(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေး စာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌ Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော တောင့်တင်း ခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်”ခေါင်းစဉ်ပါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကြောင်း ဆောင်းပါးအား ဘာသာပြန်ဆိုရေးသား ဖော်ပြခြင်း

 

ယမန်နေ့မှအဆက်

ဗမာနိုင်ငံခေါ်တွင်ခဲ့သော မြန်မာနိုင်ငံ၏လွတ်လပ် ရေးသည် မပျောက်ပျက်မဆုံးရှုံးစေရန် တာဝန်အရှိဆုံး ဖြစ်သော၊ ထိုမျှမက တိုက်ပွဲဝင်ကာ ရယူပေးခဲ့သော မြန်မာ့တပ်မတော်သည် လေးစားမှုတစ်ခုကိုရရှိထားပြီး ဖြစ်သလို တပ်မတော်သားတို့သည်လည်း မြန်မာနိုင်ငံ ပြည်သူလူထုအကြားတွင် လေးစားအားကျဖွယ်ဂုဏ်ပုဒ် ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ယုတ္တိဗေဒ ကျကျစဉ်းစားကြည့်မည်ဆိုလျှင် လွန်စွာပင်မြင့်မြတ် ကြီးလေးသည့်တာဝန်တစ်ခုဖြစ်သော အစိုးရလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ အကြီးအကဲ ခေါင်းဆောင် ဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိရန်မှာ သာမန်ပြည်သူများအတွက်မဆိုထားနှင့် တပ်မတော် သားများအတွက်ပင် ခက်ခဲသည့်ဘဝ ခရီးလမ်းတစ်ခုဖြစ်ပါသည်။ ရုရှားနိုင်ငံတွင်အဆိုရှိသလို ”လူသားက တွေးကြံသည်၊ ကံတရားကစီမံသည်”ဟူသော စကားအတိုင်း စစ်မျိုးစစ်နွယ်မှ ပေါက်ဖွားလာခြင်း မဟုတ်သော မောင်မင်းအောင်လှိုင်သည် ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်ဦး ဖြစ်လာခဲ့ပါသည်။ မောင်မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်ဇူလိုင်လတွင်နာမည်ကျော် အနုပညာရှင် အင်ဂျင်နီ ယာ မိသားစုမှ မွေးဖွားသန့်စင်ခဲ့ပါသည်။ အထက်တန်းကျောင်း ပညာရေးကို ရန်ကုန်မြို့တွင် အောင်မြင်စွာပြီး ဆုံးခဲ့ပြီး နောက် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်ဆည်းပူးသင်ကြားခဲ့ပါသည်။ ကံတရားက လူငယ် မောင်မင်းအောင်လှိုင် အတွက် တစ်ချိန်တွင် အစိုးရ ဥပဒေဝန်ထမ်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခွင့် ပေးမည်ဖြစ်သော်လည်း မထင်မှတ်ထားသောရွေးချယ်မှုတစ်ခုအဖြစ် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပါသည်။ စစ်တက္ကသိုလ်ကျောင်းဆင်း ဒုတိယဗိုလ်ဘဝတွင်လည်း မိဘဆွေမျိုးများ၏ အထောက် အပံ့ကို မယူဘဲ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါသည်။ ထိုအခြေအနေမှသည် တစ်လှမ်းချင်းလှမ်းကာ အောင်မြင်မှုလှေကားထစ်များကို ကျော်ခြင်းခွခြင်းအလျဉ်းမရှိ တစ်ထစ်ချင်း တက်လှမ်းကာ တပ်မတော်တွင် အမြင့်ဆုံးရာထူးဖြစ်သော ကာကွယ်ရေးဦးစီးချုပ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

ဤနေရာတွင် ကြားဖြတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးဖြစ်သူ Mr.N.A Listopadov ပြောကြားခဲ့ဖူးသည့် စကားချပ်တချို့ အား ကောက်နုတ်ဖော်ပြလိုပါသည်။

”မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေးအရ လွန်စွာအရေးပါသောနေရာတွင် တည်ရှိ သည့်နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ နိုင်ငံကြီး များဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြားတည်ရှိနေသလို တောင်အာရှ နှင့် အရှေ့တောင် အာရှနိုင်ငံတို့နှင့်လည်း ထိစပ်လျက်ရှိပြီး ကျယ်ပြန့်သောအိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကမ်းခြေကို ပိုင်ဆိုင် ထားသည့်နိုင်ငံလည်းဖြစ်ပါသည်။ ရုရှားနှင့် မြန်မာဆက်ဆံရေးသည်လည်း ကြာရှည်စွာ တည်တံ့ခဲ့ပြီး ဖြစ်သလို ရိုးရာမပျက် မိတ်ကောင်းဆွေကောင်းဆက်ဆံရေးတစ်ခုဖြစ်ပါသည်။ အလားတူပင် မြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများ အပေါ် စိတ်ပါဝင်စားစွာ စောင့်ကြည့်နေသည့်နိုင်ငံများလည်း များစွာရှိ နေပါသည်။

