တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ – ၂၇

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် နိုင်ငံတော်နှင့်တပ်မတော်အတွက် အရေးကြီးသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး သင်တန်းသားများအနေဖြင့် မှန်ကန်သော အယူအဆများ၊ တိကျပြတ်သားသော ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးနှင့် တိုင်းပြည်၏ ပကတိအခြေအနေမှန်များကိုသိရှိပြီး မှန်ကန်သောအတွေးအခေါ်များရရှိစေရန်အတွက် သင်တန်းတွင် သင်ကြားပို့ချပေးနေမှုများကို အမြင် ၄ မြင်ဖြင့် ထည့်သွင်းစဉ်းစား တွက်ချက်၍ ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ အား Video Conferencing ဖြင့် တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်တွင် သင်တန်းသားများကို အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်နိုင်ရန်နှင့် လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်၊ အသိပညာများရရှိစေရန် ရည်ရွယ်သင်ကြားပေးလျက်ရှိကြောင်း၊ အချို့နိုင်ငံ များတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကို အစိုးရဝန်ထမ်းအဆင့်မြင့် အရာရှိကြီးများ၊ အရပ်သားများပါ တက်ရောက်သင်ကြားလျက်ရှိပြီး နိုင်ငံတော်၏ အကျိုးစီးပွားများကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွား ဟုဆိုရာတွင် စီးပွားရေးတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးစသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်နေကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးတို့သည် နိုင်ငံတကာဆက်ဆံရေး နှင့်လည်း ဆက်စပ်လျက်ရှိသဖြင့် နိုင်ငံတကာဆက်ဆံရေးသည်လည်း အရေးပါကြောင်း နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဘက်ပေါင်းစုံထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစသည့် မောင်းနှင်အား ၃ ခုဖြင့် ရပ်တည်ရခြင်းဖြစ်ပြီး တစ်ခုနှင့် တစ်ခုချိတ်ဆက်နေကြောင်း၊ နိုင်ငံရေးအရအားကောင်းပြီး စီးပွားရေးနှင့် ကာကွယ်ရေးပိုင်းတွင် အားနည်းနေ၍ မရကြောင်း၊ အချို့နိုင်ငံများတွင် ကာကွယ်ရေးအင်အားကောင်းပြီး နိုင်ငံရေးအင်အား မကောင်းသဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် အားနည်းပြီး စီးပွားရေး မကောင်းသည်ကို တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံကို လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေး ရပြီးကာလဟူ၍ နှစ်ခုခွဲကြည့်ပါက ယခင်ကဘုရင်စနစ်ဖြင့် သွားခဲ့ပြီး လွတ်လပ်ရေးရပြီး ကာလတွင် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ စပြီး ဗဟိုဦးစီးစနစ်ဖြင့်သွားခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ ကြောင်း၊ ထိုသို့ကျင့်သုံးခဲ့ရာတွင် အမြင်မတူကွဲပြားခြားနားမှုများရှိမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်နှင့်အရင်းရှင်စနစ်တို့ အားပြိုင်မှုများရှိခဲ့ပြီး ကိုလိုနီစနစ်တွင် ဖိနှိပ်ခံ လူတန်းစားများသည် ဆိုရှယ်လစ်အယူအဆများကို လက်ခံကျင့်သုံးလာခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် တစ်နိုင်ငံလုံး ကိုလိုနီနိုင်ငံဖြစ်ခဲ့ပြီး ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ရေး စနစ်များကြောင့် တိုင်းပြည်တွင် တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေး၊ ခွဲရေး၊ တွဲရေး ပြဿနာများ ဖြစ်ပေါ်ကာ နိုင်ငံရေး၊ အုပ်ချုပ်ရေးတို့တွင် ခေါင်းဆောင်များအပေါ် မူတည်၍ အမြင်မတူကွဲပြားခြင်းများဖြစ်ပေါ်ခဲ့သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေး အမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ် လုပ်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အမြင်ကျယ်ပြန့်စွာဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင် နိုင်ရန်အတွက် သမိုင်းကြောင်း နောက်ခံအကြောင်းအရာများကို သိရှိရန်လိုအပ်ပြီး နောက်ခံအကြောင်းအရာများကို မသိရှိပါက ခိုင်လုံသည့် အကြောင်းအရာများကို ရရှိမည်မဟုတ်သဖြင့် နောက်ခံသမိုင်းအကြောင်းအရာများကို သိရှိရမည်ဖြစ်ကြောင်း ဖြင့် ပြောကြားပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းကြောင်းများအား အကျယ်တဝင့် ဦးစွာဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံရေးအမြင်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားရာတွင် “ပါတီစုံဒီမိုကရေစီစနစ်ဟာ ပြည်သူ့က ရွေးချယ်တဲ့ လမ်းကြောင်း ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်က ပြည်သူက ပေါက်ဖွားလာတယ် ဒါကြောင့် ပြည်သူ့က ရွေးချယ်တဲ့အတွက် တပ်မတော်ကလည်း ပြည်သူ့ရဲ့ဆန္ဒကို သွေဖယ်မှာတော့မဟုတ်ဘူး။ တပ်မတော်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ် တည်တံ့ခိုင်မြဲ ရေးကိုသာ လိုလားတယ်။ တို့တွေဟာ စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့တယ်။ နိုင်ငံရေး အခက်အခဲတွေအများကြီးရှိလာခဲ့တယ်။ ပဋိပက္ခတွေမျိုးစုံရှိခဲ့တယ်။ ခုထိရှိနေဆဲပဲ ဖြစ်တယ်။ ဒါကြောင့် တို့တွေနဲ့ အခုကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်က ခိုင်ခိုင်မြဲမြဲဖြစ်နိုင်ဖို့အတွက်ဆိုရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံမျိုး၊ တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံမျိုး၊ ရိုးသားတဲ့ ဒီမိုကရေစီနိုင်ငံမျိုးကို သွားဖို့အတွက် လိုအပ်တယ်။ ဒါလည်း အကြိမ်ကြိမ်ပြောခဲ့တယ်။ ထုတ်ဖော်ပြောခဲ့တယ်။ စောစောကပြောခဲ့တဲ့ သမိုင်း နောက်ခံမှာ တို့တိုင်းပြည်ရဲ့ ပကတိရှိနေတဲ့အခြေအနေအရပ်ရပ်ကို ချိန်ထိုးပြီးတော့မှ ဒီမိုကရေစီစနစ် ကျင့်သုံးလို့ရှိရင် ဒီလိုမျိုးဖြစ်မှသာ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီစနစ် မျိုးသွားနိုင်လိမ့်မယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် မိမိတို့နိုင်ငံ သည် လက်ရှိအချိန်တွင် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလျှက်ရှိပြီး စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ရန်လိုအပ်ကြောင်း၊ သမိုင်းကြောင်းအရ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံကို တည်ဆောက် ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံအများအပြား ရှိပြီး ပြည်ထောင်စုအနေဖြင့် ပေါင်းစည်းနေထိုင်ကြခြင်းပင်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် ဥပဒေအသိ၊ ဥပဒေအမြင်များ ရှိနေစေရန် သင်ယူလေ့လာ ကြရန်လိုအပ်မည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး ဥပဒေကိုအလေးထားလိုက်နာရန် လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ပြောကြားရာတွင် “ဥပဒေတစ်ခု ပြဋ္ဌာန်းပြီဆိုရင် ဒီဥပဒေကိုဘာကြောင့် ပြဋ္ဌာန်းလဲဆိုတာရှင်းရမယ်။ ပုဒ်မ တစ်ခုချင်းမှာလဲ သူရဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒီပုဒ်မ ဒီလိုအကြောင်းအရာ ဆိုထားတာ ဘာကိုရည်ရွယ်ပြီးရေးထားတာ ရှင်းလင်းချက်တွေရှိတယ်။ ဒီရှင်းလင်းချက် တွေက ဥပဒေထဲမှာလည်း မပါဘူး။သို့သော် နောက်ခံ ဆွေးနွေးတဲ့အထဲမှာ ပါလာတယ်။ အတည်ပြုထားတယ်။ ဒီအကြောင်းအရာတွေကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းတယ်။ သူကတော့ အကျဉ်းပဲ။ ဥပဒေကတော့ အကျဉ်းပဲ။ ဒါပေမယ့်သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆို ချက်တွေမှာ အကျယ်တွေရှိတယ်။ အဲ့တော့အဲဒီဥပဒေက အငြင်းပွားစရာဖြစ်လာပြီ ဆိုလို့ရှိရင် နောက်ခံအကြောင်းအရာတွေကိုပါ ပြန်ကြည့်ရတယ်။ ကိုယ်လိုသလို အဓိပ္ပါယ်ဖွင့်ဆိုလို့မရဘူး။ သူရေးထားတာ ဘာကြောင့်ဒီလိုရေးထားတာလဲ။ တစ်ခါ အဲ့ဒီမှာ မြန်မာစာနဲ့ရေးတာရှိတယ်။ အင်္ဂလိပ်စာနဲ့ ဘာသာပြန်ပြီးတော့ ရေးထားတာ ရှိတယ်။ ဘယ်လိုစနစ်နဲ့ပဲရေးရေး မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ မြန်မာလိုရေးသားထားတဲ့ဟာကိုဘဲ အတည်ပြုထားတယ်။ ဒါကြောင့် အခုဆို ဥပဒေကို ဘာသာပြန်ပြီး ရေးထားတာတွေတွေ့ရတယ်။ ဒါလည်း မင်းတို့နားလည်ဖို့ပဲ။ ဒါကိုလည်း ဥပဒေမှာ ကိုယ်လိုရာဆွဲပြီးတော့ လုပ်နေတာတွေဟာ အကျိုးထက်အဆိုးကို ဖြစ်စေတယ်။ တပ်မတော်က စောစောကပြောသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါကြောင့် ငါတို့တွေ လည်း ပြောရလို့ရှိရင်တော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ န၀တခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာအင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတစ်ခု အနေ နဲ့ မင်းတို့ကို ပြောလိုတယ်။ ပြီးပြီးရော လုပ်လို့မရဘူး။ဒါကြောင့် ဥပဒေအသိ မင်းတို့ခေါင်း ထဲမှာရှိနေဖို့လိုတယ်။ ဥပဒေအမြင် မင်းတို့ခေါင်းထဲမှာရှိနေဖို့လိုတယ်။”

