တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပ

 

နေပြည်တော် ၊ ဒီဇင်ဘာ- ၇

ယနေ့မျက်မှောက်ခေတ်ကာလ နယ်ပယ်အသီးသီးတွင် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ စိန်ခေါ်မှုများစွာကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးအနေနှင့် ရင်ဆိုင်နေကြရကြောင်း၊ နည်းပညာဆိုသည်မှာ စိတ်ကူးများကို လက်တွေ့ အကောင် အထည်ဖော် အသုံးချနိုင်အောင် ဆောင်ရွက်သည့် ပညာရပ်ဆိုင်ရာနည်းနာဖြစ်ပြီး ဘောင်ကန့်သတ်ချက်မရှိခြင်းကြောင့် ပြိုင်ဆိုင်မှုနှင့် စိန်ခေါ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက်ရှိကြောင်း၊ မျက်မှောက်ခေတ်ကာလတွင် သတင်းအချက်အလက် စီးဆင်းမှု လွယ်ကူမြန်ဆန်မှုနှင့်အတူ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အရှိန် အဟုန်နှင့်ပြောင်းလဲတိုးတက်နေသည့်အတွက် နည်းပညာဖွံ့ဖြိုးသည့်နိုင်ငံနှင့် နည်းပညာမဖွံ့ဖြိုးသည့် နိုင်ငံများအကြားကွာဟမှုသည် နိုင်ငံ၏အချုပ်အခြာအာဏာ ထိပါးခံရမှု၊ ဆုံးရှုံးနိုင်မှုတို့ကို ဖြစ်ပေါ်စေနိုင်သောကြောင့် ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးသည် နည်းပညာအခြေပြု ခေတ်မီတပ်မတော်တည်ဆောက်ရေးကို အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက် ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ် သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၀၄ ဗိုလ်လောင်း ထွန်းလှိုင်ဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၇၁၂ ဗိုလ်လောင်း နိုင်လင်းဦးနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၈၁၀ ဗိုလ်လောင်း အံ့မော်ဟိန်း တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာပေါ်တွင်ရှိသည့် သက်ရှိသက်မဲ့ရုပ်ဝတ္ထုတိုင်းတွင် ဆင့်ကဲပြောင်းလဲလာခဲ့သည့် အတိတ်ဖြစ်စဉ်သမိုင်းကြောင်းဆိုသည်ရှိသကဲ့သို့ မိမိတို့တပ်မတော်တွင်လည်း ထူးခြားလေးနက်သည့် သမိုင်းအစဉ်အလာရှိခဲ့ကြောင်း၊ မိမိတို့တပ်မတော်သည် စတင် တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက မိမိတို့နိုင်ငံဆုံးရှုံးခဲ့သည့် လွတ်လပ်ရေးကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီးရယူပေးရန်အတွက် လေးနက်မွန်မြတ်သည့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် သန္ဓေတည်ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများ၏ သားသမီးရတနာများနှင့်ဖွဲ့စည်းထားသည့် ပြည်သူ့ တပ်မတော်ဖြစ်သကဲ့သို့ နိုင်ငံ၏သမိုင်းပေးတာဝန်အရပ်ရပ်ကိုလည်း ခေတ်အဆက် ဆက် မိမိ၏ကိုယ်ကျိုး၊ အသက်နှင့်ခန္ဓာကိုယ်ပါစွန့်လွှတ်ပြီး ကျေပွန်အောင် တာဝန် ထမ်းဆောင်လာသည့် အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်ကြောင်း။

မြန်မာ့တပ်မတော် သမိုင်းကြောင်းနှင့်အတူ စစ်အင်ဂျင်နီယာတပ်ဖွဲ့ကလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် လွတ်လပ်ရေးရပြီး ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သည့် သမိုင်းအစဉ်အလာကောင်းများရှိကြောင်း၊ ၁၉၄၉ ခုနှစ်တွင် ကေအန်ဒီအိုသောင်းကျန်းသူများ သိမ်းပိုက်ထားသည့် ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်တိုက်ခိုက်ရာတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့များက ရနိုင်သမျှသောအင်အား၊ လက်နက်၊ ခဲယမ်းမီးကျောက်များစုစည်းပြီး ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်မှ တပ်ကြပ် လှမောင်၏ ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းဝင်ထင်ရှားခဲ့ကြောင်း၊ မချစ်ပို သည် စစ်သားဇနီးပီသစွာဖြင့် အရေးကြုံလာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်မွေးပြီး မိမိအသက်ကို မငဲ့ကွက်ဘဲတိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း။

ယင်းသို့တိုက်ခိုက်ခဲ့ရာမှ ၁၉၄၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် သူရဲကောင်း ပီသစွာ တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြောင်း၊ မချစ်ပို၏ သူရဲကောင်း ပီသမှုနှင့် ရဲစွမ်းသတ္တိတို့ကြောင့် ၁၉၅၀ ပြည့်နှစ်တွင် နိုင်ငံတော်မှ သူရဘွဲ့အပ်နှင်း ခံရပြီး အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုဆောင်နိုင်ခဲ့ကြောင်း၊ သူရမချစ်ပိုသည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရအမျိုးသမီးတစ်ဦးဖြစ်ပြီး တပ်မတော် သားများ၏ ရဲစွမ်းသတ္တိနှင့် အင်ဂျင်နီယာတပ်ဖွဲ့၏ ရဲစွမ်းသတ္တိကို မော်ကွန်းတင် နိုင်ခဲ့ကြောင်း။

ထိုကဲ့သို့ ထူးချွန်ပြောင်မြောက်ပြီး ရဲစွမ်းသတ္တိရှိသည့် အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေနှင့် ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကို “အင်ဂျင်နီယာတပ်ဖွဲ့နေ့” အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာတပ်ဖွဲ့သမိုင်းကြောင်းတွင် ပြင်ဦးလွင်မြို့သည် ဂုဏ်ပြုမှတ်တမ်းတင်ခံရသည့်မြို့ဖြစ်သကဲ့သို့ ရဲစွမ်းသတ္တိရှိသည့် အင်ဂျင်နီယာများ မွေးထုတ်ပေးသည့် ထူးခြားလေးနက်သည့် ဒေသဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်က အင်ဂျင်နီယာ စစ်သည်များသည် နည်းပညာကျွမ်းကျင်ရုံမျှမကဘဲ သူရသတ္တိနှင့်လည်း ပြည့်စုံသကဲ့သို့ သမိုင်းမှတ်တမ်းအထင်အရှားရှိခဲ့ကြောင်း။

မျက်မှောက်ခေတ်တွင်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့များသည် ခြေလျင် စစ်သည်များကဲ့သို့ တိုက်ပွဲဝင်နိုင်ရန်နှင့် မိမိတို့၏ တပ်ဖွဲ့ဆိုင်ရာပညာရပ်ဖြစ်သည့် စစ်အင်ဂျင်နီယာပညာရပ်သာမက မဖြစ်မနေတတ်ကျွမ်းရမည့် စစ်နည်းဗျူဟာပညာ ရပ်များကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံရန်လိုအပ် ကြောင်း။

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအများစုသည် နိုင်ငံ၊ လူမျိုး၊ အမျိုးသား အကျိုး စီးပွားနှင့် အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ရေးအတွက် ကာကွယ်ရေး စွမ်းအား (Defence Capability ) တည်ဆောက်ခြင်း၊ ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်း (Defence Modernization ) တို့ကိုဖော်ဆောင်ကာ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ်မူတည်ပြီး တပ်မတော်အင်အားရှိအောင် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီ တပ်မတော်တစ်ရပ်ပိုင်ဆိုင်ရေးသည် ကမ္ဘာ့နိုင်ငံများအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ် ကြောင်း။

ခေတ်သစ်စစ်ပွဲများတွင် လေကြောင်းအရေးသာမှုနှင့် အီလက်ထရောနစ် နည်းပညာ ကောင်းမွန်သာလွန်မှု၊ ခေတ်မီစစ်လက်နက်ပစ္စည်း အသုံးချနိုင်မှုများသည် တိုက်ပွဲအဆုံးအဖြတ်ကို များစွာအထောက်အကူဖြစ်စေကြောင်း၊ မိမိတို့တပ်မတော်ကို စွမ်းရည်ထက်မြက်သည့် ခေတ်မီတပ်မတော် Standard Army အဖြစ် ရည်မှန်းချက် ထား ဖွဲ့စည်းတည်ဆောက်ရာတွင် စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ကြရမည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း။

ထို့ကြောင့် ခေတ်မီတပ်မတော်တည်ဆောက်နေသည့် မိမိတို့တပ်မတော်တွင် စစ်မှုသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် လေ့လာဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း။

စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နယ်ပယ် အလိုက် သုတေသနလုပ်ငန်းများပြုလုပ်ရန် လိုအပ်သကဲ့သို့ ယင်းသို့ဆောင်ရွက် နိုင်အောင် အရည်အသွေးပြည့်၀သည့် တပ်မတော်သားစွမ်းအားအရင်းအမြစ်များ ကိုလည်း လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ နည်းပညာဆိုသည်မှာ တစ်ဦးချင်းစွမ်းစွမ်းတမံ အားထုတ်ကြိုးပမ်းရသကဲ့သို့ အဖွဲ့လိုက်စုပေါင်းကြိုးပမ်းတီထွင် ကြရန်လည်း လိုအပ်ကြောင်း။