ပထဝီဝင်အနေအထားအရ လမ်းဆုံလမ်းခွ နေရာတွင်ရှိနေသော မြန်မာနိုင်ငံအတွက်ဘာမဆိုဖြစ်လာနိုင်ပါသည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား ပေါင်းကူးတံတားတစ်ခုဖြစ်လာနိုင်သလို တောင်အာရှနှင့် အရှေ့တောင်အာရှ ကြား တွင် လည်း ဆုံမှတ် တစ်ခုဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံ အတွက် အထူးဂရုပြုရမည့်အချက်တစ်ချက် မှာ အင်အားချင်းယှဉ်ပြိုင်နေသော မဟာ ဗျူဟာမြောက် ပြိုင်ဘက်နိုင်ငံကြီးများ ဖြစ်ကြသည့် အမေရိကန်ပြည် ထောင်စု နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယှဉ်ပြိုင်မှု များအတွက် ကစားကွင်းတစ်ခုဖြစ်မသွားစေ ရန် သတိထား ရမည်ဖြစ်သလို အားပြိုင်မှု ရမှတ်တစ်မှတ်အဖြစ် အသုံးချမသွားစေရန်လည်း လိမ္မာပါးနပ်ရန် လိုအပ်နေပြီး ၎င်းတို့ ၏ဝင်ရောက်စွက်ဖက်မှု မခံရစေရေး အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကို ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်ရန် လွန်စွာအရေးကြီး ပါသည်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဘဝလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းလာ ချိန်များသည် မြန်မာနိုင်ငံ အတွက် ကံတရား ပေါင်းမျိုးစုံနှင့် ရင်ဆိုင်နေခဲ့ရပြီး ပြည်တွင်း ပြည်ပအနှောင့်အယှက်ပေါင်းစုံ ရင်ဆိုင် ဖြေရှင်းရသည့်ကာလများကိုပင် ကြုံကြိုက် ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါသည်။ ပြည်ပ နိုင်ငံများ၏အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် အစ္စလာမ်မစ်အစွန်းရောက် လက်နက်ကိုင်သောင်းကျန်းသူများဖွဲ့စည်းပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတွင်းတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်သည့် ရခိုင် ဒေသ၏ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက် တိုက်ခိုက်ခြင်းများလည်း ခံခဲ့ရပါသည်။ ထိုအကြမ်းဖက် တိုက်ခိုက်မှု များသည် ဘာသာ ရေးအယူဝါဒများအပေါ်အခြေခံထားသည့် ပဋိပက္ခကိစ္စရပ်များဖြစ်သောကြောင့် ဒေသ တွင်းပြည်သူလူထု၏အခြေအနေကို တင်းမာစေရုံမျှမက မြန်မာနိုင်ငံအတွင်းတွင်ပင် မဟုတ်ဘဲ ဘေးအိမ် နီး ချင်း နိုင်ငံများနှင့် အရှေ့တောင်အာရှဒေသတွင်း တည်ငြိမ် အေးချမ်းရေးကိုပါ ထိပါးနှောင့်ယှက်လာ ခဲ့ပါသည်။ ထိုဖြစ်စဉ်များပေါ်တွင် ခေါင်းပုံဖြတ်အမြတ်ထုတ်လိုသူများသည် နိုင်ငံရေးအသွင်ဆောင်ကာ မြန်မာနိုင်ငံ၏ အတွင်းရေးကိစ္စများကိုပါ ဝင်စွက်ဖက် နှောင့်ယှက်ရန်ကြိုးပမ်းလာကြသလို အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့နိုင်ငံ ရေးအခြေအနေများကိုပင် ပြောင်းလဲကြိုးကိုင် ခြယ်လှယ်လာခဲ့ကြပါသည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ တင်းမာမှုများကို ဉာဏ်ဆင်ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ လွန်စွာရိုးရှင်း လှပါသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်နိမိတ် အတွင်းဖြတ်ကျော်၍ အိန္ဒိယသမုဒ္ဒရာ အတွင်းသို့ လွယ်ကူသော ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ကူမင်း-ကျောက်ဖြူမီးရထား လမ်းစီမံကိန်းများကို မလိုလားသည့် အင်အားစုတစ်ခုရှိနေ၍ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့်ဆက်စပ်ကာ ထပ်မံ သတိပြုရမည့်အချက်မှာ ဒီမိုကရေစီဟူသော ခေါင်းစဉ်ဖြင့် အရှေ့တောင်အာရှဒေသတွင်း တွင်သာမက မြန်မာနိုင်ငံ အတွင်းတွင်ပါ နိုင်ငံရေးအပြောင်းအလဲများကို မိတ်ဆွေအမည်ခံ ပါဝင်ဆောင်ရွက်နေသူများဖြစ် သည့် အနောက်နိုင်ငံတချို့နှင့် အမေရိကန် ပြည်ထောင်စုတို့သည် အထက်ဖော်ပြပါ ဖြစ်စဉ်များတွင် မြန်မာပြည် အစိုးရ ကို လူသားချင်းစာနာထောက်ထားမှုမရှိကြောင်း အပြစ်တင်ရှုတ်ချသလို မြန်မာ့တပ်မတော် ကိုလည်း မူဆလင်မျိုးနွယ်ဝင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများဆောင်ရွက်နေသဖွယ် ကမ္ဘာကထင်ယောင်ထင် မှားဖြစ် စေရန် လုပ်ကြံဖန်တီး အကွက်ဆင်လျက်ရှိနေပါသည်။ အမှန်တကယ်တွင် ဘာသာရေး အစွန်းရောက် လက်နက် ကိုင် သောင်းကျန်းသူ များ ပါဝင်ပတ်သက်နေသည့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများမှသည် ပြည်တွင်း စစ်အသွင်သို့ ကူးပြောင်းမသွားစေရန် ဒေသ တွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း ပေးထားသူမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော မြန်မာ့တပ်မတော်ပင် ဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင် မူဆလင်-ရိုဟင်ဂျာ လူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများအကြား ဘာသာရေးပဋိပက္ခများ သည် ကိုလိုနီခေတ်ကပင် စတင်ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်အခါက အင်္ဂလိပ်တို့သည် လမ်းများ ဖောက် လုပ်ရာ တွင် အလုပ် ကြမ်းခိုင်းစေရန်အတွက် ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံအဖြစ်တည်ရှိနေသောနေရာမှ ဒေသခံ မူဆလင်လူမျိုးများကို ကျေးကျွန်များအဖြစ် ထောင်နှင့်သောင်းနှင့်ချီကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း သို့ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပါသည်။ ကနဦးအစတွင် ထိုကျေးကျွန်များကို ၎င်းတို့နေရပ်သို့ပြန်ပို့ရန် အစီအစဉ် ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် လက်တွေ့ဆောင်ရွက်ခြင်းမရှိဘဲ ရောက်သည့် နေရာတွင်ပင်ထား ခဲ့ ရာ ဒေသခံတိုင်းရင်း သားများနှင့် နယ်မြေခွဲဝေမှုပြဿနာများ ပေါ်ပေါက်လာခဲ့ပါသည်။ ယခုအခါ ထိုဒေသ များတွင် အနောက်နိုင်ငံများ၏အကူအညီ ဖြင့် ထိုရိုဟင်ဂျာအမည်ခံ ကျူးကျော်နေထိုင် သူတို့ကိုကာကွယ်ရန် ခေါင်းစဉ်ဖြင့် ARSA ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းကိုပင် ဖွဲ့စည်းပြီး မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင် တိုက်ခိုက်လျက်ရှိနေပါသည်။ ARSA သည် ရုရှားလူမျိုးတို့အတွက် ISIS နှင့် AlKaida အကြမ်းဖက်အဖွဲ့ များ လောက် ကြားဖူးနားဝ မရှိသော်လည်း အကြမ်းဖက် ဆောင်ရွက်မှုများဆောင်ရွက်ရာတွင် ၎င်းတို့ နည်းတူ ရက်စက် ကြမ်းကြုတ်သည့် အဖွဲ့ အစည်းတစ်ခုဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ထိုအချက်များ အားလုံးကို ထည့်သွင်းစဉ်းစားကာ တိကျ ခိုင်မာသည့် သမိုင်းကြောင်းအထောက် အထားများနှင့် အမှန်တကယ်ဖြစ်ပေါ်လာ နိုင်မည့် ဘေးအန္တရာယ်ဆိုးကျိုးတို့ကို ကြိုတင်တွက်ဆ၍ ဆောင်ရွက်ခဲ့သည့် အတွက်သာလျှင် အစွန်းမရောက်သော ရလဒ်များဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်း ရေးကို တစ်ကမ္ဘာလုံး၏ ရှေ့တွင် အတိုင်းအတာတစ်ခုထိ ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ပါသည်။ ထိုအတွေး၊ ထိုအမြင်၊ ထိုအရည် အချင်းများသည် ဤမျှအင်အားတောင့်တင်းသော တပ်မတော်နှင့် များပြားခြားနားလှသော လူမျိုးပေါင်းစုံ စုစည်း နေထိုင်ရာ ပြည်ထောင်စုတစ်ခုကို အုပ်ချုပ်သူအတွက် မဖြစ်မနေလိုအပ်မည့် အခြေခံ အချက်များပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးသူ တစ်ဦးဖြစ်ပါသည်။ ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာပင် မြန်မာ့တပ်မတော်မှ အရာရှိ သင်တန်းသား ပေါင်း ၇ဝဝဝ ကျော် သည် ရုရှားနိုင်ငံတက္ကသိုလ်အသီးသီးတွင် အဆင့်မြင့်ပညာများ အောင်မြင်စွာ သင်ယူ ဆည်းပူးနိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်း ရှုပ်ထွေးလှသည့်နိုင်ငံရေးနှင့်စစ်ရေးအခြေ အနေတို့အတွက် မရှိမဖြစ်လိုအပ်သော ခေတ်မီစစ်လက်နက်ပစ္စည်းများကိုလည်း ရုရှားနိုင်ငံမှ ယုံကြည်စိတ်ချစွာအစဉ်အမြဲ ဝယ်ယူလျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ရုရှား နိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင်ကျင်းပပြုလုပ် ခဲ့သည့် (၇၅)နှစ်မြောက် မဟာအောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ထိုမျှမက ရုရှား နိုင်ငံနှင့်မြန်မာနိုင်ငံကြားတွင် ယဉ်ကျေးမှု ရိုးရာအမွေအနှစ်နှင့် ဘာသာသာသနာ ထွန်းကားပြန့်ပွားရေး အတွက်လည်း စွမ်းစွမ်း တမံဆောင် ရွက်ခဲ့ ရာ မော်စကိုမြို့အနီး ဘာလာရှိခါအရပ်တွင် တည်ထောင်ခဲ့သော ထေရဝါဒဗုဒ္ဓ စင်တာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်ပင် ကြီးမှူးဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထိုစင် တာ နှင့် ပတ်သက်၍ ”ဗုဒ္ဓဘာသာဆိုတာ အလွန် ရှေးကျတဲ့အယူဝါဒတစ်ခု အလွန်ရှေးကျတဲ့ အတွေးအခေါ်ပညာ တစ်ခုပဲဖြစ်တယ်။

