ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသမီး (အရာရှိ)များအား စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ – ၂၁

ကမ္ဘာပေါ်တွင် အမျိုးသမီးများ၏အခန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များတွင်လည်း အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် များစွာတိုးတက်လာခဲ့ပြီး အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်သည်။ ထို့အတူ မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များထမ်းဆောင်ရာတွင်လည်း အမျိုးသမီးစစ်မှုထမ်းများ ပါဝင် ထမ်းဆောင်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်းများကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ် စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပြီး အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင်လည်း တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကျောင်းအုပ်ကြီးနှင့် မှော်ဘီတပ်နယ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၂ ဗိုလ်လောင်း ဧပရယ်ချိုအား ဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာ၌ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကိုကာကွယ်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများဖြစ်သော်လည်း ကိုယ်တိုင်ဆန္ဒပြုစစ်မှုထမ်းဆောင်ရန် ဆောင်ရွက်ခဲ့ကြသည့်အတွက် ဂုဏ်ယူကြောင်း၊ သင်တန်းကာလတစ်လျှောက် စိတ်ဓာတ်၊ စည်းကမ်းနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယများကို အရင်းတည်ပြီး အမျိုးမျိုးသောလေ့ကျင့် သင်ကြားမှုများနှင့်အတူ စစ်ပညာ၊ ခေါင်းဆောင်မှုနှင့် ဦး၊ ရေး၊ ထောက်ဆိုင်ရာ ဘာသာရပ်များကို သင်ကြားတတ်မြောက်ခဲ့ကြပြီးဖြစ်၍ ပြန်တမ်းဝင်အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် ခေါင်းဆောင်ငယ်များအနေဖြင့် တပ်အသီးသီးကို ရောက်ရှိတာဝန် ထမ်းဆောင်ရာတွင် သင်ကြားလေ့ကျင့်ပေးလိုက်သည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းများနှင့် ပေါင်းစပ်ပြီး ကိုယ့်ကိုကိုယ် အမြဲတိုးတက်အောင် လုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ အခြေခံသင်ယူလေ့လာထားသည့် အသိပညာ၊ အတတ်ပညာများကို ပိုမိုတိုးတက်အောင် စာအုပ်၊ စာပေများ ဖတ်ရှုလေ့လာပြီး လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် ဆက်လက်ကြိုးစားသွားကြရန် မှာကြားလိုကြောင်း၊ ယခုခေတ်ကာလအခြေအနေအရ Electronic Devices များ များပြားလာပြီး Media လောက ဖွံ့ဖြိုးလာသော်လည်း ယခင်စာအုပ်ခေတ်၊ စာဖတ်သည့်နှုန်းထားကို မမီတော့ဘဲ လူငယ်များအပြင် လူကြီးများပါ စာဖတ်သည့်နှုန်း ကျဆင်းသွားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းကို မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ရှိ လုပ်ဖော်ကိုင်ဖက်များကိုပါ စည်းရုံးလုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း၊ သို့မှသာ အသိပညာ၊ ဗဟုသုတနှင့် ပြည့်စုံမည်ဖြစ်ပြီး “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြုံလာသည့် အခက်အခဲမှန်သမျှကို ရင်ဆိုင် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း။

တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရတော့မည့် သင်တန်းဆင်းဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများသည် ခေါင်းဆောင်မှုအရည်အချင်းများနှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုဆိုသည်မှာ မိမိအထက်က ပေးအပ်လာသည့်တာဝန်ကို မိမိလက်အောက်ငယ်သားများနှင့်အတူ ရည်မှန်းချက်ပြီး မြောက်အောင် ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပေးအပ်သည့် ရည်မှန်းချက်တာဝန်ကို အောင်မြင်ပြီးမြောက်သည့်အထိ လက်အောက်ငယ်သားများကို စည်းရုံးလုပ်ဆောင်နိုင် သည့် အရည်အချင်းလည်းဖြစ်ကြောင်း၊ အုပ်ချုပ်ကွပ်ကဲရသည့် ခေါင်းဆောင်များ အနေဖြင့် ခေါင်းဆောင်ကောင်းပီသစွာဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျောသားရင်သားမခွဲခြားဘဲ တစ်ပြေးညီအုပ်ချုပ်ကွပ်ကဲကြရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုကိုပေးရန်အတွက် မိမိတို့ကိုယ်တိုင် တော်တည့်ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားမြင့်မားရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေရန် မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှုနှင့် ကြိုးစားအားထုတ်မှုများသည် အလွန်အရေးကြီးကြောင်း၊ မိမိအဖွဲ့အစည်းကို တိုးတက်ကောင်းမွန်ရန် ဆောင်ရွက်လိုသည့်အမြင်မျိုး ခေါင်းဆောင် လုပ်မည့်သူတိုင်းတွင် မွေးမြူထားရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦး၏ အဓိကအရည်အချင်းသည် အကြပ်အတည်းကာလတွင် စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် စွမ်းရည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှု နယ်ပယ်သည် ကျယ်ပြောလှသောကြောင့် မိမိတို့ဖြတ်သန်းရမည့် နယ်ပယ်အသီးသီးတွင် စာတွေ့၊ လက်တွေ့များနှင့် သီအိုရီများကို ကောင်းစွာအသုံးချပြီး မိမိကွပ်ကဲခေါင်းဆောင်ရသည့် အဖွဲ့အစည်းများနှင့်အတူ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

တပ်မတော်တွင် တာဝန်ထမ်းဆောင်ရာ၌ စည်းကမ်းနှင့်အမိန့်များကို အလေးထားလိုက်နာရန်လိုကြောင်း၊ စည်းကမ်းဆိုသည်မှာ လိုက်နာလုပ်ဆောင်ရန် တိုက်တွန်း ချက်စည်းကမ်းနှင့် ရှောင်ကြဉ်ရန် သတ်မှတ်ထားသည့် တားမြစ်ချက်စည်းကမ်းဟု နှစ်မျိုး ရှိပြီး အသိတရားဖြင့် လိုက်နာစောင့်ထိန်းသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် ဥပဒေနှင့် စည်းကမ်းများကို နိုင်ငံသားတစ်ဦးအနေဖြင့်လည်း လိုက်နာကြရသူများဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာတွင် လိုက်နာကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေသများကိုလည်း သိရှိလိုက်နာကြရကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် ကိုယ်တိုင်ပြစ်မှု မကျူးလွန်အောင် လိုက်နာစောင့်ထိန်းရသကဲ့သို့ မိမိတာဝန်ယူကွပ်ကဲရသည့် လက်အောက်က ပြစ်မှုကျူးလွန်လျှင်လည်း မျက်ကွယ်ပြု၍ မရဘဲ စစ်ဘက်၊ နယ်ဘက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရသည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်း၊ နည်းလမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ကြရန် အလေးအနက်ထား မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း တွင်တာဝန်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၆ မှာ ဖော်ပြထားပြီးဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ လူဦးရေများပြားတဲ့နိုင်ငံတွေနဲ့ နယ်နိမိတ် ထိစပ်တည်ရှိနေတာဖြစ်တယ်။ မိမိတို့နိုင်ငံဟာ အာဆီယံနှင့် တောင်အာရှဒေသအကြားမှာ ပေါင်းကူးပေးနိုင်တဲ့ ကုန်းတွင်းဆက်တံတားသဖွယ် တည်ရှိလျက်ရှိတယ်။ ပထဝီအနေအထားအရ၊ မဟာဗျူဟာအရ အချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်ပညာသင်ကြားရန်နဲ့ စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးများဖြစ်သော်လည်း ကိုယ်တိုင်ဆန္ဒပြု စစ်မှုထမ်းဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ သတ်မှတ်အရွယ်ရောက် နိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရေး ဆက်လက်စည်းရုံး လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။”

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် နိုင်ငံတိုင်းတွင် အုပ်ချုပ်သူအစိုးရများ ပြောင်းလဲတတ်သော်လည်း နိုင်ငံနှင့် တပ်မတော်သည် အစဉ်အမြဲရှိနေရမည့်အဖွဲ့အစည်းများဖြစ်ကြောင်း၊ နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေရန်အတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရမည့် တပ်မတော်တစ်ရပ် ရှိနေရမည်ဖြစ်ကြောင်း၊ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် အမြဲတည်ရှိနေရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ကို ပြောလိုကြောင်း၊ နိုင်ငံအနေဖြင့် လွတ်လပ်ရေး ဆုံးရှုံးသွားရန် ရက်ပိုင်း လပိုင်းမျှဖြင့် ဖြစ်နိုင်သော်လည်း ဆုံးရှုံးသွားသည့် လွတ်လပ်ရေးကို ပြန်လည်တိုက်ယူရာမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရကြောင်း၊ အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ကြရကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံအတွက် လွတ်လပ်ရေးဆုံးရှုံးသည်ထက် ကြီးမားတဲ့ဆုံးရှုံးမှုမရှိတာကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်သွားဖို့ အပြည့်အဝတာဝန်ရှိတယ်။ တပ်မတော်၏အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်တယ်။ကာကွယ်ရေးဆိုတဲ့စကားရပ်ဟာ အလွန်ကျယ်ပြန့်တယ်။ နိုင်ငံတော် ကာကွယ်ရေးဆိုတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ခြင်းဆိုတဲ့ နယ်ပယ်သာမက နိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားကိုကာကွယ်ခြင်း၊ ပြည်သူများအပေါ်ကျရောက်လာတဲ့ သဘာ၀ဘေး အန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်း ဘေးအန္တရာယ်တွေ ကို ကာကွယ်ခြင်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စီမံနိုင်ဖို့လိုအပ်ကြောင်း ပြောကြားလိုတယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ရာတွင် ၁၀ နှစ်ကာလရောက်လာပြီဖြစ်ကြောင်း၊ ပြည်သူက ဆန္ဒနှင့်အညီရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီစနစ်သည် စည်းကမ်းတကျနှင့် တည်ငြိမ်အေးချမ်းစွာရှိရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီသည် အဓိပ္ပာယ်များစွာကျယ်ဝန်း သော်လည်း အရေးကြီးဆုံးသည် စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာခြင်းပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက် ထိန်းသိမ်းသွားကြရန်မှာကြားလိုကြောင်း၊ မိမိတို့တပ်မတော်သားများအနေဖြင့် မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ် နေရမည်ဖြစ်ကြောင်း၊ တိုက်ပွဲဝင်အသင့်ဖြစ်စေရန်အတွက် အမြဲတမ်းလေ့ကျင့်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး ထိုသို့လေ့ကျင့်နိုင်ရန်အတွက် စစ်သည်တိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှုရှိနေရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် တိုက်ပွဲဝင်ချိန်၌ ကြံ့ခိုင်မှုမပြည့်၀ပါက တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်မဟုတ်သည့်အတွက် မိမိတို့ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေးဆောင်ရွက်မှုများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် တပ်မတော်၏တိုက်စွမ်းရည်ကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာအောင်နေ၊ သန်စွမ်းအောင်လေ့ကျင့်ရမည်ဖြစ်ပြီး တပ်မတော်သားပီသစွာ လုပ်သင့်လုပ်ထိုက်သည့် ကြံ့ခိုင်မှုများကို နေ့စဉ်လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တပ်မတော်ဖြစ်ရန် ဆောင်ရွက်ရာတွင် တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်လေ့ကျင့်ရေးနှင့် ပူးပေါင်းလေ့ကျင့်ရေးတို့ကို လေ့ကျင့်ရာတွင် ကျန်းမာကြံ့ခိုင် ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်ဆိုသည့် တပ်မတော်၏ လေ့ကျင့်ရေး အခြေခံမူများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်၀မှ တပ်ဖွဲ့ဝင်များ၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ကျွမ်းကျင်မှုနှင့် ယုံကြည်မှုတို့ကို မြင့်မားစေပြီး ပေးအပ်သည့်အမိန့်နှင့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့တပ်မတော်သား များအနေဖြင့် အမြဲကျန်းမာကြံ့ခိုင်စေရန် လေ့ကျင့်ကြရန်လိုအပ်ကြောင်း။

သမိုင်းကြောင်းနှင့် ယှဉ်လျက်ရှိသည့် မြန်မာ့တပ်မတော်၏ မွန်မြတ်သည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် လိုက်နာကျင့်ကြံနေထိုင်ပြီး မိမိကိုယ်တိုင်နှင့် မိမိရဲဘော်များကောင်းကျိုးအတွက် အမြဲရှေးရှုလုပ်ကိုင်သွားကြရန်နှင့် စွမ်းရည်သုံးရပ်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် အရာရှိကောင်းများဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ်များအဖြစ် မိမိကိုယ်တိုင်ထိန်းသိမ်းနိုင်မှုနှင့် ကြိုးစားအားထုတ်မှုကိုအခြေခံပြီး အထက်ကပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်က အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်ရန်အတွက် မိမိကိုယ်မိမိ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီးစစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရိပ်သာဧည့်ခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ဧပရယ်ချိုနှင့် သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း