(၄၆)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ချစ်ခင်လေးစားရပါသော ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၄၆)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ပြည် နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းကောင်းကျိုး မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်း အပ်ပါသည်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၆) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်ပြည်နယ်အဖြစ် ပြဋ္ဌာန်းပြီး နောက် အတည်ပြုနိုင်ရေး ဆန္ဒခံယူပွဲကျင်းပခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့ကို အစွဲပြုရာမှ ရခိုင်ပြည်နယ် နေ့ဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါသည်။ ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ဖွဲ့စည်းထားသည့်အားလျော်စွာ ရခိုင်ပြည်နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်သည် ရှေးဘုရင်များအဆက်ဆက်မှ ရှည်လျားသည့် သမိုင်းကြောင်းတို့နှင့်အတူ ဂုဏ်ယူ ဝင့်ကြွားစရာ သမိုင်းမှတ်တမ်းများနှင့် ပြည့်နှက်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ခဲ့ပါသည်။ ရှည်လျားသည့် ကမ်းရိုးတန်းတစ်လျှောက် အဖိုးတန် မြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ ကျွန်းများ ပြည့်နှက်လျက်ရှိပြီး တိုင်းပြည် အတွက် အဖိုးတန် သဘာဝထွက်ကုန်များကို ဖန်တီးပေးနေသော ဒေသတစ်ခုလည်းဖြစ်ပါသည်။ ရခိုင်ရိုးမ တောင်တန်းကြီးနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များသည် သဘာဝကပေးသည့် အမွေများဖြစ်ပြီး ထိုမှတစ်ဆင့် ဆန်၊ ရေ၊ စပါး၊ သား၊ ငါးနှင့် သဘာဝသယံဇာတများကို ရရှိစေခဲ့ပါသည်။ ရခိုင်ပြည်နယ်အတွင်း ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို(ခမီ)နှင့် မရမာကြီးတို့နေထိုင်ကြပြီး တိုင်းရင်းသား အားလုံးသည် လူမျိုးဓလေ့အရ အသွေး အရောင်တို့ အနည်းငယ်ကွဲပြားကြသော်လည်း အားလုံးသည် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီနောင်များ ဖြစ်ကြပါသည်။ ရှေးဘုရင်များလက်ထက်မှ လွတ်လပ်ရေး ကြိုးပမ်းမှုကာလအထိ ရခိုင်တိုင်းရင်းသားများ အတွင်းမှ ဇာတိပုညဂုဏ်မာနကို တန်ဖိုးထားသူများ အစဉ်အဆက်ပေါ်ထွက်ခဲ့ကြပါသည်။ အာဇာနည် အရှင် သူမြတ် ဦးဥတ္တမသာရသည် ရခိုင်ပြည်နယ်က ပေါ်ထွန်းခဲ့ခြင်းဖြစ်ပါသည်။

ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် အစရှိသည့် ခေတ်အသီးသီးတွင်လည်း သမိုင်းဝင် ကျောက် စာများ၊ ရဟန်းစာဆို၊ လူစာဆိုများပေါ်ထွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ မျက်မှောက်ခေတ်တွင်လည်း ရခိုင်လူမျိုးပညာရှိများ၊ ပညာရှင်များသည် နိုင်ငံ့အကျိုးကို ထမ်းဆောင်လျက်ရှိပါသည်။ ချစ်စရာစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့်ပြည့်နှက်နေသည့် ရခိုင်ပြည်နယ်ကို ခေတ်အဆက်ဆက် နိုင်ငံ့အစိုးရများက အခြားသော ပြည်နယ်များနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ သဘာဝ ပထဝီအနေအထားအရ ရခိုင်ရိုးမနှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင် အတားအဆီးများကြောင့် သွားလာရေးခက်ခဲ သည့် ရခိုင်ပြည်နယ်ကို နောက်ကျကျန်မနေစေရန် တပ်မတော်အစိုးရ လက်ထက်တွင်လည်း အထူး အလေး ထား၍ မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်း၊ မင်းဘူး၊ အမ်း၊ စစ်တွေ ပြည်ထောင်စု လမ်းမကြီး ကဲ့သို့ လမ်းသစ်များတိုးချဲ့ ဖောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း ချစ်ခင်စည်းလုံးမှုကို တိုးပွားစေခဲ့ပါသည်။