ဗုဒ္ဓဘာသာဟာ မေတ္တာတရားကိုအခြေခံ ထားတဲ့ ဘာသာတရားဖြစ်တဲ့အတွက် ရုရှား လူမျိုးတွေအနေနဲ့လည်း ဒီဗုဒ္ဓစင်တာဖွင့်တာ နှင့်ပတ်သက်၍ လက်မခံနိုင်စရာအကြောင်း မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒီဗုဒ္ဓစင်တာ မှာ ဘုရားဝတ်ပြုလို့ရမယ်၊ ရဟန်းခံလို့ ရမယ်၊ မေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်”ဟု ဖြေကြား ခဲ့ဖူးပါသည်။

ထိုမေတ္တာတရား၊ ခင်မင်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး လေးစားမှုဟူသော အချက်သုံးချက်သည်ပင်လျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဘဝဒဿနဖြစ်ဟန်တူပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အမှန် တကယ်ပင် အခြားကိုးကွယ်ရာ ဘာသာတရားများကိုလည်း လေးစားသူ တစ်ဦးဖြစ်သလို လူမျိုးပေါင်းစုံ တိုင်းရင်းသား ပေါင်းစုံနှင့်လည်း အတူယှဉ်တွဲနေထိုင်နိုင်သူ တစ်ဦးဖြစ်ပါသည်။ ထို့ပြင် မိမိနိုင်ငံ ငြိမ်းချမ်း သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို စေတနာအပြည့်ဖြင့်ဆောင်ရွက်ရင်း တပ်မတော်၏ အခန်းကဏ္ဍကို မြှင့်တင် ပေးလျက်ရှိပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ကြားဖူးသည့် စကား တချို့ကို ကောက်နုတ် ဖော်ပြလိုပါသည်။