ထို့နောက် စီးပွားရေးအမြင်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် “တိုင်းပြည်မှာ Resources တွေမရှိဘူးဆိုရင် ဥပမာအားဖြင့် အခြေခံ တွေမရှိဘူး၊ ဥပမာတိုင်းပြည်မှာ တကယ်ကောင်းဖို့လိုအပ်လို့ရှိရင် ဖွံ့ဖြိုးတိုးတက်ချင်ရင် အခြေခံ(၄)ချက်ပြည့်စုံဖို့လိုတယ်။ တစ်အချက်ကတော့ လျှပ်စစ်ဓာတ်မရှိရင် ဘာမှလုပ် လို့ မရဘူး။ နိုင်ငံဖွံ့ဖြိုးရေး ဘာမှလုပ်လို့မရဘူး၊ စီးပွားရေးကောင်းအောင်လုပ်လို့မရဘူး။ လုပ်ရင် အခက်အခဲရှိမယ်။ စရိတ်စကကြီးမားမယ်။ တွက်ချေမကိုက်ဘူး။ ဒုတိယ အချက်က Communication ဆက်သွယ်ရေးစနစ်တွေကောင်းဖို့လိုတယ်။ တတိယ ဘာလဲဆိုရင် Transportation ပို့ဆောင်ရေးစနစ်တွေကောင်းဖို့လိုတယ်။ လမ်းတွေကောင်းဖို့လိုတယ်။ နံပါတ်လေးအချက် HR လူသားအရင်းအမြစ်တွေကောင်း ဖို့လိုတယ်။ ပညာရေး၊ ကျန်းမာရေး ကောင်းဖို့လိုတယ်။ ဒီ ၄ ချက်မပြည့်စုံရင် စီးပွားရေးလုပ်ငန်းကောင်းဖို့ဆိုတာ တော်တော် ရုန်းကန်ရမယ့် အခြေအနေရှိတယ်။ စောစောကပြောတဲ့ စီးပွားရေးလုပ်ငန်းတည်ထောင် လိုက်တယ်။ လူသားအရင်းအမြစ် တွေမရှိဘူး ဘယ်လိုလုပ်မလဲ။ လျှပ်စစ်မရှိဘူး ဘယ်လိုလုပ်မလဲ။ ကုန်ထုတ်ပစ္စည်းတွေ၊ ကုန်ကြမ်းတွေပို့ဆောင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး ဘယ်လို လုပ်မလဲ။ သတင်းအချက်အလက်တွေ Market ကို လက်ဦးနိုင်ဖို့အတွက် သတင်းအချက် အလက်တွေ မဆောင်ရွက်ပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။ နိုင်ငံ့စီးပွား ရေးမှာ ဒီ ၄ ချက် မပြည့်စုံရင် မဖြစ်နိုင်ဘူး။ ခုနက လူသားအရင်းအမြစ်မှာလည်း အသိပညာ၊ အတတ်ပညာရှိတဲ့ လူသားအရင်းအမြစ်တွေအပြင် ကျန်းမာသန်စွမ်းတဲ့ လူသားအရင်း အမြစ်တွေလိုတယ်။ ဒါကြောင့် ကျန်းမာရေးက အရေးကြီးတယ်။ ကျန်းမာတဲ့သူတွေ ၊ အတတ်ပညာ ရှိတဲ့သူတွေ HR တွေကို မွေးထုတ်ပေးနိုင်မှသာ စီးပွားရေးကို အထောက်အကူရနိုင်မယ်။ စီးပွားရေးလုပ်တဲ့အခါ ဒီ ၄ ချက်ကို အမြဲထည့်သွင်း စဉ်းစားဖို့လိုတယ်။”

ဆက်လက်ပြောကြားရာတွင် စီးပွားရေးသည်နိုင်ငံ၏အဓိက မောင်းနှင်အား ဖြစ်သည်နှင့်အညီ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်လိုအပ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ် ဖြင့်သွားနေခြင်းဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ်တွင် တိုင်းပြည်၏ နောက်ခံ အကြောင်းအရာ တွေကိုလည်း သိရှိရန်လိုအပ်ကာ ထိုသို့သိရှိမှသာလျှင် စီမံခန့်ခွဲမှု လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ကြသဖြင့် ၎င်းတို့ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်မှသာလျင် တိုင်းပြည်၏စီးပွားရေး ပိုမိုအရှိန်အဟုန်ရစေမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာလုပ်ငန်း များကို ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များအဖြစ်လုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်ကိုလည်း သိရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပစ္စည်းချင်း တူပါက ဈေးနှုန်းသက်သာရမည်ဖြစ်ပြီး၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမို ကောင်းမွန်အောင် ထုတ်လုပ်နိုင်ကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာလျှင် လူနေမှုဘ၀မြင့်မားလာနိုင်မည်ဖြစ်သဖြင့် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာအားထုတ်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အုပ်ချုပ်ရေးအမြင်နှင့် ပတ်သက်၍ ပြောကြားရာတွင် “အုပ်ချုပ်ရေး အပိုင်း ပြောလို့ရှိရင်လည်း အသိပညာ၊ အတတ်ပညာနှင့် အုပ်ချုပ်နိုင်တဲ့ လူမျိုးလိုတယ်။ နောက် စည်းကမ်းနှင့် ဥပဒေလေးစားလိုက်နာဖို့လိုတယ်။ အုပ်ချုပ်ရေးမှာတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းက အဓိကပေါ့ ။ သို့သော် အုပ်ချုပ်ရေးကို ထိန်းတာကတော့ တရားဥပဒေစိုးမိုးရေးပဲ။ တရားဥပဒေစိုးမိုးရေး ဘယ်သူလုပ်လဲ။ တစ်ဖက်ကလည်းအုပ်ချုပ်ရေး အပိုင်းက ဥပဒေနဲ့ လုပ်တာရှိတယ်။ ရဲအဖွဲ့တွေရှိတယ်။ အုပ်ချုပ်ရေးကို ခိုင်မာဖို့လုပ်ရတာ တည်ငြိမ်မှုရှိရတာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ရဲတပ်ဖွဲ့။ အဲ့တော့ ရဲတပ်ဖွဲ့ကလည်း စွမ်းရည်ရှိတဲ့ ရဲတပ်ဖွဲ့ ဖြစ်ဖို့လိုတယ်။ စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့ ရဲတပ်ဖွဲ့မျိုးလိုတယ်။ ပြည်သူကို တိုက်ရိုက်ထိတွေ့တာ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းပဲ။ ကျန်တဲ့သူတွေက တိုက်ရိုက်အဖွဲ့အစည်းမဟုတ်ဘူး။ ဥပမာ-စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း၊ မွေးမြူရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်း သူ့ဆိုင်ရာ ဆိုင်ရာ ကဏ္ဍအလိုက်တော့ အဆက်အစပ်ရှိလိမ့်မယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ကျတော့ ပြည်သူနဲ့ တိုက်ရိုက် အကုန်ထိတွေ့နေတယ်။ လူတန်းစားမရွေး ထိတွေ့ဆက်ဆံနေရတယ်။ ဟိုက သူဖာသာသူ ဆိုင်တဲ့ကဏ္ဍကသွားတယ်။ လူတန်းစားမရွေး ဆက်ဆံနေရတာ အဖွဲ့အစည်း ၃ ရပ်ရှိတယ်။ တစ်ခုက အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဒုတိယရဲအဖွဲ့အစည်း၊ တတိယက ကျန်းမာရေးအဖွဲ့အစည်း။ ကျန်းမာရေးမှာလည်း ဆင်းရဲချမ်းသာမရွေး၊ ယောက်ျား၊ မိန်းမ မရွေး၊ အသက်အရွယ် မရွေးထိတွေ့ဆက်ဆံနေရတယ်။ မင်းတို့ ဒါသိထားဖို့ပဲ။ ကျန်တဲ့ဟာတွေက သူ့သက်ဆိုင်ရာ ကဏ္ဍ အလိုက်သွားလိမ့်မယ်။ အဲ့တော့ ပြောရလို့ရှိရင် ရဲတပ်ဖွဲ့ရဲ့စွမ်းရည်မြင့်တင်ပေးဖို့လိုတယ်။ ပြည်သူ့ကြားမှာ ပြည်သူလက်ခံ တဲ့ ရဲဖြစ်အောင်လုပ်ဖို့လိုတယ်။” ဆက်လက်ပြောကြားရာတွင် ပြည်သူများနှင့် အနီးကပ်ဆုံး ထိတွေ့ပြီး အသက်အိုးအိမ် စည်းစိမ်များကို ရဲတပ်ဖွဲ့က ကာကွယ်ပေးလျက်ရှိသည့်အတွက် အုပ်ချုပ်ရေးတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင် ရှိကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သည့် ရဲတပ်ဖွဲ့များ၊ စွမ်းရည်ရှိပြီး အရည်အချင်းပြည့်၀သည့် ရဲတပ်ဖွဲ့များ ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်အောင် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကာကွယ်ရေးအမြင်နှင့် ပတ်သက်၍ပြောကြားရာတွင် “တို့ကကာကွယ်ရေး အမြင်မှာကျတော့ စွမ်းရည်နှင့်စွမ်းအားရှိတဲ့ တပ်မတော် တစ်ရပ်အနေနဲ့ ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ဖို့ဖြစ်တယ်။ အဲ့တော့ စွမ်းရည်ရှိတဲ့တပ်မတော်၊ စွမ်းအားရှိတဲ့ တပ်မတော်တည်ဆောက်ရေးအတွက် လူသားအရင်းအမြစ်တွေလုပ်ရမယ်။ အဲ့တော့ စွမ်းရည် ရှိတဲ့ တပ်မတော်ဆိုလို့ရှိရင် လေ့ကျင့်ရေးနဲ့ပတ်သက်တာများတယ်။ ပြီးတော့ တစ်ဦးချင်း ရဲ့အရည်အချင်းတွေ အရည်အချင်းဆိုတာလဲ ခုချက်ချင်းထလုပ်လို့မရဘူး။ တပ်မတော်က ကာကွယ်ရေးဆိုတဲ့ နေရာမှာလည်း အချိန်ကာလပေးပြီးတော့မှ အရည်အချင်းတည်ဆောက် ၊ အရည်အချင်းရှိတဲ့ တပ်မတော်ကို တည်ဆောက်ရတယ်။ ကာကွယ်ရေးကို တည်ဆောက် နိုင်တဲ့ စွမ်းပကားတွေအားလုံးကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ဘယ်လိုရအောင် လုပ်မလဲဆိုတဲ့ Trend ကို မင်းတို့ရဖို့လိုတယ်။ တိုင်းပြည်ကာကွယ်ရေးမှာ ညာသံပေးနေ လို့မရဘူး၊ ဝေလေလေ အော်နေလို့မရဘူး။ ဟေးဟေးဟေး လုပ်လို့မရဘူး။ တစ်ကယ် လုပ်နိုင်တဲ့ လူရှိဖို့လိုတယ်။ အသံနဲ့ကာနေလို့မရဘူး။ ပြန်ပြောမယ်။ တိုင်းပြည် ကာကွယ်ရေးမှာ ညာသံပေးပြီးတော့ ကာကွယ်နေလို့မရဘူး။ အသံပေးပြီး လုပ်နေလို့တော့မရဘူး၊ လေနဲ့ လုပ်နေလို့တော့ မရဘူး။ လက်တွေ့လုပ်ရတဲ့ ကာကွယ်ရေးသွားရတယ်။”

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်များနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် “ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်စဉ်းစားပြီးမှ လုပ်ကြပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးတက်အောင်လည်းလုပ်ပါ။ စည်းကမ်းရှိတဲ့လူ၊ စနစ်ရှိတဲ့လူ ဖြစ်အောင်လုပ်ပါ။ တိုင်းပြည်အကျိုးကို ဘယ်လိုလုပ်မလဲ။ မင်းတို့ဒီတာဝန်ထမ်းဆောင်မှ မဟုတ်ဘူး။ တိုင်းပြည် အကျိုးလုပ်တယ်ဆိုတာ။ ဘယ်နေရာက ဖြစ်ဖြစ်လုပ်လို့ရတယ်။ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးအခေါ်မျိုး ခေါင်းထဲမှာ အမြဲတမ်းထည့်။ ဒါဆိုလို့ရှိရင် မင်းတို့ကို ငါတို့ လေ့ကျင့်ပေးရကျိုးနပ်တယ်။” ဟု ပြောကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ားအား Video Conferencing ျဖင့္ အမွာစကားေျပာၾကား

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၂၇

ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္သည္ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္အတြက္ အေရးႀကီးသည့္ တကၠသိုလ္တစ္ခုျဖစ္ၿပီး သင္တန္းသားမ်ားအေနျဖင့္ မွန္ကန္ေသာ အယူအဆမ်ား၊ တိက်ျပတ္သားေသာ ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ႏိုင္ေရးႏွင့္ တိုင္းျပည္၏ ပကတိအေျခအေနမွန္မ်ားကိုသိရွိၿပီး မွန္ကန္ေသာအေတြးအေခၚမ်ားရရွိေစရန္အတြက္ သင္တန္းတြင္ သင္ၾကားပို႔ခ်ေပးေနမႈမ်ားကို အျမင္ ၄ ျမင္ျဖင့္ ထည့္သြင္းစဥ္းစား တြက္ခ်က္၍ ႀကိဳးစားလုပ္ေဆာင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား အား Video Conferencing ျဖင့္ ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ ေက်ာင္းအုပ္ႀကီး၊ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား တက္ေရာက္ ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္တြင္ သင္တန္းသားမ်ားကို အဆင့္ျမင့္ရာထူးတာဝန္မ်ားကို ထမ္းေဆာင္ႏိုင္ရန္ႏွင့္ လုပ္ငန္းတာဝန္မ်ားကိုထမ္းေဆာင္ရာတြင္ အေထာက္အကူ ျဖစ္ေစရန္၊ အသိပညာမ်ားရရွိေစရန္ ရည္႐ြယ္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ အခ်ိဳ႕ႏိုင္ငံ မ်ားတြင္ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္ကို အစိုးရဝန္ထမ္းအဆင့္ျမင့္ အရာရွိႀကီးမ်ား၊ အရပ္သားမ်ားပါ တက္ေရာက္သင္ၾကားလ်က္ရွိၿပီး ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားမ်ားကို ေဖာ္ေဆာင္ရာတြင္ အေထာက္အကူျဖစ္ေစႏိုင္ျခင္းေၾကာင့္ ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြား ဟုဆိုရာတြင္ စီးပြားေရးတစ္ခုတည္းမဟုတ္ဘဲ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရးစသည္ျဖင့္ က႑ေပါင္းစုံပါဝင္ေနေၾကာင္း၊ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးတို႔သည္ ႏိုင္ငံတကာဆက္ဆံေရး ႏွင့္လည္း ဆက္စပ္လ်က္ရွိသျဖင့္ ႏိုင္ငံတကာဆက္ဆံေရးသည္လည္း အေရးပါေၾကာင္း ႏွင့္ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္ရန္အတြက္ ဘက္ေပါင္းစုံထည့္သြင္းစဥ္းစားရန္ လိုအပ္ေၾကာင္း၊ တိုင္းျပည္သည္ ႏိုင္ငံေရး၊ စီးပြားေရး၊ ကာကြယ္ေရးစသည့္ ေမာင္းႏွင္အား ၃ ခုျဖင့္ ရပ္တည္ရျခင္းျဖစ္ၿပီး တစ္ခုႏွင့္ တစ္ခုခ်ိတ္ဆက္ေနေၾကာင္း၊ ႏိုင္ငံေရးအရအားေကာင္းၿပီး စီးပြားေရးႏွင့္ ကာကြယ္ေရးပိုင္းတြင္ အားနည္းေန၍ မရေၾကာင္း၊ အခ်ိဳ႕ႏိုင္ငံမ်ားတြင္ ကာကြယ္ေရးအင္အားေကာင္းၿပီး ႏိုင္ငံေရးအင္အား မေကာင္းသျဖင့္ ႏိုင္ငံတကာဆက္ဆံေရးတြင္ အားနည္းၿပီး စီးပြားေရး မေကာင္းသည္ကို ေတြ႕ျမင္ရေၾကာင္း၊ မိမိတို႔ႏိုင္ငံကို လြတ္လပ္ေရးမရမီကာလႏွင့္ လြတ္လပ္ေရး ရၿပီးကာလဟူ၍ ႏွစ္ခုခြဲၾကည့္ပါက ယခင္ကဘုရင္စနစ္ျဖင့္ သြားခဲ့ၿပီး လြတ္လပ္ေရးရၿပီး ကာလတြင္ ပါလီမန္ဒီမိုကေရစီစနစ္ က်င့္သုံးခဲ့ေၾကာင္း၊ ၁၉၆၂ ခုႏွစ္မွ စၿပီး ဗဟိုဦးစီးစနစ္ျဖင့္သြားခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွစ၍ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့ ေၾကာင္း၊ ထိုသို႔က်င့္သုံးခဲ့ရာတြင္ အျမင္မတူကြဲျပားျခားနားမႈမ်ားရွိမည္ျဖစ္ေၾကာင္း၊ ဆိုရွယ္လစ္စနစ္ႏွင့္အရင္းရွင္စနစ္တို႔ အားၿပိဳင္မႈမ်ားရွိခဲ့ၿပီး ကိုလိုနီစနစ္တြင္ ဖိႏွိပ္ခံ လူတန္းစားမ်ားသည္ ဆိုရွယ္လစ္အယူအဆမ်ားကို လက္ခံက်င့္သုံးလာခဲ့ေၾကာင္း၊ ၁၈၈၆ ခုႏွစ္တြင္ တစ္ႏိုင္ငံလုံး ကိုလိုနီႏိုင္ငံျဖစ္ခဲ့ၿပီး ကိုလိုနီအစိုးရ၏ ေသြးခြဲအုပ္ခ်ဳပ္ေရး စနစ္မ်ားေၾကာင့္ တိုင္းျပည္တြင္ ေတာင္တန္းေဒသ အုပ္ခ်ဳပ္ေရး၊ ၉၁ ဌာနအုပ္ခ်ဳပ္ေရး၊ ခြဲေရး၊ တြဲေရး ျပႆနာမ်ား ျဖစ္ေပၚကာ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးတို႔တြင္ ေခါင္းေဆာင္မ်ားအေပၚ မူတည္၍ အျမင္မတူကြဲျပားျခင္းမ်ားျဖစ္ေပၚခဲ့သည္ကို သတိျပဳရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ ကာကြယ္ေရးတကၠသိုလ္၏ ရည္မွန္းခ်က္ျဖစ္သည့္ ႏိုင္ငံေရး အျမင္၊ စီးပြားေရးအျမင္၊ အုပ္ခ်ဳပ္ေရးအျမင္ႏွင့္ ကာကြယ္ေရးအျမင္မ်ားကို အျမင္က်ယ္က်ယ္ျဖင့္ စဥ္းစားေတြးေခၚ လုပ္ေဆာင္ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ေၾကာင္း၊ အျမင္က်ယ္ျပန႔္စြာျဖင့္ စဥ္းစားေတြးေခၚလုပ္ေဆာင္ ႏိုင္ရန္အတြက္ သမိုင္းေၾကာင္း ေနာက္ခံအေၾကာင္းအရာမ်ားကို သိရွိရန္လိုအပ္ၿပီး ေနာက္ခံအေၾကာင္းအရာမ်ားကို မသိရွိပါက ခိုင္လုံသည့္ အေၾကာင္းအရာမ်ားကို ရရွိမည္မဟုတ္သျဖင့္ ေနာက္ခံသမိုင္းအေၾကာင္းအရာမ်ားကို သိရွိရမည္ျဖစ္ေၾကာင္း ျဖင့္ ေျပာၾကားၿပီး ႏိုင္ငံေတာ္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးဆိုင္ရာ သမိုင္းေၾကာင္းမ်ားအား အက်ယ္တဝင့္ ဦးစြာေဆြးေႏြးေျပာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံေရးအျမင္ႏွင့္ ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရွင္းလင္းေျပာၾကားရာတြင္ “ပါတီစုံဒီမိုကေရစီစနစ္ဟာ ျပည္သူ႔က ေ႐ြးခ်ယ္တဲ့ လမ္းေၾကာင္း