နော်ကျင်သန်း တို့အားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ဆောင်ရွက်တတ်သည့် အခြေခံကောင်းများကို ဘ၀တစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ဘွဲ့ရအမျိုးသမီးအရာရှိများအနေဖြင့် ဗိုလ်လောင်းသင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာ တို့ကို ဆည်းပူးလေ့လာခဲ့ကြကြောင်း၊ တက္ကသိုလ်ပညာသည် အတွေးအခေါ်ပိုင်းကို လေ့ကျင့်ပေးခြင်းပင်ဖြစ်ပြီး အတတ်ပညာကို လေ့လာဆည်းပူးစေခြင်းဖြစ်သည့်အတွက် အရည်အချင်းပြည့် ၀သူများဖြစ်သည်ဟု အပြည့်အဝယုံကြည်ထားပါကြောင်း၊ ယခုဗိုလ်လောင်းသင်တန်း တက်ရောက်ပြီး ကြိုးစားအားထုတ်မှုရလဒ်ကြောင့် ထူးချွန်စွာဖြင့် အမျိုးသမီးအရာရှိများအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ လူတို့၏ဘ၀တွင် ကံကိုရိုးမယ်ဖွဲ့နေ၍မရဘဲ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ မည်သို့ပင်ရှိစေကာမှု မိမိ၏ကြိုးစားအားထုတ်မှုသည်သာလျင် အဓိကကျပြီး ဘ၀တွင်အောင်မြင်မှုများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ အသက် ကို ဉာဏ်စောင့်သည်ဖြစ်သဖြင့် အရာရာတိုင်းတွင် အသိ၊ သတိနှင့်ယှဉ်၍ စဉ်းစားဆုံးဖြတ် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ်များကို နိုင်ငံတော်နှင့် တပ်မတော် အတွက် လိုအပ်သဖြင့် လေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်သဖြင့် တန်ဖိုးရှိသော ခေါင်းဆောင် များဖြစ်လာစေရေး ကြိုးစားအားထုတ်မှုရှိရမည်၊ ကျန်းမာကြံ့ခိုင်မှုရှိအောင်နေထိုင်ရမည် ဖြစ်ပြီး မိမိကိုယ်ကိုထိန်းသိမ်းဆင်ခြင်နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုထိန်းသိမ်း နိုင်စွမ်းမရှိပါက လမ်းမှားရောက်မည်ဖြစ်ပြီး မိမိကိုယ်ကိုအလိုလိုက်ပါက ပျက်စီးမှုကို ဖြစ်စေတတ်သည်ကို သတိပြုရန်လို ကြောင်း၊ မိမိအဆင့်နှင့် မလျော်ညီသည့် နေထိုင်ပြော ဆိုမှု၊ ဝတ်စားဆင်ယင်မှုများကိုရှောင်ကြဉ်ပြီး ပေးအပ်လာသည့်တာဝန်ကို ရိုးသားကြိုးစားစွာ မှန်မှန်ကန်ကန်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငယ်စဉ်ကလေးဘ၀မှ ယခုအချိန်ထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းပေးခဲ့သည့် မိဘကျေးဇူးကိုလည်း မိဘစကားနားထောင်ခြင်း၊ မိမိကိုယ်ကို လူချွန်လူကောင်းဖြစ်အောင်နေထိုင်ခြင်း၊ လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများဖြင့် တတ်စွမ်းသရွေ့ ကျေးဇူးဆပ်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ရရှိလာသည့် လူမှုဆက်ဆံရေး အတွေ့အကြုံများ၊ ဗိုလ်သင်တန်းကျောင်းမှ သင်ကြားလေ့ကျင့်ပေးလိုက်သည့် အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘ၀တိုးတက်အောင်၊ မိမိရည်မှန်းချက် မပျောက်အောင် ဘ၀တစ်လျှောက်လုံးဆက်လက် ကြိုးစားအားထုတ်သွားကြရမည် ဖြစ်ကြောင်းဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

(Zawgyi Version)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ရာ၌ အမ်ိဳးသမီး စစ္မႈထမ္းမ်ားပါဝင္ထမ္းေဆာင္ႏိုင္ရန္အတြက္ အမ်ိဳးသမီး(အရာရွိ)မ်ားအား စဥ္ဆက္မျပတ္ ေမြးထုတ္ေပးလ်က္ရွိ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၁

ကမာၻေပၚတြင္ အမ်ိဳးသမီးမ်ား၏အခန္းက႑ က်ယ္ျပန႔္လာသည္ႏွင့္အမွ် ကမာၻ႔ႏိုင္ငံအသီးသီးရွိ တပ္မေတာ္မ်ားတြင္လည္း အမ်ိဳးသမီးတပ္ဖြဲ႕ဝင္မ်ား၏ အခန္းက႑သည္ မ်ားစြာတိုးတက္လာခဲ့ၿပီး အဆင့္ျမင့္တာဝန္မ်ားကို ထမ္းေဆာင္လ်က္ရွိသည္ကို ေတြ႕ရွိၾကရမည္ျဖစ္သည္။ ထို႔အတူ မိမိတို႔ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၏ ကာကြယ္ေရးတာဝန္မ်ားထမ္းေဆာင္ရာတြင္လည္း အမ်ိဳးသမီးစစ္မႈထမ္းမ်ား ပါဝင္ ထမ္းေဆာင္ႏိုင္ေစရန္အတြက္ အမ်ိဳးသမီးစစ္မႈထမ္းမ်ားကို ၂၀၁၄ ခုႏွစ္မွစ၍ ႏွစ္စဥ္ စဥ္ဆက္မျပတ္ ေမြးထုတ္ေပးလ်က္ရွိၿပီး အမ်ိဳးသမီးမ်ား၏အခန္းက႑ကို ျမႇင့္တင္ေပးလ်က္ရွိသည္ကို ေတြ႕ရွိရမည္ျဖစ္သည္။