”ခိုင်မာတောင့်တင်းသောတပ်မတော် ရှိမှသာလျှင် ၎င်း၏စွမ်းဆောင်ရည်နှင့် ရဲစွမ်းသတ္တိကို မှန်မှန်ကန်ကန် အသုံး ချပြီး ဖြစ်ပေါ်နေတဲ့ ပြည်တွင်းမငြိမ်မသက် မှုတွေကို အပြီးတိုင်ရပ်တန့် ပေးနိုင်မှာဖြစ်သလို နားလည်ရ လွယ်ကူရိုးရှင်းပြီး တစည်းတလုံးတည်း စုပေါင်းညီညာစွာ ချမှတ်ထားသော ရည်မှန်းချက် ၃ ရပ်ဖြစ်သည့် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ပကတိငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ တောင့်တင်းခိုင်မာ သော စီးပွားရေး တည်ဆောက်နိုင်ရေးနှင့် နိုင်ငံအတွင်း နေထိုင်ကြသောမိသားစု အားလုံး လူသားတစ်ဦး တစ်ယောက်စီ တိုင်း၏ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေး နိုင်ရေးတို့အား အောင်မြင်စွာအကောင် အထည်ဖော်နိုင် မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေဖြင့် နားလည်ထားရမှာက ကမ္ဘာ ပေါ်က ဘယ်တိုက် ဘယ်နိုင်ငံမှာ ဖြစ်ပါစေ နိုင်ငံတစ်နိုင်ငံ၏ တောင့်တင်းခိုင်မာသော တပ်မတော်သည် ထိုနိုင်ငံငြိမ်းချမ်းသာယာ ရေး၏ အာမခံချက်ဖြစ်သည် ဟူသော အချက်ပဲဖြစ်ပါတယ်”။

(Zawgyi Version)

(၁၁၈)ႀကိမ္ေျမာက္ထုတ္ေဝသည့္ ႐ုရွားႏိုင္ငံ၏ ႏိုင္ငံေရး စာေစာင္တစ္ခုျဖစ္သည့္ Politics Magazine တြင္ ႐ုရွား- ျမန္မာခ်စ္ၾကည္ေရးအသင္း၏ ဥကၠ႒ Mr.Mikhail Dmitriev ေရးသားေဖာ္ျပထားေသာ ေတာင့္တင္း ခိုင္မာေသာ တပ္မေတာ္သည္ အမိေျမ ၿငိမ္းခ်မ္းသာယာေရး၏ အာမခံခ်က္ျဖစ္သည္”ေခါင္းစဥ္ပါ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အေၾကာင္း ေဆာင္းပါးအား ဘာသာျပန္ဆိုေရးသား ေဖာ္ျပျခင္း

ယမန္ေန႔မွအဆက္

ဗမာႏိုင္ငံေခၚတြင္ခဲ့ေသာ ျမန္မာႏိုင္ငံ၏လြတ္လပ္ ေရးသည္ မေပ်ာက္ပ်က္မဆုံးရႈံးေစရန္ တာဝန္အရွိဆုံး ျဖစ္ေသာ၊ ထိုမွ်မက တိုက္ပြဲဝင္ကာ ရယူေပးခဲ့ေသာ ျမန္မာ့တပ္မေတာ္သည္ ေလးစားမႈတစ္ခုကိုရရွိထားၿပီး ျဖစ္သလို တပ္မေတာ္သားတို႔သည္လည္း ျမန္မာႏိုင္ငံ ျပည္သူလူထုအၾကားတြင္ ေလးစားအားက်ဖြယ္ဂုဏ္ပုဒ္ ကိုပိုင္ဆိုင္ထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ ယုတၱိေဗဒ က်က်စဥ္းစားၾကည့္မည္ဆိုလွ်င္ လြန္စြာပင္ျမင့္ျမတ္ ႀကီးေလးသည့္တာဝန္တစ္ခုျဖစ္ေသာ အစိုးရလက္နက္ကိုင္ အဖြဲ႕အစည္းအားလုံး၏ အႀကီးအကဲ ေခါင္းေဆာင္ ျဖစ္သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရာထူးကို ရရွိရန္မွာ သာမန္ျပည္သူမ်ားအတြက္မဆိုထားႏွင့္ တပ္မေတာ္ သားမ်ားအတြက္ပင္ ခက္ခဲသည့္ဘဝ ခရီးလမ္းတစ္ခုျဖစ္ပါသည္။ ႐ုရွားႏိုင္ငံတြင္အဆိုရွိသလို ”လူသားက ေတြးႀကံသည္၊ ကံတရားကစီမံသည္”ဟူေသာ စကားအတိုင္း စစ္မ်ိဳးစစ္ႏြယ္မွ ေပါက္ဖြားလာျခင္း မဟုတ္ေသာ ေမာင္မင္းေအာင္လႈိင္သည္ ယခုလက္ရွိတြင္ ျမန္မာႏိုင္ငံ၏ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ တစ္ဦး ျဖစ္လာခဲ့ပါသည္။ ေမာင္မင္းေအာင္လႈိင္ကို ၁၉၅၆ ခုႏွစ္ဇူလိုင္လတြင္နာမည္ေက်ာ္ အႏုပညာရွင္ အင္ဂ်င္နီ ယာ မိသားစုမွ ေမြးဖြားသန႔္စင္ခဲ့ပါသည္။ အထက္တန္းေက်ာင္း ပညာေရးကို ရန္ကုန္ၿမိဳ႕တြင္ ေအာင္ျမင္စြာၿပီး ဆုံးခဲ့ၿပီး ေနာက္ တကၠသိုလ္တြင္ ဥပေဒပညာကို ဆက္လက္ဆည္းပူးသင္ၾကားခဲ့ပါသည္။ ကံတရားက လူငယ္ ေမာင္မင္းေအာင္လႈိင္ အတြက္ တစ္ခ်ိန္တြင္ အစိုးရ ဥပေဒဝန္ထမ္း (သို႔မဟုတ္) စီးပြားေရးလုပ္ငန္းရွင္အျဖစ္ ေ႐ြးခ်ယ္ခြင့္ ေပးမည္ျဖစ္ေသာ္လည္း မထင္မွတ္ထားေသာေ႐ြးခ်ယ္မႈတစ္ခုအျဖစ္ စစ္တကၠသိုလ္သို႔ ေျပာင္းေ႐ႊ႕ ပညာသင္ၾကားခဲ့ပါသည္။ စစ္တကၠသိုလ္ေက်ာင္းဆင္း ဒုတိယဗိုလ္ဘဝတြင္လည္း မိဘေဆြမ်ိဳးမ်ား၏ အေထာက္ အပံ့ကို မယူဘဲ ေဝးလံေခါင္ဖ်ားသည့္ ေဒသမ်ားတြင္ က်ရာတာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ခဲ့ပါသည္။ ထိုအေျခအေနမွသည္ တစ္လွမ္းခ်င္းလွမ္းကာ ေအာင္ျမင္မႈေလွကားထစ္မ်ားကို ေက်ာ္ျခင္းခြျခင္းအလ်ဥ္းမရွိ တစ္ထစ္ခ်င္း တက္လွမ္းကာ တပ္မေတာ္တြင္ အျမင့္ဆုံးရာထူးျဖစ္ေသာ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ေရာက္ရွိလာ ခဲ့ျခင္းျဖစ္ပါသည္။