ျဖစ္တဲ့အတြက္ေၾကာင့္ တပ္မေတာ္က ျပည္သူက ေပါက္ဖြားလာတယ္ ဒါေၾကာင့္ ျပည္သူ႔က ေ႐ြးခ်ယ္တဲ့အတြက္ တပ္မေတာ္ကလည္း ျပည္သူ႔ရဲ႕ဆႏၵကို ေသြဖယ္မွာေတာ့မဟုတ္ဘူး။ တပ္မေတာ္အေနနဲ႔ပါတီစုံဒီမိုကေရစီစနစ္ တည္တံ့ခိုင္ၿမဲ ေရးကိုသာ လိုလားတယ္။ တို႔ေတြဟာ စနစ္အမ်ိဳးမ်ိဳးကို ျဖတ္သန္းခဲ့တယ္။ ႏိုင္ငံေရး အခက္အခဲေတြအမ်ားႀကီးရွိလာခဲ့တယ္။ ပဋိပကၡေတြမ်ိဳးစုံရွိခဲ့တယ္။ ခုထိရွိေနဆဲပဲ ျဖစ္တယ္။ ဒါေၾကာင့္ တို႔ေတြနဲ႔ အခုက်င့္သုံးေနတဲ့ ပါတီစုံဒီမိုကေရစီစနစ္က ခိုင္ခိုင္ၿမဲၿမဲျဖစ္ႏိုင္ဖို႔အတြက္ဆိုရင္ စည္းကမ္းရွိတဲ့ ဒီမိုကေရစီႏိုင္ငံမ်ိဳး၊ တရားမွ်တတဲ့ ဒီမိုကေရစီႏိုင္ငံမ်ိဳး၊ ႐ိုးသားတဲ့ ဒီမိုကေရစီႏိုင္ငံမ်ိဳးကို သြားဖို႔အတြက္ လိုအပ္တယ္။ ဒါလည္း အႀကိမ္ႀကိမ္ေျပာခဲ့တယ္။ ထုတ္ေဖာ္ေျပာခဲ့တယ္။ ေစာေစာကေျပာခဲ့တဲ့ သမိုင္း ေနာက္ခံမွာ တို႔တိုင္းျပည္ရဲ႕ ပကတိရွိေနတဲ့အေျခအေနအရပ္ရပ္ကို ခ်ိန္ထိုးၿပီးေတာ့မွ ဒီမိုကေရစီစနစ္ က်င့္သုံးလို႔ရွိရင္ ဒီလိုမ်ိဳးျဖစ္မွသာ တည္ၿငိမ္ေအးခ်မ္းတဲ့ ဒီမိုကေရစီစနစ္ မ်ိဳးသြားႏိုင္လိမ့္မယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ မိမိတို႔ႏိုင္ငံ သည္ လက္ရွိအခ်ိန္တြင္ ပါတီစုံဒီမိုကေရစီစနစ္ကိုေလွ်ာက္လွမ္းလွ်က္ရွိၿပီး စစ္မွန္ၿပီး စည္းကမ္းျပည့္ဝသည့္ ဒီမိုကေရစီျဖစ္ရန္လိုအပ္ေၾကာင္း၊ သမိုင္းေၾကာင္းအရ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႏိုင္ငံကို တည္ေဆာက္ ေပးရမည္ျဖစ္ေၾကာင္း၊ ကမာၻေပၚတြင္ ဖက္ဒရယ္စနစ္က်င့္သုံးသည့္ ႏိုင္ငံအမ်ားအျပား ရွိၿပီး ျပည္ေထာင္စုအေနျဖင့္ ေပါင္းစည္းေနထိုင္ၾကျခင္းပင္ျဖစ္ေၾကာင္း၊ စစ္ဘက္ဆိုင္ရာ ေခါင္းေဆာင္မ်ားအေနျဖင့္ ဥပေဒအသိ၊ ဥပေဒအျမင္မ်ား ရွိေနေစရန္ သင္ယူေလ့လာ ၾကရန္လိုအပ္မည္ျဖစ္ေၾကာင္းျဖင့္ေျပာၾကားၿပီး ဥပေဒကိုအေလးထားလိုက္နာရန္ လိုအပ္သည့္အေျခအေနမ်ားႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ “ဥပေဒတစ္ခု ျပ႒ာန္းၿပီဆိုရင္ ဒီဥပေဒကိုဘာေၾကာင့္ ျပ႒ာန္းလဲဆိုတာရွင္းရမယ္။ ပုဒ္မ တစ္ခုခ်င္းမွာလဲ သူရဲ႕ရည္႐ြယ္ခ်က္ေတြရွိတယ္။ ဒီပုဒ္မ ဒီလိုအေၾကာင္းအရာ ဆိုထားတာ ဘာကိုရည္႐ြယ္ၿပီးေရးထားတာ ရွင္းလင္းခ်က္ေတြရွိတယ္။ ဒီရွင္းလင္းခ်က္ ေတြက ဥပေဒထဲမွာလည္း မပါဘူး။သို႔ေသာ္ ေနာက္ခံ ေဆြးေႏြးတဲ့အထဲမွာ ပါလာတယ္။ အတည္ျပဳထားတယ္။ ဒီအေၾကာင္းအရာေတြေၾကာင့္ ဒီဥပေဒကို ျပ႒ာန္းတယ္။ သူကေတာ့ အက်ဥ္းပဲ။ ဥပေဒကေတာ့ အက်ဥ္းပဲ။ ဒါေပမယ့္သူ႔ရဲ႕ အဓိပၸါယ္ဖြင့္ဆို ခ်က္ေတြမွာ အက်ယ္ေတြရွိတယ္။ အဲ့ေတာ့အဲဒီဥပေဒက အျငင္းပြားစရာျဖစ္လာၿပီ ဆိုလို႔ရွိရင္ ေနာက္ခံအေၾကာင္းအရာေတြကိုပါ ျပန္ၾကည့္ရတယ္။ ကိုယ္လိုသလို အဓိပၸါယ္ဖြင့္ဆိုလို႔မရဘူး။ သူေရးထားတာ ဘာေၾကာင့္ဒီလိုေရးထားတာလဲ။ တစ္ခါ အဲ့ဒီမွာ ျမန္မာစာနဲ႔ေရးတာရွိတယ္။ အဂၤလိပ္စာနဲ႔ ဘာသာျပန္ၿပီးေတာ့ ေရးထားတာ ရွိတယ္။ ဘယ္လိုစနစ္နဲ႔ပဲေရးေရး ျမန္မာႏိုင္ငံမွာ ျပ႒ာန္းထားတဲ့ ဥပေဒဟာ ျမန္မာလိုေရးသားထားတဲ့ဟာကိုဘဲ အတည္ျပဳထားတယ္။ ဒါေၾကာင့္ အခုဆို ဥပေဒကို ဘာသာျပန္ၿပီး ေရးထားတာေတြေတြ႕ရတယ္။ ဒါလည္း မင္းတို႔နားလည္ဖို႔ပဲ။ ဒါကိုလည္း ဥပေဒမွာ ကိုယ္လိုရာဆြဲၿပီးေတာ့ လုပ္ေနတာေတြဟာ အက်ိဳးထက္အဆိုးကို ျဖစ္ေစတယ္။ တပ္မေတာ္က ေစာေစာကေျပာသလို လက္နက္ကိုင္ထားတဲ့ အဖြဲ႕ အစည္းျဖစ္တဲ့အတြက္ အေျခခံဥပေဒကို ေလးစားလိုက္နာဖို႔လိုတယ္။ ဒါေၾကာင့္ ငါတို႔ေတြ လည္း ေျပာရလို႔ရွိရင္ေတာ့ ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေက်ာ္လြန္ၿပီးေတာ့မွ ေက်ာ္လြန္မႈမရွိတဲ့ တည္ဆဲဥပေဒအားလုံးကို ငါတို႔က ေလးစားလိုက္နာရမယ္။ ဖြဲ႕စည္းပုံ အေျခခံဥပေဒကေတာ့ ဥပေဒရဲ႕ Mother Law ပဲ။ ဒါေၾကာင့္ ငါတို႔က ဒါကိုေတာ့ ေလးစား လိုက္နာဖို႔လိုတယ္လို႔ ေျပာလိုတယ္၊ ေစာေစာကေျပာတဲ့ ဥပေဒကို မေလးစားဘူး၊ မလိုက္နာဘူးဆိုရင္ ဒီဥပေဒကို ဖ်က္ပစ္ရမယ္။ ဆိုလိုတာကေတာ့ အေျခခံဥပေဒဆိုရင္လည္း ဖ်က္ပစ္ရမယ္။ ဒီဥပေဒကို မလိုက္နာဘူးဆိုလို႔ရွိရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္ပစ္ရမယ္။ ဒါေၾကာင့္ ေတာ္လွန္ေရး ေကာင္စီေခတ္တုန္းကလည္း ၁၉၄၇ ခုႏွစ္၊ ဥပေဒကိုဖ်က္လိုက္တာပဲ။ န၀တေခတ္ တပ္မေတာ္တက္လာတဲ့အခါမွာ ၁၉၇၄ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္လိုက္တာပဲ။ အခု ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒက တရားဝင္ရွိေနတဲ့ဥပေဒ တည္ဆဲဥပေဒ။ ဒါဟာ ႏိုင္ငံေရးမွာအင္မတန္အေရးႀကီးတဲ့ အေျခခံအေၾကာင္းတစ္ခု အေန နဲ႔ မင္းတို႔ကို ေျပာလိုတယ္။ ၿပီးၿပီးေရာ လုပ္လို႔မရဘူး။ဒါေၾကာင့္ ဥပေဒအသိ မင္းတို႔ေခါင္း ထဲမွာရွိေနဖို႔လိုတယ္။ ဥပေဒအျမင္ မင္းတို႔ေခါင္းထဲမွာရွိေနဖို႔လိုတယ္။”

