(၃)နှစ်မြောက် ထားဝယ်အမျိုးသားနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

 

ချစ်ခင်လေးစားရပါသော ထားဝယ်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား-

ယနေ့ကျရောက်သည့် (၃)ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့် ရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထားဝယ်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းကောင်းကျိုး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါသည်။

ထားဝယ်လူမျိုးစုစည်းမှု ကော်မတီမှဦးဆောင်၍ ထားဝယ်လူမျိုးများစုစည်းပြီး ထားဝယ်အမျိုးသား ညီလာခံ ကို အောင်မြင်အောင်ကျင်းပနိုင်ခဲ့သော နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသား နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုရင် (၃)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

သမိုင်းအထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ထားဝယ်မြို့အား စတင်တည်ထောင်ခဲ့ပြီး “ဥသြအော်သည် ထားဝယ်တည်” ဟုဆိုကြပါသည်။ ထားဝယ် လူမျိုးများ မူလအစကတည်းက နေထိုင်ကြသောကြောင့် မြို့နာမည်ကို ထားဝယ်မြို့ဟု လိုက်ပါခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ သူ့ကျွန်ဘဝကျရောက်ချိန်တွင် မျိုးချစ်စိတ်ပြင်းထန်ပြီး အမျိုးသားရေး စိတ်ဓာတ်ရှိသော ထားဝယ်လူမျိုးများသည် ကိုလိုနီနယ်ချဲ့တို့ကို တွန်းလှန်ရာတွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း တစ်လျှောက် တစ်တပ်တစ်အား ပါဝင်ခဲ့ကြသည်။ ဒေသခံမျိုးချစ်စိတ်ရှိသော ထားဝယ်လူမျိုးများသည် နိုင်ငံချစ်စိတ်၊ စွန့်လွှတ် စွန့်စားသော စိတ်ကို အရင်းခံကာ လွတ်လပ်ရေးအတွက် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပါသည်။ ဘီအိုင်အေ အတွင်းသို့ မျိုးချစ်ထားဝယ်လူမျိုး အများအပြားဝင်ရောက်ကာ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိပါဝင်ပြီး တိုက်ပွဲဝင်ခဲ့ကြောင်း သိရှိရသည့်အတွက် မျိုးချစ်စိတ်ရှိသော ထားဝယ်လူမျိုးများအတွက် များစွာပင် ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် စီမံကိန်းသုံးခုရှိသည့်အနက်တွင် ထားဝယ်မြို့အနီးတွင် တည်ဆောက် မည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကြီးသည် ကျွန်တော်တို့နိုင်ငံတွင် ပထမဦးဆုံးစတင် အကောင် အထည်ဖော်ခဲ့သည့် စီမံကိန်းနှင့်အကြီးမားဆုံး စီမံကိန်းကြီးပင်ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ သည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ကြရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို အဓိက ထားပြီး လုပ်ဆောင်နေကြတာကို တွေ့ကြရမှာဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံသည် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည့်အတွက် ရေကြောင်းပို့ဆောင်ရေး ကို အကျိုးရှိစွာအသုံးချနိုင်ပါက ရေကြောင်းကုန်သွယ်မှုဖြစ်ထွန်း တိုးတက်လာသည်နှင့်အမျှ ဒေသတွင်း သာမက တစ်နိုင်ငံလုံး စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါသည်။ ထားဝယ်ဒေသသည် ရှေးယခင်က တည်းကပင် မလေးရှား၊ စင်ကာပူဒေသတို့နှင့် ပင်လယ်ရေကြောင်း ကူးလူးဆက်ဆံမှုရှိခဲ့ပါသည်။ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်နိုင်ပါက ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ် ပင်လယ်အား ဆက်သွယ်ပေးနိုင်မည့် စီးပွားရေး တံခါးပေါက်ဖြစ်လာပြီး ကုန်စည်ပို့ဆောင်ရေးအတွက် ပိုမို အဆင်ပြေချောမွေ့စေမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ထားဝယ်ဒေသအတွက် ဂုဏ်ယူဖွယ်ရာ ပင်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် ယနေ့တွင်ကျင်းပသည့် (၃) ကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ထားဝယ်လူမျိုး စုစည်းမှုကော်မတီမှ အောင်မြင်စွာကြီးမှူး ကျင်းပနိုင်မှုအပေါ် ထားဝယ်အမျိုးသားတစ်ဦးအနေဖြင့် များစွာ အလေးထားဂုဏ်ယူမိပါသည်။ ထားဝယ်လူမျိုးတို့၏ လူမျိုးအပေါ်ချစ်ခင်သည့် စိတ်ဓာတ်၊ တိုင်းပြည်အပေါ် ချစ်ခင်သည့် စိတ်ဓာတ်များကိုစုစည်းကာ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရေး တစ်မျိုးသား လုံးစည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြပါစို့ဟု သန္နိဋ္ဌာန် စိတ်ဓာတ်ဖြင့် အားပေးတိုက်တွန်းရင်း သဝဏ်လွှာပါးအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

(Zawgyi Version)

(၃)ႏွစ္ေျမာက္ ထားဝယ္အမ်ိဳးသားေန႔တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေပးပို႔သည့္သဝဏ္လႊာ

ခ်စ္ခင္ေလးစားရပါေသာ ထားဝယ္တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွမမ်ားခင္ဗ်ား-

ယေန႔က်ေရာက္သည့္ (၃)ႀကိမ္ေျမာက္ ထားဝယ္အမ်ိဳးသားေန႔ အခမ္းအနားသို႔ ဂုဏ္ျပဳသဝဏ္လႊာ ေပးပို႔ခြင့္ ရသည့္အတြက္ အထူးပင္ဂုဏ္ယူဝမ္းေျမာက္မိပါသည္။ ထားဝယ္တိုင္းရင္းသားမ်ားႏွင့္တကြ ျပည္ေထာင္စု အတြင္း မွီတင္းေနထိုင္ၾကေသာ ျပည္ေထာင္စုဖြား တိုင္းရင္းသားမ်ား အားလုံးစိတ္၏ ခ်မ္းသာျခင္း၊ ကိုယ္၏ က်န္းမာျခင္းေကာင္းက်ိဳး မဂၤလာအျဖာျဖာႏွင့္ ျပည့္စုံၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္း ဆက္သအပ္ပါသည္။

ထားဝယ္လူမ်ိဳးစုစည္းမႈ ေကာ္မတီမွဦးေဆာင္၍ ထားဝယ္လူမ်ိဳးမ်ားစုစည္းၿပီး ထားဝယ္အမ်ိဳးသား ညီလာခံ ကို ေအာင္ျမင္ေအာင္က်င္းပႏိုင္ခဲ့ေသာ နတ္ေတာ္လဆန္း ၁ ရက္ေန႔ကို ထားဝယ္အမ်ိဳးသား ေန႔အျဖစ္ သတ္မွတ္ၿပီး က်င္းပလာခဲ့သည္မွာ ယေန႔ဆိုရင္ (၃)ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါသည္။

သမိုင္းအေထာက္အထားမ်ားအရ ေကာဇာသကၠရာဇ္ ၁၁၁၆ ခုႏွစ္၊ တေပါင္းလဆန္း ၁၃ ရက္ေန႔တြင္ ထားဝယ္ၿမိဳ႕အား စတင္တည္ေထာင္ခဲ့ၿပီး “ဥၾသေအာ္သည္ ထားဝယ္တည္” ဟုဆိုၾကပါသည္။ ထားဝယ္ လူမ်ိဳးမ်ား မူလအစကတည္းက ေနထိုင္ၾကေသာေၾကာင့္ ၿမိဳ႕နာမည္ကို ထားဝယ္ၿမိဳ႕ဟု လိုက္ပါေခၚဆိုျခင္း ျဖစ္ေၾကာင္း သိရွိရပါသည္။

ျမန္မာႏိုင္ငံ သူ႔ကြၽန္ဘဝက်ေရာက္ခ်ိန္တြင္ မ်ိဳးခ်စ္စိတ္ျပင္းထန္ၿပီး အမ်ိဳးသားေရး စိတ္ဓာတ္ရွိေသာ ထားဝယ္လူမ်ိဳးမ်ားသည္ ကိုလိုနီနယ္ခ်ဲ႕တို႔ကို တြန္းလွန္ရာတြင္ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္း တစ္ေလွ်ာက္ တစ္တပ္တစ္အား ပါဝင္ခဲ့ၾကသည္။ ေဒသခံမ်ိဳးခ်စ္စိတ္ရွိေသာ ထားဝယ္လူမ်ိဳးမ်ားသည္ ႏိုင္ငံခ်စ္စိတ္၊ စြန႔္လႊတ္ စြန႔္စားေသာ စိတ္ကို အရင္းခံကာ လြတ္လပ္ေရးအတြက္ ပါဝင္တိုက္ပြဲဝင္ခဲ့ၾကပါသည္။ ဘီအိုင္ေအ အတြင္းသို႔ မ်ိဳးခ်စ္ထားဝယ္လူမ်ိဳး အမ်ားအျပားဝင္ေရာက္ကာ ျမန္မာႏိုင္ငံလြတ္လပ္ေရးရသည္အထိပါဝင္ၿပီး တိုက္ပြဲဝင္ခဲ့ေၾကာင္း သိရွိရသည့္အတြက္ မ်ိဳးခ်စ္စိတ္ရွိေသာ ထားဝယ္လူမ်ိဳးမ်ားအတြက္ မ်ားစြာပင္ ဂုဏ္ယူ ဝမ္းေျမာက္မိပါသည္။

