္၊ သကၠရာဇ္ ၁၂၇၇ ခုႏွစ္၊ တန္ခူးလဆန္း ၂ ရက္၊ အဂၤါေန႔၊ ညသန္းေခါင္ေက်ာ္ နံနက္ ၁ နာရီတြင္ နတ္႐ြာစံကံေတာ္ကုန္ခဲ့ေၾကာင္း၊ ေအဒီ ၁၉၃၇ ခုႏွစ္၊ သကၠရာဇ္ ၁၂၉၉ ခုႏွစ္တြင္ ဂ်ပန္ေလတပ္မ်ားက ရွမ္းျပည္ေျမာက္ပိုင္း တစ္ခြင္လုံးကို ဗုံးက်ဲတိုက္ခိုက္မႈမ်ားျပဳလုပ္လာခဲ့ၿပီး ေအဒီ ၁၉၄၀ ခုႏွစ္တြင္ သိန္းနီကို ဂ်ပန္တို႔က အၿပီးအပိုင္သိမ္းပိုက္ခဲ့ေၾကာင္း၊ ေအဒီ ၁၉၄၄ ခုႏွစ္တြင္ အေမရိကန္ စစ္ေလယာဥ္မ်ားသည္ သိန္းနီ-နမၼတူ ေခ်ာင္းကူးတံတားကို ဗုံးႀကဲဖ်က္ဆီးခဲ့ၿပီး သိန္းနီၿမိဳ႕ကိုလည္း ဗုံးမ်ား ႀကဲခ်တိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုသို႔ ဗုံးမ်ားႀကဲခ်တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ သိန္းနီၿမိဳ႕မွ အျပစ္မဲ့ေဒသခံျပည္သူမ်ား ေသဆုံး၊ ထိခိုက္ဒဏ္ရာရွိသူမ်ားႏွင့္ ထြက္ေျပးတိမ္းေရွာင္သူမ်ားလည္းရွိခဲ့ၿပီး ဗုံးဒဏ္၊ အေျမာက္ဒဏ္၊ စစ္ဒဏ္မ်ားေၾကာင့္ သမိုင္းတြင္ ထင္ရွားခဲ့သည့္ ဒသဓမၼရာဇာ နိေျဂာဓာ မဟာမင္းေခါင္ ဘြဲ႕ေတာ္ရ သိန္းနီေစာ္ဘြားႀကီး ခြန္ဆန္တုန္ဟုန္း၏ ႀကီးက်ယ္ခမ္းနားထည္ဝါေသာ သိန္းနီေဟာ္နန္းေတာ္ႀကီးသည္ ေျမခပ်က္စီးဆုံးရႈံးခဲ့ရေၾကာင္းသိရွိရၿပီး ယခုအခါတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ လမ္းၫႊန္မွာၾကားမႈျဖင့္ သိန္းနီေဟာ္နန္း အေဆာက္အဦ သစ္အား မူလအေဆာက္အဦ ေဟာင္းေျမေနရာ၏ လက္ဝဲဘက္ ၆၃ ေပ အကြာ၌ အသစ္ျပန္လည္ေဆာက္လုပ္သြားၿပီး ေဟာ္နန္းျပတိုက္အျဖစ္ထားရွိေဆာင္႐ြက္သြားမည္ ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။