ယေန႔နံနက္ပိုင္းတြင္လည္း တပ္မေတာ္၏ အမ်ိဳးသမီးစစ္မႈထမ္းမ်ား၏ အခန္းက႑ကို အားသစ္ေလာင္းမည့္ ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၇) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန႔္ခြန္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)ေက်ာင္းအုပ္ႀကီးႏွင့္ ေမွာ္ဘီတပ္နယ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကိုခံယူၿပီး တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ) ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၇)မွ အေကာင္းဆုံး ဗိုလ္ေလာင္းဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၂ ဗိုလ္ေလာင္း ဧပရယ္ခ်ိဳအား ဆုေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းဆင္းဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းမ်ားအား မိန႔္ခြန္းေျပာၾကားရာ၌ ႏိုင္ငံလြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာကိုကာကြယ္ရန္အတြက္ စစ္ပညာသင္ၾကားရန္ႏွင့္ စစ္မႈထမ္းရန္ ႏိုင္ငံသားတိုင္း မျဖစ္မေနလုပ္ေဆာင္ရမည့္တာဝန္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ အမ်ိဳးသမီးမ်ားျဖစ္ေသာ္လည္း ကိုယ္တိုင္ဆႏၵျပဳစစ္မႈထမ္းေဆာင္ရန္ ေဆာင္႐ြက္ခဲ့ၾကသည့္အတြက္ ဂုဏ္ယူေၾကာင္း၊ သင္တန္းကာလတစ္ေလွ်ာက္ စိတ္ဓာတ္၊ စည္းကမ္းႏွင့္ ဇြဲ၊ လုံ႔လ၊ ဝီရိယမ်ားကို အရင္းတည္ၿပီး အမ်ိဳးမ်ိဳးေသာေလ့က်င့္ သင္ၾကားမႈမ်ားႏွင့္အတူ စစ္ပညာ၊ ေခါင္းေဆာင္မႈႏွင့္ ဦး၊ ေရး၊ ေထာက္ဆိုင္ရာ ဘာသာရပ္မ်ားကို သင္ၾကားတတ္ေျမာက္ခဲ့ၾကၿပီးျဖစ္၍ ျပန္တမ္းဝင္အရာရွိမ်ားအျဖစ္ ခန႔္အပ္တာဝန္ေပးမည္ျဖစ္ေၾကာင္းျဖင့္ ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ ေခါင္းေဆာင္ငယ္မ်ားအေနျဖင့္ တပ္အသီးသီးကို ေရာက္ရွိတာဝန္ ထမ္းေဆာင္ရာတြင္ သင္ၾကားေလ့က်င့္ေပးလိုက္သည့္ သင္ခန္းစာမ်ားကို လက္ေတြ႕လုပ္ငန္းမ်ားႏွင့္ ေပါင္းစပ္ၿပီး ကိုယ့္ကိုကိုယ္ အၿမဲတိုးတက္ေအာင္ လုပ္ေဆာင္သြားၾက ရမည္ျဖစ္ေၾကာင္း၊ အေျခခံသင္ယူေလ့လာထားသည့္ အသိပညာ၊ အတတ္ပညာမ်ားကို ပိုမိုတိုးတက္ေအာင္ စာအုပ္၊ စာေပမ်ား ဖတ္ရႈေလ့လာၿပီး လက္ေတြ႕နယ္ပယ္တြင္ အသုံးခ်ႏိုင္ရန္ ဆက္လက္ႀကိဳးစားသြားၾကရန္ မွာၾကားလိုေၾကာင္း၊ ယခုေခတ္ကာလအေျခအေနအရ Electronic Devices မ်ား မ်ားျပားလာၿပီး Media ေလာက ဖြံ႕ၿဖိဳးလာေသာ္လည္း ယခင္စာအုပ္ေခတ္၊ စာဖတ္သည့္ႏႈန္းထားကို မမီေတာ့ဘဲ လူငယ္မ်ားအျပင္ လူႀကီးမ်ားပါ စာဖတ္သည့္ႏႈန္း က်ဆင္းသြားသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ စာဖတ္သည့္ အေလ့အက်င့္ေကာင္းကို မိမိကိုယ္တိုင္သာမက မိမိပတ္ဝန္းက်င္ရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားကိုပါ စည္း႐ုံးလုပ္ေဆာင္ၾကရန္ တိုက္တြန္းလိုေၾကာင္း၊ သို႔မွသာ အသိပညာ၊ ဗဟုသုတႏွင့္ ျပည့္စုံမည္ျဖစ္ၿပီး “ပညာရဲရင့္ ပြဲလယ္တင့္” ဆိုသည့္ ေဆာင္ပုဒ္အတိုင္း ႀကဳံလာသည့္ အခက္အခဲမွန္သမွ်ကို ရင္ဆိုင္ ေက်ာ္လႊားႏိုင္မည္ျဖစ္ေၾကာင္း။

တပ္မေတာ္၏ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ရေတာ့မည့္ သင္တန္းဆင္းဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းမ်ားသည္ ေခါင္းေဆာင္မႈအရည္အခ်င္းမ်ားႏွင့္ ျပည့္စုံရန္လိုအပ္ေၾကာင္း၊ စစ္ဘက္ဆိုင္ရာ ေခါင္းေဆာင္မႈဆိုသည္မွာ မိမိအထက္က ေပးအပ္လာသည့္တာဝန္ကို မိမိလက္ေအာက္ငယ္သားမ်ားႏွင့္အတူ ရည္မွန္းခ်က္ၿပီး ေျမာက္ေအာင္ ေဆာင္႐ြက္ႏိုင္ျခင္းပင္ျဖစ္ေၾကာင္း၊ ေပးအပ္သည့္ ရည္မွန္းခ်က္တာဝန္ကို ေအာင္ျမင္ၿပီးေျမာက္သည့္အထိ လက္ေအာက္ငယ္သားမ်ားကို စည္း႐ုံးလုပ္ေဆာင္ႏိုင္ သည့္ အရည္အခ်င္းလည္းျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ကြပ္ကဲရသည့္ ေခါင္းေဆာင္မ်ား အေနျဖင့္ ေခါင္းေဆာင္ေကာင္းပီသစြာျဖင့္ ေခါင္းေဆာင္မႈအဂၤါရပ္ ၁၆ ရပ္ႏွင့္အညီ ေက်ာသားရင္သားမခြဲျခားဘဲ တစ္ေျပးညီအုပ္ခ်ဳပ္ကြပ္ကဲၾကရမည္ျဖစ္ေၾကာင္း၊ မွန္ကန္သည့္ ေခါင္းေဆာင္မႈကိုေပးရန္အတြက္ မိမိတို႔ကိုယ္တိုင္ ေတာ္တည့္ေျဖာင့္မတ္ၿပီး ကိုယ္က်င့္တရားျမင့္မားရန္ လိုအပ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေစရန္ မိမိကိုယ္ကို ထိန္းသိမ္းႏိုင္မႈႏွင့္ ႀကိဳးစားအားထုတ္မႈမ်ားသည္ အလြန္အေရးႀကီးေၾကာင္း၊ မိမိအဖြဲ႕အစည္းကို တိုးတက္ေကာင္းမြန္ရန္ ေဆာင္႐ြက္လိုသည့္အျမင္မ်ိဳး ေခါင္းေဆာင္ လုပ္မည့္သူတိုင္းတြင္ ေမြးျမဴထားရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္တစ္ဦး၏ အဓိကအရည္အခ်င္းသည္ အၾကပ္အတည္းကာလတြင္ စီမံခန႔္ခြဲမႈလုပ္ငန္းမ်ားကို ထိေရာက္ ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္သည့္ စြမ္းရည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈ နယ္ပယ္သည္ က်ယ္ေျပာလွေသာေၾကာင့္ မိမိတို႔ျဖတ္သန္းရမည့္ နယ္ပယ္အသီးသီးတြင္ စာေတြ႕၊ လက္ေတြ႕မ်ားႏွင့္ သီအိုရီမ်ားကို ေကာင္းစြာအသုံးခ်ၿပီး မိမိကြပ္ကဲေခါင္းေဆာင္ရသည့္ အဖြဲ႕အစည္းမ်ားႏွင့္အတူ ေပးအပ္လာသည့္ တာဝန္မ်ားကို ေက်ပြန္စြာ ေဆာင္႐ြက္သြား ၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ရာ၌ စည္းကမ္းႏွင့္အမိန႔္မ်ားကို အေလးထားလိုက္နာရန္လိုေၾကာင္း၊ စည္းကမ္းဆိုသည္မွာ လိုက္နာလုပ္ေဆာင္ရန္ တိုက္တြန္း ခ်က္စည္းကမ္းႏွင့္ ေရွာင္ၾကဥ္ရန္ သတ္မွတ္ထားသည့္ တားျမစ္ခ်က္စည္းကမ္းဟု ႏွစ္မ်ိဳး ရွိၿပီး အသိတရားျဖင့္ လိုက္နာေစာင့္ထိန္းသြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သားမ်ားသည္ တပ္မေတာ္၏ လုပ္ထုံးလုပ္နည္း၊ စည္းမ်ဥ္းစည္းကမ္းဥပေဒမ်ားကို တိတိက်က် လိုက္နာေဆာင္႐ြက္ၾကရသည့္အျပင္ ႏိုင္ငံေတာ္ကခ်မွတ္ထားသည့္ ဥပေဒႏွင့္ စည္းကမ္းမ်ားကို ႏိုင္ငံသားတစ္ဦးအေနျဖင့္လည္း လိုက္နာၾကရသူမ်ားျဖစ္ေၾကာင္း၊ ထို႔ျပင္ ႏိုင္ငံတကာတြင္ လိုက္နာက်င့္သုံးေနသည့္ စစ္ပြဲဆိုင္ရာ ဥပေဒသမ်ားကိုလည္း သိရွိလိုက္နာၾကရေၾကာင္း၊ မိမိတို႔တပ္မေတာ္သားမ်ားအေနျဖင့္ ကိုယ္တိုင္ျပစ္မႈ မက်ဴးလြန္ေအာင္ လိုက္နာေစာင့္ထိန္းရသကဲ့သို႔ မိမိတာဝန္ယူကြပ္ကဲရသည့္ လက္ေအာက္က ျပစ္မႈက်ဴးလြန္လွ်င္လည္း မ်က္ကြယ္ျပဳ၍ မရဘဲ စစ္ဘက္၊ နယ္ဘက္ ဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္ရသည္ ဆိုသည္ကို အားလုံးအသိပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တာဝန္ထမ္းေဆာင္ရာတြင္ ျပ႒ာန္းထားသည့္ ဥပေဒ၊ ထုတ္ျပန္ထားသည့္ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္းစည္းကမ္း၊ နည္းလမ္းမ်ားႏွင့္အညီ လိုက္နာေဆာင္ ႐ြက္ၾကရန္ အေလးအနက္ထား မွာၾကားလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ ႏိုင္ငံသားတိုင္း တြင္တာဝန္ရွိသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ “ႏိုင္ငံသားတိုင္းဟာ ဥပေဒျပ႒ာန္းခ်က္မ်ားနဲ႔အညီ စစ္ပညာသင္ၾကားရန္နဲ႔ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ စစ္မႈထမ္းရန္တာဝန္ရွိတယ္လို႔ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၃၈၆ မွာ ေဖာ္ျပထားၿပီးျဖစ္တယ္။ ျမန္မာႏိုင္ငံရဲ႕ ပထဝီအေနအထားအရ ျမန္မာႏိုင္ငံဟာ လူဦးေရမ်ားျပားတဲ့ႏိုင္ငံေတြနဲ႔ နယ္နိမိတ္ ထိစပ္တည္ရွိေနတာျဖစ္တယ္။ မိမိတို႔ႏိုင္ငံဟာ အာဆီယံႏွင့္ ေတာင္အာရွေဒသအၾကားမွာ ေပါင္းကူးေပးႏိုင္တဲ့ ကုန္းတြင္းဆက္တံတားသဖြယ္ တည္ရွိလ်က္ရွိတယ္။ ပထဝီအေနအထားအရ၊ မဟာဗ်ဴဟာအရ အခ်က္အခ်ာက်တဲ့ ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္တယ္။ ဒါ့ေၾကာင့္ ႏိုင္ငံလြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔ စစ္ပညာသင္ၾကားရန္နဲ႔ စစ္မႈထမ္းရန္ ႏိုင္ငံသားတိုင္း မျဖစ္မေနလုပ္ေဆာင္ရမယ့္ တာဝန္ျဖစ္တယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးမ်ားျဖစ္ေသာ္လည္း ကိုယ္တိုင္ဆႏၵျပဳ စစ္မႈထမ္းေဆာင္ဖို႔ ေဆာင္႐ြက္ခဲ့ၾကတဲ့ အတြက္လည္း ဂုဏ္ယူေၾကာင္း ေျပာၾကားလိုတယ္။ သတ္မွတ္အ႐ြယ္ေရာက္ ႏိုင္ငံသူႏိုင္ငံသားတိုင္း ႏိုင္ငံကာကြယ္ေရးအတြက္ စစ္ပညာသင္ၾကားေရး၊ ကာကြယ္ေရးတာဝန္ထမ္းေဆာင္ေရး ဆက္လက္စည္း႐ုံး လုပ္ေဆာင္သြားၾကဖို႔ မွာၾကားလိုတယ္။”

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ ႏိုင္ငံတိုင္းတြင္ အုပ္ခ်ဳပ္သူအစိုးရမ်ား ေျပာင္းလဲတတ္ေသာ္လည္း ႏိုင္ငံႏွင့္ တပ္မေတာ္သည္ အစဥ္အၿမဲရွိေနရမည့္အဖြဲ႕အစည္းမ်ားျဖစ္ေၾကာင္း၊ ႏိုင္ငံအခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေနရန္အတြက္ ကာကြယ္ေရးတာဝန္ ထမ္းေဆာင္ရမည့္ တပ္မေတာ္တစ္ရပ္ ရွိေနရမည္ျဖစ္ေၾကာင္း၊ ခိုင္မာေတာင့္တင္းသည့္ တပ္မေတာ္တစ္ရပ္ အၿမဲတည္ရွိေနရန္ ႏိုင္ငံသားတိုင္းတြင္ တာဝန္ရွိသည္ကို ေျပာလိုေၾကာင္း၊ ႏိုင္ငံအေနျဖင့္ လြတ္လပ္ေရး ဆုံးရႈံးသြားရန္ ရက္ပိုင္း လပိုင္းမွ်ျဖင့္ ျဖစ္ႏိုင္ေသာ္လည္း ဆုံးရႈံးသြားသည့္ လြတ္လပ္ေရးကို