ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ကျင်းပ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ယာယီသမ္မတဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အစည်းအဝေးအဖွင့်အမှာစကားပြောကြားရာတွင် တပ်မတော်မှတာဝန်ယူပြီးနောက်ပိုင်း အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးပိုင်းဆိုင်ရာများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးခန့်အပ် ခြင်းဖြစ်ပြီး ယခုခန့်အပ်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်အတွက်၊ တိုင်းပြည်အတွက် အမှန်တကယ်ဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ်များဖြစ်သည်ကို ယုံကြည် ကြောင်း၊ အားလုံးသည်အတွေ့အကြုံရှိပြီး၊ အရည်အချင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ မိမိတို့၏အတွေ့အကြုံနှင့် အရည်အချင်းများကိုအသုံးချပြီး မိမိတို့ကျရာကဏ္ဍအလိုက် ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်သည် စုပေါင်းဦးဆောင်မှုဖြင့် ဆောင်ရွက်ခြင်းသည် ပိုမိုကောင်းမွန်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက်တာဝန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်မည်ဆိုသည့် မူနှင့်သာသွားစေချင်ကြောင်း၊ အဓိကမှာ တိုင်းပြည်အနေနှင့်ဖြတ်သန်းလာရသည့် ဒီမိုကရေစီအစိုးရနှစ်ခု၏ တိုင်းပြည် ၏ အတွေ့အကြုံနှင့် နိုင်ငံတကာ၏အတွေ့အကြုံများကိုကြည့်ပြီး ကောင်းသည့်အချက် များကို ပိုပြီးခိုင်ခိုင်မာမာဖြစ်အောင် ကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကောင်း ရှိသလို အဆိုးများလည်းရှိကြောင်း အစိုးရ၏ဆောင်ရွက်ချက်များအပေါ် ပြည်သူများနှင့် နိုင်ငံတကာ၏ တုံ့ပြန်ချက်များရှိကြောင်း၊ နိုင်ငံတကာနှင့်ဆက်ဆံရာမှာ မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးမူဝါဒ၊ ကြားနေမူဝါဒ နှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပြတ်ဆက်ဆံရေး၊ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် အပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်၍ မိမိတို့နိုင်ငံ ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းဆိုရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြောခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၏ Stand အပေါ်တွင်သာယူပြီး သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့် သာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်း ဖြစ်သဖြင့် မှားယွင်းဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီ စနစ်ကိုလျှောက်လှမ်းရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ထို့နောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မှာကြားရာတွင် မဲစာရင်းမှားယွင်းမှုများ ကို ဖော်ထုတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး မဲစာရင်းစိစစ်မှုများနှင့်ပတ်သက်၍ တပ်မတော်မှ ထုတ်ပြန်ချက်များ သည် ခိုင်မာမှုရှိကြောင်း၊ မဲစာရင်းမှားယွင်းမှုများအား တပ်မတော်မှ စတင်သိရှိချိန်တွင် ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ချက်များထုတ်ပြန် ခဲ့ကြောင်း၊ သို့သော် ယခင်ရွေးကောက်ပွဲကော်မရှင်မှ တုံ့ပြန်မှုမရှိခဲ့ကြောင်း၊ မြို့နယ် ၃၁၄ မြို့နယ်ကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်၏ စစ်ဆေးတွေ့ရှိချက်များတွင် နည်းပညာအရ ကွန်ပျူတာ၏ ဖတ်ရှုမှု Error အနည်းငယ်မှလွဲ၍ ကြီးမားစွာမှားယွင်းမှုမရှိကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းများအားဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရှိ စေရန်အတွက်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းများ အပေါ်မူတည်၍ စာရင်းများမှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မှတ်ပုံတင်မရရှိသေးသည့် နိုင်ငံသားများအား အမြန်ဆုံးရရှိအောင်ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ အထူးသဖြင့်တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင်မရရှိသေးသည့် တိုင်းရင်းသား များရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း သမာသမတ်ရှိစွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့်ပတ်သက်၍မှာကြားရာတွင် ယခုအခါ COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်များသည် ပြင်ဆင်ချက်မထုတ်ပြန်မီအချိန်အထိ အတည်ပင် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း စည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ပမှမှာယူထားသည့် ကာကွယ်ဆေးများရောက်ရှိ ရေးအတွက်လည်း လိုအပ်သည့် လေယာဉ်ဖြတ်သန်းခွင့်ကိစ္စရပ်များအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ COVID-19 ရော ဂါဖြစ်ပွားနေချိန်ကာလအတွင်း နိုင်ငံရပ်ခြားတွင်ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေကြ ရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ခေါ်ယူနိုင်ရေး စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း၊ ပညာပေးခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းများတွင် ကုသခြင်းမှာကုန်ကျ စရိတ်များကြောင်း၊ ကာကွယ်မှုကိုဆောင်ရွက်ရာတွင် လူအများကို ကူးစက်ခံမည့်အစား စစ်ဆေးမှုများ ပိုမိုပြုလုပ်၍ ထိန်းချုပ်ဆောင်ရွက်ပါက ကူးစက်မှုများ လျော့ကျသွား မည်ဖြစ် ကြောင်း၊ တရုတ်နိုင်ငံတွင်လည်း မြို့လုံးကျွတ် စစ်ဆေးပြီး ကူးစက်သူများကို ခွဲထုတ်၍ ထပ်မံကူးစက်မှုများကို လျှော့ချနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေနှင့် လည်း အတတ်နိုင်ဆုံးစစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသာမက သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ပူးပေါင်းကူညီဆောင်ရွက်ရန် လိုကြောင်း၊ ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး အဆောက်အဦများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုလုပ်ပေးသွားရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးနှင့်ပတ်သက်၍ မှာကြားရာတွင် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ယခုကာလတွင် အကြောင်းအမျိုးမျိုးကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်ထားရသဖြင့် စီးပွားရေးကျဆင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံ သားများသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအခြေခံ၍ ဆောင်ရွက်ကြကြောင်း၊ နိုင်ငံ့ စီးပွားရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ပစ်ပယ်ထား၍မရကြောင်း၊ တစ်ကမ္ဘာ လုံးတွင် လူဦးရေ ၇ ဘီလီယံကျော်ရှိကြောင်း၊ ထို့ကြောင့်ရိက္ခာလိုအပ်ချက်အမြဲရှိနေမည် ဖြစ်ကြောင်း၊ အဆိုပါရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံ ရှိ ပြည်သူများ အလုပ်အကိုင်ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးကိုနလန်ထူ အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန်လိုကြောင်း၊ ရပ်တန့်ထားသည့်စက်ရုံများကိုလည်း COVID-19 စည်းကမ်း ချက်များနှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အချို့ စက်ရုံအလုပ်ရုံများသည် COVID-19 စည်းကမ်းချက်များကိုလိုက်နာမှုမရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ စက်ရုံ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြ သူများအား သွားလာရေး စည်းကမ်းများစနစ်တကျရှိစေရန်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို အသက်သာဆုံးဈေးနှုန်းများဖြင့် ရရှိအောင် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကိုနိုင်ငံတော်မှ ကျခံဆောင်ရွက် ပေးရန်လိုကြောင်း၊ COVID-19 ရောဂါကာကွယ်ရေးရန်ပုံငွေများမှ မဖြစ်မနေ ဆောင်ရွက် ပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများ အား COVID-19 စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး COVID-19 စည်းကမ်းများနှင့် အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးမှ ကြပ်မတ် ဆောင်ရွက်ရန်လိုပြီး ပြည်သူများအနေဖြင့် တာဝန်သိစွာဖြင့် လိုက်ပါဆောင်ရွက်ရန် လိုကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ လူထုမှအသိပညာများရရှိစေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ပြန်ကြားပေးရန်လိုကြောင်း၊ ပြန်ကြား ပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဆိုသည့်မူဝါဒအတိုင်း ဖျော်ဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းသည့် ဖျော်ဖြေမှုများဖြစ်ရန်လိုကြောင်း၊ ခေတ်မီသည်ကိုအားပေးသော်လည်း ခေတ်လွန်သည် ကိုအားမပေးကြောင်း၊ COVID-19 ကြောင့်ဖြစ်ပွားလာသည့် စီးပွားရေးကျဆင်းမှုကို ပြန်ပြီးနလန်ထူလာအောင် မိမိတို့အနေဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပြီး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းပြောကြားသည်။

လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှု နှင့် ပတ်သက်၍မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိအနေဖြင့် ဥပဒေနှင့် အညီဖြစ်အောင် အမြဲဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီဖြစ်အောင် ကြိုတင်စဉ်းစားခဲ့ကြောင်း၊ မိမိတို့အနေနှင့် အကြိမ်ကြိမ် မေတ္တာရပ်ခံဆောင်ရွက်ခဲ့သော်လည်း လုံးဝရှောင်လွှဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခုလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောင်ရွေးကောက်ပွဲပြုလုပ်၍ ဖြစ်ပေါ်လာမည့်အစိုးရတာဝန်မယူမီ မိမိတို့အနေဖြင့် တိုင်းပြည်ကို တည့်မတ်ထိန်းသိမ်းပေးရန်လိုကြောင်း၊ အခြေအနေအမျိုးမျိုးကြောင့် ယိမ်းယိုင်နေသည့်အခြေအနေများကိုလည်း ကူညီတည့်မတ်ပေးရန်လိုကြောင်း၊တိုင်းပြည် ကို တည်ငြိမ်အောင်ဆောင်ရွက်ရာတွင် ဥပဒေအရဆောင်ရွက်ရမည်များရှိကြောင်း၊ အရေးပေါ်ကာလ တစ်နှစ်သတ်မှတ်ထားချိန်တွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်နှင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့် ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ ဥပဒေနှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲပြန်လည် ကျင်းပရန်အတွက် လိုအပ်သည့် သန်းခေါင်စာရင်းများ မှန်ကန်အောင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဘုရား၊ စေတီပုထိုးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရန်အတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဟိုတယ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် COVID-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန်ကိစ္စရပ်များအား မှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ ဝန်ကြီးဌာနအလိုက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအားရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်မှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းလိုက်သည်။

(Zawgyi Version)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး က်င္းပ၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး
မင္းေအာင္လႈိင္ အဖြင့္အမွာစကားေျပာၾကား
==========================================

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၂

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ၊ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္း အေဝးအား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ သမၼတအိမ္ေတာ္၊ အစည္းအေဝးခန္းမ ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ အမွာစကားေျပာၾကားသည္။

အဆိုပါအစည္းအေဝးသို႔ ယာယီသမၼတဦးျမင့္ေဆြ၊ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ ၾကသည့္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္၊ ဦးဝဏၰေမာင္လြင္၊ ဦးဝင္းရွိန္၊ ဦးကိုကိုလႈိင္၊ ဦးခ်စ္ႏိုင္၊ ဦးကိုကို၊ ဦးျမင့္ႀကိဳင္ႏွင့္ ေဒါက္တာသက္ခိုင္ဝင္းတို႔ တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အစည္းအေဝးအဖြင့္အမွာစကားေျပာၾကား ရာတြင္ တပ္မေတာ္မွတာဝန္ယူၿပီးေနာက္ပိုင္း အစိုးရအဖြဲ႕၏ အုပ္ခ်ဳပ္ေရးႏွင့္စီမံခန႔္ခြဲေရး ပိုင္းဆိုင္ရာမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ ျပည္ေထာင္စုဝန္ႀကီးမ်ား တာဝန္ေပးခန႔္အပ္ ျခင္းျဖစ္ၿပီး ယခုခန႔္အပ္ျခင္းခံရသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ားသည္ ႏိုင္ငံေတာ္အတြက္၊ တိုင္းျပည္အတြက္ အမွန္တကယ္ေဆာင္႐ြက္ႏိုင္မည့္ ပုဂၢိဳလ္မ်ားျဖစ္သည္ကို ယုံၾကည္ ေၾကာင္း၊ အားလုံးသည္အေတြ႕အႀကဳံရွိၿပီး၊ အရည္အခ်င္းရွိသည့္ ပုဂၢိဳလ္မ်ားျဖစ္ေၾကာင္း၊ မိမိတို႔၏အေတြ႕အႀကဳံႏွင့္ အရည္အခ်င္းမ်ားကိုအသုံးခ်ၿပီး မိမိတို႔က်ရာက႑အလိုက္ ေဆာင္႐ြက္ရန္အတြက္ တာဝန္ေပးအပ္ျခင္းျဖစ္ေၾကာင္း၊ အစိုးရတစ္ရပ္သည္ စုေပါင္း ဦးေဆာင္မႈျဖင့္ ေဆာင္႐ြက္ျခင္းသည္ ပိုမိုေကာင္းမြန္ေၾကာင္း၊ သက္ဆိုင္ရာ ဝန္ႀကီးဌာန မ်ားအလိုက္တာဝန္ယူ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ စုေပါင္းတိုင္ပင္ေဆြးေႏြးၿပီး တိုင္းျပည္အတြက္ ေကာင္းေအာင္ေဆာင္႐ြက္မည္ဆိုသည့္ မူႏွင့္သာသြားေစခ်င္ေၾကာင္း၊ အဓိကမွာ တိုင္းျပည္အေနႏွင့္ျဖတ္သန္းလာရသည့္ ဒီမိုကေရစီအစိုးရႏွစ္ခု၏ တိုင္းျပည္ ၏ အေတြ႕အႀကဳံႏွင့္ ႏိုင္ငံတကာ၏အေတြ႕အႀကဳံမ်ားကိုၾကည့္ၿပီး ေကာင္းသည့္အခ်က္ မ်ားကို ပိုၿပီးခိုင္ခိုင္မာမာျဖစ္ေအာင္ ေကာင္းေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ အေကာင္း ရွိသလို အဆိုးမ်ားလည္းရွိေၾကာင္း အစိုးရ၏ေဆာင္႐ြက္ခ်က္မ်ားအေပၚ ျပည္သူမ်ားႏွင့္ ႏိုင္ငံတကာ၏ တုံ႔ျပန္ခ်က္မ်ားရွိေၾကာင္း၊ ႏိုင္ငံတကာႏွင့္ဆက္ဆံရာမွာ မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒျဖစ္သည့္ လြတ္လပ္၍တက္ႂကြေသာႏိုင္ငံျခားေရးမူဝါဒ၊ ၾကားေနမူဝါဒ ႏွင့္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံအားလုံးႏွင့္ မိတ္ဝတ္မျပတ္ဆက္ဆံေရး၊ ၿငိမ္းခ်မ္း စြာ အတူယွဥ္တြဲေနထိုင္ေရး မူႀကီး(၅)ရပ္ အေပၚတြင္ ခိုင္ခိုင္မာမာရပ္တည္၍ မိမိတို႔ႏိုင္ငံ ၏ ဒီမိုကေရစီလမ္းေၾကာင္းေပၚတြင္ ခိုင္ခိုင္မာမာေလွ်ာက္လွမ္းရန္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီ လမ္းေၾကာင္းဆိုရာတြင္ မိမိတို႔ႏိုင္ငံႏွင့္ကိုက္ညီသည့္ ဒီမိုကေရစီလမ္းေၾကာင္းကို ေျပာျခင္းျဖစ္ေၾကာင္း၊ ကိုယ့္ႏိုင္ငံ၏ Stand အေပၚတြင္သာယူၿပီး သြားရမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ လြတ္လပ္ၿပီးတက္ႂကြသည့္ ဘက္မလိုက္ေသာ ႏိုင္ငံျခားေရး မူဝါဒႏွင့္ သာ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ မိမိတို႔သည္ ၾကားကာလတာဝန္ယူရေသာ အဖြဲ႕အစည္း ျဖစ္သျဖင့္ မွားယြင္းေဆာင္႐ြက္၍မရဘဲ အေလးထားေဆာင္႐ြက္ရန္လိုေၾကာင္း၊ ဒီမိုကေရစီ စနစ္ကိုေလွ်ာက္လွမ္းရာတြင္ ျမန္မာႏိုင္ငံ၏ ပကတိအေျခအေနႏွင့္ ကိုက္ညီသည့္ ဒီမိုကေရစီစနစ္ကို သြားရန္ျဖစ္ေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ႏိုင္ရန္အတြက္ မိမိတို႔အေနျဖင့္ ထိန္းသိမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း။

ထို႔ေနာက္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ မွာၾကားရာတြင္ မဲစာရင္းမွားယြင္းမႈမ်ား ကို ေဖာ္ထုတ္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အား အသစ္ျပန္လည္ဖြဲ႕စည္းၿပီး ေဆာင္႐ြက္မႈမ်ားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲ ႏွင့္ပတ္သက္ၿပီး မဲစာရင္းစိစစ္မႈမ်ားႏွင့္ပတ္သက္၍ တပ္မေတာ္မွ ထုတ္ျပန္ခ်က္မ်ား သည္ ခိုင္မာမႈရွိေၾကာင္း၊ မဲစာရင္းမွားယြင္းမႈမ်ားအား တပ္မေတာ္မွ စတင္သိရွိခ်ိန္တြင္ ရွင္းလင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ထုတ္ျပန္ခ်က္မ်ားထုတ္ျပန္ ခဲ့ေၾကာင္း၊ သို႔ေသာ္ ယခင္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ တုံ႔ျပန္မႈမရွိခဲ့ေၾကာင္း၊ ၿမိဳ႕နယ္ ၃၁၄ ၿမိဳ႕နယ္ကို စိစစ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ တပ္မေတာ္၏ စစ္ေဆးေတြ႕ရွိခ်က္မ်ားတြင္ နည္းပညာအရ ကြန္ပ်ဴတာ၏ ဖတ္ရႈမႈ Error အနည္းငယ္မွလြဲ၍ ႀကီးမားစြာမွားယြင္းမႈမရွိေၾကာင္း၊ အဆိုပါကိစၥရပ္ႏွင့္ ပတ္သက္၍ သမာသမတ္ရွိသည့္ လူပုဂၢိဳလ္မ်ားျဖင့္ စစ္ေဆးၿပီး ရလဒ္မ်ား ထြက္ေပၚလာပါက ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း၊ မဲစာရင္းမ်ားအားေဆာင္႐ြက္ရာတြင္ လူဦးေရစာရင္းမ်ား မွန္မွန္ကန္ကန္ရွိ ေစရန္အတြက္လည္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာနမွ ၂၀၁၄ ခုႏွစ္သန္းေခါင္စာရင္းႏွင့္ ၂၀၁၉ ခုႏွစ္ ေရွ႕ေျပးသန္းေခါင္စာရင္းမ်ား အေပၚမူတည္၍ စာရင္းမ်ားမွန္မွန္ကန္ကန္ျဖစ္ေအာင္ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မွတ္ပုံတင္မရရွိေသးသည့္ ႏိုင္ငံသားမ်ားအား အျမန္ဆုံးရရွိေအာင္ေဆာင္႐ြက္ ေပးရမည္ ျဖစ္ေၾကာင္း၊ အထူးသျဖင့္တိုင္းရင္းသားေဒသမ်ားတြင္ မွတ္ပုံတင္မရရွိေသးသည့္ တိုင္းရင္းသား မ်ားရွိေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း သမာသမတ္ရွိစြာျဖင့္ ေဆာင္႐ြက္ရန္ လိုေၾကာင္း ေျပာၾကားသည္။

COVID-19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ကုသေရးႏွင့္ပတ္သက္၍မွာၾကားရာတြင္ ယခုအခါ COVID-19 ကပ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးအား အရွိန္အဟုန္မျပတ္ ဆက္လက္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေရးႏွင့္ပတ္သက္၍ ထုတ္ျပန္ထားသည့္ အမိန႔္မ်ားသည္ ျပင္ဆင္ခ်က္မထုတ္ျပန္မီအခ်ိန္အထိ အတည္ပင္ ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးထိုးျခင္းလုပ္ငန္းမ်ားကိုလည္း စည္းကမ္းမ်ားႏွင့္အညီ ဆက္လက္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္ပမွမွာယူထားသည့္ ကာကြယ္ေဆးမ်ားေရာက္ရွိ ေရးအတြက္လည္း လိုအပ္သည့္ ေလယာဥ္ျဖတ္သန္းခြင့္ကိစၥရပ္မ်ားအား လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္း၊ COVID-19 ေရာ ဂါျဖစ္ပြားေနခ်ိန္ကာလအတြင္း ႏိုင္ငံရပ္ျခားတြင္ကာလရွည္ၾကာစြာ ပိတ္မိဒုကၡခံေနၾက ရသည့္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ မိမိတို႔ျမန္မာႏိုင္ငံသို႔ ျပန္လာသင့္ေၾကာင္း၊ အဆိုပါျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအား အျမန္ဆုံးျပန္လည္ေခၚယူႏိုင္ေရး စီမံ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေရာဂါကို ႀကိဳတင္ကာကြယ္ျခင္းသည္ အေကာင္းဆုံး ျဖစ္ေၾကာင္း၊ ပညာေပးျခင္း၊ ကာကြယ္ျခင္း၊ ကုသျခင္းမ်ားတြင္ ကုသျခင္းမွာကုန္က် စရိတ္မ်ားေၾကာင္း၊ ကာကြယ္မႈကိုေဆာင္႐ြက္ရာတြင္ လူအမ်ားကို ကူးစက္ခံမည့္အစား စစ္ေဆးမႈမ်ား ပိုမိုျပဳလုပ္၍ ထိန္းခ်ဳပ္ေဆာင္႐ြက္ပါက ကူးစက္မႈမ်ား ေလ်ာ့က်သြား မည္ျဖစ္ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံတြင္လည္း ၿမိဳ႕လုံးကြၽတ္ စစ္ေဆးၿပီး ကူးစက္သူမ်ားကို ခြဲထုတ္၍ ထပ္မံကူးစက္မႈမ်ားကို ေလွ်ာ့ခ်ႏိုင္ခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ မိမိတို႔အေနႏွင့္ လည္း အတတ္ႏိုင္ဆုံးစစ္ေဆးေဆာင္႐ြက္ႏိုင္ရန္အတြက္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနသာမက သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား အားလုံး ပူးေပါင္းကူညီေဆာင္႐ြက္ရန္ လိုေၾကာင္း၊ ဗုဒၶဘာသာဘုရားေစတီမ်ားအပါအဝင္ သက္ဆိုင္ရာ ဘာသာအလိုက္ ဘာသာေရး အေဆာက္အဦမ်ားတြင္ ဘုရားဝတ္ျပဳျခင္း၊ ၾကည္ညိဳျခင္းမ်ားအား COVID-19 စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ ျပဳလုပ္ေပးသြားရန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

