တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် အတွက် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အထောက် အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ – ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ရှိ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သား သံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အထောက်အကူပြုပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အဆိုပါလှူဒါန်းပွဲသို့ အဂ္ဂမဟာပဏ္ဍိတနိုင်ငံတော် ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမဆရာတော် ဘုရားကြီး) အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) မှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ရွာမဆရာတော်ဘုရားကြီးထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး ထံသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများနှင့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ်လှူဒါန်းသည့် လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော် အရာရှိကြီးများနှင့် အငြိမ်းစားတပ်မတော် အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းစိန် ရွာမ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းစိန် ရွာမဆရာတော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီးတွင် သီတင်းသုံးတော်မူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားသံဃာတော်များအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ယနေ့လှူဒါန်းမှုအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ကုသ၊ ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ခု၊ KN-95 Mask ၁၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Examination Gloves ၂၀၀၀ ခု၊ Hand Gel 500 ml ၁၀၀ ဘူး၊ Hand Sanitizer 500 ml ၂၀၀ ဘူး၊ ဆန် ၂၀၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ပဲ ၁၀၀၀ ပိဿာနှင့် ငွေကျပ် သိန်း ၅၀၀ တို့ဖြစ်သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉)မှ အငြိမ်းစားတပ်မတော် အရာရှိကြီးများ၏ သင်တန်းဆင်း ၄၃ နှစ်မြောက် အထိမ်းအမှတ် လှူဒါန်းမှုအနေဖြင့် ဆန် ၉၁ အိတ်၊ ဆီ ၁၉၀ ပိဿာ၊ ပဲ ၁၉၀ ပိဿာ၊ စောင် ၂၁၂ ထည်နှင့် ငွေကျပ် ၄၃ သိန်းတို့ဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အင္းစိန္႐ြာမပရိယတၱိစာသင္တိုက္ အတြက္ COVID-19 ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရး အေထာက္အကူျပဳ ပစၥည္းမ်ားႏွင့္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္း

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၃

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕ရွိ အင္းစိန္႐ြာမပရိယတၱိစာသင္တိုက္ႀကီးတြင္ သီတင္းသုံးေတာ္မူလ်က္ရွိသည့္ ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္မ်ားႏွင့္ စာသင္သား သံဃာေတာ္မ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက COVID-19 ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရး အေထာက္အကူျပဳပစၥည္းမ်ား၊ လႉဖြယ္ပစၥည္းမ်ားႏွင့္ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၉)မွ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ား၏ သင္တန္းဆင္း ၄၃ ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းျခင္းကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါေက်ာင္းတိုက္၌ က်င္းပျပဳလုပ္သည္။

အဆိုပါလႉဒါန္းပြဲသို႔ အဂၢမဟာပ႑ိတႏိုင္ငံေတာ္ ဩဝါဒါစရိယ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕ ဩဝါဒါစရိယ ဘဒၵႏၲတိေလာကာဘိဝံသ (႐ြာမဆရာေတာ္ ဘုရားႀကီး) အမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉) မွ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ႐ြာမဆရာေတာ္ဘုရားႀကီးထံမွငါးပါးသီလခံယူေဆာက္တည္ၾကသည္။ ယင္းေနာက္ ဆရာေတာ္၊ သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ပရိတ္တရားေတာ္မ်ားကို နာယူၾကည္ညိဳၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အင္းစိန္႐ြာမ ဆရာေတာ္ဘုရားႀကီး ထံသို႔ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားကလႉဒါန္းသည့္ COVID-19 ေရာဂါ ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရး အေထာက္အကူျပဳပစၥည္းမ်ား၊ လႉဖြယ္ပစၥည္းမ်ား၊ အလႉေငြမ်ားႏွင့္ စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၉)မွ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ား၏ သင္တန္းဆင္း ၄၃ ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္လႉဒါန္းသည့္ လႉဖြယ္ပစၥည္းမ်ားႏွင့္ အလႉေငြမ်ားကို ဆက္ကပ္လႉဒါန္းသည္။ ယင္းေနာက္ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံသို႔ လႉဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လႉဒါန္းၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အင္းစိန္ ႐ြာမ ဆရာေတာ္ဘုရားႀကီးထံမွ အႏုေမာဒနာတရားနာယူၾကၿပီး လႉဒါန္းမႈအစုစု အတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။

အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အင္းစိန္ ႐ြာမဆရာေတာ္ဘုရားႀကီးအမႉးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား ေန႔ဆြမ္း ဆက္ကပ္ လႉဒါန္းခဲ့ၾကသည္။

အင္းစိန္႐ြာမပရိယတၱိ စာသင္တိုက္ႀကီးတြင္ သီတင္းသုံးေတာ္မူလ်က္ရွိသည့္ ဆရာေတာ္၊ သံဃာေတာ္အရွင္သူျမတ္မ်ားႏွင့္ စာသင္သားသံဃာေတာ္မ်ားအတြက္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ား၏ ယေန႔လႉဒါန္းမႈအေနျဖင့္ COVID-19 ေရာဂါ ကာကြယ္၊ကုသ၊ ထိန္းခ်ဳပ္ေရး အေထာက္အကူျပဳပစၥည္းမ်ားျဖစ္သည့္ Surgical Mask ၂၀၀၀၀ ခု၊ KN-95 Mask ၁၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ Examination Gloves ၂၀၀၀ ခု၊ Hand Gel 500 ml ၁၀၀ ဘူး၊ Hand Sanitizer 500 ml ၂၀၀ ဘူး၊ ဆန္ ၂၀၀ အိတ္၊ ဆီ ၁၀၀ ပိႆာ၊ ပဲ ၁၀၀၀ ပိႆာႏွင့္ ေငြက်ပ္ သိန္း ၅၀၀ တို႔ျဖစ္သည္။

စစ္တကၠသိုလ္ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၉)မွ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ား၏ သင္တန္းဆင္း ၄၃ ႏွစ္ေျမာက္ အထိမ္းအမွတ္ လႉဒါန္းမႈအေနျဖင့္ ဆန္ ၉၁ အိတ္၊ ဆီ ၁၉၀ ပိႆာ၊ ပဲ ၁၉၀ ပိႆာ၊ ေစာင္ ၂၁၂ ထည္ႏွင့္ ေငြက်ပ္ ၄၃ သိန္းတို႔ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။