တပ်မတော်အနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသည့် လူမှုဘဝတိုးတက်မှု လုပ်ငန်းစဉ်များ ကိုသာမက အရေးပေါ်သဘာ၀ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း နိုင်ငံတော်အစိုးရနှင့် အတူ လက်တွဲညီညီ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ယနေ့ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကပ်ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် ဆေးဝါးကုသရေး အသုံးအဆောင်ပစ္စည်းများကို စေတနာထက်သန်စွာ ပေးအပ်လှူဒါန်းခြင်း၊ ပါရဂူအပါအဝင် ဆေးအဖွဲ့များ စေလွှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေတချို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးစေလိုသည့့် ULA/AA အဖွဲ့ရဲ့ကြေညာချက်အပေါ် မိမိတို့တပ်မတော်အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့် ဆောင်ရွက်မှုများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ သဘာဝကပေးထားသည့် အဖိုးတန်လက်ဆောင်များနှင့် ပြည့်နှက်နေသည့် ရခိုင်ပြည်နယ်ကို အကြောင်းတရားမျိုးစုံနှင့် ချဉ်းကပ်လာသည့် မတရားမှုတိုင်းအတွက် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားကာ အကာအကွယ်ပေးသွားမည်ဖြစ်ပါသည်။

တပ်မတော်၏ သမိုင်းပေးတာဝန်လည်း ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင် ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးစေရေးကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှကြိုးစားပုံဖော်လျက်ရှိပါသည်။ အခက်အခဲများကြုံလာတိုင်း မလျှော့သော ဇွဲ၊ လုံ့လများ နှင့် ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားခဲ့ကြသည့် ရခိုင်တိုင်းရင်းသားများ၏ အနိုင်မခံအရှုံးမပေးတတ်သည့် စိတ် ဓာတ်ကောင်းများကို အသိအမှတ်ပြုပါကြောင်းဖြင့် ပြောကြားလိုပါသည်။

ယခုဆိုလျှင် မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်မြို့တော်ဖြစ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ဒေသသည် မြတ်ဗုဒ္ဓ၏သာသနာ ထွန်းလင်း တောက်ပခဲ့ သည့် ဒေသတစ်ခုလည်းဖြစ်ပါသည်။ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနှင့် သံလွင်တို့ကဲ့သို့ပင် ရခိုင်ပြည်နယ် အတွင်းတွင်ရှိသည့် လေးမြို့မြစ်၊ ကစ္ဆပနဒီမြစ်တို့သည်လည်း မိမိတို့ဒေသ၏ အသက်သွေးကြောများဟု ဆိုနိုင်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းတွင်ရှိသည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် မတူညီသည့် ရိုးရာ၊ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များရှိကြပါသည်။ မတူကွဲပြားကြသော်လည်း အားလုံးသည် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ပုံရိပ်များပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ သမိုင်းမှတ်ကျောက်များ နှင့် ပြည်ထောင်စုနိုင်ငံတော်ကြီးကို မိမိတို့၏ဘိုးဘွားများက အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာဖြင့် ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်သဖြင့် တည်ရှိပြီးသား ပိုင်နက်နယ်မြေ၊ ယဉ်ကျေးမှုများ ယုတ်လျော့မသွားစေရန် ဥမကွဲ၊ သိုက်မပျက် စည်းလုံးညီညွတ်စွာ အမွေဆက်ခံသွားကြရမည်မှာ မိမိတို့အားလုံး၏ တာဝန်ပင်ဖြစ်ပါ သည်။ မလိုလားအပ်သည့် ဒေသစွဲ၊ လူမျိုးစွဲစိတ်များသည် တိုင်းပြည်တိုးတက်ရေးလမ်းကြောင်းအတွက် အဟန့်အတားများဖြစ်သည်ကို လေးလေးနက်နက်သတိမူကြရန် လိုအပ်ပါသည်။ နိုင်ငံ့စီးပွားရေး၊ လူမှုရေး၊ ပထဝီအနေအထားအရ အရေးပါလှသည့် ဒေသတစ်ခုဖြစ်သည်နှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အစဉ် သတိမူပြီး မိမိနိုင်ငံအမျိုးသားစီးပွားသာ ပထမဆိုသည့်အသိတရားကို လက်ကိုင်ထားကြရန် လိုအပ်ပါသည်။