စီးပြားေရးႏွင့္ပတ္သက္၍ မွာၾကားရာတြင္ ၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဆန္းပိုင္းမွ စတင္ၿပီး COVID-19 ကပ္ေရာဂါျဖစ္ပြားေနသည့္ ယခုကာလတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စက္႐ုံ၊ အလုပ္႐ုံမ်ား ပိတ္ထားရသျဖင့္ စီးပြားေရးက်ဆင္းခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ လူဦးေရ ၇၀ ရာခိုင္ႏႈန္းသည္ ေက်းလက္ေနျပည္သူမ်ားျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသူ ႏိုင္ငံ သားမ်ားသည္ စိုက္ပ်ိဳးေမြးျမဴေရးကို အဓိကအေျခခံ၍ ေဆာင္႐ြက္ၾကေၾကာင္း၊ ႏိုင္ငံ့ စီးပြားေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းကို ပစ္ပယ္ထား၍မရေၾကာင္း၊ တစ္ကမာၻ လုံးတြင္ လူဦးေရ ၇ ဘီလီယံေက်ာ္ရွိေၾကာင္း၊ ထို႔ေၾကာင့္ရိကၡာလိုအပ္ခ်က္အၿမဲရွိေနမည္ ျဖစ္ေၾကာင္း၊ အဆိုပါရိကၡာလိုအပ္ခ်က္ကို ျဖည့္ဆည္းေဆာင္႐ြက္မည္ဆိုပါက မိမိတို႔ႏိုင္ငံ ရွိ ျပည္သူမ်ား အလုပ္အကိုင္ရရွိမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ စီးပြားေရးကိုနလန္ထူ ေအာင္ ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ အလုပ္လက္မဲ့ျဖစ္ေနသူမ်ား ဝင္ေငြရရွိသည့္ အလုပ္အကိုင္မ်ားရရွိေအာင္ ေဆာင္႐ြက္ေပးရန္လိုေၾကာင္း၊ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ပတ္သက္ၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ရပ္တန႔္ထားသည့္စက္႐ုံမ်ားကိုလည္း COVID-19 စည္းကမ္း ခ်က္မ်ားႏွင့္အညီ ျပန္လည္ လည္ပတ္ႏိုင္ေရး စီမံေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ အခ်ိဳ႕ စက္႐ုံအလုပ္႐ုံမ်ားသည္ COVID-19 စည္းကမ္းခ်က္မ်ားကိုလိုက္နာမႈမရွိဘဲ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရေၾကာင္း၊ စက္႐ုံ အလုပ္႐ုံမ်ားတြင္ အလုပ္လုပ္ကိုင္ေနၾက သူမ်ားအား သြားလာေရး စည္းကမ္းမ်ားစနစ္တက်ရွိေစရန္ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ ေရာဂါကာကြယ္ေရးအတြက္ လိုအပ္သည့္ ပစၥည္းမ်ားကို အသက္သာဆုံးေဈးႏႈန္းမ်ားျဖင့္ ရရွိေအာင္ ေဆာင္႐ြက္ေပးရန္ႏွင့္ လိုအပ္သည္မ်ားကိုႏိုင္ငံေတာ္မွ က်ခံေဆာင္႐ြက္ ေပးရန္လိုေၾကာင္း၊ COVID-19 ေရာဂါကာကြယ္ေရးရန္ပုံေငြမ်ားမွ မျဖစ္မေန ေဆာင္႐ြက္ ေပးရမည့္ လုပ္ငန္းမ်ားျဖစ္ေၾကာင္း၊ ျပည္တြင္းခရီးသြားလာမႈႏွင့္ ဟိုတယ္လုပ္ငန္းမ်ား အား COVID-19 စည္းမ်ဥ္းစည္းကမ္းမ်ားကို တိက်စြာလိုက္နာေစလ်က္ ဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ ေပးသြားမည္ျဖစ္ေၾကာင္း၊ ျပည္သူမ်ားအားလုံး COVID-19 စည္းကမ္းမ်ားႏွင့္ အညီ ေနထိုင္လုပ္ကိုင္ေဆာင္႐ြက္ရန္အတြက္ တာဝန္ရွိအဖြဲ႕အစည္းအသီးသီးမွ ၾကပ္မတ္ ေဆာင္႐ြက္ရန္လိုၿပီး ျပည္သူမ်ားအေနျဖင့္ တာဝန္သိစြာျဖင့္ လိုက္ပါေဆာင္႐ြက္ရန္ လိုေၾကာင္း၊ COVID-19 ေရာဂါႏွင့္ပတ္သက္၍ လူထုမွအသိပညာမ်ားရရွိေစရန္အတြက္ ျပန္ၾကားေရးဝန္ႀကီးဌာနမွ က်ယ္က်ယ္ျပန႔္ျပန႔္ ျပန္ၾကားေပးရန္လိုေၾကာင္း၊ ျပန္ၾကား ေပးရန္၊ ပညာေပးရန္၊ ေဖ်ာ္ေျဖေပးရန္ ဆိုသည့္မူဝါဒအတိုင္း ေဖ်ာ္ေျဖျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အမ်ိဳးသားယဥ္ေက်းမႈစ႐ိုက္လကၡဏာမ်ားကို ထိန္းသိမ္းသည့္ ေဖ်ာ္ေျဖမႈမ်ားျဖစ္ရန္လိုေၾကာင္း၊ ေခတ္မီသည္ကိုအားေပးေသာ္လည္း ေခတ္လြန္သည္ ကိုအားမေပးေၾကာင္း၊ COVID-19 ေၾကာင့္ျဖစ္ပြားလာသည့္ စီးပြားေရးက်ဆင္းမႈကို ျပန္ၿပီးနလန္ထူလာေအာင္ မိမိတို႔အေနျဖင့္ ဘက္ေပါင္းစုံမွ ဝိုင္းဝန္းၿပီး ေဆာင္႐ြက္ သြားရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

