တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အားလက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဒီဇင်ဘာ – ၂၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ စစ်သံမှူး Colonel Ketan Arun Mohite တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့်ကာကွယ်ရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်မြှင့်တင်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်း များတွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သတင်းအချက်အလက်ဖလှယ် ရေး ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

(Zawgyi Version)

ပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Saurabh Kumar အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၂၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာ ႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီး H.E. Mr. Saurabh Kumar အား ယေန႔ မြန္းလြဲ ပိုင္းတြင္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၊ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ သည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး တို႔တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံသံအမတ္ႀကီးႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာအိႏၵိယႏိုင္ငံ စစ္သံမႉး Colonel Ketan Arun Mohite တို႔တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား လုံၿခဳံေရးႏွင့္ကာကြယ္ေရး ဆိုင္ရာမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားႏွင့္ ဆက္လက္ျမႇင့္တင္ေဆာင္႐ြက္ ႏိုင္မည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရး၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေစေရးႏွင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္း မ်ားတြင္ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ သတင္းအခ်က္အလက္ဖလွယ္ ေရး ဆိုင္ရာကိစၥရပ္မ်ားႏွင့္ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ က႑အလိုက္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ သြားမည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာအျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။