ဤေနရာတြင္ ၾကားျဖတ္အေနျဖင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးျဖစ္သူ Mr.N.A Listopadov ေျပာၾကားခဲ့ဖူးသည့္ စကားခ်ပ္တခ်ိဳ႕ အား ေကာက္ႏုတ္ေဖာ္ျပလိုပါသည္။

”ျမန္မာႏိုင္ငံသည္ ပထဝီဝင္ႏိုင္ငံေရးအရ လြန္စြာအေရးပါေသာေနရာတြင္ တည္ရွိ သည့္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ ပါသည္။ ႏိုင္ငံႀကီး မ်ားျဖစ္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံ တို႔အၾကားတည္ရွိေနသလို ေတာင္အာရွ ႏွင့္ အေရွ႕ေတာင္ အာရွႏိုင္ငံတို႔ႏွင့္လည္း ထိစပ္လ်က္ရွိၿပီး က်ယ္ျပန႔္ေသာအိႏၵိယသမုဒၵရာ ထြက္ေပါက္ကမ္းေျခကို ပိုင္ဆိုင္ ထားသည့္ႏိုင္ငံလည္းျဖစ္ပါသည္။ ႐ုရွားႏွင့္ ျမန္မာဆက္ဆံေရးသည္လည္း ၾကာရွည္စြာ တည္တံ့ခဲ့ၿပီး ျဖစ္သလို ႐ိုးရာမပ်က္ မိတ္ေကာင္းေဆြေကာင္းဆက္ဆံေရးတစ္ခုျဖစ္ပါသည္။ အလားတူပင္ ျမန္မာႏိုင္ငံ အတြင္း ျဖစ္ပ်က္ေနသည့္ အေျခအေနမ်ား အေပၚ စိတ္ပါဝင္စားစြာ ေစာင့္ၾကည့္ေနသည့္ႏိုင္ငံမ်ားလည္း မ်ားစြာရွိ ေနပါသည္။

ပထဝီဝင္အေနအထားအရ လမ္းဆုံလမ္းခြ ေနရာတြင္ရွိေနေသာ ျမန္မာႏိုင္ငံအတြက္ဘာမဆိုျဖစ္လာႏိုင္ပါသည္။ တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔အၾကား ေပါင္းကူးတံတားတစ္ခုျဖစ္လာႏိုင္သလို ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွ ၾကား တြင္ လည္း ဆုံမွတ္ တစ္ခုျဖစ္လာႏိုင္ပါသည္။ ျမန္မာႏိုင္ငံ အတြက္ အထူးဂ႐ုျပဳရမည့္အခ်က္တစ္ခ်က္ မွာ အင္အားခ်င္းယွဥ္ၿပိဳင္ေနေသာ မဟာ ဗ်ဴဟာေျမာက္ ၿပိဳင္ဘက္ႏိုင္ငံႀကီးမ်ား ျဖစ္ၾကသည့္ အေမရိကန္ျပည္ ေထာင္စု ႏွင့္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံတို႔အၾကား ယွဥ္ၿပိဳင္မႈ မ်ားအတြက္ ကစားကြင္းတစ္ခုျဖစ္မသြားေစ ရန္ သတိထား ရမည္ျဖစ္သလို အားၿပိဳင္မႈ ရမွတ္တစ္မွတ္အျဖစ္ အသုံးခ်မသြားေစရန္လည္း လိမၼာပါးနပ္ရန္ လိုအပ္ေနၿပီး ၎တို႔ ၏ဝင္ေရာက္စြက္ဖက္မႈ မခံရေစေရး အခ်ဳပ္အျခာအာဏာႏွင့္လြတ္လပ္ေရးကို ေကာင္းစြာ ထိန္းသိမ္း ေစာင့္ေရွာက္ရန္ လြန္စြာအေရးႀကီး ပါသည္။”

