တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၈)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ – ၂၃

“ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော် အတွက် လက်ရုံးရည်၊နှလုံးရည် ပြည့်၀သည့် တပ်မတော်သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဘက်ပညာသည်များကို လေ့ကျင့်မွေးထုတ်ပေးရန်”ဆိုသည့်တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ ကိုယ်ရည်ကိုယ်သွေးနှင့် ကျင့်ဝတ်သိက္ခာ ပြည့်စုံသည့် သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်ဆေးစစ်သည်များကို ဆေးဝန်ထမ်းတပ်ဖွဲ့အတွက် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ်(၁၈)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြား သည်။

 

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တပ်နယ်မှအရာရှိကြီးများ တက် ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းသင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။ ထို့နောက် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၈)မှ အကောင်းဆုံးသင်တန်းသားဆုရရှိသူ သင်တန်းသားအမှတ် ၃၉၃၇၊ သင်တန်းသား အောင်မိုးနိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ သင်တန်းသားအမှတ် ၃၉၂၅၊ သင်တန်းသား လှကိုဦး၊ စာပေထူးချွန်ဆုရရှိသူ သင်တန်း သားအမှတ် ၃၉၃၃၊ သင်တန်းသား အောင်ကျော်သန်း တို့အား ဆုများပေးအပ်ချီးမြှင့် သည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်၊ အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၅)မှ အကောင်းဆုံးသင်တန်းသူဆုရရှိသူ သင်တန်းသူအမှတ် ၃၀၆၊ သင်တန်းသူ ရွှေဇင်ဦး၊ လေ့ကျင့် ရေးထူးချွန်ဆုရရှိသူ သင်တန်းသူအမှတ် ၃၂၄၊ သင်တန်းသူ ဧကရီကျော်၊ စာပေထူးချွန် ဆုရရှိသူ သင်တန်းသူအမှတ် ၃၂၂၊ သင်တန်းသူ အိန္ဒြာမေသူ တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းသား၊ သင်တန်းသူများအား မိန့်ခွန်းပြောကြားရာ၌ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ကြီး ၃ ရပ်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြရသည့် တပ်မတော်သားတိုင်းသည် ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်နေရန် အင်မတန်အရေးကြီး ကြောင်း၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသည့် စကားနှင့်အညီ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကောင်းမွန်စေရန် တစ်ဖက်တစ်လမ်းက တာဝန်ယူနေကြရသူများ သည် သူနာပြုကောင်းများ၏ အခြေခံအရည်အချင်းများဖြစ်သော “ ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာ” ဆိုသည့် နာငါးနာနှင့်အညီ ပြုစုကုသမှု ပေးကြရမည်ဖြစ်ကြောင်း၊ စစ်မြေပြင် တွင် သူနာပြုလုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာအကာအကွယ်ပေးရေးလုပ်ငန်းများသည် အဓိကကျ သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို အကောင်း မွန်ဆုံး ဆေးဝါးကုသမှုပေးနိုင်ခြင်းသည် တိုက်ပွဲဝင်စစ်သည်များအတွက် စိတ်ဓာတ်ရေးရာကို များစွာ အထောက်အကူပြုစေပြီး ကျွမ်းကျင်ထိရောက်စွာ ပြုစုကုသပေးနိုင်မှုသည် စစ်ပွဲအောင်နိုင်ရေးကို များစွာအထောက်အကူပြုစေနိုင်သောကြောင့် အရည်အချင်းပြည့်၀ ပြီး တတ်ကျွမ်းထားသည့် ဆေးပညာရပ်များကို ထိရောက်စွာ အသုံးချနိုင်သူများဖြစ်အောင် ကြိုးစားသွားရန် မှာကြားလို ကြောင်း။

ယနေ့ခေတ် သူနာပြုစုမှုများသည် ပြုစုစောင့်ရှောက်မှုအပြင် စီမံအုပ်ချုပ်မှု၊ စိစစ်စောင့် ကြည့်မှု၊ လူနာနှင့်ဆိုင်သည့် အဓိကအချက်အလက်များကို စနစ်တကျ မှတ်တမ်းပြုစုထားရှိမှုနှင့် အာဟာရဖြည့်တင်းမှုကို စောင့်ကြည့်စီမံမှုများကိုပါ အသေးစိတ် ဆောင်ရွက်လာသည်ကို တွေ့ရှိရ ကြောင်း၊ သူနာပြုကောင်းတစ်ဦး၏ ပြုမူပြောဆို ဆက်ဆံပုံများသည် လူနာများအတွက် ဝေဒနာ တစ်ဝက် သက်သာစေသောကြောင့် မိတ်ဆွေကဲ့သို့ ဆက်ဆံခြင်း၊ ရိုင်းပင်းကူညီခြင်း၊ ရိုးသားခြင်း၊ စိတ်ရှည်သည်းခံနိုင်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း၊ အကြင်နာတရားရှိခြင်း စသည့် သူနာပြု တစ်ဦး၏ ကျင့်ဝတ်များနှင့်အညီ လိုက်နာကျင့်ကြံသွားကြရန်လည်း တိုက်တွန်း မှာကြားလိုကြောင်း။