ျပန္လည္တိုက္ယူရာမွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ရေၾကာင္း၊ အသက္ေပါင္းမ်ားစြာလည္း ေပးဆပ္ခဲ့ၾကရေၾကာင္းျဖင့္ ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္၏ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္မႈႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ “ႏိုင္ငံတစ္ႏိုင္ငံအတြက္ လြတ္လပ္ေရးဆုံးရႈံးသည္ထက္ ႀကီးမားတဲ့ဆုံးရႈံးမႈမရွိတာေၾကာင့္ မိမိတို႔ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာတည္တံ့ ခိုင္ၿမဲေရးအတြက္ ႏိုင္ငံသားအားလုံး ထိန္းသိမ္းေစာင့္ေရွာက္သြားဖို႔ အျပည့္အဝတာဝန္ရွိတယ္။ တပ္မေတာ္၏အဓိကတာဝန္ဟာ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ျဖစ္တယ္။ကာကြယ္ေရးဆိုတဲ့စကားရပ္ဟာ အလြန္က်ယ္ျပန႔္တယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရးဆိုတာဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ နယ္နိမိတ္ကို ကာကြယ္ျခင္း၊ ျပည္သူလူထုရဲ႕ အသက္အိုးအိမ္စည္းစိမ္ကိုကာကြယ္ျခင္းဆိုတဲ့ နယ္ပယ္သာမက ႏိုင္ငံရဲ႕အမ်ိဳးသား အက်ိဳးစီးပြားကိုကာကြယ္ျခင္း၊ ျပည္သူမ်ားအေပၚက်ေရာက္လာတဲ့ သဘာ၀ေဘး အႏၲရာယ္၊ ကူးစက္ေရာဂါေဘးအႏၲရာယ္၊ စားနပ္ရိကၡာျပတ္လပ္ျခင္း ေဘးအႏၲရာယ္ေတြ ကို ကာကြယ္ျခင္းေတြအထိ က်ယ္က်ယ္ျပန႔္ျပန႔္ ေတြးေခၚစီမံႏိုင္ဖို႔လိုအပ္ေၾကာင္း ေျပာၾကားလိုတယ္။”

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က မိမိတို႔ႏိုင္ငံသည္ ပါတီစုံဒီမိုကေရစီ လမ္းေၾကာင္းေပၚတြင္ ေလွ်ာက္လွမ္းခဲ့ရာတြင္ ၁၀ ႏွစ္ကာလေရာက္လာၿပီျဖစ္ေၾကာင္း၊ ျပည္သူက ဆႏၵႏွင့္အညီေ႐ြးခ်ယ္ခဲ့သည့္ ပါတီစုံ ဒီမိုကေရစီစနစ္သည္ စည္းကမ္းတက်ႏွင့္ တည္ၿငိမ္ေအးခ်မ္းစြာရွိရန္ လိုအပ္ေၾကာင္း၊ ဒီမိုကေရစီသည္ အဓိပၸာယ္မ်ားစြာက်ယ္ဝန္း ေသာ္လည္း အေရးႀကီးဆုံးသည္ စည္းကမ္းႏွင့္ ဥပေဒကို ေလးစားလိုက္နာျခင္းပင္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ ဒီမိုကေရစီစနစ္ ရွင္သန္ခိုင္ၿမဲေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ ထိန္းသိမ္းသြားၾကရန္မွာၾကားလိုေၾကာင္း၊ မိမိတို႔တပ္မေတာ္သားမ်ားအေနျဖင့္ မည္သည့္ေနရာတြင္ တာဝန္ထမ္းေဆာင္သည္ျဖစ္ေစ အၿမဲတမ္းတိုက္ပြဲဝင္အသင့္ျဖစ္ ေနရမည္ျဖစ္ေၾကာင္း၊ တိုက္ပြဲဝင္အသင့္ျဖစ္ေစရန္အတြက္ အၿမဲတမ္းေလ့က်င့္ႏိုင္ရန္ လိုအပ္မည္ျဖစ္ၿပီး ထိုသို႔ေလ့က်င့္ႏိုင္ရန္အတြက္ စစ္သည္တိုင္း က်န္းမာေရးႏွင့္ညီၫြတ္သည့္ စားေသာက္ေနထိုင္မႈရွိေနရမည္ျဖစ္ေၾကာင္း၊ စစ္ေျမျပင္တြင္ တိုက္ပြဲဝင္ခ်ိန္၌ ႀကံ့ခိုင္မႈမျပည့္၀ပါက တာဝန္ကိုေက်ပြန္စြာ ထမ္းေဆာင္ႏိုင္မည္မဟုတ္သည့္အတြက္ မိမိတို႔ေဆာင္႐ြက္ရမည့္ ပုံမွန္ေလ့က်င့္ေရးေဆာင္႐ြက္မႈမ်ားကို မွန္မွန္ကန္ကန္ လုပ္ေဆာင္ျခင္းအားျဖင့္ တပ္မေတာ္၏တိုက္စြမ္းရည္ကို ျမႇင့္တင္သြားရမည္ျဖစ္ေၾကာင္း၊ က်န္းမာေအာင္ေန၊ သန္စြမ္းေအာင္ေလ့က်င့္ရမည္ျဖစ္ၿပီး တပ္မေတာ္သားပီသစြာ လုပ္သင့္လုပ္ထိုက္သည့္ ႀကံ့ခိုင္မႈမ်ားကို ေန႔စဥ္လုပ္ေဆာင္ေနၾကရမည္ျဖစ္ေၾကာင္း၊ စြမ္းရည္ထက္ျမက္သည့္ တပ္မေတာ္ျဖစ္ရန္ ေဆာင္႐ြက္ရာတြင္ တစ္ဦးခ်င္းေလ့က်င့္ေရး၊ အဖြဲ႕လိုက္ေလ့က်င့္ေရးႏွင့္ ပူးေပါင္းေလ့က်င့္ေရးတို႔ကို ေလ့က်င့္ရာတြင္ က်န္းမာႀကံ့ခိုင္ ရမည္၊ ကြၽမ္းက်င္မႈရွိရမည္၊ ရဲစြမ္းသတၱိရွိရမည္ဆိုသည့္ တပ္မေတာ္၏ ေလ့က်င့္ေရး အေျခခံမူမ်ားႏွင့္အညီ ေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္သားျပည့္၀မွ တပ္ဖြဲ႕ဝင္မ်ား၏ ကိုယ္ခႏၶာႀကံ့ခိုင္သန္စြမ္းမႈ၊ ကြၽမ္းက်င္မႈႏွင့္ ယုံၾကည္မႈတို႔ကို ျမင့္မားေစၿပီး ေပးအပ္သည့္အမိန႔္ႏွင့္တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ကို ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္ရန္ မိမိတို႔တပ္မေတာ္သား မ်ားအေနျဖင့္ အၿမဲက်န္းမာႀကံ့ခိုင္ေစရန္ ေလ့က်င့္ၾကရန္လိုအပ္ေၾကာင္း။