ထို႔ေနာက္ စီးပြားေရးအျမင္ႏွင့္ပတ္သက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာၾကားရာတြင္ “တိုင္းျပည္မွာ Resources ေတြမရွိဘူးဆိုရင္ ဥပမာအားျဖင့္ အေျခခံ ေတြမရွိဘူး၊ ဥပမာတိုင္းျပည္မွာ တကယ္ေကာင္းဖို႔လိုအပ္လို႔ရွိရင္ ဖြံ႕ၿဖိဳးတိုးတက္ခ်င္ရင္ အေျခခံ(၄)ခ်က္ျပည့္စုံဖို႔လိုတယ္။ တစ္အခ်က္ကေတာ့ လွ်ပ္စစ္ဓာတ္မရွိရင္ ဘာမွလုပ္ လို႔ မရဘူး။ ႏိုင္ငံဖြံ႕ၿဖိဳးေရး ဘာမွလုပ္လို႔မရဘူး၊ စီးပြားေရးေကာင္းေအာင္လုပ္လို႔မရဘူး။ လုပ္ရင္ အခက္အခဲရွိမယ္။ စရိတ္စကႀကီးမားမယ္။ တြက္ေခ်မကိုက္ဘူး။ ဒုတိယ အခ်က္က Communication ဆက္သြယ္ေရးစနစ္ေတြေကာင္းဖို႔လိုတယ္။ တတိယ ဘာလဲဆိုရင္ Transportation ပို႔ေဆာင္ေရးစနစ္ေတြေကာင္းဖို႔လိုတယ္။ လမ္းေတြေကာင္းဖို႔လိုတယ္။ နံပါတ္ေလးအခ်က္ HR လူသားအရင္းအျမစ္ေတြေကာင္း ဖို႔လိုတယ္။ ပညာေရး၊ က်န္းမာေရး ေကာင္းဖို႔လိုတယ္။ ဒီ ၄ ခ်က္မျပည့္စုံရင္ စီးပြားေရးလုပ္ငန္းေကာင္းဖို႔ဆိုတာ ေတာ္ေတာ္ ႐ုန္းကန္ရမယ့္ အေျခအေနရွိတယ္။ ေစာေစာကေျပာတဲ့ စီးပြားေရးလုပ္ငန္းတည္ေထာင္ လိုက္တယ္။ လူသားအရင္းအျမစ္ ေတြမရွိဘူး ဘယ္လိုလုပ္မလဲ။ လွ်ပ္စစ္မရွိဘူး ဘယ္လိုလုပ္မလဲ။ ကုန္ထုတ္ပစၥည္းေတြ၊ ကုန္ၾကမ္းေတြပို႔ေဆာင္ဖို႔အတြက္ လမ္းပန္းဆက္သြယ္ေရး မေကာင္းဘူး ဘယ္လို လုပ္မလဲ။ သတင္းအခ်က္အလက္ေတြ Market ကို လက္ဦးႏိုင္ဖို႔အတြက္ သတင္းအခ်က္ အလက္ေတြ မေဆာင္႐ြက္ေပးႏိုင္ရင္ ဘယ္လိုလုပ္မလဲ။ ႏိုင္ငံ့စီးပြား ေရးမွာ ဒီ ၄ ခ်က္ မျပည့္စုံရင္ မျဖစ္ႏိုင္ဘူး။ ခုနက လူသားအရင္းအျမစ္မွာလည္း အသိပညာ၊ အတတ္ပညာရွိတဲ့ လူသားအရင္းအျမစ္ေတြအျပင္ က်န္းမာသန္စြမ္းတဲ့ လူသားအရင္း အျမစ္ေတြလိုတယ္။ ဒါေၾကာင့္ က်န္းမာေရးက အေရးႀကီးတယ္။ က်န္းမာတဲ့သူေတြ ၊ အတတ္ပညာ ရွိတဲ့သူေတြ HR ေတြကို ေမြးထုတ္ေပးႏိုင္မွသာ စီးပြားေရးကို အေထာက္အကူရႏိုင္မယ္။ စီးပြားေရးလုပ္တဲ့အခါ ဒီ ၄ ခ်က္ကို အၿမဲထည့္သြင္း စဥ္းစားဖို႔လိုတယ္။”

ဆက္လက္ေျပာၾကားရာတြင္ စီးပြားေရးသည္ႏိုင္ငံ၏အဓိက ေမာင္းႏွင္အား ျဖစ္သည္ႏွင့္အညီ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ရန္လိုအပ္ေၾကာင္း၊ ေဈးကြက္စီးပြားေရးစနစ္ ျဖင့္သြားေနျခင္းျဖစ္ၿပီး ေဈးကြက္စီးပြားေရးစနစ္တြင္ တိုင္းျပည္၏ ေနာက္ခံ အေၾကာင္းအရာ ေတြကိုလည္း သိရွိရန္လိုအပ္ကာ ထိုသို႔သိရွိမွသာလွ်င္ စီမံခန႔္ခြဲမႈ လုပ္ငန္းကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ မိမိတို႔တိုင္းျပည္၏ လူဦးေရ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနသူမ်ားျဖစ္ၿပီး စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးကို အေျခခံသည့္ စီးပြားေရးလုပ္ငန္းမ်ားကို အဓိကထားလုပ္ေဆာင္ၾကသျဖင့္ ၎တို႔ကို အေျခခံသည့္ စီးပြားေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္မွသာလ်င္ တိုင္းျပည္၏စီးပြားေရး ပိုမိုအရွိန္အဟုန္ရေစမည္ျဖစ္ ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း မိ႐ိုးဖလာလုပ္ငန္း မ်ားကို ေခတ္မီစိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း မ်ားအျဖစ္လုပ္ေဆာင္ႏိုင္ရမည္ျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပေဈးကြက္ကိုလည္း သိရွိရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ပစၥည္းခ်င္း တူပါက ေဈးႏႈန္းသက္သာရမည္ျဖစ္ၿပီး၊ ေဈးႏႈန္းခ်င္းတူပါက အရည္အေသြးပိုမို ေကာင္းမြန္ေအာင္ ထုတ္လုပ္ႏိုင္ၾကရမည္ျဖစ္ေၾကာင္း၊ စီးပြားေရးေကာင္းမြန္မွသာလွ်င္ လူေနမႈဘ၀ျမင့္မားလာႏိုင္မည္ျဖစ္သျဖင့္ စီးပြားေရးအျမင္မ်ား တိုးတက္လာေစရန္ႏွင့္ စီးပြားေရးစီမံခန႔္ခြဲမႈမ်ား ျမင့္မားလာေစရန္ ေလ့လာအားထုတ္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ အုပ္ခ်ဳပ္ေရးအျမင္ႏွင့္ ပတ္သက္၍ ေျပာၾကားရာတြင္ “အုပ္ခ်ဳပ္ေရး အပိုင္း ေျပာလို႔ရွိရင္လည္း အသိပညာ၊ အတတ္ပညာႏွင့္ အုပ္ခ်ဳပ္ႏိုင္တဲ့ လူမ်ိဳးလိုတယ္။ ေနာက္ စည္းကမ္းႏွင့္ ဥပေဒေလးစားလိုက္နာဖို႔လိုတယ္။ အုပ္ခ်ဳပ္ေရးမွာေတာ့ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းက အဓိကေပါ့ ။ သို႔ေသာ္ အုပ္ခ်ဳပ္ေရးကို ထိန္းတာကေတာ့ တရားဥပေဒစိုးမိုးေရးပဲ။ တရားဥပေဒစိုးမိုးေရး ဘယ္သူလုပ္လဲ။ တစ္ဖက္ကလည္းအုပ္ခ်ဳပ္ေရး အပိုင္းက ဥပေဒနဲ႔ လုပ္တာရွိတယ္။ ရဲအဖြဲ႕ေတြရွိတယ္။ အုပ္ခ်ဳပ္ေရးကို ခိုင္မာဖို႔လုပ္ရတာ တည္ၿငိမ္မႈရွိရတာ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြနဲ႔ ရဲတပ္ဖြဲ႕။ အဲ့ေတာ့ ရဲတပ္ဖြဲ႕ကလည္း စြမ္းရည္ရွိတဲ့ ရဲတပ္ဖြဲ႕ ျဖစ္ဖို႔လိုတယ္။ စီမံခန႔္ခြဲႏိုင္စြမ္းရွိတဲ့ ရဲတပ္ဖြဲ႕မ်ိဳးလိုတယ္။ ျပည္သူကို တိုက္႐ိုက္ထိေတြ႕တာ ရဲနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းပဲ။ က်န္တဲ့သူေတြက တိုက္႐ိုက္အဖြဲ႕အစည္းမဟုတ္ဘူး။ ဥပမာ-စိုက္ပ်ိဳးေရးနဲ႔ပတ္သက္တဲ့ အဖြဲ႕အစည္း၊ ေမြးျမဴေရးနဲ႔ပတ္သက္တဲ့ အဖြဲ႕အစည္း သူ႔ဆိုင္ရာ ဆိုင္ရာ က႑အလိုက္ေတာ့ အဆက္အစပ္ရွိလိမ့္မယ္။ ဒါေပမယ့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕၊ ရပ္/ေက်း အုပ္ခ်ဳပ္ေရးအဖြဲ႕၊ ရဲတပ္ဖြဲ႕က်ေတာ့ ျပည္သူနဲ႔ တိုက္႐ိုက္ အကုန္ထိေတြ႕ေနတယ္။ လူတန္းစားမေ႐ြး ထိေတြ႕ဆက္ဆံေနရတယ္။ ဟိုက သူဖာသာသူ ဆိုင္တဲ့က႑ကသြားတယ္။ လူတန္းစားမေ႐ြး ဆက္ဆံေနရတာ အဖြဲ႕အစည္း ၃ ရပ္ရွိတယ္။ တစ္ခုက အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္း၊ ဒုတိယရဲအဖြဲ႕အစည္း၊ တတိယက က်န္းမာေရးအဖြဲ႕အစည္း။ က်န္းမာေရးမွာလည္း ဆင္းရဲခ်မ္းသာမေ႐ြး၊ ေယာက္်ား၊ မိန္းမ မေ႐ြး၊ အသက္အ႐ြယ္ မေ႐ြးထိေတြ႕ဆက္ဆံေနရတယ္။ မင္းတို႔ ဒါသိထားဖို႔ပဲ။ က်န္တဲ့ဟာေတြက သူ႔သက္ဆိုင္ရာ က႑ အလိုက္သြားလိမ့္မယ္။ အဲ့ေတာ့ ေျပာရလို႔ရွိရင္ ရဲတပ္ဖြဲ႕ရဲ႕စြမ္းရည္ျမင့္တင္ေပးဖို႔လိုတယ္။ ျပည္သူ႔ၾကားမွာ ျပည္သူလက္ခံ တဲ့ ရဲျဖစ္ေအာင္လုပ္ဖို႔လိုတယ္။” ဆက္လက္ေျပာၾကားရာတြင္ ျပည္သူမ်ားႏွင့္ အနီးကပ္ဆုံး ထိေတြ႕ၿပီး အသက္အိုးအိမ္ စည္းစိမ္မ်ားကို ရဲတပ္ဖြဲ႕က ကာကြယ္ေပးလ်က္ရွိသည့္အတြက္ အုပ္ခ်ဳပ္ေရးတြင္ အေရးႀကီးသည့္အခန္းက႑တြင္ ရွိေၾကာင္း၊ ထို႔ေၾကာင့္ တရားဥပေဒစိုးမိုးေရးႏွင့္ လုံၿခဳံေရးကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္သည့္ ရဲတပ္ဖြဲ႕မ်ား၊ စြမ္းရည္ရွိၿပီး အရည္အခ်င္းျပည့္၀သည့္ ရဲတပ္ဖြဲ႕မ်ား ျဖစ္ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ေအာင္ ေဆာင္႐ြက္ေပးရမည္ျဖစ္ ေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႔ေနာက္ ကာကြယ္ေရးအျမင္ႏွင့္ ပတ္သက္၍ေျပာၾကားရာတြင္ “တို႔ကကာကြယ္ေရး အျမင္မွာက်ေတာ့ စြမ္းရည္ႏွင့္စြမ္းအားရွိတဲ့ တပ္မေတာ္ တစ္ရပ္အေနနဲ႔ ဒို႔တာဝန္အေရး သုံးပါးကို ကာကြယ္ေစာင့္ေရွာက္ဖို႔ျဖစ္တယ္။ အဲ့ေတာ့ စြမ္းရည္ရွိတဲ့တပ္မေတာ္၊ စြမ္းအားရွိတဲ့ တပ္မေတာ္တည္ေဆာက္ေရးအတြက္ လူသားအရင္းအျမစ္ေတြလုပ္ရမယ္။ အဲ့ေတာ့ စြမ္းရည္ ရွိတဲ့ တပ္မေတာ္ဆိုလို႔ရွိရင္ ေလ့က်င့္ေရးနဲ႔ပတ္သက္တာမ်ားတယ္။ ၿပီးေတာ့ တစ္ဦးခ်င္း ရဲ႕အရည္အခ်င္းေတြ အရည္အခ်င္းဆိုတာလဲ ခုခ်က္ခ်င္းထလုပ္လို႔မရဘူး။ တပ္မေတာ္က ကာကြယ္ေရးဆိုတဲ့ ေနရာမွာလည္း အခ်ိန္ကာလေပးၿပီးေတာ့မွ အရည္အခ်င္းတည္ေဆာက္ ၊ အရည္အခ်င္းရွိတဲ့ တပ္မေတာ္ကို တည္ေဆာက္ရတယ္။ ကာကြယ္ေရးကို တည္ေဆာက္ ႏိုင္တဲ့ စြမ္းပကားေတြအားလုံးကို ဘယ္လိုတည္ေဆာက္မလဲဆိုတာကို ဘယ္လိုရေအာင္ လုပ္မလဲဆိုတဲ့ Trend ကို မင္းတို႔ရဖို႔လိုတယ္။ တိုင္းျပည္ကာကြယ္ေရးမွာ ညာသံေပးေန လို႔မရဘူး၊ ေဝေလေလ ေအာ္ေနလို႔မရဘူး။ ေဟးေဟးေဟး လုပ္လို႔မရဘူး။ တစ္ကယ္ လုပ္ႏိုင္တဲ့ လူရွိဖို႔လိုတယ္။ အသံနဲ႔ကာေနလို႔မရဘူး။ ျပန္ေျပာမယ္။ တိုင္းျပည္ ကာကြယ္ေရးမွာ ညာသံေပးၿပီးေတာ့ ကာကြယ္ေနလို႔မရဘူး။ အသံေပးၿပီး လုပ္ေနလို႔ေတာ့မရဘူး၊ ေလနဲ႔ လုပ္ေနလို႔ေတာ့ မရဘူး။ လက္ေတြ႕လုပ္ရတဲ့ ကာကြယ္ေရးသြားရတယ္။”

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေရး၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရးအျမင္မ်ားႏွင့္ ပတ္သက္၍ နိဂုံးခ်ဳပ္အမွာစကား ေျပာၾကားရာတြင္ “ က်ယ္က်ယ္ ျပန႔္ျပန႔္ ေတြးေခၚစဥ္းစားၿပီးမွ လုပ္ၾကပါ။ ကိုယ့္ကိုယ္ကိုတန္ဖိုးထားပါ။ ကိုယ့္ကိုယ္ကို တန္ဖိုးတက္ေအာင္လည္းလုပ္ပါ။ စည္းကမ္းရွိတဲ့လူ၊ စနစ္ရွိတဲ့လူ ျဖစ္ေအာင္လုပ္ပါ။ တိုင္းျပည္အက်ိဳးကို ဘယ္လိုလုပ္မလဲ။ မင္းတို႔ဒီတာဝန္ထမ္းေဆာင္မွ မဟုတ္ဘူး။ တိုင္းျပည္ အက်ိဳးလုပ္တယ္ဆိုတာ။ ဘယ္ေနရာက ျဖစ္ျဖစ္လုပ္လို႔ရတယ္။ တိုင္းျပည္ေကာင္းေအာင္ ဘယ္လိုလုပ္မလဲဆိုတဲ့ အေတြးအေခၚမ်ိဳး ေခါင္းထဲမွာ အၿမဲတမ္းထည့္။ ဒါဆိုလို႔ရွိရင္ မင္းတို႔ကို ငါတို႔ ေလ့က်င့္ေပးရက်ိဳးနပ္တယ္။” ဟု ေျပာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။