လက်ရှိဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် စတင်ဖြစ်ပွားချိန်မှစ၍ ရောဂါရှိသူများအား ဆောလျင်စွာ ရှာဖွေဖော်ထုတ်ပြီး သီးခြားခွဲထားခြင်း၊ ပြည်သူ များအား စနစ်တကျ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ မျက်နှာ အကာတပ်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းတို့ အတွက် အသိပညာပေးဝေခြင်း၊ ဈေး၊ ကျောင်း၊ ဆေးရုံများတွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ဆေးရည်များဖျန်းပေးခြင်း၊ ကူးစက် မှုမြင့်မားလာချိန်များတွင် အရပ်ဘက်ကျန်းမာရေး အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ဖောင်ကြီးကုသရေးစင်တာ၊ ဆရာတော်၊ သံဃာတော်များအတွက် ကုသရေးစင်တာနှင့် တပ်မတော်ကုသရေးစင်တာများတွင် သူနာပြုနှင့်ကျွမ်းကျင်သူများသည် တက်ကြွစွာ ပါဝင်ဆောင်ပေးလျက်ရှိသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် သဘာ၀ဘေး အန္တရာယ် ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် မေတ္တာ၊ စေတနာအရင်းခံ၍ မိသားစု စိတ်ဓာတ်ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ပြောကြားရာ တွင် “ဒို့နိုင်ငံမှာ ဖြစ်ပွားလေ့ရှိတဲ့ သဘာ၀ ဘေးအန္တရာယ်များဖြစ်တဲ့ ရေကြီးတာ၊ လေပြင်း မုန်တိုင်း တိုက်ခတ်တာ၊ ငလျင်လှုပ်တာ၊ မြေပြိုတာ၊ မီးလောင်ခြင်း စတာတွေအပြင် အခြား မမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာလို့ရှိရင် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် စီမံချက်များ ကြိုတင်မျှော်တွေးရေးဆွဲထားပြီး ဖြစ်တဲ့အတွက် ဒို့တပ်မတော်သားတွေအနေနဲ့ မည်သည့်အမိန့်ကိုမျှ စောင့်ဆိုင်း စရာမလိုဘဲ အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ လူမျိုးဘာသာ မရွေး သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မဆိုင်းဘဲ ဆောင်ရွက်ပေးသွားကြ ရမှာဖြစ်တယ်။ သဘာ၀ဘေးအန္တရာယ်တစ်ခု ကျရောက်လာရင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ် တကျနဲ့ လျင်မြန်ထိရောက်စွာ ဆောင်ရွက်ပေးနိုင်တဲ့ အဖွဲ့အစည်းဟာ ဒို့တပ်မတော် ဖြစ် တာနဲ့အညီ သဘာ၀ဘေးအန္တရာယ်ကြောင့် ဆင်းရဲဒုက္ခခံစားနေရတဲ့ ပြည်သူများရဲ့ လိုအပ်ချက် များကို မေတ္တာ၊ စေတနာ အရင်းခံပြီး မိသားစုစိတ်ဓာတ်နဲ့ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမှာဖြစ်တယ်။ ဒီလိုဆောင်ရွက်ပေးရာမှာ တတ်ကျွမ်း ထားသည့် သူနာပြုနှင့် ဆေးဘက်ဆိုင်ရာအတတ်ပညာတွေကို ထိရောက်စွာအသုံးချပြီး သဘာ၀ဘေးအန္တရာယ်ကြောင့် ဆင်းရဲဒုက္ခခံစားနေရသူများရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကို သိရှိအောင် ပြုလုပ်ပြီး အကောင်းဆုံးသော ပြုစုစောင့်ရှောက်မှု များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့ တပ်မတော် သည် ပြည်ထောင်စုတိုင်းရင်းသားပြည်သူများမှ မွေးဖွားလာသည့် သားသမီးများနှင့် ဖွဲ့စည်းထားရှိ သည့် တပ်မတော်ဖြစ်သည်နှင့်အညီ တာဝန်ကျရာ နယ်မြေဒေသအသီးသီးကို ရောက်ရှိချိန်တွင် သဘာ၀ဘေးအန္တရာယ် (Natural Disaster) အပြင် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ် (Man made Disaster ) များ တိုင်းရင်းသားပြည်သူများအပေါ် ကျရောက်လာချိန် တွင် ပြည်ထောင်စု စိတ်ဓာတ်အရင်းတည်ပြီး ကာကွယ်စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊ မိမိ တို့ တပ်မတော်သည် စတင်တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက ဆုံးရှုံးသွားသည့်လွတ်လပ်ရေး ကို တိုင်းရင်းသားပြည်သူများနှင့်လက်တွဲပြီး ရယူပေးလိုသည့် နိုင်ငံချစ်စိတ် မျိုးချစ် စိတ်များနှင့် သန္ဓေတည်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်၏ သမိုင်းပေးတာဝန်အရပ်ရပ်ကို အောင်မြင်ကျေပွန်သည် အထိ ကိုယ်ကျိုးစွန့်ပြီး အသက်နှင့်ခန္ဓာ စွန့်လွှတ်စွန့်စားစွာဖြင့် ထမ်းဆောင်လာခဲ့သည့် အခိုင်မာ ဆုံးသောအဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ထို့ပြင် တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း ဖြစ်သကဲ့သို့ တပ်မတော်သားများသည် လည်း ပြည်သူများ၏ အစိတ်အပိုင်းလည်းဖြစ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည့်အတွက် မိမိတို့တပ်မတော်အနေဖြင့် ပြည်သူလူထု ၏အားကို အရင်းတည်ပြီး စုစည်းညီညွတ်သည့်အားဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်စောင့် ရှောက်သွားရမည် ဖြစ်ကြောင်း၊ ယင်းပြည်ထောင်စုကြီးသည် မိမိတို့မိဘဘိုးဘွားများက အသက် သွေးချွေးများစွာ ပေးဆပ်စွန့်လွှတ်ပြီး တည်ဆောက်ပေးခဲ့သည့်အတွက် ယနေ့အချိန်အခါတွင် ဘိုးဘွားအမွေအနှစ်အဖြစ် ပိုင်ဆိုင်ခွင့်ရရှိနေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ အင်အားသည် ပြည်ထောင်စုအတွင်းရှိ ပြည်နယ်၊ တိုင်းဒေသကြီးအားလုံးတွင် နေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးအားလုံး၏ စည်းလုံးညီညွတ်မှုအပေါ်တွင် မူတည်နေသည့် အတွက် ညီညွတ်မှုအားကောင်း