သမိုင်းအစဉ်အလာကောင်းများနှင့်ပြည့်စုံလှသည့် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားညီအစ်ကိုမောင်နှမများ အားလုံး အမိမြန်မာနိုင်ငံတော်ကြီး၏ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံပြီး ကျစ်လျစ် ခိုင်မာသော စည်းလုံးညီညွတ်မှုဖြင့် ကမ္ဘာတည်ရှိသရွေ့ မြန်မာတည်ရှိနေအောင် စည်းလုံးညီညာစွာ ပြည်ထောင်စု အကျိုးကို သယ်ပိုးနိုင်ပါစေကြောင်းဖြင့် ဆုမွန်ကောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

(၄၆)ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေပးပို႔သည့္သဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ ရခိုင္ျပည္နယ္ရွိ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ယေန႔ ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ က်ေရာက္သည့္ (၄၆)ႏွစ္ေျမာက္ ရခိုင္ျပည္နယ္ေန႔တြင္ ရခိုင္ျပည္ နယ္အတြင္း မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္းေကာင္းက်ိဳး မဂၤလာအျဖာျဖာတို႔ႏွင့္ ျပည့္စုံၾကပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္း အပ္ပါသည္။

၁၉၇၄ ခုႏွစ္၊ ဒီဇင္ဘာလ ၁၅ ရက္ေန႔ကို ရခိုင္ျပည္နယ္ေန႔အျဖစ္ သတ္မွတ္ခဲ့သည္မွာ ယေန႔ဆိုလွ်င္ (၄၆) ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါသည္။ ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ရခိုင္ျပည္နယ္အျဖစ္ ျပ႒ာန္းၿပီး ေနာက္ အတည္ျပဳႏိုင္ေရး ဆႏၵခံယူပြဲက်င္းပခဲ့သည့္ ဒီဇင္ဘာ ၁၅ ရက္ေန႔ကို အစြဲျပဳရာမွ ရခိုင္ျပည္နယ္ ေန႔ျဖစ္ေပၚလာျခင္းလည္းျဖစ္ပါသည္။ ျပည္ေထာင္စုႏိုင္ငံတစ္ခုျဖစ္သည့္ ျမန္မာႏိုင္ငံသည္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားႏွင့္ ဖြဲ႕စည္းထားသည့္အားေလ်ာ္စြာ ရခိုင္ျပည္နယ္သည္လည္း တစ္ခုအပါအဝင္ျဖစ္ပါသည္။