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုကို လူ့စွမ်းအားအရင်းအမြစ်များဖြင့်သာ တည်ဆောက် နိုင်သည့်နည်းတူ စွမ်းရည်ရှိသော စံပြုတပ်မတော်ကိုလည်း စစ်သည်စွမ်းအားအရင်း အမြစ်များဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ရာတွင် မိမိတို့ တပ်မတော်အနေနှင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ တပ်မတော်သားစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးမူဝါဒ (HR Policy ) ချမှတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ (HRD Programme ) အကောင်အထည်ဖော်ခြင်း၊ လေ့ကျင့်ပျိုးထောင်ထား သည့် တပ်မတော်သား စွမ်းအားအရင်းအမြစ်များကို သက်ဆိုင်ရာ ပညာရပ်နယ်ပယ် အသီးသီးတွင် မှန်ကန်စွာ ခန့်ခွဲတာဝန်ပေးအပ်ခြင်း (HR Management) တို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တပ်မတော်အနေနှင့် သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လက်တွေ့ နယ်ပယ်အတွက် အကျိုးပြုနိုင်မည့် အရည်အသွေးပြည့်၀သည့် အင်ဂျင်နီယာပညာ ရေးစနစ်ကို ဖော်ဆောင် လေ့ကျင့်သွားရန်လိုကြောင်း။

အရည်အသွေးပြည့်၀သည့် အင်ဂျင်နီယာပညာရေးစနစ်ကသာလျှင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့် အင်ဂျင်နီယာများ မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဆင့်မီအင်ဂျင်နီယာပညာရှင် များအဖြစ် မွေးထုတ်နိုင်ရန် တပ်မတော်နည်းပညာတက္ကသိုလ်အနေနှင့် အခြေခံအကျ ဆုံးနှင့် အရေးပါဆုံးလုပ်ငန်းစဉ်ဖြစ်သည့် အရည်အသွေး စိစစ်အသိအမှတ်ပြုခြင်း (Accreditation) အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို ဖြတ်သန်းကြုံတွေ့ခဲ့ ရပြီးဖြစ်ကြောင်း။

မျက်မှောက်ခေတ်အင်ဂျင်နီယာပညာရေး၏ သဘောသဘာ၀သည် သီအိုရီ အခြေခံပြီး လက်တွေ့အခြေအနေနှင့်ဆက်စပ်စဉ်းစားတွေးခေါ်ကာ လူမှုဘ၀အတွက် အသုံးဝင်မည့်တီထွင်မှုများ ဆောင်ရွက်နိုင်ရန်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာ၀ တရားထဲတွင် ငုပ်နေသည့်စွမ်းအားသစ်များကို စူးစမ်းရှာဖွေဖော်ထုတ်သည့် နည်းပညာ ရရှိအောင် ကြိုးစားကြရန်လိုအပ်ကြောင်း၊ အင်ဂျင်နီယာပညာဒဿန (Engineering Philosophy) အရ မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို မိမိတို့နိုင်ငံနှင့် တပ်မတော်အတွက် ဘယ်လိုအကျိုးရှိရှိအသုံးပြုမလဲဆိုသည်ကို အမြဲကြံဆ လုပ်ဆောင်နေရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့လေ့လာစူးစမ်းမှုများကို ဇွဲကြီးကြီးဖြင့် ထပ်ခါတလဲလဲ ပြုလုပ်သူသည် တီထွင်မှုလမ်းကြောင်းပေါ်ကို ရောက်ရှိသွားမည်ဖြစ်ပြီး တပ်မတော်နှင့်နိုင်ငံတော်က အားထားရသည့် အတတ်ပညာရှင်၊ အသိပညာရှင် များအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်ကြောင်း။

အင်ဂျင်နီယာအရာရှိလောင်းများအား အင်ဂျင်နီယာဘာသာရပ်များကို နိုင်ငံတကာ စံချိန်စံညွှန်းမီ သင်ကြားလေ့ကျင့်ပေးလိုက်ပြီး စစ်ဘက်ခေါင်းဆောင်ငယ်များ အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက်လည်း စစ်နည်းဗျူဟာနှင့်စစ်အတတ် ပညာများကို တတ်ကျွမ်းအောင် သင်ကြားပေးလိုက်ပြီးဖြစ်ကြောင်း၊ မိမိတို့တပ်မတော်တွင် မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ဖွဲ့ဝင်များကဲ့သို့ စစ်ရေး အသိ၊ စစ်ရေးသတိရှိစွာဖြင့် တိုက်ပွဲဝင်နိုင်စွမ်းရှိရန်လိုအပ်ကြောင်း။

အင်ဂျင်နီယာအရာရှိများအနေဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရချိန်တွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စေရန်သင်ကြားပေးလိုက်သည့် စစ်နည်းဗျူဟာများကို ပိုင်နိုင်စွာကျင့်သုံးပြီး တိုက်ပွဲများကို ခေါင်းဆောင်နိုင်သည့် အတတ်ပညာရှင် စစ်ဘက်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ အထူးသဖြင့် စစ်အခြေခံသဘောတရားဖြစ်သည့် ချီစစ်၊ တိုက်စစ်၊ ခံစစ်၊ ခွာစစ်ကဏ္ဍများတွင် စစ်အင်ဂျင်နီယာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာ အတတ်ပညာနှင့် စစ်မှုအတတ်ပညာများကို ပေါင်းစပ်ကျင့်သုံးကြရမည်ဖြစ်ကြောင်း။

စစ်သိပ္ပံနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ တစ်ဟုန်ထိုးတိုးတက်နေသည့်ခေတ်တွင် မိမိဝါသနာပါရာ မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို လက်ရှိအဆင့်တွင် ကျေနပ်နှစ်သိမ့်မှုရှိမနေဘဲ ဆက်လက်လေ့လာကြရန်လိုကြောင်း၊ လေ့လာမှုဆိုသည် အသိပညာ တိုးပွားလာရုံမျှသာရှိပြီး လက်တွေ့လုပ်ဆောင်မှသာ အတတ်ပညာရရှိ မည်ဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်မှုများ များလာသည်နှင့်အမျှ အသိပညာများလည်း ဆင့်ကဲတိုးပွားလာမည်ဖြစ်ကြောင်း၊ တစ်ဖန်ဆင့်ကဲတိုးပွားလာသည့် အသိပညာကို လက်တွေ့စူးစမ်းပြီး ဆန်းသစ်မှုများမှတစ်ဆင့်ရလာသည့် ခေတ်မီလက်နက်များကို စစ်မြေပြင်တွင် ကျွမ်းကျင်စွာကိုင်ဆောင်ပြီး တိုက်ပွဲဝင်နိုင်ရန်အတွက် ကြိမ်ဖန်များစွာလေ့ကျင့်ကြရန်လည်းလိုကြောင်း၊ ထို့အပြင် လေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများ၊ အခြေခံသဘောတရားများ၊ စစ်မြေပြင်ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (ROE)များ၊ စစ်သည်တော်ကျင့်ဝတ်များ၊ အင်ဂျင်နီယာကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးဆောင်ပုဒ်အတိုင်း တိကျစွာပြုမူဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

တပ်မတော်၏ တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ကောင်းမွန် နေရန်လည်းလိုအပ်ကြောင်း၊ ရုပ်ပိုင်းကဏ္ဍကို အမြင်အားဖြင့် ဖော်ဆောင်ရာတွင် အင်ဂျင်နီယာတပ်ဖွဲ့၏ တည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် နည်းပညာ၊ စက်မှုပညာ၊ စစ်ဘက်စက်မှုပညာ၊ အဆောက်အဦပညာ စသည့်နယ်ပယ်အသီးသီး၏ သုတေသနပြုလုပ်ရမည့်အဆင့်မှ လုပ်ငန်းပြီးစီးအောင် တည်ဆောက်ရသည့်အဆင့်အထိ ကဏ္ဍများတွင် ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရန်အတွက်လည်း ယုံကြည်ချက်၊ ခံယူချက်ပြည့်၀စွာနှင့် ကျင့်ကြံနေထိုင်သွားရန်လိုအပ်ကြောင်း၊ စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုများသည် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက် အရေးကြီးသည့်လိုအပ် ချက်များပင် ဖြစ်ကြောင်း။

တပ်မတော်၏ စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရာတွင် မိမိတို့ကွပ်ကဲရမည့်လက်အောက်တပ်ဖွဲ့ဝင်များကို မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် လိုကြောင်း၊ ခေါင်းဆောင်မှုအတတ်ပညာသည် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အသက်တမျှအရေးကြီးသည့် လိုအပ်ချက်ဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့ကို မှန်ကန်သည့်ဦးဆောင်မှုပေးနိုင်ရန် မိဘသဖွယ်စိတ်ဓာတ်သည် အဓိက ကျင့်သုံးရမည့်စိတ်ဓာတ်ပင်ဖြစ်ပြီး လက်အောက်ငယ်သားများအပေါ်တွင် ကျောသား ရင်သားမခွဲခြားဘဲ မှန်ကန်စွာခေါင်းဆောင်မှုပေးခြင်းဖြင့် လက်အောက်ငယ်သားများ၏ ချစ်ကြောက်ရိုသေအားကိုးမှုကို ရယူကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းပီသစွာနှင့် လက်အောက်ကို မှန်ကန်စွာကွပ်ကဲအုပ်ချုပ်သကဲ့သို့ အထက်ကပေးအပ်သည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည့် နောက်လိုက်ကောင်းတစ်ယောက်အဖြစ် ကျင့်ကြံဆောင်ရွက်၍ တပ်မတော်က အားထားရသည့် အင်ဂျင်နီယာအရာရှိကောင်းများဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုကြောင်း။

အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်နီယာခေါင်းဆောင်များ အဖြစ်ပါဝင်ထမ်းဆောင်ကြမည့်သူများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းကြံ့ခိုင်နေရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာလျင် တပ်မတော်၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်နိုင်ကြမည်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေထိုင် စားသောက်ပြီး ကြံ့ခိုင်အောင် လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊ “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များရှိ စစ်သည်၊ မိသားစုဝင်များအားလုံးကို ကျွမ်းကျင်မှုရှိအောင်၊ ရဲစွမ်းသတ္တိရှိအောင်လည်း ဦးဆောင်လေ့ကျင့်ပြီး ရည်မှန်း ချက်တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း။

မိမိတို့တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်သည့်အတွက် တပ်မတော်သားများအနေဖြင့် “စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်” ဆိုသည့် စွမ်းရည်သုံးရပ်အထူးပြည့်၀နေရန်လိုအပ်ကြောင်း၊ စစ်ရေးစွမ်းရည် တိုးတက်စေရန်၊ ကောင်းမွန်ထက်မြက်သည့် တိုက်ခိုက်ရေးစွမ်းအား (Fighting Power) ရရှိစေရန် စစ်ရေးအယူအဆနှင့် စစ်နည်းဗျူဟာဆိုင်ရာ အစိတ်အပိုင်းများ(Conceptual Component )၊ ရုပ်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ (Physical Component )၊ စိတ်ပိုင်းဆိုင်ရာအစိတ်အပိုင်းများ(Moral Component ) စသည်များ ပြည့်စုံထက်မြက်နေရန် လေ့ကျင့်ရေးကိုအခြေခံပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏ လေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ဖြစ်သည့် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် ရည်မှန်းချက်များကို တိတိကျကျကြိုးစားလေ့ကျင့်ပြီး စစ်ရေးစွမ်းရည်တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးစွမ်းရည် ကောင်းမွန်စေရန်အတွက်လည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်ပိုင်နိုင်အောင် လေ့လာသွားရန် လိုအပ်ကြောင်း၊ မိမိတာဝန်ယူထားသည့်တပ်ဖွဲ့များကို အုပ်ချုပ်မှုညီညွတ် မျှတစေရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေး ထိခိုက်ပျက်စီးစေသည့်အပြုအမူများကိုလည်း ရှောင်ရှားသွားကြရန်လိုကြောင်း၊ မိမိကွပ်ကဲရသည့် တပ်ဖွဲ့များ၏ သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက် ပေးရန်လိုအပ်ပြီး သက်သာချောင်ချိရေးကောင်းသည်နှင့်အမျှ စိတ်ဓာတ်စည်းကမ်း သည်လည်း ကောင်းလာမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့်တပ်သည် အရာရာတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ပြီး အောင်မြင်မှုများ ရရှိနိုင်ခဲ့သည်ကို ကမ္ဘာ့စစ်သမိုင်းများလေ့လာကြည့်လျှင် အထင်အရှားတွေ့မြင်ရမည်ပင်ဖြစ် ကြောင်း။

စည်းရုံးရေးစွမ်းရည်ပြည့်၀စေရန် ကြိုးစားတည်ဆောက်ရာတွင် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေးကို ဟန်ချက်ညီဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စည်းရုံးရေး လုပ်ခြင်းသည် အင်အားတည်ဆောက်ခြင်းဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်မှုရှိအောင် မိမိတာဝန်ကျရာ တပ်ရင်း၊တပ်ဖွဲ့ရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ မိသားစုဝင်များကို တစည်းတလုံးတည်းဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စည်းရုံးရေးစွမ်းရည်ကျဆင်းပါက အုပ်ချုပ်ရေးစွမ်းရည်နှင့် စစ်ရေးစွမ်းရည်ပါ ကျဆင်းလာမည်ဖြစ်သည့်အတွက် တပ်တွင်း စည်းလုံးညီညွတ်မှုပိုမိုကျစ်လျစ်ခိုင်မာ အောင် အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

ထို့ပြင် တပ်ပြင်စည်းရုံးရေးအတွက် စစ်သည်တော်ကျင့်ဝတ်နှင့်အညီ နေထိုင် ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သဘာ၀ဘေးအန္တရာယ်များနှင့်ရင်ဆိုင်ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက် ပေးခြင်း၊ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကူညီစောင့်ရှောက် ရေးလုပ်ငန်းများတွင် အားတက်သရောကူညီလုပ်ကိုင်ခြင်း စသည့်စည်းရုံးရေးလုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

မိမိတို့တပ်မတော်ကို Standard Army အဖြစ်ရည်မှန်းချက်ထား တည်ဆောက်ရာတွင် အင်ဂျင်နီယာတပ်ဖွဲ့၏ အခန်းကဏ္ဍသည်အရေးကြီးသောကြောင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် နည်းပညာရပ်များကို နိုင်ငံတကာအမြင် နှင့်ပေါင်းစပ်ပြီး မျက်ခြည်မပြတ် ကြိုးစားလေ့လာသင်ယူကြရန်လိုကြောင်း၊ အရည်အသွေးပြည့်၀သည့် အင်ဂျင်နီယာပညာရေးစနစ်ကသာ အရည်အချင်းရှိသည့် အင်ဂျင်နီယာများကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် မိမိတို့တပ်မတော်၏ အင်ဂျင်နီယာပညာရေးစနစ်နှင့် အရည်အသွေးအာမခံမှုကို နိုင်ငံတကာအဆင့်အသိအမှတ်ပြုနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ တပ်မတော်၏ လေ့ကျင့်ရေးဆိုင်ရာရည်မှန်းချက်များဖြစ်သည့် “ကျန်းမာ ကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် ရည်မှန်းချက်များကို အောင်မြင်စေရန် မိမိတို့၏ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်မှုများကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကို မြှင့်တင်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စည်းကမ်း လိုက်နာမှု အရာတွင် စံနမူနာပြဖြစ်ပြီး “ကျင့်ဝတ်၊ တီထွင် ၊ စွမ်းအားရှင်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားရသည့် အင်ဂျင်နီယာအရာရှိကောင်း များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃) ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်စွာ အောင် မြင်ခဲ့ကြသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဝမ်းသာဂုဏ်ယူ ကြောင်းနှင့် ဘ၀တစ်လျှောက်လုံးဆက်လက်ကြိုးစားသွားကြစေလိုကြောင်း၊ ပထမနှစ် မှ နောက်ဆုံးနှစ်အထိ ၆ နှစ်တာကာလအတွင်း ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကိုယ် စောင့်ထိန်းနိုင်မှု၊ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ထူးချွန်စွာကျောင်းဆင်းနိုင် ရေး နှစ်ရှည်လများထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းသည် တန်ဖိုးရှိသည့် လုပ်ဆောင်မှု တစ်ခုဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းသွားကြစေလိုကြောင်း၊ ရည်မှန်းချက် ရှိရှိဖြင့် ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ရရှိပြီးသည့် ကောင်းမွန်သည့် အခြေခံ ကောင်းများ၊ အလေ့အကျင့်ကောင်းများကို ဆက်လက်မွေးမြူသွားရန်လိုကြောင်း၊ ပတ်ဝန်းကျင်၏ စေ့ဆော်မှုများသည် ဘ၀၏ အကောင်း၊ အဆိုးကို ဖန်တီးနိုင်သည် ဖြစ်သောကြောင့် အသိတရား၊ သတိတရားဖြင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောက်ဆုံးနှစ်ကာလအတွင်း COVID-19 ရောဂါ ဖြစ်ပွားခဲ့သဖြင့် တပ်ပြင်ထွက်ခွင့်မရရှိခဲ့ကြကြောင်းနှင့် တစ်နှစ်တာကာလလုံး သည်းခံနိုင်မှု အပြည့်ဖြင့် တပ်တွင်း၌ပင်နေထိုင်၍ စာပေပညာ၊ စစ်ပညာများ လေ့လာခဲ့ခြင်း သည် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် မိမိကိုယ်ကိုယ် စောင့်ထိန်းနိုင်မှုများကို ပြသခဲ့ခြင်းပင် ဖြစ်ကြောင်း၊ ယခုထူးချွန်ဆု ရရှိသူများ၏ မိဘများအနေဖြင့် သာမာန်မိသားစုများနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး ယခုအခြေအနေရောက်သည်အထိ ပြုစုပျိုးထောင်ပေးခဲ့ သည့် မိဘများ၏ကျေးဇူးကို မမေ့ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုယ် လူကောင်းသူကောင်း ဖြစ်စေရန်နှင့် ရည်မှန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းသည် ကျေးဇူးဆပ်ခြင်းပင်ဖြစ်ပြီး နှုတ်အားစိတ်အားဖြင့် လည်းကောင်း၊ လစာငွေမှတတ်နိုင်သရွေ့ ထောက်ပံ့ခြင်းဖြင့်လည်းကောင်း မိဘ ကျေးဇူးကို ဆပ်ကြရမည်ဖြစ်ကြောင်း၊ အလားတူ တပ်မတော်အပေါ် သစ္စာစောင့်သိ ကြရမည်ဖြစ်ကြောင်း၊ တာဝန်ကျရာ တပ်အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင် ရာတွင်လည်း ကြိုးစားအားထုတ်မှုနှင့် အမိန့်နာခံမှုရှိကာ အထက်ကပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ စစ်ဆင်ရေးသာမက အခြားမည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ မဖြစ်ဖြစ်အောင်ကြိုးစား ဆောင် ရွက်မည်ဆိုသည့် စိတ်ဓာတ်ကိုမွေးမြူကြရန်လိုကြောင်း၊ တပ်မတော်နှင့် တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် မိမိအလုပ်ကို မှန်မှန်ကန်ကန်တာဝန်ကျေပွန်အောင် လုပ်ဆောင်၍ မိမိတို့၏ရည်မှန်းချက်ကို အောင်မြင်အောင် မိမိကိုယ်ကိုစောင့်ထိန်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၂) သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားက်င္းပ