နေလျှင် နိုင်ငံတော်၏ အင်အားတောင့်တင်းခိုင်မာနေ မည်ပင် ဖြစ်ကြောင်း။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “ပြည် ထောင်စုစိတ်ဓာတ်ဖြင့် လက်တွဲမဖြုတ်စတမ်း စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီး အဓွန့် ရှည်တည်တံ့နိုင်ရေးဟာ ပြည်ထောင်စုတိုင်းရင်းသား အားလုံးအတွက် သမိုင်းပေးတာဝန် တစ်ရပ် လည်းဖြစ်တယ်။ ဒို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးများစွာရှိတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေးဟာ အလွန်အရေးကြီးပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားကောင်းမှသာ ပြည်ထောင်စု ပြိုကွဲမယ့် ဘေးအန္တရာယ်ကို ကာကွယ်နိုင်မှာပဲဖြစ်တယ်။ ပြည်ထောင်စုမပြိုကွဲ ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် We are Myanmar ဆိုတဲ့ စည်းလုံး ညီညွတ်တဲ့စိတ်ဓာတ်တွေ တိုင်းရင်းသားပြည်သူများအကြား ရှင်သန်ပေါက်ဖွားလာအောင် လုပ်ဆောင်သွားကြရမှာဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုများအကြား မတူကွဲပြားမှုများရှိနေ သော်လည်းပဲ စည်းလုံးညီညွတ်ရေးကို အဓိကထိခိုက်စေတဲ့ စိုးရိမ်မှုနဲ့ သံသယစိတ်တွေ၊ အားငယ်မှုနှင့် သိမ်ငယ်စိတ်တွေကို ဖယ်ရှားပြီး နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု များနဲ့ မတူကွဲပြားမှုတွေကို တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီညွတ်မှုရရှိအောင် လုပ်ဆောင်ရမှာဖြစ်တယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုစိတ်ဓာတ်ဟာ မရှိမဖြစ်လိုအပ်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် လာအောင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို အောင်မြင်အောင် လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်။ ဒါကြောင့် တာဝန်ကျရာ ဒေသအသီး သီးမှာ တိုင်းရင်းသားပြည်သူများနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန် ထက်မြက်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးလုပ်ဆောင်သွားကြဖို့ တိုက်တွန်းမှာကြားလိုတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာ၌ လက်တွေ့ နယ်ပယ်တွင် တာဝန်ထမ်းဆောင်သည့်အခါ လက်ရုံးရည်နှင့်ပြည့်စုံရန်လိုအပ်သကဲ့သို့ နှလုံးရည်နှင့်လည်း ပြည့်၀နေကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်ဘ၀ကိုခံယူပြီးဖြစ်၍ နယ်ဘက်ဥပဒေကိုသာမက စစ်ဘက်ဥပဒေနှင့် စစ်စည်းကမ်းများကိုလည်း လိုက်နာ ကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းသည် မိမိတို့တပ်မတော်အတွက် အဓိကကျသောကြောင့် စည်းစနစ်ရှိသည့် တပ်မတော်သားကောင်း များအဖြစ်သာမက သူနာပြုနှင့်ဆေးဘက် ပညာသည်များဖြစ်သည့်အတွက် ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်လာလျင်လည်း သာမန် ထက်ပိုပြီး စောင့်ထိန်းကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆေးရုံ၊ ဆေးတပ်များအပြင် စစ်မြေပြင်၌ ခြေလျင်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားရမည် ဖြစ်သော ကြောင့် ရဲဘော်စိတ်ဆိုသည့် မေတ္တာတရား၊ သံယောဇဉ် တရားနှင့် သစ္စာစောင့်သိမှုတရားတို့ကို ကောင်းစွာထားရှိမွေးမြူသွားကြရန် ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် ရဲဘော်စိတ် ကြောင့်ပင် တစ်ဦးအပေါ်တစ်ဦး အသက်ပေးပြီး တက်ညီလက်ညီ တိုက်ပွဲဝင်ခဲ့ကြသဖြင့် အောင်ပွဲအလီလီခံခဲ့ကြရကြောင်း၊ ရဲဘော်စိတ်သည် နှလုံးရည်၏ အခြေခံ အချက်တစ်ရပ်လည်း ဖြစ်ကြောင်း၊ နှလုံးရည် မြင့်မားသူများသည် စည်းရုံးရေးစွမ်းရည်နှင့်လည်း ပြည့်စုံတတ်ကြ ကြောင်း၊ အတွေ့အကြုံ ရလာသည်နှင့်အမျှ အုပ်ချုပ်ရေးစွမ်းရည်ပါ မြင့်မားလာလျင် စွမ်းရည် သုံးရပ်နှင့်ပြည့်စုံပြီး လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်၀သည့် တပ်မတော်သူနာပြုများ၊ ဆေးဘက် ပညာသည်များနှင့် ဆေးဝါးကျွမ်းကျင်သူ စစ်သည်တော်ကောင်းများ ဖြစ်လာမည်ပင်ဖြစ်ကြောင်း။

ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် သူနာပြုနှင့်ဆေးဘက်ပညာရပ်များကို မျက်ခြည်မပြတ်လေ့လာပြီး သင်ကြားတတ်မြောက်ထားသည့် ဆေးပညာရပ် များကို လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချသွားရမည်ဖြစ်ကြောင်း၊ သူနာပြုအခြေခံအရည် အချင်းကောင်းများဖြစ်သည့် ဝါသနာ၊ စေတနာ၊ အကြင်နာ၊ အနစ်နာ၊ နမူနာဆိုသည့် နာငါးနာနှင့် အညီ လူနာများကို ကျောသားရင်သားမခွဲခြားဘဲ ပြုစုကုသစောင့်ရှောက်သွားကြရန်နှင့် တိုင်းပြည်နှင့်လူမျိုးအတွက် အရေးကြုံလာတိုင်း စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ အနစ်နာခံ လိုသည့် စိတ်ဓာတ်များနှင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် အလေးအနက်ထား မှာကြားလို ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် သင်တန်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဧည့်ခန်းမဆောင်၌ သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၈)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်း သားများနှင့် အမျိုးသမီးသူနာပြု နှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၅)မှ ထူးချွန်ဆုရရှိခဲ့ကြသည့် သင်တန်းသူများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြား သည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဝမ်းမြောက် ဂုဏ်ယူကြောင်းနှင့် ဘ၀တစ်လျှောက်လုံး ဆက်လက်ကြိုးစားသွားကြစေလိုကြောင်း၊ ထူးချွန်ဆုများရရှိခဲ့ကြသည့်အတွက် မိဘများအနေဖြင့်လည်း ဝမ်းသာဂုဏ်ယူနေကြမည်ဖြစ်ပြီး ဘ၀တွင် ကောင်းမွန်သည့်မှတ်တမ်းတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည့်အတွက် ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းကာလ ၄ နှစ်တာကာလပတ်လုံး ခိုင်မာသည့်စိတ်ဓာတ်၊ ကြိုးစား ပမ်းစား လုပ်ဆောင်လိုသည့်စိတ်ဓာတ်များဖြင့် စစ်ပညာ၊ စာပေပညာတို့ကို စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်စွာ စဉ်ဆက်မပြတ်ကြိုးစားခဲ့ခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်မှုကိုရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်စနစ်များ အပြောင်းအလဲရှိသကဲ့သို့ လူတို့၏ဘ၀တွင်လည်း အပြောင်းအလဲများစွာကို ကြုံတွေ့နေကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ငယ်စဉ် ကျောင်းသူ၊ ကျောင်းသားဘ၀မှ စစ်မှုထမ်းသူနာပြုသင်တန်းသားဘ၀၊ ထိုမှတစ်ဆင့် ယခု သင်တန်း ဆင်းပြီးပါက စစ်မှုထမ်းသူနာပြုများအဖြစ် တာဝန်ကျရာနေရာအသီးသီးတွင် တာဝန်ထမ်းဆောင်ပြီး အဆင့်ဆင့်သောရာထူးများတိုးတက်ပြောင်းလဲကြမည်ဖြစ်ကြောင်း၊ ထိုသို့ ဘ၀ကို ဖြတ်သန်းရာ၌ မိမိကိုယ်ကိုမိမိ အကဲခတ်နိုင်ရမည်ဖြစ်ပြီး မကောင်းသည့်အလေ့ အကျင့်များကိုပယ်ရှားကာ ကောင်းမွန်သည့်အလေ့အထ၊ ဗီဇများကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားခြင်းဖြင့် ဘ၀တိုးတက်မှုကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိလုပ်ငန်းခွင် နှင့် သက်ဆိုင်သည့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရေးနှင့် မိမိ၏ ရည်မှန်းချက်များအောင်မြင်စေရေး အမြဲမပြတ် ကြိုးစားအားထုတ် အကောင်အထည် ဖော်ကြရမည်ဖြစ်ကြောင်း၊ ဘ၀တွင်အောင်မြင်မှုများရရှိရန်အတွက် မည်သည့် ပညာရပ်၊ လုပ်ငန်းကိုမဆို အမြဲမပြတ် လေ့လာရမည်၊ လေ့လာထားသည့် အရာများကို ကျွမ်းကျင်ရန်နှင့် အသားတကျ ဖြစ် ရန် လေ့ကျင့်ရမည်ဖြစ်ပြီး မိမိသင်ကြား လေ့လာခဲ့ရသည်များကိုလည်း လက်တွေ့လုပ်ငန်းခွင်နှင့် ဘ၀တစ်လျှောက်ဖြတ်သန်းရာတွင် လိုက်နာကျင့်သုံးသွားကြရမည်ဖြစ်ကြောင်း၊ ထူးချွန်ဆုရရှိ ကြသူများအနေဖြင့် သာမာန်မိသားစုများမှ ပေါက်ဖွားလာကြသူများဖြစ်သည်ကိုတွေ့ရှိရပြီး ငယ်စဉ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ကျွေးမွေးပြုစုပျိုးထောင်ခဲ့သည့် မိဘကျေးဇူး ကို ဆပ်ရန်လိုအပ်မည်ဖြစ်သကဲ့သို့ ၄ နှစ်တာကာလ စာပေပညာ၊ စစ်ပညာ သင်ကြားပေးခဲ့သည့် နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးကိုလည်း မိမိကိုယ်ကိုကောင်းမွန် အောင်နေထိုင်ခြင်းဖြင့် သိတတ်နားလည်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိဘနှင့် တပ်မတော် က သင်ကြားပေးခဲ့သည့် အသိပညာ၊ အတတ်ပညာများကို အသုံးချ၍ ဘ၀တစ်လျှောက်လုံး အောင်မြင်အောင် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ဘ၀ တိုးတက်မှုကို အထောက်အကူဖြစ်စေသည့် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းကို မွေးမြူကျင့်သုံးကြစေလိုကြောင်းဖြင့် ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၊ သူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၁၈)ႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္ (၅) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပအခမ္းအနားက်င္းပ
ေနျပည္ေတာ္ ၊ ဒီဇင္ဘာ – ၂၃

“ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္မည့္ အမ်ိဳးသားတပ္မေတာ္ အတြက္ လက္႐ုံးရည္၊ႏွလုံးရည္ ျပည့္၀သည့္ တပ္မေတာ္သူနာျပဳမ်ား၊ ေဆးဝါးကြၽမ္းက်င္သူမ်ားႏွင့္ ေဆးဘက္ပညာသည္မ်ားကို ေလ့က်င့္ေမြးထုတ္ေပးရန္”ဆိုသည့္

တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၏ ရည္႐ြယ္ခ်က္ႏွင့္အညီ ကိုယ္ရည္ကိုယ္ေသြးႏွင့္ က်င့္ဝတ္သိကၡာ ျပည့္စုံသည့္ သူနာျပဳမ်ား၊ ေဆးဝါးကြၽမ္းက်င္ေဆးစစ္သည္မ်ားကို ေဆးဝန္ထမ္းတပ္ဖြဲ႕အတြက္ ေလ့က်င့္ေမြးထုတ္ေပးလ်က္ရွိသည္ႏွင့္အညီ သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္း အမွတ္စဥ္(၁၈)ႏွင့္ အမ်ိဳးသမီးသူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္း အမွတ္စဥ္(၅) သင္တန္းဆင္း ဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ တပ္မေတာ္ သူနာျပဳႏွင့္ေဆးဘက္ပညာ တကၠသိုလ္စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ တက္ေရာက္မိန႔္ခြန္း ေျပာၾကား သည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) မွ တပ္မေတာ္အရာရွိႀကီး မ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ရန္ကုန္တပ္နယ္မွအရာရွိႀကီးမ်ား တက္ ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ေက်ာင္းဆင္းသင္တန္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကို ခံယူသည္။ ထို႔ေနာက္ တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ပညာတကၠသိုလ္၊ သူနာျပဳႏွင့္ ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၁၈)မွ အေကာင္းဆုံးသင္တန္းသားဆုရရွိသူ သင္တန္းသားအမွတ္ ၃၉၃၇၊ သင္တန္းသား ေအာင္မိုးႏိုင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသားအမွတ္ ၃၉၂၅၊ သင္တန္းသား လွကိုဦး၊ စာေပထူးခြၽန္ဆုရရွိသူ သင္တန္း သားအမွတ္ ၃၉၃၃၊ သင္တန္းသား ေအာင္ေက်ာ္သန္း တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္ သည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္သူနာျပဳႏွင့္ ေဆးဘက္ ပညာတကၠသိုလ္၊ အမ်ိဳးသမီးသူနာျပဳႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္(၅)မွ အေကာင္းဆုံးသင္တန္းသူဆုရရွိသူ သင္တန္းသူအမွတ္ ၃၀၆၊ သင္တန္းသူ ေ႐ႊဇင္ဦး၊ ေလ့က်င့္ ေရးထူးခြၽန္ဆုရရွိသူ သင္တန္းသူအမွတ္ ၃၂၄၊ သင္တန္းသူ ဧကရီေက်ာ္၊ စာေပထူးခြၽန္ ဆုရရွိသူ သင္တန္းသူအမွတ္ ၃၂၂၊ သင္တန္းသူ အိျႏၵာေမသူ တို႔အား ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။‘

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းသား၊ သင္တန္းသူမ်ားအား မိန႔္ခြန္းေျပာၾကားရာ၌ တပ္မေတာ္၏ အဓိကလုပ္ငန္းတာဝန္ႀကီး ၃ ရပ္ျဖစ္သည့္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္၊ ေလ့က်င့္ေရး တာဝန္ႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္မ်ားကို စြမ္းစြမ္းတမံ ထမ္းေဆာင္ေနၾကရသည့္ တပ္မေတာ္သားတိုင္းသည္ ကိုယ္ေရာစိတ္ပါ က်န္းမာႀကံ့ခိုင္ေနရန္ အင္မတန္အေရးႀကီး ေၾကာင္း၊ က်န္းမာျခင္းသည္ လာဘ္တစ္ပါး ဆိုသည့္ စကားႏွင့္အညီ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ က်န္းမာေရးေကာင္းမြန္ေစရန္ တစ္ဖက္တစ္လမ္းက တာဝန္ယူေနၾကရသူမ်ား သည္ သူနာျပဳေကာင္းမ်ား၏ အေျခခံအရည္အခ်င္းမ်ားျဖစ္ေသာ “ ဝါသနာ၊ ေစတနာ၊ အၾကင္နာ၊ အနစ္နာ၊ နမူနာ” ဆိုသည့္ နာငါးနာႏွင့္အညီ ျပဳစုကုသမႈ ေပးၾကရမည္ျဖစ္ေၾကာင္း၊ စစ္ေျမျပင္ တြင္ သူနာျပဳလုပ္ငန္းႏွင့္ ေဆးဘက္ဆိုင္ရာအကာအကြယ္ေပးေရးလုပ္ငန္းမ်ားသည္ အဓိကက် သည့္ အခန္းက႑မွ ပါဝင္လ်က္ရွိေၾကာင္း၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို အေကာင္း မြန္ဆုံး ေဆးဝါးကုသမႈေပးႏိုင္ျခင္းသည္ တိုက္ပြဲဝင္စစ္သည္မ်ားအတြက္ စိတ္ဓာတ္ေရးရာကို မ်ားစြာ အေထာက္အကူျပဳေစၿပီး ကြၽမ္းက်င္ထိေရာက္စြာ ျပဳစုကုသေပးႏိုင္မႈသည္ စစ္ပြဲေအာင္ႏိုင္ေရးကို မ်ားစြာအေထာက္အကူျပဳေစႏိုင္ေသာေၾကာင့္ အရည္အခ်င္းျပည့္၀ ၿပီး တတ္ကြၽမ္းထားသည့္ ေဆးပညာရပ္မ်ားကို ထိေရာက္စြာ အသုံးခ်ႏိုင္သူမ်ားျဖစ္ေအာင္ ႀကိဳးစားသြားရန္ မွာၾကားလို ေၾကာင္း။

ယေန႔ေခတ္ သူနာျပဳစုမႈမ်ားသည္ ျပဳစုေစာင့္ေရွာက္မႈအျပင္ စီမံအုပ္ခ်ဳပ္မႈ၊ စိစစ္ေစာင့္ ၾကည့္မႈ၊ လူနာႏွင့္ဆိုင္သည့္ အဓိကအခ်က္အလက္မ်ားကို စနစ္တက် မွတ္တမ္းျပဳစုထားရွိမႈႏွင့္ အာဟာရျဖည့္တင္းမႈကို ေစာင့္ၾကည့္စီမံမႈမ်ားကိုပါ အေသးစိတ္ ေဆာင္႐ြက္လာသည္ကို ေတြ႕ရွိရ ေၾကာင္း၊ သူနာျပဳေကာင္းတစ္ဦး၏ ျပဳမူေျပာဆို ဆက္ဆံပုံမ်ားသည္ လူနာမ်ားအတြက္ ေဝဒနာ တစ္ဝက္ သက္သာေစေသာေၾကာင့္ မိတ္ေဆြကဲ့သို႔ ဆက္ဆံျခင္း၊ ႐ိုင္းပင္းကူညီျခင္း၊ ႐ိုးသားျခင္း၊ စိတ္ရွည္သည္းခံႏိုင္ျခင္း၊ ယဥ္ေက်းလိမၼာျခင္း၊ ကိုယ္ခ်င္းစာတရားရွိျခင္း၊ အၾကင္နာတရားရွိျခင္း စသည့္ သူနာျပဳ တစ္ဦး၏ က်င့္ဝတ္မ်ားႏွင့္အညီ လိုက္နာက်င့္ႀကံသြားၾကရန္လည္း တိုက္တြန္း မွာၾကား လိုေၾကာင္း။

