တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ အားသွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ – ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တို့လိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ အားသွားရောက်ဖူးမြော် ကြည်ညိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်သင်္ကန်းအား ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ၊ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားပြီး မြန်မာနိုင်ငံ၏ လက်တလောဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများကြောင့် နိုင်ငံတော်တာဝန်အား တပ်မတော်မှ တာဝန်ယူဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ပုံမှန်လူမှုသဟဇာတနှင့် ယဉ်ကျေးမှုထုံးတမ်းများ ပြန်လည်ကောင်းမွန်လာစေရေး ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းလျှောက်ထား၍ ဆရာတော်ကြီးထံမှ ဆုံးမဩဝါဒများ နာယူခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ပ်ဥ္းမနားၿမိဳ႕၊ ေဈးကုန္းေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ကဝိသာရ အားသြားေရာက္ဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ – ၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ယေန႔ ညေနပိုင္းတြင္ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး ႏွင့္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေဇာ္မ်ိဳးတင္ တို႔လိုက္ပါ၍ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕၊ ေဈးကုန္းေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ကဝိသာရ အားသြားေရာက္ဖူးေျမာ္ ၾကည္ညိဳသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဆရာေတာ္ႀကီးအား ဖူးေျမာ္ၾကည္ညိဳၿပီး လႉဖြယ္သကၤန္းအား ဆက္ကပ္လႉဒါန္းသည္။ ယင္းေနာက္ ဆရာေတာ္ႀကီး၏ က်န္းမာေရးအေျခအေနမ်ား၊ သာသနာေရးဆိုင္ရာကိစၥရပ္မ်ားအား တင္ျပေလွ်ာက္ထားၿပီး ျမန္မာႏိုင္ငံ၏ လက္တေလာျဖစ္ပြားခဲ့သည့္ ေ႐ြးေကာက္ပြဲဆိုင္ရာ အေျခအေနမ်ားေၾကာင့္ ႏိုင္ငံေတာ္တာဝန္အား တပ္မေတာ္မွ တာဝန္ယူေဆာင္႐ြက္လ်က္ရွိမႈ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအတြင္း ပုံမွန္လူမႈသဟဇာတႏွင့္ ယဥ္ေက်းမႈထုံးတမ္းမ်ား ျပန္လည္ေကာင္းမြန္လာေစေရး ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားအား ရွင္းလင္းေလွ်ာက္ထား၍ ဆရာေတာ္ႀကီးထံမွ ဆုံးမဩဝါဒမ်ား နာယူခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။