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ဘဝလမ္းေၾကာင္းတစ္ေလွ်ာက္ ျဖတ္သန္းလာ ခ်ိန္မ်ားသည္ ျမန္မာႏိုင္ငံ အတြက္ ကံတရား ေပါင္းမ်ိဳးစုံႏွင့္ ရင္ဆိုင္ေနခဲ့ရၿပီး ျပည္တြင္း ျပည္ပအေႏွာင့္အယွက္ေပါင္းစုံ ရင္ဆိုင္ ေျဖရွင္းရသည့္ကာလမ်ားကိုပင္ ႀကဳံႀကိဳက္ ခဲ့ဖူးသူတစ္ဦးလည္းျဖစ္ပါသည္။ ျပည္ပ ႏိုင္ငံမ်ား၏အကူအညီျဖင့္ ဘဂၤလားေဒ့ရွ္ နယ္စပ္ေဒသတြင္ အစၥလာမ္မစ္အစြန္းေရာက္ လက္နက္ကိုင္ေသာင္းက်န္းသူမ်ားဖြဲ႕စည္းၿပီး ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာပိုင္ နယ္နိမိတ္အတြင္းတြင္ တည္ရွိေသာ ျပည္နယ္တစ္ခုျဖစ္သည့္ ရခိုင္ ေဒသ၏ တည္ၿငိမ္ေအးခ်မ္းေရးကို ေႏွာင့္ယွက္ တိုက္ခိုက္ျခင္းမ်ားလည္း ခံခဲ့ရပါသည္။ ထိုအၾကမ္းဖက္ တိုက္ခိုက္မႈ မ်ားသည္ ဘာသာ ေရးအယူဝါဒမ်ားအေပၚအေျခခံထားသည့္ ပဋိပကၡကိစၥရပ္မ်ားျဖစ္ေသာေၾကာင့္ ေဒသ တြင္းျပည္သူလူထု၏အေျခအေနကို တင္းမာေစ႐ုံမွ်မက ျမန္မာႏိုင္ငံအတြင္းတြင္ပင္ မဟုတ္ဘဲ ေဘးအိမ္ နီး ခ်င္း ႏိုင္ငံမ်ားႏွင့္ အေရွ႕ေတာင္အာရွေဒသတြင္း တည္ၿငိမ္ ေအးခ်မ္းေရးကိုပါ ထိပါးေႏွာင့္ယွက္လာ ခဲ့ပါသည္။ ထိုျဖစ္စဥ္မ်ားေပၚတြင္ ေခါင္းပုံျဖတ္အျမတ္ထုတ္လိုသူမ်ားသည္ ႏိုင္ငံေရးအသြင္ေဆာင္ကာ ျမန္မာႏိုင္ငံ၏ အတြင္းေရးကိစၥမ်ားကိုပါ ဝင္စြက္ဖက္ ေႏွာင့္ယွက္ရန္ႀကိဳးပမ္းလာၾကသလို အာရွ-ပစိဖိတ္ေဒသတြင္း ကမာၻ႔ႏိုင္ငံ ေရးအေျခအေနမ်ားကိုပင္ ေျပာင္းလဲႀကိဳးကိုင္ ျခယ္လွယ္လာခဲ့ၾကပါသည္။

ယခုကဲ့သို႔ ႏိုင္ငံေရး၊ စစ္ေရးအေျခအေန တင္းမာမႈမ်ားကို ဉာဏ္ဆင္ဖန္တီးရျခင္း၏ ရည္႐ြယ္ခ်က္မွာ လြန္စြာ႐ိုးရွင္း လွပါသည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံနယ္နိမိတ္ အတြင္းျဖတ္ေက်ာ္၍ အိႏၵိယသမုဒၵရာ အတြင္းသို႔ လြယ္ကူေသာ ထြက္ေပါက္တစ္ခု ျဖစ္လာႏိုင္မည့္ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း စီမံကိန္းႏွင့္ ကူမင္း-ေက်ာက္ျဖဴမီးရထား လမ္းစီမံကိန္းမ်ားကို မလိုလားသည့္ အင္အားစုတစ္ခုရွိေန၍ျဖစ္ပါသည္။ ထိုအေၾကာင္းအရာႏွင့္ဆက္စပ္ကာ ထပ္မံ သတိျပဳရမည့္အခ်က္မွာ ဒီမိုကေရစီဟူေသာ ေခါင္းစဥ္ျဖင့္ အေရွ႕ေတာင္အာရွေဒသတြင္း တြင္သာမက ျမန္မာႏိုင္ငံ အတြင္းတြင္ပါ ႏိုင္ငံေရးအေျပာင္းအလဲမ်ားကို မိတ္ေဆြအမည္ခံ ပါဝင္ေဆာင္႐ြက္ေနသူမ်ားျဖစ္ သည့္ အေနာက္ႏိုင္ငံတခ်ိဳ႕ႏွင့္ အေမရိကန္ ျပည္ေထာင္စုတို႔သည္ အထက္ေဖာ္ျပပါ ျဖစ္စဥ္မ်ားတြင္ ျမန္မာျပည္ အစိုးရ ကို လူသားခ်င္းစာနာေထာက္ထားမႈမရွိေၾကာင္း အျပစ္တင္ရႈတ္ခ်သလို ျမန္မာ့တပ္မေတာ္ ကိုလည္း မူဆလင္မ်ိဳးႏြယ္ဝင္မ်ားအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားေဆာင္႐ြက္ေနသဖြယ္ ကမာၻကထင္ေယာင္ထင္ မွားျဖစ္ ေစရန္ လုပ္ႀကံဖန္တီး အကြက္ဆင္လ်က္ရွိေနပါသည္။ အမွန္တကယ္တြင္ ဘာသာေရး အစြန္းေရာက္ လက္နက္ ကိုင္ ေသာင္းက်န္းသူ မ်ား ပါဝင္ပတ္သက္ေနသည့္ ေဒသတြင္း လက္နက္ကိုင္ပဋိပကၡမ်ားမွသည္ ျပည္တြင္း စစ္အသြင္သို႔ ကူးေျပာင္းမသြားေစရန္ ေဒသ တြင္းတည္ၿငိမ္ေအးခ်မ္းေရးကို ထိန္းသိမ္း ေပးထားသူမွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ေခါင္းေဆာင္ေသာ ျမန္မာ့တပ္မေတာ္ပင္ ျဖစ္ပါသည္။

