တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ – ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများ၊ အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရန်အတွက် သမိုင်းကြောင်းနောက်ခံ အကြောင်းအရာများကို သိရှိရန်လိုအပ်ပြီး နောက်ခံအကြောင်းအရာများကို မသိရှိပါက ခိုင်လုံသည့် အကြောင်းအရာများကို ရရှိမည်မဟုတ်သည့်အတွက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းကြောင်းများအား အကျယ်တဝင့် ဦးစွာပြောကြားသည်။

ထို့နောက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်များနှင့် ပတ်သက်၍ ပြောကြားရာတွင်-

နိုင်ငံရေးအမြင်

– ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိသည့် ဒီမိုကရေစီနိုင်ငံ၊ တရားမျှတသည့်ဒီမိုကရေစီနိုင်ငံ၊ ရိုးသားသည့်ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်လိုအပ်ပြီး ဥပဒေကို အလေးထားလိုက်နာရန်လိုအပ်ကြောင်း။

– ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက်အဆိုးကို ဖြစ်ပေါ် စေနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမဆန့်ကျင်သည့် တည်ဆဲဥပဒေများကို အလေးထားလိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးအမြင်

– စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်စွမ်းအား၊ ဆက်သွယ်ရေးစနစ်၊ ပို့ဆောင်ရေးစနစ်နှင့် လူသားအရင်းအမြစ်များ ကောင်းမွန်ရန် စသည့်အခြေခံအချက် ၄ ချက်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း ပြောကြားသည်။

အုပ်ချုပ်ရေးအမြင်

– ညီညွတ်မျှတပြီး စည်းကမ်းနှင့်ဥပဒေကို လေးစားသည့် အုပ်ချုပ်မှုစနစ် ဖြစ်စေရန်အတွက် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးရန်နှင့် ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာအောင်၊ စည်းကမ်းရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ကာကွယ်ရေးအမြင်

– စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ရမည်ဖြစ်ပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့ကိုလည်း မြင့်မားအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

-တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးနေရုံဖြင့် မရဘဲ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို နောက်ခံအကြောင်းအရာများနှင့် ချင့်ချိန်ပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်စဉ်းစားကာ မိမိကိုယ်ကို တန်ဖိုးထားရန်၊ တန်ဖိုးမြှင့်တင်ရန်နှင့် တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်အောင် ကြိုးစားလုပ် ဆောင်ကြရန် လိုအပ်သည့် အခြေအနေများအား အသေးစိတ်မှာကြားခဲ့ပါသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္ကာကြယ္ေရး တကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသား အရာရွိႀကီးမ်ားအား Video Conferencing ျဖင့္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယေန႔နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသား အရာရွိႀကီးမ်ားအား Video Conferencing ျဖင့္ ေတြ႕ဆုံအမွာစကား ေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး၊ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္၏ ရည္မွန္းခ်က္ျဖစ္သည့္ ႏိုင္ငံေရးအျမင္၊ စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္ႏွင့္ ကာကြယ္ေရးအျမင္မ်ားကို အျမင္က်ယ္က်ယ္ျဖင့္ စဥ္းစားေတြးေခၚ လုပ္ေဆာင္ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ၾကရန္လိုအပ္သည့္ အေျခအေနမ်ား၊ အျမင္က်ယ္ျပန႔္စြာျဖင့္ စဥ္းစားေတြးေခၚလုပ္ေဆာင္ႏိုင္ရန္အတြက္ သမိုင္းေၾကာင္းေနာက္ခံ အေၾကာင္းအရာမ်ားကို သိရွိရန္လိုအပ္ၿပီး ေနာက္ခံအေၾကာင္းအရာမ်ားကို မသိရွိပါက ခိုင္လုံသည့္ အေၾကာင္းအရာမ်ားကို ရရွိမည္မဟုတ္သည့္ အတြက္ ႏိုင္ငံေတာ္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ သမိုင္းေၾကာင္းမ်ားအား အက်ယ္တဝင့္ ဦးစြာ ေျပာၾကားသည္။