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ- ၇

ယေန႔မ်က္ေမွာက္ေခတ္ကာလ နယ္ပယ္အသီးသီးတြင္ နည္းပညာဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္မႈ ႏွင့္အတူ စိန္ေခၚမႈမ်ားစြာကိုလည္း ကမာၻ႔ႏိုင္ငံအသီးသီးအေနႏွင့္ ရင္ဆိုင္ေနၾကရေၾကာင္း၊ နည္းပညာဆိုသည္မွာ စိတ္ကူးမ်ားကို လက္ေတြ႕ အေကာင္ အထည္ေဖာ္ အသုံးခ်ႏိုင္ေအာင္ ေဆာင္႐ြက္သည့္ ပညာရပ္ဆိုင္ရာနည္းနာျဖစ္ၿပီး ေဘာင္ကန႔္သတ္ခ်က္မရွိျခင္းေၾကာင့္ ၿပိဳင္ဆိုင္မႈႏွင့္ စိန္ေခၚမႈမ်ား စဥ္ဆက္မျပတ္ ျဖစ္ေပၚလ်က္ရွိေၾကာင္း

၊ မ်က္ေမွာက္ေခတ္ကာလတြင္ သတင္းအခ်က္အလက္ စီးဆင္းမႈ လြယ္ကူျမန္ဆန္မႈႏွင့္အတူ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈတြင္လည္း အရွိန္ အဟုန္ႏွင့္ေျပာင္းလဲတိုးတက္ေနသည့္အတြက္ နည္းပညာဖြံ႕ၿဖိဳးသည့္ႏိုင္ငံႏွင့္ နည္းပညာမဖြံ႕ၿဖိဳးသည့္ ႏိုင္ငံမ်ားအၾကားကြာဟမႈသည္ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာ ထိပါးခံရမႈ၊ ဆုံးရႈံးႏိုင္မႈတို႔ကို ျဖစ္ေပၚေစႏိုင္ေသာေၾကာင့္ ယေန႔ကမာၻ႔ႏိုင္ငံ အသီးသီးသည္ နည္းပညာအေျချပဳ ေခတ္မီတပ္မေတာ္တည္ေဆာက္ေရးကို အၿပိဳင္အဆိုင္ လုပ္ေဆာင္ေနၾကသည္ကို ေလ့လာေတြ႕ရွိရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာတကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ သည့္ တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၂) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္မိန႔္ခြန္းေျပာၾကားရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ တပ္မေတာ္နည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ အရာရွိႀကီးမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၂၂)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၇၀၄ ဗိုလ္ေလာင္း ထြန္းလႈိင္ဝင္း၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၇၁၂ ဗိုလ္ေလာင္း ႏိုင္လင္းဦးႏွင့္ စာေပထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၈၁၀ ဗိုလ္ေလာင္း အံ့ေမာ္ဟိန္း တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန႔္ခြန္းေျပာၾကားရာတြင္ ကမာၻေပၚတြင္ရွိသည့္ သက္ရွိသက္မဲ့႐ုပ္ဝတၳဳတိုင္းတြင္ ဆင့္ကဲေျပာင္းလဲလာခဲ့သည့္ အတိတ္ျဖစ္စဥ္သမိုင္းေၾကာင္းဆိုသည္ရွိသကဲ့သို႔ မိမိတို႔တပ္မေတာ္တြင္လည္း ထူးျခားေလးနက္သည့္ သမိုင္းအစဥ္အလာရွိခဲ့ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ စတင္ တည္ေထာင္ဖြဲ႕စည္းစဥ္ကတည္းက မိမိတို႔ႏိုင္ငံဆုံးရႈံးခဲ့သည့္ လြတ္လပ္ေရးကို တိုင္းရင္းသားျပည္သူမ်ားႏွင့္ လက္တြဲၿပီးရယူေပးရန္အတြက္ ေလးနက္မြန္ျမတ္သည့္ ႏိုင္ငံခ်စ္စိတ္၊ မ်ိဳးခ်စ္စိတ္ျဖင့္ သေႏၶတည္ဖြဲ႕စည္းခဲ့ေၾကာင္း၊ ျပည္ေထာင္စုဖြား တိုင္းရင္းသားျပည္သူမ်ား၏ သားသမီးရတနာမ်ားႏွင့္ဖြဲ႕စည္းထားသည့္ ျပည္သူ႔ တပ္မေတာ္ျဖစ္သကဲ့သို႔ ႏိုင္ငံ၏သမိုင္းေပးတာဝန္အရပ္ရပ္ကိုလည္း ေခတ္အဆက္ ဆက္ မိမိ၏ကိုယ္က်ိဳး၊ အသက္ႏွင့္ခႏၶာကိုယ္ပါစြန႔္လႊတ္ၿပီး ေက်ပြန္ေအာင္ တာဝန္ ထမ္းေဆာင္လာသည့္ အခိုင္အမာဆုံးအဖြဲ႕အစည္းျဖစ္ေၾကာင္း။

ျမန္မာ့တပ္မေတာ္ သမိုင္းေၾကာင္းႏွင့္အတူ စစ္အင္ဂ်င္နီယာတပ္ဖြဲ႕ကလည္း ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ လြတ္လပ္ေရးရၿပီး ျပည္တြင္းေသာင္းက်န္းမႈ ႏွိမ္နင္းေရးတြင္ စြမ္းစြမ္းတမံပါဝင္ေဆာင္႐ြက္ခဲ့သည့္ သမိုင္းအစဥ္အလာေကာင္းမ်ားရွိေၾကာင္း၊ ၁၉၄၉ ခုႏွစ္တြင္ ေကအန္ဒီအိုေသာင္းက်န္းသူမ်ား သိမ္းပိုက္ထားသည့္ ျပင္ဦးလြင္ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္တိုက္ခိုက္ရာတြင္ စစ္အင္ဂ်င္နီယာတပ္ဖြဲ႕မ်ားက ရႏိုင္သမွ်ေသာအင္အား၊ လက္နက္၊ ခဲယမ္းမီးေက်ာက္မ်ားစုစည္းၿပီး ရဲဝံ့စြန႔္စားစြာ တိုက္ပြဲဝင္ခဲ့ေၾကာင္း၊ ၎တိုက္ပြဲတြင္ ေလ့က်င့္ေရးအင္ဂ်င္နီယာတပ္မွ တပ္ၾကပ္ လွေမာင္၏ ဇနီး မခ်စ္ပို၏ ရဲစြမ္းသတၱိသည္ သမိုင္းဝင္ထင္ရွားခဲ့ေၾကာင္း၊ မခ်စ္ပို သည္ စစ္သားဇနီးပီသစြာျဖင့္ အေရးႀကဳံလာခ်ိန္တြင္ အာဇာနည္သူရဲေကာင္း စိတ္ဓာတ္ေမြးၿပီး မိမိအသက္ကို မငဲ့ကြက္ဘဲတိုင္းျပည္အတြက္ စြန႔္လႊတ္စြန႔္စား တိုက္ပြဲဝင္ခဲ့သူတစ္ဦးျဖစ္ေၾကာင္း။