ရခိုင္ျပည္နယ္သည္ ေရွးဘုရင္မ်ားအဆက္ဆက္မွ ရွည္လ်ားသည့္ သမိုင္းေၾကာင္းတို႔ႏွင့္အတူ ဂုဏ္ယူ ဝင့္ႂကြားစရာ သမိုင္းမွတ္တမ္းမ်ားႏွင့္ ျပည့္ႏွက္လ်က္ရွိသည့္ ျပည္နယ္တစ္ခုျဖစ္ခဲ့ပါသည္။ ရွည္လ်ားသည့္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ အဖိုးတန္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္မ်ား၊ ကြၽန္းမ်ား ျပည့္ႏွက္လ်က္ရွိၿပီး တိုင္းျပည္ အတြက္ အဖိုးတန္ သဘာဝထြက္ကုန္မ်ားကို ဖန္တီးေပးေနေသာ ေဒသတစ္ခုလည္းျဖစ္ပါသည္။ ရခိုင္႐ိုးမ ေတာင္တန္းႀကီးႏွင့္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္မ်ားသည္ သဘာဝကေပးသည့္ အေမြမ်ားျဖစ္ၿပီး ထိုမွတစ္ဆင့္ ဆန္၊ ေရ၊ စပါး၊ သား၊ ငါးႏွင့္ သဘာဝသယံဇာတမ်ားကို ရရွိေစခဲ့ပါသည္။ ရခိုင္ျပည္နယ္အတြင္း ရခိုင္၊ သက္၊ ဒိုင္းနက္၊ ၿမိဳ(ခမီ)ႏွင့္ မရမာႀကီးတို႔ေနထိုင္ၾကၿပီး တိုင္းရင္းသား အားလုံးသည္ လူမ်ိဳးဓေလ့အရ အေသြး အေရာင္တို႔ အနည္းငယ္ကြဲျပားၾကေသာ္လည္း အားလုံးသည္ ျပည္ေထာင္စုဖြား တိုင္းရင္းသား ညီေနာင္မ်ား ျဖစ္ၾကပါသည္။ ေရွးဘုရင္မ်ားလက္ထက္မွ လြတ္လပ္ေရး ႀကိဳးပမ္းမႈကာလအထိ ရခိုင္တိုင္းရင္းသားမ်ား အတြင္းမွ ဇာတိပုညဂုဏ္မာနကို တန္ဖိုးထားသူမ်ား အစဥ္အဆက္ေပၚထြက္ခဲ့ၾကပါသည္။ အာဇာနည္ အရွင္ သူျမတ္ ဦးဥတၱမသာရသည္ ရခိုင္ျပည္နယ္က ေပၚထြန္းခဲ့ျခင္းျဖစ္ပါသည္။

ေဝသာလီေခတ္၊ ေလးၿမိဳ႕ေခတ္၊ ေျမာက္ဦးေခတ္ အစရွိသည့္ ေခတ္အသီးသီးတြင္လည္း သမိုင္းဝင္ ေက်ာက္ စာမ်ား၊ ရဟန္းစာဆို၊ လူစာဆိုမ်ားေပၚထြက္ခဲ့ၾကသည္ကို ေတြ႕ရွိရပါသည္။ မ်က္ေမွာက္ေခတ္တြင္လည္း ရခိုင္လူမ်ိဳးပညာရွိမ်ား၊ ပညာရွင္မ်ားသည္ ႏိုင္ငံ့အက်ိဳးကို ထမ္းေဆာင္လ်က္ရွိပါသည္။ ခ်စ္စရာစာေပ၊ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံမ်ားႏွင့္ျပည့္ႏွက္ေနသည့္ ရခိုင္ျပည္နယ္ကို ေခတ္အဆက္ဆက္ ႏိုင္ငံ့အစိုးရမ်ားက အျခားေသာ ျပည္နယ္မ်ားနည္းတူ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးခဲ့ပါသည္။ သဘာဝ ပထဝီအေနအထားအရ ရခိုင္႐ိုးမႏွင့္ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္ အတားအဆီးမ်ားေၾကာင့္ သြားလာေရးခက္ခဲ သည့္ ရခိုင္ျပည္နယ္ကို ေနာက္က်က်န္မေနေစရန္ တပ္မေတာ္အစိုးရ လက္ထက္တြင္လည္း အထူး အေလး ထား၍ ျမစ္ကူးတံတားႀကီးမ်ား တည္ေဆာက္ေပးျခင္း၊ မင္းဘူး၊ အမ္း၊ စစ္ေတြ ျပည္ေထာင္စု လမ္းမႀကီး ကဲ့သို႔ လမ္းသစ္မ်ားတိုးခ်ဲ႕ ေဖာက္လုပ္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးျခင္းျဖင့္ ျပည္ေထာင္စုဖြား တိုင္းရင္းသား အခ်င္းခ်င္း ခ်စ္ခင္စည္းလုံးမႈကို တိုးပြားေစခဲ့ပါသည္။