ျမန္မာ့သမိုင္းတြင္ မူဆလင္-႐ိုဟင္ဂ်ာ လူမ်ိဳးမ်ားႏွင့္ ေဒသခံတိုင္းရင္းသားမ်ားအၾကား ဘာသာေရးပဋိပကၡမ်ား သည္ ကိုလိုနီေခတ္ကပင္ စတင္ျဖစ္ပြားေနခဲ့ျခင္း ျဖစ္ပါသည္။ ထိုအခ်ိန္အခါက အဂၤလိပ္တို႔သည္ လမ္းမ်ား ေဖာက္ လုပ္ရာ တြင္ အလုပ္ ၾကမ္းခိုင္းေစရန္အတြက္ ယခုဘဂၤလားေဒ့ရွ္ ႏိုင္ငံအျဖစ္တည္ရွိေနေသာေနရာမွ ေဒသခံ မူဆလင္လူမ်ိဳးမ်ားကို ေက်းကြၽန္မ်ားအျဖစ္ ေထာင္ႏွင့္ေသာင္းႏွင့္ခ်ီကာ ျမန္မာႏိုင္ငံ နယ္နိမိတ္အတြင္း သို႔ ေခၚေဆာင္လာခဲ့ၾကျခင္း ျဖစ္ပါသည္။ ကနဦးအစတြင္ ထိုေက်းကြၽန္မ်ားကို ၎တို႔ေနရပ္သို႔ျပန္ပို႔ရန္ အစီအစဥ္ ရွိခဲ့ပါသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ လက္ေတြ႕ေဆာင္႐ြက္ျခင္းမရွိဘဲ ေရာက္သည့္ ေနရာတြင္ပင္ထား ခဲ့ ရာ ေဒသခံတိုင္းရင္း သားမ်ားႏွင့္ နယ္ေျမခြဲေဝမႈျပႆနာမ်ား ေပၚေပါက္လာခဲ့ပါသည္။ ယခုအခါ ထိုေဒသ မ်ားတြင္ အေနာက္ႏိုင္ငံမ်ား၏အကူအညီ ျဖင့္ ထို႐ိုဟင္ဂ်ာအမည္ခံ က်ဴးေက်ာ္ေနထိုင္ သူတို႔ကိုကာကြယ္ရန္ ေခါင္းစဥ္ျဖင့္ ARSA ကဲ့သို႔ေသာ အၾကမ္းဖက္အဖြဲ႕အစည္းကိုပင္ ဖြဲ႕စည္းၿပီး ျမန္မာႏိုင္ငံအစိုးရကို ဆန႔္က်င္ တိုက္ခိုက္လ်က္ရွိေနပါသည္။ ARSA သည္ ႐ုရွားလူမ်ိဳးတို႔အတြက္ ISIS ႏွင့္ AlKaida အၾကမ္းဖက္အဖြဲ႕ မ်ား ေလာက္ ၾကားဖူးနားဝ မရွိေသာ္လည္း အၾကမ္းဖက္ ေဆာင္႐ြက္မႈမ်ားေဆာင္႐ြက္ရာတြင္ ၎တို႔ နည္းတူ ရက္စက္ ၾကမ္းၾကဳတ္သည့္ အဖြဲ႕ အစည္းတစ္ခုျဖစ္ပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနျဖင့္ ထိုအခ်က္မ်ား အားလုံးကို ထည့္သြင္းစဥ္းစားကာ တိက် ခိုင္မာသည့္ သမိုင္းေၾကာင္းအေထာက္ အထားမ်ားႏွင့္ အမွန္တကယ္ျဖစ္ေပၚလာ ႏိုင္မည့္ ေဘးအႏၲရာယ္ဆိုးက်ိဳးတို႔ကို ႀကိဳတင္တြက္ဆ၍ ေဆာင္႐ြက္ခဲ့သည့္ အတြက္သာလွ်င္ အစြန္းမေရာက္ေသာ ရလဒ္မ်ားျဖင့္ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္း ေရးကို တစ္ကမာၻလုံး၏ ေရွ႕တြင္ အတိုင္းအတာတစ္ခုထိ ထိန္းသိမ္းထားႏိုင္ျခင္း ျဖစ္ပါသည္။ ထိုအေတြး၊ ထိုအျမင္၊ ထိုအရည္ အခ်င္းမ်ားသည္ ဤမွ်အင္အားေတာင့္တင္းေသာ တပ္မေတာ္ႏွင့္ မ်ားျပားျခားနားလွေသာ လူမ်ိဳးေပါင္းစုံ စုစည္း ေနထိုင္ရာ ျပည္ေထာင္စုတစ္ခုကို အုပ္ခ်ဳပ္သူအတြက္ မျဖစ္မေနလိုအပ္မည့္ အေျခခံ အခ်က္မ်ားပင္ ျဖစ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားႏိုင္ငံႏွင့္ စစ္ဘက္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးကို အေလးေပးသူ တစ္ဦးျဖစ္ပါသည္။ ၎တာဝန္ထမ္းေဆာင္စဥ္ ကာလအတြင္းမွာပင္ ျမန္မာ့တပ္မေတာ္မွ အရာရွိ သင္တန္းသား ေပါင္း ၇ဝဝဝ ေက်ာ္ သည္ ႐ုရွားႏိုင္ငံတကၠသိုလ္အသီးသီးတြင္ အဆင့္ျမင့္ပညာမ်ား ေအာင္ျမင္စြာ သင္ယူ ဆည္းပူးႏိုင္ခဲ့ၾကပါသည္။ ျမန္မာႏိုင္ငံတြင္း ရႈပ္ေထြးလွသည့္ႏိုင္ငံေရးႏွင့္စစ္ေရးအေျခ အေနတို႔အတြက္ မရွိမျဖစ္လိုအပ္ေသာ ေခတ္မီစစ္လက္နက္ပစၥည္းမ်ားကိုလည္း ႐ုရွားႏိုင္ငံမွ ယုံၾကည္စိတ္ခ်စြာအစဥ္အၿမဲ ဝယ္ယူလ်က္ရွိပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ကိုယ္စားလွယ္ အဖြဲ႕သည္ ႐ုရွား ႏိုင္ငံ ေမာ္စကိုၿမိဳ႕ ရင္ျပင္နီတြင္က်င္းပျပဳလုပ္ ခဲ့သည့္ (၇၅)ႏွစ္ေျမာက္ မဟာေအာင္ပြဲ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကပါသည္။ ထိုမွ်မက ႐ုရွား ႏိုင္ငံႏွင့္ျမန္မာႏိုင္ငံၾကားတြင္ ယဥ္ေက်းမႈ ႐ိုးရာအေမြအႏွစ္ႏွင့္ ဘာသာသာသနာ ထြန္းကားျပန႔္ပြားေရး အတြက္လည္း စြမ္းစြမ္း တမံေဆာင္ ႐ြက္ခဲ့ ရာ ေမာ္စကိုၿမိဳ႕အနီး ဘာလာရွိခါအရပ္တြင္ တည္ေထာင္ခဲ့ေသာ ေထရဝါဒဗုဒၶ စင္တာကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ပင္ ႀကီးမႉးဖြင့္လွစ္ ေပးႏိုင္ခဲ့ပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ ထိုစင္ တာ ႏွင့္ ပတ္သက္၍ ”ဗုဒၶဘာသာဆိုတာ အလြန္ ေရွးက်တဲ့အယူဝါဒတစ္ခု အလြန္ေရွးက်တဲ့ အေတြးအေခၚပညာ တစ္ခုပဲျဖစ္တယ္။