ယင္းသို႔တိုက္ခိုက္ခဲ့ရာမွ ၁၉၄၉ ခုႏွစ္၊ ဧၿပီလ ၈ ရက္ေန႔တြင္ သူရဲေကာင္း ပီသစြာ တိုင္းျပည္အတြက္ အသက္ေပးလႉသြားခဲ့ေၾကာင္း၊ မခ်စ္ပို၏ သူရဲေကာင္း ပီသမႈႏွင့္ ရဲစြမ္းသတၱိတို႔ေၾကာင့္ ၁၉၅၀ ျပည့္ႏွစ္တြင္ ႏိုင္ငံေတာ္မွ သူရဘြဲ႕အပ္ႏွင္း ခံရၿပီး အင္ဂ်င္နီယာတပ္ဖြဲ႕၏ ဂုဏ္ကိုေဆာင္ႏိုင္ခဲ့ေၾကာင္း၊ သူရမခ်စ္ပိုသည္ ျမန္မာႏိုင္ငံတြင္ တစ္ဦးတည္းေသာ သူရဘြဲ႕ရအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး တပ္မေတာ္ သားမ်ား၏ ရဲစြမ္းသတၱိႏွင့္ အင္ဂ်င္နီယာတပ္ဖြဲ႕၏ ရဲစြမ္းသတၱိကို ေမာ္ကြန္းတင္ ႏိုင္ခဲ့ေၾကာင္း။

ထိုကဲ့သို႔ ထူးခြၽန္ေျပာင္ေျမာက္ၿပီး ရဲစြမ္းသတၱိရွိသည့္ အင္ဂ်င္နီယာတပ္ဖြဲ႕ကို ဂုဏ္ျပဳသည့္အေနႏွင့္ ျပင္ဦးလြင္ၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည့္ ၁၉၄၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကို “အင္ဂ်င္နီယာတပ္ဖြဲ႕ေန႔” အျဖစ္သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အင္ဂ်င္နီယာတပ္ဖြဲ႕သမိုင္းေၾကာင္းတြင္ ျပင္ဦးလြင္ၿမိဳ႕သည္ ဂုဏ္ျပဳမွတ္တမ္းတင္ခံရသည့္ၿမိဳ႕ျဖစ္သကဲ့သို႔ ရဲစြမ္းသတၱိရွိသည့္ အင္ဂ်င္နီယာမ်ား ေမြးထုတ္ေပးသည့္ ထူးျခားေလးနက္သည့္ ေဒသျဖစ္ေၾကာင္း၊ ျမန္မာ့တပ္မေတာ္က အင္ဂ်င္နီယာ စစ္သည္မ်ားသည္ နည္းပညာကြၽမ္းက်င္႐ုံမွ်မကဘဲ သူရသတၱိႏွင့္လည္း ျပည့္စုံသကဲ့သို႔ သမိုင္းမွတ္တမ္းအထင္အရွားရွိခဲ့ေၾကာင္း။

မ်က္ေမွာက္ေခတ္တြင္လည္း စစ္အင္ဂ်င္နီယာတပ္ဖြဲ႕မ်ားသည္ ေျခလ်င္ စစ္သည္မ်ားကဲ့သို႔ တိုက္ပြဲဝင္ႏိုင္ရန္ႏွင့္ မိမိတို႔၏ တပ္ဖြဲ႕ဆိုင္ရာပညာရပ္ျဖစ္သည့္ စစ္အင္ဂ်င္နီယာပညာရပ္သာမက မျဖစ္မေနတတ္ကြၽမ္းရမည့္ စစ္နည္းဗ်ဴဟာပညာ ရပ္မ်ားကိုပါ ကြၽမ္းက်င္ပိုင္ႏိုင္စြာ တတ္ေျမာက္ၿပီး ရဲစြမ္းသတၱိႏွင့္ ျပည့္စုံရန္လိုအပ္ ေၾကာင္း။

ယေန႔ေခတ္တြင္ ကမာၻ႔ႏိုင္ငံအမ်ားစုသည္ ႏိုင္ငံ၊ လူမ်ိဳး၊ အမ်ိဳးသား အက်ိဳး စီးပြားႏွင့္ အခ်ဳပ္အျခာအာဏာကာကြယ္ေစာင့္ေရွာက္ေရးအတြက္ ကာကြယ္ေရး စြမ္းအား (Defence Capability ) တည္ေဆာက္ျခင္း၊ ကာကြယ္ေရးက႑ ေခတ္မီဖြံ႕ၿဖိဳး တိုးတက္ေရး ေဆာင္႐ြက္ျခင္း (Defence Modernization ) တို႔ကိုေဖာ္ေဆာင္ကာ မိမိႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားအေပၚမူတည္ၿပီး တပ္မေတာ္အင္အားရွိေအာင္ ဘက္ေပါင္းစုံမွ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ယင္းသို႔ေဆာင္႐ြက္ရာတြင္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီ တပ္မေတာ္တစ္ရပ္ပိုင္ဆိုင္ေရးသည္ ကမာၻ႔ႏိုင္ငံမ်ားအတြက္ မရွိမျဖစ္လိုအပ္ခ်က္ျဖစ္ ေၾကာင္း။

ေခတ္သစ္စစ္ပြဲမ်ားတြင္ ေလေၾကာင္းအေရးသာမႈႏွင့္ အီလက္ထေရာနစ္ နည္းပညာ ေကာင္းမြန္သာလြန္မႈ၊ ေခတ္မီစစ္လက္နက္ပစၥည္း အသုံးခ်ႏိုင္မႈမ်ားသည္ တိုက္ပြဲအဆုံးအျဖတ္ကို မ်ားစြာအေထာက္အကူျဖစ္ေစေၾကာင္း၊ မိမိတို႔တပ္မေတာ္ကို စြမ္းရည္ထက္ျမက္သည့္ ေခတ္မီတပ္မေတာ္ Standard Army အျဖစ္ ရည္မွန္းခ်က္ ထား ဖြဲ႕စည္းတည္ေဆာက္ရာတြင္ စစ္မႈသိပၸံႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးကို အေလးထား ေဆာင္႐ြက္ၾကရမည့္လုပ္ငန္းစဥ္ျဖစ္ေၾကာင္း။

ထို႔ေၾကာင့္ ေခတ္မီတပ္မေတာ္တည္ေဆာက္ေနသည့္ မိမိတို႔တပ္မေတာ္တြင္ စစ္မႈသိပၸံႏွင့္နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးကို စဥ္ဆက္မျပတ္ ေလ့လာေဆာင္႐ြက္ သြားၾကရန္လိုအပ္ေၾကာင္း။

စစ္မႈသိပၸံႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရာတြင္ နယ္ပယ္ အလိုက္ သုေတသနလုပ္ငန္းမ်ားျပဳလုပ္ရန္ လိုအပ္သကဲ့သို႔ ယင္းသို႔ေဆာင္႐ြက္ ႏိုင္ေအာင္ အရည္အေသြးျပည့္၀သည့္ တပ္မေတာ္သားစြမ္းအားအရင္းအျမစ္မ်ား ကိုလည္း ေလ့က်င့္ပ်ိဳးေထာင္ေပးၾကရမည္ျဖစ္ေၾကာင္း၊ နည္းပညာဆိုသည္မွာ တစ္ဦးခ်င္းစြမ္းစြမ္းတမံ အားထုတ္ႀကိဳးပမ္းရသကဲ့သို႔ အဖြဲ႕လိုက္စုေပါင္းႀကိဳးပမ္းတီထြင္ ၾကရန္လည္း လိုအပ္ေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးမႈကို လူ႔စြမ္းအားအရင္းအျမစ္မ်ားျဖင့္သာ တည္ေဆာက္ ႏိုင္သည့္နည္းတူ စြမ္းရည္ရွိေသာ စံျပဳတပ္မေတာ္ကိုလည္း စစ္သည္စြမ္းအားအရင္း အျမစ္မ်ားျဖင့္သာ တည္ေဆာက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ယင္းေဆာင္႐ြက္ရာတြင္ မိမိတို႔ တပ္မေတာ္အေနႏွင့္ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္အညီ တပ္မေတာ္သားစြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးေရးမူဝါဒ (HR Policy ) ခ်မွတ္ျခင္း၊ ဖြံ႕ၿဖိဳးတိုးတက္ေရး အစီအစဥ္မ်ား (HRD Programme ) အေကာင္အထည္ေဖာ္ျခင္း၊ ေလ့က်င့္ပ်ိဳးေထာင္ထား သည့္ တပ္မေတာ္သား စြမ္းအားအရင္းအျမစ္မ်ားကို သက္ဆိုင္ရာ ပညာရပ္နယ္ပယ္ အသီးသီးတြင္ မွန္ကန္စြာ ခန႔္ခြဲတာဝန္ေပးအပ္ျခင္း (HR Management) တို႔ကို စနစ္တက် ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔တပ္မေတာ္အေနႏွင့္ သုေတသနႏွင့္ လူ႔စြမ္းအားအရင္းအျမစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္ရာတြင္ လက္ေတြ႕ နယ္ပယ္အတြက္ အက်ိဳးျပဳႏိုင္မည့္ အရည္အေသြးျပည့္၀သည့္ အင္ဂ်င္နီယာပညာ ေရးစနစ္ကို ေဖာ္ေဆာင္ ေလ့က်င့္သြားရန္လိုေၾကာင္း။

