တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း Mr. Hideo WATANABE အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ – ၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း Mr. Hideo WATANABE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်းနှင့်အတူ အထွေထွေအတွင်းရေးမှူး Mr. Yusuke WATANABE တို့ တက်ရောက်ခဲ့ကြသည်။

(ZawGyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ႏွင့္ ဂ်ပန္အထက္လႊတ္ေတာ္အမတ္ေဟာင္း Mr. Hideo WATANABE အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၁၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဂ်ပန္ႏိုင္ငံ၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္းဥကၠ႒ႏွင့္ ဂ်ပန္အထက္လႊတ္ေတာ္ အမတ္ေဟာင္း Mr. Hideo WATANABE ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ထိုသို႔ေတြ႕ဆုံစဥ္ ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္း၏ ႏွစ္ႏိုင္ငံခ်စ္ၾကည္ ရင္းႏွီးမႈ ပိုမိုတိုးျမႇင့္ေရးေဆာင္႐ြက္ေနမႈအေျခအေနမ်ား၊ ျမန္မာ-ဂ်ပန္ ႏွစ္ႏိုင္ငံႏွင့္ တပ္မေတာ္ ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးခဲ့ၾကသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔ တက္ေရာက္ၾကၿပီး ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္းဥကၠ႒ႏွင့္ ဂ်ပန္အထက္လႊတ္ေတာ္ အမတ္ေဟာင္းႏွင့္အတူ အေထြေထြအတြင္းေရးမႉး Mr. Yusuke WATANABE တို႔ တက္ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။