တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၈)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ၊ ဒီဇင်ဘာ – ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ရန်ကုန်မြို့၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၈)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှ အရာရှိ ကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းသင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူသည်။ ထို့နောက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၈)မှ အကောင်းဆုံးသင်တန်းသားဆုရရှိသူ သင်တန်းသားအမှတ် ၃၉၃၇၊ သင်တန်းသား အောင်မိုးနိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၉၂၅၊ သင်တန်းသား လှကိုဦး၊ စာပေထူးချွန်ဆုရရှိသူ သင်တန်း သားအမှတ် ၃၉၃၃၊ သင်တန်းသား အောင်ကျော်သန်း တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၅)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူအမှတ် ၃၀၆၊ သင်တန်းသူ ရွှေဇင်ဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၃၂၄၊ သင်တန်းသူ ဧကရီကျော်၊ စာပေထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၃၂၂၊ သင်တန်းသူ အိန္ဒြာမေသူ တို့အား ဆုများပေးအပ်ချီးမြှင့်သည်။‘

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းသားများအား မိန့်ခွန်းပြောကြားပြီးနောက် သင်တန်းတပ်ခွဲ များ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဧည့်ခန်းမဆောင်၌ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၈)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်း သားများနှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၅)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၊ သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၁၈)ႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္ (၅) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္မိန႔္ခြန္းေျပာၾကား

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည့္ သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္(၁၈)ႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္(၅)သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားသို႔ ယေန႔နံနက္ပိုင္းတြင္ တက္ေရာက္မိန႔္ခြန္းေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္ သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွ အရာရွိ ႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းသင္တန္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူသည္။ ထို႔ေနာက္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၊ သူနာျပဳႏွင့္ ေဆးဘက္ ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၁၈)မွ အေကာင္းဆုံးသင္တန္းသားဆုရရွိသူ သင္တန္းသားအမွတ္ ၃၉၃၇၊ သင္တန္းသား ေအာင္မိုးႏိုင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၉၂၅၊ သင္တန္းသား လွကိုဦး၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္း သားအမွတ္ ၃၉၃၃၊ သင္တန္းသား ေအာင္ေက်ာ္သန္း တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္ သည္။

၎ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ ပညာတကၠသိုလ္၊ အမ်ိဳးသမီးသူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္(၅)မွ အေကာင္းဆုံးသင္တန္းသူဆုရရွိသူ သင္တန္းသူအမွတ္ ၃၀၆၊ သင္တန္းသူ ေ႐ႊဇင္ဦး၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၃၂၄၊ သင္တန္းသူ ဧကရီေက်ာ္၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၃၂၂၊ သင္တန္းသူ အိျႏၵာေမသူ တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။‘

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းသားမ်ားအား မိန႔္ခြန္းေျပာၾကားၿပီးေနာက္ သင္တန္းတပ္ခြဲ မ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး စစ္ေရးျပအခမ္းအနားမွ ျပန္လည္ ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မ ေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္ ဧည့္ခန္းမေဆာင္၌ သူနာျပဳႏွင့္ ေဆးဘက္ပညာ သိပၸံဘြဲ႕သင္တန္းအမွတ္စဥ္ (၁၈)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္း သားမ်ားႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၅)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္းသူမ်ားကို ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။