လက္ရွိျဖစ္ပြားေနသည့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ အဆုတ္ေရာင္ေရာဂါ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္မ်ားတြင္ စတင္ျဖစ္ပြားခ်ိန္မွစ၍ ေရာဂါရွိသူမ်ားအား ေဆာလ်င္စြာ ရွာေဖြေဖာ္ထုတ္ၿပီး သီးျခားခြဲထားျခင္း၊ ျပည္သူ မ်ားအား စနစ္တက် ႏွာေခါင္းစည္း တပ္ဆင္ျခင္း၊ ဆပ္ျပာျဖင့္ လက္ေဆးျခင္း၊ မ်က္ႏွာ အကာတပ္ျခင္း၊ လူစုလူေဝးေရွာင္ရွားျခင္းတို႔ အတြက္ အသိပညာေပးေဝျခင္း၊ ေဈး၊ ေက်ာင္း၊ ေဆး႐ုံမ်ားတြင္ ဆိုဒီယမ္ဟိုက္ပိုကလို႐ိုက္ ေဆးရည္မ်ားဖ်န္းေပးျခင္း၊ ကူးစက္ မႈျမင့္မားလာခ်ိန္မ်ားတြင္ အရပ္ဘက္က်န္းမာေရး အဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး ေဖာင္ႀကီးကုသေရးစင္တာ၊ ဆရာေတာ္၊ သံဃာေတာ္မ်ားအတြက္ ကုသေရးစင္တာႏွင့္ တပ္မေတာ္ကုသေရးစင္တာမ်ားတြင္ သူနာျပဳႏွင့္ကြၽမ္းက်င္သူမ်ားသည္ တက္ႂကြစြာ ပါဝင္ေဆာင္ေပးလ်က္ရွိသည္ကို ေတြ႕ျမင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကား သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္အေနျဖင့္ သဘာ၀ေဘး အႏၲရာယ္ ကာကြယ္ေရးႏွင့္ကယ္ဆယ္ေရးလုပ္ငန္းမ်ားတြင္ ေမတၱာ၊ ေစတနာအရင္းခံ၍ မိသားစု စိတ္ဓာတ္ျဖင့္ ကူညီေဆာင္႐ြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ေျပာၾကားရာ တြင္ “ဒို႔ႏိုင္ငံမွာ ျဖစ္ပြားေလ့ရွိတဲ့ သဘာ၀ ေဘးအႏၲရာယ္မ်ားျဖစ္တဲ့ ေရႀကီးတာ၊ ေလျပင္း မုန္တိုင္း တိုက္ခတ္တာ၊ ငလ်င္လႈပ္တာ၊ ေျမၿပိဳတာ၊ မီးေလာင္ျခင္း စတာေတြအျပင္ အျခား မေမွ်ာ္မွန္းႏိုင္တဲ့ ေဘးအႏၲရာယ္ေတြ ျဖစ္ေပၚလာလို႔ရွိရင္ တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအလိုက္ စီမံခ်က္မ်ား ႀကိဳတင္ေမွ်ာ္ေတြးေရးဆြဲထားၿပီး ျဖစ္တဲ့အတြက္ ဒို႔တပ္မေတာ္သားေတြအေနနဲ႔ မည္သည့္အမိန႔္ကိုမွ် ေစာင့္ဆိုင္း စရာမလိုဘဲ အခ်ိန္အခါမေ႐ြး၊ ေနရာေဒသမေ႐ြး၊ လူမ်ိဳးဘာသာ မေ႐ြး သြားေရာက္ၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို အခ်ိန္မဆိုင္းဘဲ ေဆာင္႐ြက္ေပးသြားၾက ရမွာျဖစ္တယ္။ သဘာ၀ေဘးအႏၲရာယ္တစ္ခု က်ေရာက္လာရင္ ကယ္ဆယ္ေရးလုပ္ငန္းေတြကို စနစ္ တက်နဲ႔ လ်င္ျမန္ထိေရာက္စြာ ေဆာင္႐ြက္ေပးႏိုင္တဲ့ အဖြဲ႕အစည္းဟာ ဒို႔တပ္မေတာ္ ျဖစ္ တာနဲ႔အညီ သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ ဆင္းရဲဒုကၡခံစားေနရတဲ့ ျပည္သူမ်ားရဲ႕ လိုအပ္ခ်က္ မ်ားကို ေမတၱာ၊ ေစတနာ အရင္းခံၿပီး မိသားစုစိတ္ဓာတ္နဲ႔ လိုအပ္ခ်က္မွန္သမွ် ျဖည့္ဆည္း ေဆာင္႐ြက္ေပးၾကရမွာျဖစ္တယ္။ ဒီလိုေဆာင္႐ြက္ေပးရာမွာ တတ္ကြၽမ္း ထားသည့္ သူနာျပဳႏွင့္ ေဆးဘက္ဆိုင္ရာအတတ္ပညာေတြကို ထိေရာက္စြာအသုံးခ်ၿပီး သဘာ၀ေဘးအႏၲရာယ္ေၾကာင့္ ဆင္းရဲဒုကၡခံစားေနရသူမ်ားရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္း ဆိုင္ရာ လိုအပ္ခ်က္ေတြကို သိရွိေအာင္ ျပဳလုပ္ၿပီး အေကာင္းဆုံးေသာ ျပဳစုေစာင့္ေရွာက္မႈ မ်ားကို အမ်ိဳးသားေရး တာဝန္တစ္ရပ္အေနနဲ႔ လုပ္ေဆာင္သြားၾကဖို႔ မွာၾကားလိုတယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ မိမိတို႔ တပ္မေတာ္ သည္ ျပည္ေထာင္စုတိုင္းရင္းသားျပည္သူမ်ားမွ ေမြးဖြားလာသည့္ သားသမီးမ်ားႏွင့္ ဖြဲ႕စည္းထားရွိ သည့္ တပ္မေတာ္ျဖစ္သည္ႏွင့္အညီ တာဝန္က်ရာ နယ္ေျမေဒသအသီးသီးကို ေရာက္ရွိခ်ိန္တြင္ သဘာ၀ေဘးအႏၲရာယ္ (Natural Disaster) အျပင္ လူတို႔ပေယာဂေၾကာင့္ ျဖစ္ေပၚလာသည့္ ေဘးအႏၲရာယ္ (Man made Disaster ) မ်ား တိုင္းရင္းသားျပည္သူမ်ားအေပၚ က်ေရာက္လာခ်ိန္ တြင္ ျပည္ေထာင္စု စိတ္ဓာတ္အရင္းတည္ၿပီး ကာကြယ္ေစာင့္ေရွာက္သြားရမည္ျဖစ္ေၾကာင္း၊ မိမိ တို႔ တပ္မေတာ္သည္ စတင္တည္ေထာင္ဖြဲ႕စည္းစဥ္ကတည္းက ဆုံးရႈံးသြားသည့္လြတ္လပ္ေရး ကို တိုင္းရင္းသားျပည္သူမ်ားႏွင့္လက္တြဲၿပီး ရယူေပးလိုသည့္ ႏိုင္ငံခ်စ္စိတ္ မ်ိဳးခ်စ္ စိတ္မ်ားႏွင့္ သေႏၶတည္ဖြဲ႕စည္းခဲ့ၿပီး ႏိုင္ငံေတာ္၏ သမိုင္းေပးတာဝန္အရပ္ရပ္ကို ေအာင္ျမင္ေက်ပြန္သည္ အထိ ကိုယ္က်ိဳးစြန႔္ၿပီး အသက္ႏွင့္ခႏၶာ စြန႔္လႊတ္စြန႔္စားစြာျဖင့္ ထမ္းေဆာင္လာခဲ့သည့္ အခိုင္မာ ဆုံးေသာအဖြဲ႕အစည္းလည္းျဖစ္ေၾကာင္း၊ ထို႔ျပင္ တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အစိတ္အပိုင္း ျဖစ္သကဲ့သို႔ တပ္မေတာ္သားမ်ားသည္ လည္း ျပည္သူမ်ား၏ အစိတ္အပိုင္းလည္းျဖစ္ေၾကာင္း၊ ျပည့္အင္အားသည္ ျပည္တြင္းမွာ သာရွိသည့္အတြက္ မိမိတို႔တပ္မေတာ္အေနျဖင့္ ျပည္သူလူထု ၏အားကို အရင္းတည္ၿပီး စုစည္းညီၫြတ္သည့္အားျဖင့္ ျပည္ေထာင္စုႀကီးကို ကာကြယ္ေစာင့္ ေရွာက္သြားရမည္ ျဖစ္ေၾကာင္း၊ ယင္းျပည္ေထာင္စုႀကီးသည္ မိမိတို႔မိဘဘိုးဘြားမ်ားက