သမိုင္းေၾကာင္းႏွင့္ ယွဥ္လ်က္ရွိသည့္ ျမန္မာ့တပ္မေတာ္၏ မြန္ျမတ္သည့္ အစဥ္အလာေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္းႀကိဳးပမ္းေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ ေခါင္းေဆာင္မႈ အဂၤါရပ္မ်ားႏွင့္ လိုက္နာက်င့္ႀကံေနထိုင္ၿပီး မိမိကိုယ္တိုင္ႏွင့္ မိမိရဲေဘာ္မ်ားေကာင္းက်ိဳးအတြက္ အၿမဲေရွးရႈလုပ္ကိုင္သြားၾကရန္ႏွင့္ စြမ္းရည္သုံးရပ္ျပည့္စုံၿပီး ထူးခြၽန္ထက္ျမက္သည့္ အရာရွိေကာင္းမ်ားျဖစ္လာရန္ ႀကိဳးပမ္းေဆာင္႐ြက္သြား ၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ မိမိကိုယ္တိုင္ထိန္းသိမ္းႏိုင္မႈႏွင့္ ႀကိဳးစားအားထုတ္မႈကိုအေျခခံၿပီး အထက္ကေပးအပ္သည့္တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္သြားၾကရန္ႏွင့္ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္က အားကိုးအားထားျပဳရသည့္ အမ်ိဳးသမီးအရာရွိေကာင္းမ်ားျဖစ္ရန္အတြက္ မိမိကိုယ္မိမိ ဆက္လက္ျပဳစုပ်ိဳးေထာင္ ေလ့က်င့္သြားၾကရန္ တိုက္တြန္းမွာၾကားလိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ဗိုလ္ေလာင္းတပ္ခြဲ၏ အေလးျပဳျခင္းကို ခံယူၿပီးစစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း (ေမွာ္ဘီ)ရိပ္သာဧည့္ခန္းမ၌ အေကာင္းဆုံး ဗိုလ္ေလာင္းဆုရ ဗိုလ္ေလာင္း ဧပရယ္ခ်ိဳႏွင့္ ေသနတ္ပစ္အေကာင္းဆုံးဆုရ ဗိုလ္ေလာင္း ေနာ္က်င္သန္း တို႔အားေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ားရရွိခဲ့ၾကသျဖင့္ ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္းႏွင့္ သင္တန္းကာလတစ္ေလွ်ာက္လုံး စဥ္ဆက္မျပတ္ ႀကိဳးစားအားထုတ္ေဆာင္႐ြက္တတ္သည့္ အေျခခံေကာင္းမ်ားကို ဘ၀တစ္ေလွ်ာက္လုံး ဆက္လက္ထိန္းသိမ္းသြားၾကရမည္ျဖစ္ေၾကာင္း၊ ဘြဲ႕ရအမ်ိဳးသမီးအရာရွိမ်ားအေနျဖင့္ ဗိုလ္ေလာင္းသင္တန္း မတက္ေရာက္မီ တကၠသိုလ္ပညာ၊ ဘြဲ႕လြန္ပညာ တို႔ကို ဆည္းပူးေလ့လာခဲ့ၾကေၾကာင္း၊ တကၠသိုလ္ပညာသည္ အေတြးအေခၚပိုင္းကို ေလ့က်င့္ေပးျခင္းပင္ျဖစ္ၿပီး အတတ္ပညာကို ေလ့လာဆည္းပူးေစျခင္းျဖစ္သည့္အတြက္ အရည္အခ်င္းျပည့္ ၀သူမ်ားျဖစ္သည္ဟု အျပည့္အဝယုံၾကည္ထားပါေၾကာင္း၊ ယခုဗိုလ္ေလာင္းသင္တန္း တက္ေရာက္ၿပီး ႀကိဳးစားအားထုတ္မႈရလဒ္ေၾကာင့္ ထူးခြၽန္စြာျဖင့္ အမ်ိဳးသမီးအရာရွိမ်ားအျဖစ္သို႔ ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း၊ လူတို႔၏ဘ၀တြင္ ကံကို႐ိုးမယ္ဖြဲ႕ေန၍မရဘဲ အတိတ္ကံ၊ ပစၥဳပၸန္ကံ မည္သို႔ပင္ရွိေစကာမႈ မိမိ၏ႀကိဳးစားအားထုတ္မႈသည္သာလ်င္ အဓိကက်ၿပီး ဘ၀တြင္ေအာင္ျမင္မႈမ်ားကို ရရွိေစႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔အတူ အသက္ ကို ဉာဏ္ေစာင့္သည္ျဖစ္သျဖင့္ အရာရာတိုင္းတြင္ အသိ၊ သတိႏွင့္ယွဥ္၍ စဥ္းစားဆုံးျဖတ္ လုပ္ကိုင္ၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ငယ္မ်ားကို ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္ အတြက္ လိုအပ္သျဖင့္ ေလ့က်င့္ေမြးထုတ္ေပးေနျခင္းျဖစ္သျဖင့္ တန္ဖိုးရွိေသာ ေခါင္းေဆာင္ မ်ားျဖစ္လာေစေရး ႀကိဳးစားအားထုတ္မႈရွိရမည္၊ က်န္းမာႀကံ့ခိုင္မႈရွိေအာင္ေနထိုင္ရမည္ ျဖစ္ၿပီး မိမိကိုယ္ကိုထိန္းသိမ္းဆင္ျခင္ေနထိုင္ရမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကိုထိန္းသိမ္း ႏိုင္စြမ္းမရွိပါက လမ္းမွားေရာက္မည္ျဖစ္ၿပီး မိမိကိုယ္ကိုအလိုလိုက္ပါက ပ်က္စီးမႈကို ျဖစ္ေစတတ္သည္ကို သတိျပဳရန္လို ေၾကာင္း၊ မိမိအဆင့္ႏွင့္ မေလ်ာ္ညီသည့္ ေနထိုင္ေျပာ ဆိုမႈ၊ ဝတ္စားဆင္ယင္မႈမ်ားကိုေရွာင္ၾကဥ္ၿပီး ေပးအပ္လာသည့္တာဝန္ကို ႐ိုးသားႀကိဳးစားစြာ မွန္မွန္ကန္ကန္ျဖင့္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ျခင္းျဖင့္ တပ္မေတာ္၏ ဂုဏ္ကိုျမႇင့္တင္ၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ ငယ္စဥ္ကေလးဘ၀မွ ယခုအခ်ိန္ထိ ေကြၽးေမြးေစာင့္ေရွာက္ထိန္းသိမ္းေပးခဲ့သည့္ မိဘေက်းဇူးကိုလည္း မိဘစကားနားေထာင္ျခင္း၊ မိမိကိုယ္ကို လူခြၽန္လူေကာင္းျဖစ္ေအာင္ေနထိုင္ျခင္း၊ လိုအပ္သည္မ်ားကို ေထာက္ပံ့ေပးအပ္ျခင္းစသည့္ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာမ်ားျဖင့္ တတ္စြမ္းသေ႐ြ႕ ေက်းဇူးဆပ္ၾကရမည္ျဖစ္ေၾကာင္း၊ တကၠသိုလ္မွ ရရွိလာသည့္ လူမႈဆက္ဆံေရး အေတြ႕အႀကဳံမ်ား၊ ဗိုလ္သင္တန္းေက်ာင္းမွ သင္ၾကားေလ့က်င့္ေပးလိုက္သည့္ အေျခခံေကာင္းမ်ားကို ဆက္လက္ထိန္းသိမ္း၍ မိမိဘ၀တိုးတက္ေအာင္၊ မိမိရည္မွန္းခ်က္ မေပ်ာက္ေအာင္ ဘ၀တစ္ေလွ်ာက္လုံးဆက္လက္ ႀကိဳးစားအားထုတ္သြားၾကရမည္ ျဖစ္ေၾကာင္းျဖင့္ ဂုဏ္ျပဳ အမွာစကား ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။