ျမန္မာႏိုင္ငံတြင္ အထူးစီးပြားေရးဇုန္ စီမံကိန္းသုံးခုရွိသည့္အနက္တြင္ ထားဝယ္ၿမိဳ႕အနီးတြင္ တည္ေဆာက္ မည့္ ထားဝယ္ အထူးစီးပြားေရးဇုန္ စီမံကိန္းႀကီးသည္ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္ ပထမဦးဆုံးစတင္ အေကာင္ အထည္ေဖာ္ခဲ့သည့္ စီမံကိန္းႏွင့္အႀကီးမားဆုံး စီမံကိန္းႀကီးပင္ျဖစ္ပါသည္။ ဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံမ်ား သည္တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေအာင္ တည္ေဆာက္ၾကရာတြင္ ပင္လယ္ေရေၾကာင္း ကုန္သြယ္ေရးကို အဓိက ထားၿပီး လုပ္ေဆာင္ေနၾကတာကို ေတြ႕ၾကရမွာျဖစ္ပါသည္။ ကြၽန္ေတာ္တို႔ႏိုင္ငံသည္ မိုင္ေပါင္း ၁၃၀၀ ေက်ာ္ ရွည္လ်ားသည့္ ပင္လယ္ကမ္း႐ိုးတန္းကို ပိုင္ဆိုင္ထားသည့္ ႏိုင္ငံျဖစ္သည့္အတြက္ ေရေၾကာင္းပို႔ေဆာင္ေရး ကို အက်ိဳးရွိစြာအသုံးခ်ႏိုင္ပါက ေရေၾကာင္းကုန္သြယ္မႈျဖစ္ထြန္း တိုးတက္လာသည္ႏွင့္အမွ် ေဒသတြင္း သာမက တစ္ႏိုင္ငံလုံး စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္လာမည္ျဖစ္ပါသည္။ ထားဝယ္ေဒသသည္ ေရွးယခင္က တည္းကပင္ မေလးရွား၊ စင္ကာပူေဒသတို႔ႏွင့္ ပင္လယ္ေရေၾကာင္း ကူးလူးဆက္ဆံမႈရွိခဲ့ပါသည္။ ထားဝယ္ အထူးစီးပြားေရးဇုန္ႏွင့္ ေရနက္ဆိပ္ကမ္းတည္ေဆာက္ႏိုင္ပါက ဘဂၤလားပင္လယ္ေအာ္ႏွင့္ ေတာင္တ႐ုတ္ ပင္လယ္အား ဆက္သြယ္ေပးႏိုင္မည့္ စီးပြားေရး တံခါးေပါက္ျဖစ္လာၿပီး ကုန္စည္ပို႔ေဆာင္ေရးအတြက္ ပိုမို အဆင္ေျပေခ်ာေမြ႕ေစမည္ျဖစ္ပါသည္။ ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းထိုင္းႏိုင္ငံအပါအဝင္ အာဆီယံေဒသတြင္း စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို ေဖာ္ေဆာင္ေပးႏိုင္မည္ျဖစ္သျဖင့္ ထားဝယ္ေဒသအတြက္ ဂုဏ္ယူဖြယ္ရာ ပင္ျဖစ္ပါသည္။

နိဂုံးခ်ဳပ္အားျဖင့္ ယေန႔တြင္က်င္းပသည့္ (၃) ႀကိမ္ေျမာက္ ထားဝယ္အမ်ိဳးသားေန႔ကို ထားဝယ္လူမ်ိဳး စုစည္းမႈေကာ္မတီမွ ေအာင္ျမင္စြာႀကီးမႉး က်င္းပႏိုင္မႈအေပၚ ထားဝယ္အမ်ိဳးသားတစ္ဦးအေနျဖင့္ မ်ားစြာ အေလးထားဂုဏ္ယူမိပါသည္။ ထားဝယ္လူမ်ိဳးတို႔၏ လူမ်ိဳးအေပၚခ်စ္ခင္သည့္ စိတ္ဓာတ္၊ တိုင္းျပည္အေပၚ ခ်စ္ခင္သည့္ စိတ္ဓာတ္မ်ားကိုစုစည္းကာ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳး တိုးတက္ေရး လုပ္ငန္း မ်ားတြင္ အုတ္တစ္ခ်ပ္သဲတစ္ပြင့္အေနျဖင့္ တစ္တပ္တစ္အား ဝိုင္းဝန္းကူညီေဆာင္႐ြက္ႏိုင္ေရး တစ္မ်ိဳးသား လုံးစည္းလုံးညီၫြတ္စြာ ေဆာင္႐ြက္သြားၾကပါစို႔ဟု သႏၷိ႒ာန္ စိတ္ဓာတ္ျဖင့္ အားေပးတိုက္တြန္းရင္း သဝဏ္လႊာပါးအပ္ပါသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။