တပ္မေတာ္အေနျဖင့္လည္း ရခိုင္ျပည္နယ္အတြင္း လိုအပ္လ်က္ရွိသည့္ လူမႈဘဝတိုးတက္မႈ လုပ္ငန္းစဥ္မ်ား ကိုသာမက အေရးေပၚသဘာ၀ ေဘးအႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ရသည့္အခါတြင္လည္း ႏိုင္ငံေတာ္အစိုးရႏွင့္ အတူ လက္တြဲညီညီ ကူညီေဆာင္႐ြက္ေပးခဲ့ပါသည္။ ယေန႔ကမာၻတစ္ဝွမ္း ျဖစ္ေပၚလ်က္ရွိသည့္ COVID-19 ကပ္ေရာဂါကာကြယ္၊ ကုသ၊ ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္လည္း ရခိုင္ျပည္နယ္အတြက္ လိုအပ္သည့္ ေဆးဝါးကုသေရး အသုံးအေဆာင္ပစၥည္းမ်ားကို ေစတနာထက္သန္စြာ ေပးအပ္လႉဒါန္းျခင္း၊ ပါရဂူအပါအဝင္ ေဆးအဖြဲ႕မ်ား ေစလႊတ္ေပးျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ပါသည္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကာလအတြင္း ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ခဲ့သည့္ ရခိုင္ျပည္နယ္အတြင္းရွိ နယ္ေျမတခ်ိဳ႕တြင္ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္မတိုင္မီ ေ႐ြးေကာက္ပြဲ က်င္းပေပးေစလိုသည့့္ ULA/AA အဖြဲ႕ရဲ႕ေၾကညာခ်က္အေပၚ မိမိတို႔တပ္မေတာ္အေနျဖင့္ ႀကိဳဆိုပါေၾကာင္းႏွင့္ လိုအပ္သည့္ ေဆာင္႐ြက္မႈမ်ားကိုလည္း ပူးေပါင္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္ပါသည္။ သဘာဝကေပးထားသည့္ အဖိုးတန္လက္ေဆာင္မ်ားႏွင့္ ျပည့္ႏွက္ေနသည့္ ရခိုင္ျပည္နယ္ကို အေၾကာင္းတရားမ်ိဳးစုံႏွင့္ ခ်ဥ္းကပ္လာသည့္ မတရားမႈတိုင္းအတြက္ တပ္မေတာ္အေနျဖင့္ ဒို႔တာဝန္အေရး သုံးပါးကို ဦးထိပ္ထားကာ အကာအကြယ္ေပးသြားမည္ျဖစ္ပါသည္။

တပ္မေတာ္၏ သမိုင္းေပးတာဝန္လည္း ျဖစ္ပါသည္။ ရခိုင္ျပည္နယ္အတြင္း ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား၊ ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပန္လည္ထူေထာင္ ေရးကိစၥမ်ား၊ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ေရရွည္ပဋိပကၡ ကင္းေဝးေစေရးကိစၥမ်ားအတြက္ တပ္မေတာ္အေနျဖင့္ တစ္ဖက္တစ္လမ္းမွႀကိဳးစားပုံေဖာ္လ်က္ရွိပါသည္။ အခက္အခဲမ်ားႀကဳံလာတိုင္း မေလွ်ာ့ေသာ ဇြဲ၊ လုံ႔လမ်ား ႏွင့္ ႀကံ့ႀကံ့ခံရင္ဆိုင္ ေက်ာ္လႊားခဲ့ၾကသည့္ ရခိုင္တိုင္းရင္းသားမ်ား၏ အႏိုင္မခံအရႈံးမေပးတတ္သည့္ စိတ္ ဓာတ္ေကာင္းမ်ားကို အသိအမွတ္ျပဳပါေၾကာင္းျဖင့္ ေျပာၾကားလိုပါသည္။

