တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi အားလက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇန်နဝါရီ – ၁၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ H.E. Mr. Wang Yi အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Qian Keming၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wu Jianghao၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ H.E. Mr. Wang Yi အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၁၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ H.E. Mr. Wang Yi အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္အတူ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး H.E. Mr. Qian Keming၊ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး H.E. Mr. Wu Jianghao၊ ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္ႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Chen Hai ႏွင့္ အဆင့္ျမင့္အရာရွိႀကီးမ်ား တက္ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။