အရည္အေသြးျပည့္၀သည့္ အင္ဂ်င္နီယာပညာေရးစနစ္ကသာလွ်င္ လူမႈစီးပြား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အပံ့ေပးႏိုင္သည့္ အင္ဂ်င္နီယာမ်ား ေမြးထုတ္ ေပးႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံတကာအဆင့္မီအင္ဂ်င္နီယာပညာရွင္ မ်ားအျဖစ္ ေမြးထုတ္ႏိုင္ရန္ တပ္မေတာ္နည္းပညာတကၠသိုလ္အေနႏွင့္ အေျခခံအက် ဆုံးႏွင့္ အေရးပါဆုံးလုပ္ငန္းစဥ္ျဖစ္သည့္ အရည္အေသြး စိစစ္အသိအမွတ္ျပဳျခင္း (Accreditation) အတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္ကို ျဖတ္သန္းႀကဳံေတြ႕ခဲ့ ရၿပီးျဖစ္ေၾကာင္း။

မ်က္ေမွာက္ေခတ္အင္ဂ်င္နီယာပညာေရး၏ သေဘာသဘာ၀သည္ သီအိုရီ အေျခခံၿပီး လက္ေတြ႕အေျခအေနႏွင့္ဆက္စပ္စဥ္းစားေတြးေခၚကာ လူမႈဘ၀အတြက္ အသုံးဝင္မည့္တီထြင္မႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သဘာ၀ တရားထဲတြင္ ငုပ္ေနသည့္စြမ္းအားသစ္မ်ားကို စူးစမ္းရွာေဖြေဖာ္ထုတ္သည့္ နည္းပညာ ရရွိေအာင္ ႀကိဳးစားၾကရန္လိုအပ္ေၾကာင္း၊ အင္ဂ်င္နီယာပညာဒႆန (Engineering Philosophy) အရ မိမိတို႔တတ္ေျမာက္ထားသည့္ ပညာရပ္မ်ားကို မိမိတို႔ႏိုင္ငံႏွင့္ တပ္မေတာ္အတြက္ ဘယ္လိုအက်ိဳးရွိရွိအသုံးျပဳမလဲဆိုသည္ကို အၿမဲႀကံဆ လုပ္ေဆာင္ေနရမည္ပင္ျဖစ္ေၾကာင္း၊ ထိုသို႔ေလ့လာစူးစမ္းမႈမ်ားကို ဇြဲႀကီးႀကီးျဖင့္ ထပ္ခါတလဲလဲ ျပဳလုပ္သူသည္ တီထြင္မႈလမ္းေၾကာင္းေပၚကို ေရာက္ရွိသြားမည္ျဖစ္ၿပီး တပ္မေတာ္ႏွင့္ႏိုင္ငံေတာ္က အားထားရသည့္ အတတ္ပညာရွင္၊ အသိပညာရွင္ မ်ားအျဖစ္ ရပ္တည္လာႏိုင္မည္ျဖစ္ေၾကာင္း။

အင္ဂ်င္နီယာအရာရွိေလာင္းမ်ားအား အင္ဂ်င္နီယာဘာသာရပ္မ်ားကို ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းမီ သင္ၾကားေလ့က်င့္ေပးလိုက္ၿပီး စစ္ဘက္ေခါင္းေဆာင္ငယ္မ်ား အျဖစ္ တာဝန္ထမ္းေဆာင္ရန္အတြက္လည္း စစ္နည္းဗ်ဴဟာႏွင့္စစ္အတတ္ ပညာမ်ားကို တတ္ကြၽမ္းေအာင္ သင္ၾကားေပးလိုက္ၿပီးျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္တြင္ မည္သည့္တပ္ဖြဲ႕တြင္ တာဝန္ထမ္းေဆာင္သည္ျဖစ္ေစ ေျခလ်င္တပ္ဖြဲ႕ဝင္မ်ားကဲ့သို႔ စစ္ေရး အသိ၊ စစ္ေရးသတိရွိစြာျဖင့္ တိုက္ပြဲဝင္ႏိုင္စြမ္းရွိရန္လိုအပ္ေၾကာင္း။

အင္ဂ်င္နီယာအရာရွိမ်ားအေနျဖင့္ စစ္ဆင္ေရးတာဝန္မ်ား ထမ္းေဆာင္ရခ်ိန္တြင္ ေပးအပ္သည့္တာဝန္မ်ားကို ေက်ပြန္ေစရန္သင္ၾကားေပးလိုက္သည့္ စစ္နည္းဗ်ဴဟာမ်ားကို ပိုင္ႏိုင္စြာက်င့္သုံးၿပီး တိုက္ပြဲမ်ားကို ေခါင္းေဆာင္ႏိုင္သည့္ အတတ္ပညာရွင္ စစ္ဘက္ေခါင္းေဆာင္မ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္လိုေၾကာင္း၊ အထူးသျဖင့္ စစ္အေျခခံသေဘာတရားျဖစ္သည့္ ခ်ီစစ္၊ တိုက္စစ္၊ ခံစစ္၊ ခြာစစ္က႑မ်ားတြင္ စစ္အင္ဂ်င္နီယာလုပ္ငန္းမ်ား ထိေရာက္စြာေဆာင္႐ြက္ႏိုင္ရန္ အင္ဂ်င္နီယာ အတတ္ပညာႏွင့္ စစ္မႈအတတ္ပညာမ်ားကို ေပါင္းစပ္က်င့္သုံးၾကရမည္ျဖစ္ေၾကာင္း။

စစ္သိပၸံႏွင့္ နည္းပညာရပ္ပိုင္းဆိုင္ရာ တစ္ဟုန္ထိုးတိုးတက္ေနသည့္ေခတ္တြင္ မိမိဝါသနာပါရာ မိမိတတ္ကြၽမ္းထားသည့္ ပညာရပ္မ်ားကို လက္ရွိအဆင့္တြင္ ေက်နပ္ႏွစ္သိမ့္မႈရွိမေနဘဲ ဆက္လက္ေလ့လာၾကရန္လိုေၾကာင္း၊ ေလ့လာမႈဆိုသည္ အသိပညာ တိုးပြားလာ႐ုံမွ်သာရွိၿပီး လက္ေတြ႕လုပ္ေဆာင္မွသာ အတတ္ပညာရရွိ မည္ျဖစ္ေၾကာင္း၊ လက္ေတြ႕လုပ္ေဆာင္မႈမ်ား မ်ားလာသည္ႏွင့္အမွ် အသိပညာမ်ားလည္း ဆင့္ကဲတိုးပြားလာမည္ျဖစ္ေၾကာင္း၊ တစ္ဖန္ဆင့္ကဲတိုးပြားလာသည့္ အသိပညာကို လက္ေတြ႕စူးစမ္းၿပီး ဆန္းသစ္မႈမ်ားမွတစ္ဆင့္ရလာသည့္ ေခတ္မီလက္နက္မ်ားကို စစ္ေျမျပင္တြင္ ကြၽမ္းက်င္စြာကိုင္ေဆာင္ၿပီး တိုက္ပြဲဝင္ႏိုင္ရန္အတြက္ ႀကိမ္ဖန္မ်ားစြာေလ့က်င့္ၾကရန္လည္းလိုေၾကာင္း၊ ထို႔အျပင္ ေလ့က်င့္ သင္ၾကားေပးလိုက္သည့္ စစ္အတတ္ပညာမ်ား၊ အေျခခံသေဘာတရားမ်ား၊ စစ္ေျမျပင္ထိေတြ႕တိုက္ခိုက္မႈစည္းမ်ဥ္း (ROE)မ်ား၊ စစ္သည္ေတာ္က်င့္ဝတ္မ်ား၊ အင္ဂ်င္နီယာက်င့္ဝတ္မ်ားကိုလည္း လိုက္နာေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ “ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ” ဆိုသည့္ ေလ့က်င့္ေရးေဆာင္ပုဒ္အတိုင္း တိက်စြာျပဳမူေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္း။

တပ္မေတာ္၏ တိုက္စြမ္းရည္ျမင့္မားေရးအတြက္ ႐ုပ္ပိုင္း၊ စိတ္ပိုင္း ေကာင္းမြန္ ေနရန္လည္းလိုအပ္ေၾကာင္း၊ ႐ုပ္ပိုင္းက႑ကို အျမင္အားျဖင့္ ေဖာ္ေဆာင္ရာတြင္ အင္ဂ်င္နီယာတပ္ဖြဲ႕၏ တည္ေဆာက္ေရးလုပ္ငန္းမ်ားလည္း ပါဝင္ေၾကာင္း၊ ယင္းလုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္သည့္ေနရာတြင္ နည္းပညာ၊ စက္မႈပညာ၊ စစ္ဘက္စက္မႈပညာ၊ အေဆာက္အဦပညာ စသည့္နယ္ပယ္အသီးသီး၏ သုေတသနျပဳလုပ္ရမည့္အဆင့္မွ လုပ္ငန္းၿပီးစီးေအာင္ တည္ေဆာက္ရသည့္အဆင့္အထိ က႑မ်ားတြင္ က်ရာအခန္းက႑ကေန ပါဝင္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္ရန္အတြက္လည္း ယုံၾကည္ခ်က္၊ ခံယူခ်က္ျပည့္၀စြာႏွင့္ က်င့္ႀကံေနထိုင္သြားရန္လိုအပ္ေၾကာင္း၊ စစ္စည္းကမ္းေကာင္းမြန္မႈႏွင့္ အမိန႔္နာခံတတ္မႈမ်ားသည္ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈအတြက္ အေရးႀကီးသည့္လိုအပ္ ခ်က္မ်ားပင္ ျဖစ္ေၾကာင္း။

