တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ(Defence & Security 2017)ဒုတိယနေ့ ဆက်လက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ နိုဝင်ဘာ – ၇

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ IMPACT Exhibition Center ၌ကျင်းပပြုလုပ် လျက်ရှိသည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2017) ဒုတိယနေ့သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီချုပ်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်ခင်ဇော်တို့လိုက်ပါပြီး အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တောင်အာဖရိကနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့မှပြသထားသည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ထို့အတူ နိုင်ငံပေါင်း ၄၀ ကျော်မှ တပ်မတော်အကြီးအကဲများသည်လည်း ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်ကြည်းတပ်၏အကြံပေးအဖွဲ့ ဥက္ကဋ္ဌ Gen. Konjanart Sukrasreni က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ထို့နောက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Tarnchaiyan Srisuwan က တည်ခင်းဧည့်ခံသည့် ညစားစားပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အာဆီယံႏိုင္ငံမ်ား၏ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာျပပြဲ(Defence & Security 2017)ဒုတိယေန႔ ဆက္လက္ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၇

ထုိင္းႏုိင္ငံ၊ဘန္ေကာက္ၿမိဳ႕ရွိ IMPACT Exhibition Center ၌က်င္းပျပဳလုပ္ လ်က္ရွိသည့္ အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2017) ဒုတိယေန႔သုိ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သည္ယေန႔နံနက္ပုိင္းတြင္ သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီခ်ဳပ္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ (ၾကည္း၊ ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ခင္ေဇာ္တုိ႔လုိက္ပါၿပီး အိႏၵိယႏုိင္ငံ၊ ထုိင္းႏုိင္ငံ၊ ေတာင္အာဖရိကႏုိင္ငံႏွင့္ အစၥေရးႏုိင္ငံတုိ႔မွျပသထားသည့္ လုံၿခဳံေရးႏွင့္ ကာကြယ္ေရးဆုိင္ရာအသုံးအေဆာင္ပစၥည္းမ်ားအား လွည့္လည္ၾကည့္႐ႈေလ့လာရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသၾကသည္။ထုိ႔အတူ ႏုိင္ငံေပါင္း ၄၀ ေက်ာ္မွ တပ္မေတာ္အႀကီးအကဲမ်ားသည္လည္း ျပခန္းမ်ားအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာၾကသည္။ ထုိ႔ေနာက္ ေန႔လယ္ပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္ၾကည္းတပ္၏အၾကံေပးအဖြဲ႕ ဥကၠ႒ Gen. Konjanart Sukrasreni က တည္ခင္းဧည့္ခံသည့္ ေန႔လယ္စာစားပြဲသုိ႔ တက္ေရာက္ခဲ့သည္။ထုိ႔ေနာက္ ညပုိင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားသည္ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen.Tarnchaiyan Srisuwan က တည္ခင္းဧည့္ခံသည့္ ညစားစားပြဲသုိ႔ တက္ေရာက္ခဲ့ၾကပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။