အသက္ ေသြးေခြၽးမ်ားစြာ ေပးဆပ္စြန႔္လႊတ္ၿပီး တည္ေဆာက္ေပးခဲ့သည့္အတြက္ ယေန႔အခ်ိန္အခါတြင္ ဘိုးဘြားအေမြအႏွစ္အျဖစ္ ပိုင္ဆိုင္ခြင့္ရရွိေနျခင္းပင္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စု၏ အင္အားသည္ ျပည္ေထာင္စုအတြင္းရွိ ျပည္နယ္၊ တိုင္းေဒသႀကီးအားလုံးတြင္ ေနထိုင္ၾကသည့္ တိုင္းရင္းသား လူမ်ိဳးအားလုံး၏ စည္းလုံးညီၫြတ္မႈအေပၚတြင္ မူတည္ေနသည့္ အတြက္ ညီၫြတ္မႈအားေကာင္း ေနလွ်င္ ႏိုင္ငံေတာ္၏ အင္အားေတာင့္တင္းခိုင္မာေန မည္ပင္ ျဖစ္ေၾကာင္း။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုင္းရင္းသားအားလုံး စည္းလုံးညီၫြတ္ ေရး၊ ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ထက္ျမက္ေရးႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ “ျပည္ ေထာင္စုစိတ္ဓာတ္ျဖင့္ လက္တြဲမျဖဳတ္စတမ္း စည္းလုံးညီၫြတ္ေသာ ျပည္ေထာင္စုႀကီး အဓြန႔္ ရွည္တည္တံ့ႏိုင္ေရးဟာ ျပည္ေထာင္စုတိုင္းရင္းသား အားလုံးအတြက္ သမိုင္းေပးတာဝန္ တစ္ရပ္ လည္းျဖစ္တယ္။ ဒို႔ႏိုင္ငံဟာ တိုင္းရင္းသား လူမ်ိဳးမ်ားစြာရွိတဲ့အတြက္ ျပည္ေထာင္စုစိတ္ဓာတ္ ရွင္သန္ေရးဟာ အလြန္အေရးႀကီးၿပီး တိုင္းရင္းသားစည္းလုံးညီၫြတ္ေရး အားေကာင္းမွသာ ျပည္ေထာင္စု ၿပိဳကြဲမယ့္ ေဘးအႏၲရာယ္ကို ကာကြယ္ႏိုင္မွာပဲျဖစ္တယ္။ ျပည္ေထာင္စုမၿပိဳကြဲ ေရးႏွင့္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးတို႔အတြက္ We are Myanmar ဆိုတဲ့ စည္းလုံး ညီၫြတ္တဲ့စိတ္ဓာတ္ေတြ တိုင္းရင္းသားျပည္သူမ်ားအၾကား ရွင္သန္ေပါက္ဖြားလာေအာင္ လုပ္ေဆာင္သြားၾကရမွာျဖစ္တယ္။ တိုင္းရင္းသားလူမ်ိဳးစုမ်ားအၾကား မတူကြဲျပားမႈမ်ားရွိေန ေသာ္လည္းပဲ စည္းလုံးညီၫြတ္ေရးကို အဓိကထိခိုက္ေစတဲ့ စိုးရိမ္မႈနဲ႔ သံသယစိတ္ေတြ၊ အားငယ္မႈႏွင့္ သိမ္ငယ္စိတ္ေတြကို ဖယ္ရွားၿပီး နားလည္မႈ၊ ယုံၾကည္မႈ၊ ပူးေပါင္း ေဆာင္႐ြက္မႈ မ်ားနဲ႔ မတူကြဲျပားမႈေတြကို တစ္ေသြးတည္း တစ္သားတည္း စည္းလုံးညီၫြတ္မႈရရွိေအာင္ လုပ္ေဆာင္ရမွာျဖစ္တယ္။ ဒီလိုလုပ္ေဆာင္ႏိုင္ဖို႔ ျပည္ေထာင္စုစိတ္ဓာတ္ဟာ မရွိမျဖစ္လိုအပ္မွာ ျဖစ္တဲ့အတြက္ ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ လာေအာင္ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရး ကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္သြားၾကရမွာ ျဖစ္တယ္။ ဒါေၾကာင့္ တာဝန္က်ရာ ေဒသအသီး သီးမွာ တိုင္းရင္းသားျပည္သူမ်ားနဲ႔ ထိေတြ႕ဆက္ဆံတဲ့အခါ ျပည္ေထာင္စုစိတ္ဓာတ္ရွင္သန္ ထက္ျမက္ေရးနဲ႔ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးအတြက္ စည္း႐ုံးလုပ္ေဆာင္သြားၾကဖို႔ တိုက္တြန္းမွာၾကားလိုတယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာ၌ လက္ေတြ႕ နယ္ပယ္တြင္ တာဝန္ထမ္းေဆာင္သည့္အခါ လက္႐ုံးရည္ႏွင့္ျပည့္စုံရန္လိုအပ္သကဲ့သို႔ ႏွလုံးရည္ႏွင့္လည္း ျပည့္၀ေနၾကရမည္ျဖစ္ေၾကာင္း၊ စစ္သည္ေတာ္ဘ၀ကိုခံယူၿပီးျဖစ္၍ နယ္ဘက္ဥပေဒကိုသာမက စစ္ဘက္ဥပေဒႏွင့္ စစ္စည္းကမ္းမ်ားကိုလည္း လိုက္နာ ၾကရမည္ျဖစ္ေၾကာင္း၊ စည္းကမ္းသည္ မိမိတို႔တပ္မေတာ္အတြက္ အဓိကက်ေသာေၾကာင့္ စည္းစနစ္ရွိသည့္ တပ္မေတာ္သားေကာင္း မ်ားအျဖစ္သာမက သူနာျပဳႏွင့္ေဆးဘက္ ပညာသည္မ်ားျဖစ္သည့္အတြက္ ကိုယ္က်င့္သိကၡာႏွင့္ ပတ္သက္လာလ်င္လည္း သာမန္ ထက္ပိုၿပီး ေစာင့္ထိန္းၾကရန္ လိုအပ္ေၾကာင္း၊ ထို႔ျပင္ ေဆး႐ုံ၊ ေဆးတပ္မ်ားအျပင္ စစ္ေျမျပင္၌ ေျခလ်င္တပ္ဖြဲ႕မ်ားႏွင့္အတူ တိုက္ပြဲဝင္သြားရမည္ ျဖစ္ေသာ ေၾကာင့္ ရဲေဘာ္စိတ္ဆိုသည့္ ေမတၱာတရား၊ သံေယာဇဥ္ တရားႏွင့္ သစၥာေစာင့္သိမႈတရားတို႔ကို ေကာင္းစြာထားရွိေမြးျမဴသြားၾကရန္ ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သားမ်ားသည္ ရဲေဘာ္စိတ္ ေၾကာင့္ပင္ တစ္ဦးအေပၚတစ္ဦး အသက္ေပးၿပီး တက္ညီလက္ညီ တိုက္ပြဲဝင္ခဲ့ၾကသျဖင့္ ေအာင္ပြဲအလီလီခံခဲ့ၾကရေၾကာင္း၊ ရဲေဘာ္စိတ္သည္ ႏွလုံးရည္၏ အေျခခံ အခ်က္တစ္ရပ္လည္း ျဖစ္ေၾကာင္း၊ ႏွလုံးရည္ ျမင့္မားသူမ်ားသည္ စည္း႐ုံးေရးစြမ္းရည္ႏွင့္လည္း ျပည့္စုံတတ္ၾက ေၾကာင္း၊ အေတြ႕အႀကဳံ ရလာသည္ႏွင့္အမွ် အုပ္ခ်ဳပ္ေရးစြမ္းရည္ပါ ျမင့္မားလာလ်င္ စြမ္းရည္ သုံးရပ္ႏွင့္ျပည့္စုံၿပီး လက္႐ုံးရည္၊ ႏွလုံးရည္ႏွင့္ ျပည့္၀သည့္ တပ္မေတာ္သူနာျပဳမ်ား၊ ေဆးဘက္ ပညာသည္မ်ားႏွင့္ ေဆးဝါးကြၽမ္းက်င္သူ စစ္သည္ေတာ္ေကာင္းမ်ား ျဖစ္လာမည္ပင္ျဖစ္ေၾကာင္း။