ယခုဆိုလွ်င္ ေျမာက္ဦးေဒသကို ကမာၻ႔ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ၿမိဳ႕ေတာ္ျဖစ္ႏိုင္ေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။ ရခိုင္ေဒသသည္ ျမတ္ဗုဒၶ၏သာသနာ ထြန္းလင္း ေတာက္ပခဲ့ သည့္ ေဒသတစ္ခုလည္းျဖစ္ပါသည္။ ဧရာဝတီ၊ ခ်င္းတြင္း၊ စစ္ေတာင္းႏွင့္ သံလြင္တို႔ကဲ့သို႔ပင္ ရခိုင္ျပည္နယ္ အတြင္းတြင္ရွိသည့္ ေလးၿမိဳ႕ျမစ္၊ ကစၦပနဒီျမစ္တို႔သည္လည္း မိမိတို႔ေဒသ၏ အသက္ေသြးေၾကာမ်ားဟု ဆိုႏိုင္ပါသည္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ အတြင္းတြင္ရွိသည့္ တိုင္းႏွင့္ျပည္နယ္အသီးသီးတြင္ မတူညီသည့္ ႐ိုးရာ၊ ယဥ္ေက်းမႈႏွင့္ ဓေလ့စ႐ိုက္မ်ားရွိၾကပါသည္။ မတူကြဲျပားၾကေသာ္လည္း အားလုံးသည္ ဂုဏ္ယူဝင့္ႂကြားဖြယ္ရာ ပုံရိပ္မ်ားပင္ျဖစ္ပါသည္။ ထိုကဲ့သို႔ ဂုဏ္ယူဝင့္ႂကြားဖြယ္ရာ သမိုင္းမွတ္ေက်ာက္မ်ား ႏွင့္ ျပည္ေထာင္စုႏိုင္ငံေတာ္ႀကီးကို မိမိတို႔၏ဘိုးဘြားမ်ားက အသက္၊ ေသြး၊ ေခြၽးေပါင္းေျမာက္ျမားစြာျဖင့္ ထုဆစ္ပုံေဖာ္ခဲ့ျခင္းျဖစ္သျဖင့္ တည္ရွိၿပီးသား ပိုင္နက္နယ္ေျမ၊ ယဥ္ေက်းမႈမ်ား ယုတ္ေလ်ာ့မသြားေစရန္ ဥမကြဲ၊ သိုက္မပ်က္ စည္းလုံးညီၫြတ္စြာ အေမြဆက္ခံသြားၾကရမည္မွာ မိမိတို႔အားလုံး၏ တာဝန္ပင္ျဖစ္ပါ သည္။ မလိုလားအပ္သည့္ ေဒသစြဲ၊ လူမ်ိဳးစြဲစိတ္မ်ားသည္ တိုင္းျပည္တိုးတက္ေရးလမ္းေၾကာင္းအတြက္ အဟန႔္အတားမ်ားျဖစ္သည္ကို ေလးေလးနက္နက္သတိမူၾကရန္ လိုအပ္ပါသည္။ ႏိုင္ငံ့စီးပြားေရး၊ လူမႈေရး၊ ပထဝီအေနအထားအရ အေရးပါလွသည့္ ေဒသတစ္ခုျဖစ္သည္ႏွင့္အညီ ဒို႔တာဝန္အေရးသုံးပါးကို အစဥ္ သတိမူၿပီး မိမိႏိုင္ငံအမ်ိဳးသားစီးပြားသာ ပထမဆိုသည့္အသိတရားကို လက္ကိုင္ထားၾကရန္ လိုအပ္ပါသည္။

သမိုင္းအစဥ္အလာေကာင္းမ်ားႏွင့္ျပည့္စုံလွသည့္ ရခိုင္ျပည္နယ္အတြင္း မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္း သားညီအစ္ကိုေမာင္ႏွမမ်ား အားလုံး အမိျမန္မာႏိုင္ငံေတာ္ႀကီး၏ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ျပည္ေထာင္စုစိတ္ဓာတ္၊ မ်ိဳးခ်စ္စိတ္ဓာတ္တို႔ကိုအေျခခံၿပီး က်စ္လ်စ္ ခိုင္မာေသာ စည္းလုံးညီၫြတ္မႈျဖင့္ ကမာၻတည္ရွိသေ႐ြ႕ ျမန္မာတည္ရွိေနေအာင္ စည္းလုံးညီညာစြာ ျပည္ေထာင္စု အက်ိဳးကို သယ္ပိုးႏိုင္ပါေစေၾကာင္းျဖင့္ ဆုမြန္ေကာင္း သဝဏ္လႊာေပးပို႔အပ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။