လုပ္ငန္းတာဝန္မ်ားေဆာင္႐ြက္ရာတြင္ ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရန္လိုအပ္မႈ ႏွင့္ ပတ္သက္၍မိမိတို႔က႑အလိုက္ေဆာင္႐ြက္ရာတြင္လည္း ဥပေဒႏွင့္အညီ၊ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားရန္လိုေၾကာင္း၊ မိမိအေနျဖင့္ ဥပေဒႏွင့္ အညီျဖစ္ေအာင္ အၿမဲေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ယခုျဖစ္ပြားခဲ့သည့္ ကိစၥတြင္လည္း မိမိတို႔အေနျဖင့္ ဥပေဒႏွင့္အညီျဖစ္ေအာင္ ႀကိဳတင္စဥ္းစားခဲ့ေၾကာင္း၊ မိမိတို႔အေနႏွင့္ အႀကိမ္ႀကိမ္ ေမတၱာရပ္ခံေဆာင္႐ြက္ခဲ့ေသာ္လည္း လုံးဝေရွာင္လႊဲ၍ မရေသာေၾကာင့္ တိုင္းျပည္အတြက္ ယခုလမ္းေၾကာင္းကို ေ႐ြးခ်ယ္ေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ ေနာင္ေ႐ြးေကာက္ပြဲျပဳလုပ္၍ ျဖစ္ေပၚလာမည့္အစိုးရတာဝန္မယူမီ မိမိတို႔အေနျဖင့္ တိုင္းျပည္ကို တည့္မတ္ထိန္းသိမ္းေပးရန္လိုေၾကာင္း၊ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ယိမ္းယိုင္ေနသည့္အေျခအေနမ်ားကိုလည္း ကူညီတည့္မတ္ေပးရန္လိုေၾကာင္း၊တိုင္းျပည္ ကို တည္ၿငိမ္ေအာင္ေဆာင္႐ြက္ရာတြင္ ဥပေဒအရေဆာင္႐ြက္ရမည္မ်ားရွိေၾကာင္း၊ အေရးေပၚကာလ တစ္ႏွစ္သတ္မွတ္ထားခ်ိန္တြင္ ေ႐ြးေကာက္ပြဲဆိုင္ရာကိစၥရပ္ႏွင့္ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး ကိစၥရပ္မ်ားကို ဦးစားေပးေဆာင္႐ြက္ ရမည္ျဖစ္ေၾကာင္း၊ ဘ႑ာေရးပိုင္းဆိုင္ရာ လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္လည္း ဘ႑ာေရး စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ၊ ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရန္လိုေၾကာင္း၊ မည္သည့္ ကိစၥကို ေဆာင္႐ြက္သည္ျဖစ္ေစ ဥပေဒႏွင့္ အညီေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း မွာၾကားသည္။

ထို႔ေနာက္ ႏိုင္ငံတကာဆက္ဆံေရးဆိုင္ရာကိစၥရပ္မ်ား၊ ေ႐ြးေကာက္ပြဲျပန္လည္ က်င္းပရန္အတြက္ လိုအပ္သည့္ သန္းေခါင္စာရင္းမ်ား မွန္ကန္ေအာင္ေဆာင္႐ြက္ရန္ ကိစၥရပ္မ်ား၊ ဘုရား၊ ေစတီပုထိုးမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားမွ COVID-19 စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ျပန္လည္ဖြင့္လွစ္ ႏိုင္ေရး ေဆာင္႐ြက္ရန္ကိစၥရပ္မ်ား၊ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားမ်ားအား အျမန္ဆုံး ျပန္လည္ေခၚေဆာင္ႏိုင္ရန္အတြက္ ေဆာင္႐ြက္ရန္ကိစၥရပ္မ်ား၊ ဟိုတယ္လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ႏိုင္ေရးအတြက္ COVID-19 စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ရန္ကိစၥရပ္မ်ားအား မွာၾကားသည္။

ယင္းေနာက္ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ားက မိမိတို႔ ဝန္ႀကီးဌာနအလိုက္ ဆက္လက္ေဆာင္႐ြက္မည့္ကိစၥရပ္မ်ားအားရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ားအား ျဖည့္စြက္မွာၾကားသည္။

၎ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နိဂုံးခ်ဳပ္အမွာစကားေျပာၾကားၿပီး အစည္းအေဝးအား႐ုပ္သိမ္းလိုက္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။