ေခတ္စနစ္ႏွင့္အညီ ေျပာင္းလဲတိုးတက္ေနသည့္ သူနာျပဳႏွင့္ေဆးဘက္ပညာရပ္မ်ားကို မ်က္ျခည္မျပတ္ေလ့လာၿပီး သင္ၾကားတတ္ေျမာက္ထားသည့္ ေဆးပညာရပ္ မ်ားကို လက္ေတြ႕ လုပ္ငန္းခြင္နယ္ပယ္တြင္ အက်ိဳးရွိရွိ အသုံးခ်သြားရမည္ျဖစ္ေၾကာင္း၊ သူနာျပဳအေျခခံအရည္ အခ်င္းေကာင္းမ်ားျဖစ္သည့္ ဝါသနာ၊ ေစတနာ၊ အၾကင္နာ၊ အနစ္နာ၊ နမူနာဆိုသည့္ နာငါးနာႏွင့္ အညီ လူနာမ်ားကို ေက်ာသားရင္သားမခြဲျခားဘဲ ျပဳစုကုသေစာင့္ေရွာက္သြားၾကရန္ႏွင့္ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ အေရးႀကဳံလာတိုင္း စြန႔္လႊတ္စြန႔္စားသည့္စိတ္ဓာတ္၊ အနစ္နာခံ လိုသည့္ စိတ္ဓာတ္မ်ားႏွင့္ ေပးအပ္သည့္ တာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္သြားၾကရန္ အေလးအနက္ထား မွာၾကားလို ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ သင္တန္းတပ္ခြဲမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး စစ္ေရးျပအခမ္းအနားမွ ျပန္လည္ ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တပ္မေတာ္ သူနာျပဳႏွင့္ေဆးဘက္ပညာတကၠသိုလ္ ဧည့္ခန္းမေဆာင္၌ သူနာျပဳႏွင့္ ေဆးဘက္ပညာ သိပၸံဘြဲ႕ သင္တန္းအမွတ္စဥ္ (၁၈)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္း သားမ်ားႏွင့္ အမ်ိဳးသမီးသူနာျပဳ ႏွင့္ေဆးဘက္ပညာသိပၸံဘြဲ႕သင္တန္းအမွတ္စဥ္(၅)မွ ထူးခြၽန္ဆုရရွိခဲ့ၾကသည့္ သင္တန္းသူမ်ားကို ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကား သည္။

ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ားရရွိခဲ့ၾကသည့္ သင္တန္းသား၊ သင္တန္းသူ တစ္ဦးခ်င္းစီကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ဝမ္းေျမာက္ ဂုဏ္ယူေၾကာင္းႏွင့္ ဘ၀တစ္ေလွ်ာက္လုံး ဆက္လက္ႀကိဳးစားသြားၾကေစလိုေၾကာင္း၊ ထူးခြၽန္ဆုမ်ားရရွိခဲ့ၾကသည့္အတြက္ မိဘမ်ားအေနျဖင့္လည္း ဝမ္းသာဂုဏ္ယူေနၾကမည္ျဖစ္ၿပီး ဘ၀တြင္ ေကာင္းမြန္သည့္မွတ္တမ္းတစ္ခုကို ရရွိခဲ့ျခင္းျဖစ္သည့္အတြက္ ဆက္လက္ထိန္းသိမ္းသြားၾကရမည္ျဖစ္ေၾကာင္း၊ သင္တန္းကာလ ၄ ႏွစ္တာကာလပတ္လုံး ခိုင္မာသည့္စိတ္ဓာတ္၊ ႀကိဳးစား ပမ္းစား လုပ္ေဆာင္လိုသည့္စိတ္ဓာတ္မ်ားျဖင့္ စစ္ပညာ၊ စာေပပညာတို႔ကို စိတ္ဓာတ္၊ စည္းကမ္း ေကာင္းမြန္စြာ စဥ္ဆက္မျပတ္ႀကိဳးစားခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ေအာင္ျမင္မႈကိုရရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ေခတ္စနစ္မ်ား အေျပာင္းအလဲရွိသကဲ့သို႔ လူတို႔၏ဘ၀တြင္လည္း အေျပာင္းအလဲမ်ားစြာကို ႀကဳံေတြ႕ေနၾကရမည္ျဖစ္ေၾကာင္း၊ သင္တန္းသား၊ သင္တန္းသူမ်ားအေနျဖင့္ ငယ္စဥ္ ေက်ာင္းသူ၊ ေက်ာင္းသားဘ၀မွ စစ္မႈထမ္းသူနာျပဳသင္တန္းသားဘ၀၊ ထိုမွတစ္ဆင့္ ယခု သင္တန္း ဆင္းၿပီးပါက စစ္မႈထမ္းသူနာျပဳမ်ားအျဖစ္ တာဝန္က်ရာေနရာအသီးသီးတြင္ တာဝန္ထမ္းေဆာင္ၿပီး အဆင့္ဆင့္ေသာရာထူးမ်ားတိုးတက္ေျပာင္းလဲၾကမည္ျဖစ္ေၾကာင္း၊ ထိုသို႔ ဘ၀ကို ျဖတ္သန္းရာ၌ မိမိကိုယ္ကိုမိမိ အကဲခတ္ႏိုင္ရမည္ျဖစ္ၿပီး မေကာင္းသည့္အေလ့ အက်င့္မ်ားကိုပယ္ရွားကာ ေကာင္းမြန္သည့္အေလ့အထ၊ ဗီဇမ်ားကို ပိုမိုတိုးတက္ ေကာင္းမြန္ေအာင္ ေဆာင္႐ြက္သြားျခင္းျဖင့္ ဘ၀တိုးတက္မႈကို ေဖာ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိလုပ္ငန္းခြင္ ႏွင့္ သက္ဆိုင္သည့္ အဆင့္ျမင့္ပညာရပ္မ်ားကို ဆက္လက္သင္ယူႏိုင္ေရးႏွင့္ မိမိ၏ ရည္မွန္းခ်က္မ်ားေအာင္ျမင္ေစေရး အၿမဲမျပတ္ ႀကိဳးစားအားထုတ္ အေကာင္အထည္ ေဖာ္ၾကရမည္ျဖစ္ေၾကာင္း၊ ဘ၀တြင္ေအာင္ျမင္မႈမ်ားရရွိရန္အတြက္ မည္သည့္ ပညာရပ္၊ လုပ္ငန္းကိုမဆို အၿမဲမျပတ္ ေလ့လာရမည္၊ ေလ့လာထားသည့္ အရာမ်ားကို ကြၽမ္းက်င္ရန္ႏွင့္ အသားတက် ျဖစ္ ရန္ ေလ့က်င့္ရမည္ျဖစ္ၿပီး မိမိသင္ၾကား ေလ့လာခဲ့ရသည္မ်ားကိုလည္း လက္ေတြ႕လုပ္ငန္းခြင္ႏွင့္ ဘ၀တစ္ေလွ်ာက္ျဖတ္သန္းရာတြင္ လိုက္နာက်င့္သုံးသြားၾကရမည္ျဖစ္ေၾကာင္း၊ ထူးခြၽန္ဆုရရွိ ၾကသူမ်ားအေနျဖင့္ သာမာန္မိသားစုမ်ားမွ ေပါက္ဖြားလာၾကသူမ်ားျဖစ္သည္ကိုေတြ႕ရွိရၿပီး ငယ္စဥ္မွ တကၠသိုလ္ဝင္တန္းေအာင္ျမင္သည္အထိ ေကြၽးေမြးျပဳစုပ်ိဳးေထာင္ခဲ့သည့္ မိဘေက်းဇူး ကို ဆပ္ရန္လိုအပ္မည္ျဖစ္သကဲ့သို႔ ၄ ႏွစ္တာကာလ စာေပပညာ၊ စစ္ပညာ သင္ၾကားေပးခဲ့သည့္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ ေက်းဇူးကိုလည္း မိမိကိုယ္ကိုေကာင္းမြန္ ေအာင္ေနထိုင္ျခင္းျဖင့္ သိတတ္နားလည္ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ မိဘႏွင့္ တပ္မေတာ္ က သင္ၾကားေပးခဲ့သည့္ အသိပညာ၊ အတတ္ပညာမ်ားကို အသုံးခ်၍ ဘ၀တစ္ေလွ်ာက္လုံး ေအာင္ျမင္ေအာင္ မိမိကိုယ္ကို ထိန္းသိမ္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ဘ၀ တိုးတက္မႈကို အေထာက္အကူျဖစ္ေစသည့္ စာေပဖတ္ရႈျခင္းအေလ့အက်င့္ေကာင္းကို ေမြးျမဴက်င့္သုံးၾကေစလိုေၾကာင္းျဖင့္ ဂုဏ္ျပဳ အမွာစကား ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။