တပ္မေတာ္၏ စစ္အင္ဂ်င္နီယာေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ရာတြင္ မိမိတို႔ကြပ္ကဲရမည့္လက္ေအာက္တပ္ဖြဲ႕ဝင္မ်ားကို မွန္ကန္သည့္ ေခါင္းေဆာင္မႈေပးႏိုင္ရန္ လိုေၾကာင္း၊ ေခါင္းေဆာင္မႈအတတ္ပညာသည္ ႏိုင္ငံတိုင္း၊ လူမ်ိဳးတိုင္းအတြက္ အသက္တမွ်အေရးႀကီးသည့္ လိုအပ္ခ်က္ျဖစ္ေၾကာင္း၊ မိမိတပ္ဖြဲ႕ကို မွန္ကန္သည့္ဦးေဆာင္မႈေပးႏိုင္ရန္ မိဘသဖြယ္စိတ္ဓာတ္သည္ အဓိက က်င့္သုံးရမည့္စိတ္ဓာတ္ပင္ျဖစ္ၿပီး လက္ေအာက္ငယ္သားမ်ားအေပၚတြင္ ေက်ာသား ရင္သားမခြဲျခားဘဲ မွန္ကန္စြာေခါင္းေဆာင္မႈေပးျခင္းျဖင့္ လက္ေအာက္ငယ္သားမ်ား၏ ခ်စ္ေၾကာက္႐ိုေသအားကိုးမႈကို ရယူၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ေခါင္းေဆာင္ေကာင္းပီသစြာႏွင့္ လက္ေအာက္ကို မွန္ကန္စြာကြပ္ကဲအုပ္ခ်ဳပ္သကဲ့သို႔ အထက္ကေပးအပ္သည့္ အမိန႔္ႏွင့္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ႏိုင္ခဲ့သည့္ ေနာက္လိုက္ေကာင္းတစ္ေယာက္အျဖစ္ က်င့္ႀကံေဆာင္႐ြက္၍ တပ္မေတာ္က အားထားရသည့္ အင္ဂ်င္နီယာအရာရွိေကာင္းမ်ားျဖစ္လာေအာင္ ႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရန္ အေလးထားမွာၾကားလိုေၾကာင္း။

အနာဂတ္ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အင္ဂ်င္နီယာေခါင္းေဆာင္မ်ား အျဖစ္ပါဝင္ထမ္းေဆာင္ၾကမည့္သူမ်ားသည္ ႐ုပ္ပိုင္း၊ စိတ္ပိုင္းႀကံ့ခိုင္ေနရန္လည္း လိုအပ္မည္ျဖစ္ေၾကာင္း၊ သို႔မွသာလ်င္ တပ္မေတာ္၏ရည္မွန္းခ်က္တာဝန္မ်ားကို ေအာင္ျမင္ေအာင္ ထမ္းေဆာင္ႏိုင္ၾကမည္ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ေနထိုင္ စားေသာက္ၿပီး ႀကံ့ခိုင္ေအာင္ ေလ့က်င့္ၾကရမည္ျဖစ္ေၾကာင္း၊ “ေလ့က်င့္မွ ကြၽမ္းက်င္၊ ကြၽမ္းက်င္မွယုံၾကည္၊ ယုံၾကည္မွ ရဲရင့္၊ ရဲရင့္မွ ေအာင္ပြဲဆင္” ဆိုသည့္ေဆာင္ပုဒ္ႏွင့္အညီ တာဝန္က်ရာ တပ္ရင္း၊ တပ္ဖြဲ႕မ်ားရွိ စစ္သည္၊ မိသားစုဝင္မ်ားအားလုံးကို ကြၽမ္းက်င္မႈရွိေအာင္၊ ရဲစြမ္းသတၱိရွိေအာင္လည္း ဦးေဆာင္ေလ့က်င့္ၿပီး ရည္မွန္း ခ်က္တာဝန္မ်ားကို ေအာင္ျမင္ေအာင္ ထမ္းေဆာင္သြားၾကရန္လိုေၾကာင္း။

မိမိတို႔တပ္မေတာ္၏ အဓိကတာဝန္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ျဖစ္သည့္အတြက္ တပ္မေတာ္သားမ်ားအေနျဖင့္ “စစ္ေရးစြမ္းရည္၊ စည္း႐ုံးေရး စြမ္းရည္၊ အုပ္ခ်ဳပ္ေရးစြမ္းရည္” ဆိုသည့္ စြမ္းရည္သုံးရပ္အထူးျပည့္၀ေနရန္လိုအပ္ေၾကာင္း၊ စစ္ေရးစြမ္းရည္ တိုးတက္ေစရန္၊ ေကာင္းမြန္ထက္ျမက္သည့္ တိုက္ခိုက္ေရးစြမ္းအား (Fighting Power) ရရွိေစရန္ စစ္ေရးအယူအဆႏွင့္ စစ္နည္းဗ်ဴဟာဆိုင္ရာ အစိတ္အပိုင္းမ်ား(Conceptual Component )၊ ႐ုပ္ပိုင္းဆိုင္ရာအစိတ္အပိုင္းမ်ား (Physical Component )၊ စိတ္ပိုင္းဆိုင္ရာအစိတ္အပိုင္းမ်ား(Moral Component ) စသည္မ်ား ျပည့္စုံထက္ျမက္ေနရန္ ေလ့က်င့္ေရးကိုအေျခခံၿပီး ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္၏ ေလ့က်င့္ေရးဆိုင္ရာမူဝါဒမ်ား ျဖစ္သည့္ “က်န္းမာႀကံ့ခိုင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္” ဆိုသည့္ ရည္မွန္းခ်က္မ်ားကို တိတိက်က်ႀကိဳးစားေလ့က်င့္ၿပီး စစ္ေရးစြမ္းရည္တိုးတက္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။

အုပ္ခ်ဳပ္ေရးစြမ္းရည္ ေကာင္းမြန္ေစရန္အတြက္လည္း စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားကို ကြၽမ္းက်င္ႏွံ႔စပ္ပိုင္ႏိုင္ေအာင္ ေလ့လာသြားရန္ လိုအပ္ေၾကာင္း၊ မိမိတာဝန္ယူထားသည့္တပ္ဖြဲ႕မ်ားကို အုပ္ခ်ဳပ္မႈညီၫြတ္ မွ်တေစရန္ အေလးထားေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး တပ္တြင္းစည္းလုံးညီၫြတ္ေရး ထိခိုက္ပ်က္စီးေစသည့္အျပဳအမူမ်ားကိုလည္း ေရွာင္ရွားသြားၾကရန္လိုေၾကာင္း၊ မိမိကြပ္ကဲရသည့္ တပ္ဖြဲ႕မ်ား၏ သက္သာေခ်ာင္ခ်ိေရးကို အေလးထားေဆာင္႐ြက္ ေပးရန္လိုအပ္ၿပီး သက္သာေခ်ာင္ခ်ိေရးေကာင္းသည္ႏွင့္အမွ် စိတ္ဓာတ္စည္းကမ္း သည္လည္း ေကာင္းလာမည္ျဖစ္ေၾကာင္း၊ စိတ္ဓာတ္စည္းကမ္းေကာင္းမြန္သည့္တပ္သည္ အရာရာတြင္ စည္းလုံးညီၫြတ္စြာ ေဆာင္႐ြက္ႏိုင္ၿပီး ေအာင္ျမင္မႈမ်ား ရရွိႏိုင္ခဲ့သည္ကို ကမာၻ႔စစ္သမိုင္းမ်ားေလ့လာၾကည့္လွ်င္ အထင္အရွားေတြ႕ျမင္ရမည္ပင္ျဖစ္ ေၾကာင္း။

စည္း႐ုံးေရးစြမ္းရည္ျပည့္၀ေစရန္ ႀကိဳးစားတည္ေဆာက္ရာတြင္ တပ္တြင္း၊ တပ္ျပင္ စည္း႐ုံးေရးကို ဟန္ခ်က္ညီေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း၊ စည္း႐ုံးေရး လုပ္ျခင္းသည္ အင္အားတည္ေဆာက္ျခင္းျဖစ္၍ တပ္တြင္းစည္းလုံးညီၫြတ္မႈရွိေအာင္ မိမိတာဝန္က်ရာ တပ္ရင္း၊တပ္ဖြဲ႕ရွိ အရာရွိ၊ အရာခံ၊ အၾကပ္၊ စစ္သည္၊ မိသားစုဝင္မ်ားကို တစည္းတလုံးတည္းျဖစ္ေအာင္ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ စည္း႐ုံးေရးစြမ္းရည္က်ဆင္းပါက အုပ္ခ်ဳပ္ေရးစြမ္းရည္ႏွင့္ စစ္ေရးစြမ္းရည္ပါ က်ဆင္းလာမည္ျဖစ္သည့္အတြက္ တပ္တြင္း စည္းလုံးညီၫြတ္မႈပိုမိုက်စ္လ်စ္ခိုင္မာ ေအာင္ အေလးထားေဆာင္႐ြက္ၾကရန္လိုအပ္ေၾကာင္း။