ဗုဒၶဘာသာဟာ ေမတၱာတရားကိုအေျခခံ ထားတဲ့ ဘာသာတရားျဖစ္တဲ့အတြက္ ႐ုရွား လူမ်ိဳးေတြအေနနဲ႔လည္း ဒီဗုဒၶစင္တာဖြင့္တာ ႏွင့္ပတ္သက္၍ လက္မခံႏိုင္စရာအေၾကာင္း မရွိဘူးလို႔ ကြၽန္ေတာ္ထင္တယ္။ ဒီဗုဒၶစင္တာ မွာ ဘုရားဝတ္ျပဳလို႔ရမယ္၊ ရဟန္းခံလို႔ ရမယ္၊ ေမတၱာတရား၊ ခင္မင္ရင္းႏွီးမႈႏွင့္ တစ္ဦးအေပၚတစ္ဦး ေလးစားမႈေတြကို ေလ့လာခြင့္ရမွာျဖစ္ပါတယ္”ဟု ေျဖၾကား ခဲ့ဖူးပါသည္။

ထိုေမတၱာတရား၊ ခင္မင္ရင္းႏွီးမႈႏွင့္ တစ္ဦးအေပၚတစ္ဦး ေလးစားမႈဟူေသာ အခ်က္သုံးခ်က္သည္ပင္လွ်င္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ဘဝဒႆနျဖစ္ဟန္တူပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ အမွန္ တကယ္ပင္ အျခားကိုးကြယ္ရာ ဘာသာတရားမ်ားကိုလည္း ေလးစားသူ တစ္ဦးျဖစ္သလို လူမ်ိဳးေပါင္းစုံ တိုင္းရင္းသား ေပါင္းစုံႏွင့္လည္း အတူယွဥ္တြဲေနထိုင္ႏိုင္သူ တစ္ဦးျဖစ္ပါသည္။ ထို႔ျပင္ မိမိႏိုင္ငံ ၿငိမ္းခ်မ္း သာယာေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရး တို႔ကို ေစတနာအျပည့္ျဖင့္ေဆာင္႐ြက္ရင္း တပ္မေတာ္၏ အခန္းက႑ကို ျမႇင့္တင္ ေပးလ်က္ရွိပါသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မိန႔္ၾကားဖူးသည့္ စကား တခ်ိဳ႕ကို ေကာက္ႏုတ္ ေဖာ္ျပလိုပါသည္။

”ခိုင္မာေတာင့္တင္းေသာတပ္မေတာ္ ရွိမွသာလွ်င္ ၎၏စြမ္းေဆာင္ရည္ႏွင့္ ရဲစြမ္းသတၱိကို မွန္မွန္ကန္ကန္ အသုံး ခ်ၿပီး ျဖစ္ေပၚေနတဲ့ ျပည္တြင္းမၿငိမ္မသက္ မႈေတြကို အၿပီးတိုင္ရပ္တန႔္ ေပးႏိုင္မွာျဖစ္သလို နားလည္ရ လြယ္ကူ႐ိုးရွင္းၿပီး တစည္းတလုံးတည္း စုေပါင္းညီညာစြာ ခ်မွတ္ထားေသာ ရည္မွန္းခ်က္ ၃ ရပ္ျဖစ္သည့္ တစ္ႏိုင္ငံ လုံး အတိုင္းအတာျဖင့္ ပကတိၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏိုင္ေရး၊ ေတာင့္တင္းခိုင္မာ ေသာ စီးပြားေရး တည္ေဆာက္ႏိုင္ေရးႏွင့္ ႏိုင္ငံအတြင္း ေနထိုင္ၾကေသာမိသားစု အားလုံး လူသားတစ္ဦး တစ္ေယာက္စီ တိုင္း၏ လူေနမႈ အဆင့္အတန္းကို ျမႇင့္တင္ေပး ႏိုင္ေရးတို႔အား ေအာင္ျမင္စြာအေကာင္ အထည္ေဖာ္ႏိုင္ မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အေနျဖင့္ နားလည္ထားရမွာက ကမာၻ ေပၚက ဘယ္တိုက္ ဘယ္ႏိုင္ငံမွာ ျဖစ္ပါေစ ႏိုင္ငံတစ္ႏိုင္ငံ၏ ေတာင့္တင္းခိုင္မာေသာ တပ္မေတာ္သည္ ထိုႏိုင္ငံၿငိမ္းခ်မ္းသာယာ ေရး၏ အာမခံခ်က္ျဖစ္သည္ ဟူေသာ အခ်က္ပဲျဖစ္ပါတယ္”။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။