ထို႔ေနာက္ ေရွ႕ဆက္လက္ေဆာင္႐ြက္ရမည့္ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရးအျမင္မ်ားႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္-

ႏိုင္ငံေရးအျမင္

– ပါတီစုံဒီမိုကေရစီစနစ္ ခိုင္ခိုင္မာမာျဖစ္ေစေရးအတြက္ စည္းကမ္းရွိသည့္ ဒီမိုကေရစီႏိုင္ငံ၊ တရားမွ်တသည့္ဒီမိုကေရစီႏိုင္ငံ၊ ႐ိုးသားသည့္ဒီမိုကေရစီႏိုင္ငံ ျဖစ္ရန္လိုအပ္ၿပီး ဥပေဒကို အေလးထားလိုက္နာရန္လိုအပ္ေၾကာင္း။

– ဥပေဒကို ကိုယ္လိုရာဆြဲ၍ ေျပာဆိုေနျခင္းမ်ားသည္ အက်ိဳးထက္အဆိုးကို ျဖစ္ေပၚ ေစႏိုင္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒအပါအဝင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကိုမဆန႔္က်င္သည့္ တည္ဆဲဥပေဒမ်ားကို အေလးထားလိုက္နာသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

စီးပြားေရးအျမင္

– စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ လွ်ပ္စစ္စြမ္းအား၊ ဆက္သြယ္ေရးစနစ္၊ ပို႔ေဆာင္ေရးစနစ္ႏွင့္ လူသားအရင္းအျမစ္မ်ား ေကာင္းမြန္ရန္ စသည့္ အေျခခံအခ်က္ ၄ ခ်က္ႏွင့္ ျပည့္စုံရန္လိုအပ္ေၾကာင္း ေျပာၾကားသည္။

အုပ္ခ်ဳပ္ေရးအျမင္

– ညီၫြတ္မွ်တၿပီး စည္းကမ္းႏွင့္ ဥပေဒကို ေလးစားသည့္ အုပ္ခ်ဳပ္မႈစနစ္ ျဖစ္ေစရန္အတြက္ ျပည္သူလူထုႏွင့္ တိုက္႐ိုက္ထိေတြ႕ေနရသည့္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား၏ စြမ္းရည္ကို ျမႇင့္တင္ေပးရန္ႏွင့္ ျပည္သူမ်ားအေနျဖင့္ ဥပေဒကို ေလးစားလိုက္နာေအာင္၊ စည္းကမ္းရွိေအာင္ ေဆာင္႐ြက္ေပးရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။

ကာကြယ္ေရးအျမင္

– စြမ္းရည္စြမ္းအားရွိသည့္ တပ္မေတာ္တစ္ရပ္အေနျဖင့္ ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရမည္ျဖစ္ၿပီး ကာကြယ္ေရးစြမ္းပကားျမင့္မားေစရန္အတြက္ စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး တို႔ကိုလည္း ျမင့္မားေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း။

-တိုင္းျပည္ကာကြယ္ေရးတြင္ ညာသံေပးေန႐ုံျဖင့္ မရဘဲ လက္ေတြ႕လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

နိဂုံးခ်ဳပ္အေနျဖင့္ ေျပာၾကားရာတြင္ ႏိုင္ငံေရးအျမင္၊ စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရး အျမင္ႏွင့္ ကာကြယ္ေရးအျမင္မ်ားကို ေနာက္ခံအေၾကာင္းအရာမ်ားႏွင့္ ခ်င့္ခ်ိန္ၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ေတြးေခၚစဥ္းစားကာ မိမိကိုယ္ကို တန္ဖိုးထားရန္၊ တန္ဖိုးျမႇင့္တင္ရန္ႏွင့္ တိုင္းျပည္အက်ိဳးကို သယ္ပိုးႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ၾကရန္ လိုအပ္သည့္ အေျခအေနမ်ားအား အေသးစိတ္ေဆြးေႏြးမွာၾကားခဲ့ပါသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။