ထို႔ျပင္ တပ္ျပင္စည္း႐ုံးေရးအတြက္ စစ္သည္ေတာ္က်င့္ဝတ္ႏွင့္အညီ ေနထိုင္ က်င့္ႀကံၿပီး မိမိနယ္ေျမအလိုက္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေပးျခင္း၊ သဘာ၀ေဘးအႏၲရာယ္မ်ားႏွင့္ရင္ဆိုင္ရပါက အခ်ိန္ႏွင့္တစ္ေျပးညီ ကူညီေဆာင္႐ြက္ ေပးျခင္း၊ ျပည္သူလူထု၏ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးဆိုင္ရာကူညီေစာင့္ေရွာက္ ေရးလုပ္ငန္းမ်ားတြင္ အားတက္သေရာကူညီလုပ္ကိုင္ျခင္း စသည့္စည္း႐ုံးေရးလုပ္ငန္း မ်ားကို ႀကိဳးပမ္းေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္း။

မိမိတို႔တပ္မေတာ္ကို Standard Army အျဖစ္ရည္မွန္းခ်က္ထား တည္ေဆာက္ရာတြင္ အင္ဂ်င္နီယာတပ္ဖြဲ႕၏ အခန္းက႑သည္အေရးႀကီးေသာေၾကာင့္ ေခတ္ႏွင့္အညီ တိုးတက္ေျပာင္းလဲေနသည့္ နည္းပညာရပ္မ်ားကို ႏိုင္ငံတကာအျမင္ ႏွင့္ေပါင္းစပ္ၿပီး မ်က္ျခည္မျပတ္ ႀကိဳးစားေလ့လာသင္ယူၾကရန္လိုေၾကာင္း၊ အရည္အေသြးျပည့္၀သည့္ အင္ဂ်င္နီယာပညာေရးစနစ္ကသာ အရည္အခ်င္းရွိသည့္ အင္ဂ်င္နီယာမ်ားကို ေမြးထုတ္ေပးႏိုင္မည္ျဖစ္သည့္အတြက္ မိမိတို႔တပ္မေတာ္၏ အင္ဂ်င္နီယာပညာေရးစနစ္ႏွင့္ အရည္အေသြးအာမခံမႈကို ႏိုင္ငံတကာအဆင့္အသိအမွတ္ျပဳႏိုင္ေရး ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားၾက ရန္လိုေၾကာင္း၊ တပ္မေတာ္၏ ေလ့က်င့္ေရးဆိုင္ရာရည္မွန္းခ်က္မ်ားျဖစ္သည့္ “က်န္းမာ ႀကံ့ခိုင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္” ဆိုသည့္ ရည္မွန္းခ်က္မ်ားကို ေအာင္ျမင္ေစရန္ မိမိတို႔၏ေဆာင္႐ြက္ရမည့္ ပုံမွန္ေလ့က်င့္ေရး ေဆာင္႐ြက္မႈမ်ားကို မွန္မွန္ကန္ကန္လုပ္ေဆာင္ၿပီး တပ္မေတာ္၏ တိုက္စြမ္းရည္၊ တိုက္စြမ္းအားကို ျမႇင့္တင္ႏိုင္ေရးႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ စည္းကမ္း လိုက္နာမႈ အရာတြင္ စံနမူနာျပျဖစ္ၿပီး “က်င့္ဝတ္၊ တီထြင္ ၊ စြမ္းအားရွင္”ဆိုသည့္ ေဆာင္ပုဒ္ႏွင့္အညီ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္က အားကိုးအားထားရသည့္ အင္ဂ်င္နီယာအရာရွိေကာင္း မ်ားျဖစ္ေအာင္ ႀကိဳးစားၾကရန္လိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္း ကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္နည္းပညာ တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း(၃) ဦးကို ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္စြာ ေအာင္ ျမင္ခဲ့ၾကသည့္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ဝမ္းသာဂုဏ္ယူ ေၾကာင္းႏွင့္ ဘ၀တစ္ေလွ်ာက္လုံးဆက္လက္ႀကိဳးစားသြားၾကေစလိုေၾကာင္း၊ ပထမႏွစ္ မွ ေနာက္ဆုံးႏွစ္အထိ ၆ ႏွစ္တာကာလအတြင္း ႀကိဳးစားအားထုတ္မႈ၊ မိမိကိုယ္ကိုယ္ ေစာင့္ထိန္းႏိုင္မႈ၊ မဆုတ္မနစ္ေသာ ဇြဲ၊ လုံ႔လတို႔ျဖင့္ ထူးခြၽန္စြာေက်ာင္းဆင္းႏိုင္ ေရး ႏွစ္ရွည္လမ်ားထိန္းသိမ္းေဆာင္႐ြက္ခဲ့ျခင္းသည္ တန္ဖိုးရွိသည့္ လုပ္ေဆာင္မႈ တစ္ခုျဖစ္သည့္အတြက္ ဆက္လက္ထိန္းသိမ္းသြားၾကေစလိုေၾကာင္း၊ ရည္မွန္းခ်က္ ရွိရွိျဖင့္ ႀကိဳးစားအားထုတ္ခဲ့ျခင္းေၾကာင့္ျဖစ္ၿပီး ရရွိၿပီးသည့္ ေကာင္းမြန္သည့္ အေျခခံ ေကာင္းမ်ား၊ အေလ့အက်င့္ေကာင္းမ်ားကို ဆက္လက္ေမြးျမဴသြားရန္လိုေၾကာင္း၊ ပတ္ဝန္းက်င္၏ ေစ့ေဆာ္မႈမ်ားသည္ ဘ၀၏ အေကာင္း၊ အဆိုးကို ဖန္တီးႏိုင္သည္ ျဖစ္ေသာေၾကာင့္ အသိတရား၊ သတိတရားျဖင့္ မိမိကိုယ္ကိုယ္ ထိန္းသိမ္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ေနာက္ဆုံးႏွစ္ကာလအတြင္း COVID-19 ေရာဂါ ျဖစ္ပြားခဲ့သျဖင့္ တပ္ျပင္ထြက္ခြင့္မရရွိခဲ့ၾကေၾကာင္းႏွင့္ တစ္ႏွစ္တာကာလလုံး သည္းခံႏိုင္မႈ အျပည့္ျဖင့္ တပ္တြင္း၌ပင္ေနထိုင္၍ စာေပပညာ၊ စစ္ပညာမ်ား ေလ့လာခဲ့ျခင္း သည္ စိတ္ဓါတ္ႀကံ့ခိုင္မႈႏွင့္ မိမိကိုယ္ကိုယ္ ေစာင့္ထိန္းႏိုင္မႈမ်ားကို ျပသခဲ့ျခင္းပင္ ျဖစ္ေၾကာင္း၊ ယခုထူးခြၽန္ဆု ရရွိသူမ်ား၏ မိဘမ်ားအေနျဖင့္ သာမာန္မိသားစုမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္ၿပီး ယခုအေျခအေနေရာက္သည္အထိ ျပဳစုပ်ိဳးေထာင္ေပးခဲ့ သည့္ မိဘမ်ား၏ေက်းဇူးကို မေမ့ရန္ႏွင့္ ေက်းဇူးဆပ္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကိုယ္ လူေကာင္းသူေကာင္း ျဖစ္ေစရန္ႏွင့္ ရည္မွန္းခ်က္မ်ားကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းသည္ ေက်းဇူးဆပ္ျခင္းပင္ျဖစ္ၿပီး ႏႈတ္အားစိတ္အားျဖင့္ လည္းေကာင္း၊ လစာေငြမွတတ္ႏိုင္သေ႐ြ႕ ေထာက္ပံ့ျခင္းျဖင့္လည္းေကာင္း မိဘ ေက်းဇူးကို ဆပ္ၾကရမည္ျဖစ္ေၾကာင္း၊ အလားတူ တပ္မေတာ္အေပၚ သစၥာေစာင့္သိ ၾကရမည္ျဖစ္ေၾကာင္း၊ တာဝန္က်ရာ တပ္အသီးသီးသို႔ ေရာက္ရွိတာဝန္ထမ္းေဆာင္ ရာတြင္လည္း ႀကိဳးစားအားထုတ္မႈႏွင့္ အမိန႔္နာခံမႈရွိကာ အထက္ကေပးအပ္လာသည့္ တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ၾကရန္လိုေၾကာင္း၊ စစ္ဆင္ေရးသာမက အျခားမည္သည့္ကိစၥကို ေဆာင္႐ြက္သည္ျဖစ္ေစ မျဖစ္ျဖစ္ေအာင္ႀကိဳးစား ေဆာင္ ႐ြက္မည္ဆိုသည့္ စိတ္ဓာတ္ကိုေမြးျမဴၾကရန္လိုေၾကာင္း၊ တပ္မေတာ္ႏွင့္ တိုင္းျပည္အေပၚသစၥာရွိစြာျဖင့္ မိမိအလုပ္ကို မွန္မွန္ကန္ကန္တာဝန္ေက်ပြန္ေအာင္ လုပ္ေဆာင္၍ မိမိတို႔၏ရည္မွန္းခ်က္ကို ေအာင္ျမင္ေအာင္ မိမိကိုယ္ကိုေစာင့္ထိန္းၿပီး ႀကိဳးပမ္းေဆာင္႐ြက္သြားၾကေစလိုေၾကာင္းျဖင့္ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။