ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ – ၃၀

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ပူဇော်ခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ဇန်နဝါရီ ၂၉ ရက်ညပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအားကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိပါဠိဆရာတော်ကြီး အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

(Zawgyi Version)

ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားအား ႀကိဳဆိုပင့္ေဆာင္ျခင္း မဟာမဂၤလာအခမ္းအနားက်င္းပ

ေနျပည္ေတာ္၊ ဇန္နဝါရီ – ၃၀

ေနျပည္ေတာ္တြင္ တည္ထားကိုးကြယ္မည့္ ဘူမိဖႆမုျဒာ ထိုင္ေတာ္မူေက်ာက္ဆစ္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားကို Modular Trailer မ်ားျဖင့္ ဆီမီးခုံဆိပ္ကမ္းမွ ေနျပည္ေတာ္ေကာင္စီနယ္ေျမသို႔

ဇန္နဝါရီ ၂၅ ရက္တြင္ စတင္ပင့္ေဆာင္ပူေဇာ္ခဲ့ၿပီး ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ထားကိုးကြယ္မည့္ မဂၤလာေနရာသို႔ ဇန္နဝါရီ ၂၉ ရက္ညပိုင္းတြင္ ေရာက္ရွိခဲ့သည္။

အဆိုပါ ဘူမိဖႆမုျဒာထိုင္ေတာ္မူေက်ာက္ဆစ္ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္ႏွင့္ ပလႅင္ေတာ္အစိတ္အပိုင္းမ်ားအားႀကိဳဆိုပင့္ေဆာင္ျခင္း မဟာမဂၤလာ အခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ရာ ပ်ဥ္းမနားၿမိဳ႕၊ မဂၤလာေဇယ်ဳံပါဠိ တကၠသိုလ္ေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမၼေဇာတိက ဓဇ ဘဒၵႏၲ ဝိမလဗုဒၶိပါဠိဆရာေတာ္ႀကီး အမႉးျပဳေသာ ဆရာေတာ္ သံဃာေတာ္ အရွင္သူျမတ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ကာကြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စု ဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္ တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။